LAMIN EAIN

LAMIN EAIN ရင်ဖွင့်ကြမယ်,သင်ယူကြမယ်

10/06/2026
10/06/2026

Price တွေက Course Quality နဲ့ ယှဉ်ရင် အရမ်းတန်လို့ဆိုပြီး တစ်လစာလို့ မထင်လိုက်ပါနဲ့။ 🙂‍↔️

Ten Ten မှာရှိတဲ့ 𝐆𝐄𝐃 နဲ့ 𝐒𝐀𝐓 Course တွေအားလုံးရဲ့ ဈေးက...
🌟 Course တစ်ခုလုံးစာ အပြတ်ပါ 🌟

ဒါကြောင့် tentenmm.com website ကို ဝင်ကြည့်တာပဲဖြစ်ဖြစ်၊ တန်းတန်းတို့ page ကနေ Course ကြော်ငြာလေးတွေ တွေ့တာပဲဖြစ်ဖြစ် ပြထားတဲ့ Price က "Course တစ်ခုလုံးစာ" ဆိုတာ မမေ့နဲ့ဦးနော်! 💙



10/06/2026
10/06/2026

မည်သူမဆို ချောချောမွေ့မွေ့နဲ့ ပညာသင်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ Ten Ten မှာ

🌟 အချိန်ရွေးသင်
🌟 ဝိုင်းနဲ့သင်
🌟 စိတ်အေးအေးသင်
🌟 လိုတာရွေးသင်
🌟 တစ်တွဲလုံးသင်
🌟 ဖေးမပြီးသင် ဆိုတဲ့ Features 6 ခုရှိပါတယ်။

🟣 အချိန်ရွေးသင်

ပထမဆုံးတစ်ခုဖြစ်တဲ့ “အချိန်ရွေးသင်” ဆိုတာကတော့ ဆရာရဲ့ Availability Calendar ကိုကြည့်ပြီး အတန်းချိန်ကို ကျောင်းသားဘက်က ဆုံးဖြတ်လို့ရမှာပဲ ဖြစ်ပါတယ်၊ အရင်တုန်းကဆိုရင် ကိုယ်ကအတန်းတစ်ခုကို အရမ်းတက်ချင်ပေမဲ့ မအားတဲ့အချိန်နဲ့ တိုက်သွားလို့၊ နိုင်ငံခြားမှာနေတာမို့ Time Zone မတူလို့၊ စတဲ့အကြောင်းအမျိုးမျိုးကြောင့် လက်လွှတ်ခဲ့ရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပါ။ ဒီအတွက် ကျွန်တော်တို့ Ten Ten မှာ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ တက်နိုင်ဖို့ One-one-one ရော၊ Group Classes တွေရော ရှိပါတယ်။

🟣 ဝိုင်းနဲ့သင်

ဒါကတော့ ပုံမှန်ထက် ပိုက်ဆံ 2ဆ ကနေ 10ဆအထိ သက်သာအောင် အခြားကျောင်းသားတွေနဲ့ Share လို့ရတဲ့ Option တစ်ခုပါ။ မြန်မာကျောင်းတွေမှာဆိုရင် ဝိုင်းယူပြီးသင်ကြတာကြားဖူးမှာပါ။ အတန်းတစ်တန်းက 6 သိန်းကျရမဲ့နေရာမှာ ဝိုင်းထဲ တစ်ယောက်၊နှစ်ယောက်ထပ်ခေါ်လိုက်တော့ 2 သိန်း၊ 3 သိန်းလောက် သက်သာသွားတာမျိုးပါ။

ဘယ်လိုဝိုင်းထောင်ရမလဲ ❓

ဝိုင်းထောင်မယ်ဆိုရင် ပထမဆုံးဝိုင်းထောင်ချင်တဲ့ကျောင်းသားက Host Student ဖြစ်သွားမှာပါ။ Host Student က ဆရာရဲ့ Availability Calendar ကိုသွားပြီး ကိုယ်အားတဲ့အချိန်ကို Slots ယူထားလို့ရပါတယ်။ Slot တွေ ရပြီဆိုတာနဲ့ အချိန်တစ်ပတ်ပေးမှာပါ။ အဲ့ဒီအချိန်တစ်ပတ်အတွင်းမှာ Host Student က ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေဖြစ်စေ၊ Facebook account or group မှာ Post တင်ပြီးဖြစ်စေ ကိုယ်နဲ့အတန်းကို တူတူ Share တက်မဲ့ ကျောင်းသားကိုရှာရမှာဖြစ်ပါတယ်။ ဆရာကိုအပူကပ်ပြီး ရှာခိုင်းလို့လည်းရသလို Ten Ten ရဲ့ Telegram Community မှာလည်း Post တင်ပြီးရှာလို့ရပါတယ်။ သိထားရမှာတစ်ခုက Host Student နဲ့တူတူ Share မဲ့ ကျောင်းသားတွေကတော့ အချိန်ကိုစိတ်ကြိုက်ရွေးခွင့်မရှိပါဘူး။ Host Student ယူထားတဲ့ အချိန်မှာပဲ တက်လို့ရမှာဖြစ်ပါတယ်။

ဝိုင်းထောင်ရင် Payment ကို ဘယ်လိုသွင်းရမလဲ ❓

ဝိုင်းထောင်တယ်ဆိုတာက ပေးရမဲ့ငွေပမာဏကို တစ်ခြားသူနဲ့ခွဲလိုက်တာဖြစ်တဲ့အတွက် ပုံမှန်ပေးရတဲ့ Fees ထက်တော့ ပိုနည်းသွားမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ - SAT Math Course တစ်ခုက 6 သိန်းရှိတယ်ဆိုပါစို့၊ ဒါကို ဆရာက အများဆုံး 5 ယောက်ထိ Share ခွင့်ပေးထားတယ်ဆိုရင် (600k ÷ 5 = 120k)တစ်ယောက်ကို 1သိန်း 2သောင်း စီသာ ကျသင့်တော့မှာဖြစ်ပါတယ်။ အကယ်လို့ Host Student က ပေးထားတဲ့ တစ်ပတ်အတွင်း 3 ယောက်ပဲ ရှာနိုင်ခဲ့ရင်တော့ (600k ÷ 3 = 200k) တစ်ယောက်ကို 2 သိန်းစီ ကျသင့်မှာဖြစ်ပါတယ်။

ကိုယ်လိုချင်တဲ့ Slot ကို ဘယ်လိုယူရမလဲ❓

အရင်ဆုံး ကိုယ်က ဝိုင်းထောင်ချင်တယ်ဆိုရင် ဆရာ့ရဲ့ Calendar ကို ကြည့်ပြီး ကိုယ်တက်ချင်တဲ့အချိန်ကို Ten Ten ရဲ့ page or Telegram မှာ လာပြောရပါတယ်။ Deposit သွင်းပြီးမှသာ Slot Confirm ဖြစ်မှာပါ။ ဒီနေရာမှာ Deposit ဘယ်လောက်သွင်းရမလဲဆိုတာကတော့ ကိုယ်တက်တဲ့အတန်းရဲ့ စျေးနှုန်းနဲ့ ဆရာရဲ့ Share ခွင့်ပေးထားတဲ့ လူအရေအတွက်ပေါ် မူတည်မှာပါ။

အရှေ့က SAT Class ဥပမာနဲ့ပဲ ရှင်းရရင် သူ့မှာ Course တစ်ခုလုံးရဲ့ Fees က 6 သိန်းရှိပါတယ်။ အများဆုံး Share ခွင့်ပေးထားတဲ့ကျောင်းသားက 5 ယောက်၊ အဲ့ဒီတော့ ဒီအတန်းကို တက်မယ်ဆို ကိုယ်က 1 သိန်း 2 သောင်း Deposit ပေးပြီး Slot Confirm လို့ရပါတယ်။ ဒါဆိုရင်တော့ Ten Ten ကနေ ကိုယ်ရယ်၊ ဆရာရယ်၊ Ten Ten Admin ရယ်ရှိတဲ့ Telegram Group တစ်ခု Create ပေးထားမှာပါ။ ဒါဆိုရင်တော့ တစ်ပတ်အတွင်းမှာ တူတူတက်မဲ့ ကိုယ့်သူငယ်ချင်းကိုခေါ်တာဖြစ်ဖြစ်၊ Post တင်ပြီးခေါ်တာဖြစ်ဖြစ် လုပ်လို့ရပါပြီ။

Host Student က သတ်မှတ်ထားတာက 5 ယောက်ပေမဲ့ 3 ယောက်ပဲ ရခဲ့ရင် ဘယ်လိုလုပ်မလဲ ❓

ငါးယောက်စာအတွက် ပေးထားတဲ့ Deposits က 🔻(600k ÷ 5) = 120k
အခုက သုံးယောက်ပဲရတယ်ဆိုရင် 🔻(600k ÷ 3) = 200k
အဲ့တော့ ထပ်လိုက်ပေးရမှာက 🔻200k-120k = 80k , တစ်ယောက်ကို ၈သောင်း လိုက်ပေးရမှာပါ။

ဒါကြောင့် 6 သိန်းတန်ဝိုင်းတစ်ခုက 5 ယောက်အစား 3 ယောက်ဖြစ်သွားမယ်ဆိုရင် တစ်ယောက်ကို 2 သိန်းဖြစ်သွားမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 3 ယောက်ဆိုတာကလည်း ပုံမှန်စျေးထက် 3 ဆ သက်သာနေတုန်းပါပဲ။

အခုကတော့ ဝိုင်းထောင်တာနဲ့ပတ်သက်ပြီး အကျဥ်းချုပ်ရှင်းပြသွားတာလေးပါ။ နားမလည်တာ၊ ပိုသိချင်တာရှိရင် Page Messenger မှာ အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်။

🟣 စိတ်အေးအေးသင်

ကိုယ်ရွေးလိုက်တဲ့ဆရာရဲ့ Teaching Style က ကိုယ်နဲ့မကိုက်လို့ Refund တောင်းဖို့ကလည်းအားနာ၊ အဆင်လည်းမပြေလို့ ကြိတ်မှိတ်ပြီးအတန်းပြီးအောင် တက်လိုက်ရတဲ့ ကျောင်းသားတွေ တွေ့ဖူးမှာပါ။ Ten Ten မှာက ကိုယ်နဲ့ကိုက်မဲ့ဆရာကို Website က Teacher Profile ကို ကြည့်ပြီး ကိုယ်တိုင်ရွေးချယ်နိုင်မှာပါ ခင်ဗျာ။

ဆရာတွေက ဘယ်လောက်ပဲစာသင်ကောင်းကောင်း သူ့ရဲ့ သင်ကြားတဲ့ပုံစံက ကိုယ်လိုက်မနိုင်တဲ့ အခြေအနေမျိုးတွေလည်းရှိတတ်ပါတယ်။ Ten Ten မှာတော့ ဒီလိုပြဿနာတွေမဖြစ်ရအောင် အရည်အချင်းပြည့်မီတဲ့ ဆရာတွေကို သေချာရွေးချယ်ထားတဲ့အပြင် ဆရာတစ်ဦးချင်းစီရဲ့ အစမ်းသင်ပြထားတဲ့ 10 mins video၊ Teaching Style၊ နဲ့ Qualification စတဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Website မှာ တင်ထားပေးပါတယ်။ ဆိုတော့ အတန်းမအပ်ခင် Ten Ten Website မှာရှိတဲ့ ဆရာတစ်ဦးချင်းစီရဲ့ Profile ကို ကြည့်ပြီး ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်ခင်ဗျာ။

‎ကိုယ့်စိတ်ကြိုက်တော့ရွေးလိုက်ပါရဲ့ ပထမတစ်ချိန်သင်ကြည့်ပြီး ကိုယ်နဲ့မကိုက်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ ❓

‎ဒီလိုအခြေအနေမှာ ကျောင်းသားရော ဆရာရော မနစ်နာရအောင် Ten Ten ကနေ Refund Policy ကို ခိုင်ခိုင်မာမာ ထားပေးထားပါတယ်။

‎🔹 (၄)ချိန် မှ (၈)ချိန် အထိ ရှိ‌သော အတန်းတွေဆိုရင် ပထမဆုံး "အတန်း (၁) ချိန်" တက်‌ရောက်ကြည့်ပြီး အဆင်မပြေဘူးဆိုတာနဲ့ Course Fees ကို 100% အပြည့် Refund ပြန်လည်တောင်းဆိုခွင့်ရှိပါတယ်။

‎🔹 (၈) ချိန် အထက် ရှိသော အတန်းတွေ ဆိုရင်တော့ "အတန်း (၂) ချိန်" တက်ရောက်ပြီးချိန်အထိ Course Fees ကို 100% အပြည့် Refund တောင်းဆိုခွင့်ကို ပေးထားပါတယ်ခင်ဗျာ။

‎ဝိုင်းစထောင်ချင်ပေမယ့် တူတူတက်မယ့်သူ ရှာမတွေ့ခဲ့ရင် ကိုယ်သွင်းထားတဲ့ Deposit ဆုံးရှုံးသွားမလား❓

‎စိတ်မပူပါနဲ့၊ Ten Ten မှာဝိုင်းထောင်ပြီး အတူတူတက်မဲ့သူ “တစ်ယောက်မှ မရ” တဲ့ ကျောင်းသားတွေကို သွင်းထားတဲ့ Deposit 100% refund ပြန်ပေးပါတယ်။

‎▪️Host Student ဘက်က အတန်းစဖို့ သတ်မှတ်ထားတဲ့ အချိန်အတွင်း ဝိုင်းမှာ Join မယ့်သူ တစ်ယောက်မှ မရခဲ့ဘူးဆိုရင်၊ သွင်းထားတဲ့ Deposit ကို Ten Ten တို့ဆီမှာ 100% အပြည့် လာတောင်းဆိုခွင့်ရှိပါတယ်။

‎▪️သတ်မှတ်ထားတဲ့ Maximum Student အရေအတွက် မပြည့်လို့ ဝိုင်းရှိ ကျောင်းသား "အကုန်လုံးက" အတန်းမစ‌တော့ဘဲ ဝိုင်းကို ပိတ်သိမ်းချင်ခဲ့ရင်လည်း တစ်ယောက်ချင်းစီတိုင်းကို 100% Refund အပြည့် ပြန်ပေးသွားမှာပါ။

‎⚠️ ချွင်းချက်: ဝိုင်းမှာ လူတစ်‌ယောက်နှင့်အထက် ရှိနေပြီးချိန်မှာ ကိုယ် “တစ်ယောက်တည်း” ကပဲ ဝိုင်းထဲကနေ ထွက်ခွာချင်တယ်ဆိုရင်တော့ အတန်းမစခင် ထွက်ခွာခွင့်ရှိပြီး၊ သွင်းထားတဲ့ Deposit ရဲ့ 50% ကို ပြန်လည် ရရှိနိုင်မှာပါ။

‎▪️ အတန်း စတင်ပြီးချိန်မှာ ဝိုင်းထဲမှာရှိတဲ့ ကျောင်းသား "အားလုံး" က သဘောတူညီပြီး ဝိုင်းကိုဖျက်သိမ်းချင်တယ် ဆိုရင်တော့ အပေါ်က General Refund Policy အတိုင်းပဲ (4-8 session ဆိုရင် ၁ချိန်၊ 8 session အထက်ဆိုရင် ၂ချိန် အထိ) 100% Refund ရရှိနိုင်မှာ ဖြစ်ပါတယ်။

‎Ten Ten မှာ စာလာသင်တဲ့ ကျောင်းသားတိုင်း အချိန်ရော၊ ငွေရော မနစ်နာစေဖို့ ဒီ Policy လေးတွေကို စီစဉ်ပေးထားတာမို့... အဆင်မပြေတာရှိခဲ့ရင် Ten Ten ရဲ့ DM မှာ အားမနာတမ်း လာရောက်ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။

🟣 လိုတာရွေးသင်

ကျောင်းသားတွေလက်ရှိကြုံတွေနေတဲ့ အခက်ခဲတစ်ခုကတော့ Course တစ်ခုလုံး၊ တစ်ဘာသာလုံးမဟုတ်ဘဲ “ခေါင်းစဥ်သေးသေးလေး” တွေကိုပဲ ပြန်သင်ချင်ကြတာပါပဲ။

ဥပမာ - ကျောင်းသားက GED Science Preparation သင်ထား/လေ့လာ ဖူးထားပေမဲ့ Cell Division ကိုပဲ နားမလည်လို့ သေချာပြန်သင်ချင်တဲ့အခါ ဒီလိုမျိုး တစ်ခုတည်းကိုပဲ သင်ပေးတဲ့နေရာတွေက မရှိသလောက်ရှားတဲ့အတွက် အခက်တွေ့ကြရပါတယ်။

ဒီလိုကျောင်းသားတွေအတွက် Ten Ten မှာရှိတဲ့ Full Course တွေကို ခေါင်းစဥ်အလိုက်ခွဲပြီးယူလို့ရမဲ့ “လိုတာရွေးသင်” ဆိုတဲ့ Feature လေး ရှိပါတယ်။

ဒီ Feature လေးကဆိုရင် ဘာသာရပ်တစ်ခုလုံးနီးပါး စာတွေပိုင်နေပေမဲ့ ခေါင်းစဥ်အသေးလေး တစ်ခုကိုပဲ ဘယ်လိုမှ နားမလည်နိုင်လို့ ပြန်သင်ချင်ကြတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ထားပါတယ်။

🟣 တစ်တွဲလုံးသင်

Ten Ten မှာရှိတဲ့ အတန်းတွေက ကျောင်းသားတွေ Flexible ဖြစ်ဖြစ်နဲ့ ရွေးပြီး သင်နိုင်အောင် တစ်ဘာသာချင်းစီ ခွဲဖွင့်ထားပေးပါတယ်။ သို့ပေမယ့် တစ်ချို့ကျောင်းသားတွေကတော့ Test မှာပါတဲ့ ဘာသာအစုံကို တစ်ခါတည်း အပ်ချင်တာမျိုးရှိကြပါတယ်။

ဥပမာ - GED ဆိုရင် လေးဘာသာလုံး / SAT ဆို နှစ်ဘာသာလုံး Ten Ten မှာပဲ တက်သွားချင်ကြတဲ့သူတွေရှိပါတယ်။

ဒီလိုကျောင်းသားတွေအချိန်ရွေးရတာ အလုပ်မရှုပ်အောင် ကျောင်းသားဘက်က တက်ချင်တဲ့မေဂျာနဲ့ အားတဲ့အချိန်ပြောခဲ့ရုံနဲ့ Ten Ten ဘက်ကနေပြီးတော့ ဆရာတွေနဲ့ညှိပြီး အတန်းလေးတွေ စီစဥ်ပေးသွားမှာပါ။

“တစ်တွဲလုံးသင်” Feature မှာဆိုရင်လည်း Ten Ten ရဲ့ Unique ဖြစ်တဲ့ “ဝိုင်းနဲ့သင်” Feature ကိုပါထည့်သုံးလို့ရတဲ့အတွက် ပုံမှန်ထက် အဆပေါင်းများစွာသက်သာအောင် ဝိုင်းထောင်လို့ရမှာပါ။ ဒါအပြင် One-on-one ပဲ တက်မယ်ဆိုသူတွေအတွက်လည်း ခွဲပေးလို့ရအောင် Installment လည်း ထားရှိပေးထားပါတယ်။

🟣 ဖေးမပြီးသင်

ပညာသင်ယူတဲ့အခါ ရည်မှန်းချက်တူတဲ့ သူတွေအချင်းချင်း Communicate လုပ်နိုင်ဖို့ ရည်ရွယ်ပြီး Ten Ten Community ဆိုပြီးဖန်တီးပေးထားပါတယ်။ ဆရာတွေအတွက်လည်းရှိသလို ကျောင်းသားတွေအတွက်လည်းရှိပါတယ်။ အချင်းချင်း အတွေ့အကြုံဖလှယ်တာ၊ ကိုယ်လေ့လာနေတဲ့အရာတွေနဲ့ပတ်သက်ပြီး မေးမြန်းတာတွေ၊ ပြန်လည်မျှဝေတာတွေအကုန် လုပ်လို့ရပါတယ်။ Webinars တွေ၊ Resource sharing တွေ လုပ်သွားဖို့လည်းရှိပါတယ်။ Ten Ten နဲ့ တူတူသင်ပြီး ကိုယ့်ရဲ့ အခက်အခဲတွေကို Ten Ten Community မှာ လာရောက်ဆွေးနွေးလိုက်ပါ။

Join our Ten Ten Community on Telegram: https://t.me/+V-eEnHnLQGpjYWE1

22/12/2025

Dirección

Tijuana

Teléfono

+959420016053

Página web

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando LAMIN EAIN publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Contacto La Empresa

Enviar un mensaje a LAMIN EAIN:

Atajos

Compartir

Categoría