Sheik Mohamed Yaqub Shar

Call Contact the establishment

Sheik Mohamed Yaqub Shar Sufi Qawali/Gazal Singer
Contact -(095188673/09965188673)
Viber-(09964188673)

05/09/2026
“ငါနိုင်ပြီ” လို့ ဖုန်းဆက်ပြောတော့ အဖေက “အိမ်ဘယ်တော့ပြန်လာမလဲ၊ ခရမ်းချဉ်သီးက ခူးလို့ရနေပြီ” လို့ပဲ ပြန်ပြောခဲ့တယ်။ဒါက UF...
05/09/2026

“ငါနိုင်ပြီ” လို့ ဖုန်းဆက်ပြောတော့ အဖေက “အိမ်ဘယ်တော့ပြန်လာမလဲ၊ ခရမ်းချဉ်သီးက ခူးလို့ရနေပြီ” လို့ပဲ ပြန်ပြောခဲ့တယ်။

ဒါက UFC ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်တဲ့ Islam Makhachev ရဲ့ အဖေနဲ့ သူ့သားကြားက ထူးခြားတဲ့ ဆက်ဆံရေးကို ပြနေတဲ့ စကားတစ်ခွန်းပါ။

Islam Makhachev က အခုဆို UFC ရဲ့ အကြီးကျယ်ဆုံးချန်ပီယံတွေထဲက တစ်ယောက်ဖြစ်လာပြီး လိုက်ဝိတ်နဲ့ ဝယ်တာဝိတ်တန်းနှစ်ခုလုံးမှာ ချန်ပီယံဘွဲ့ ရယူနိုင်ခဲ့သူပါ။ ဒါပေမယ့် သူ့ရဲ့ဘဝအစကတော့ သံဇကာထဲက မီးရောင်တွေနဲ့ အလှမ်းဝေးပါတယ်။

ဒက်ဂက်စတန်ဒေသရဲ့ မြို့တော် မာခတ်ချခါလာမှာ မွေးဖွားခဲ့ပေမယ့် Islam ရဲ့ ကလေးဘဝအချိန်အများစုကို ဘာရှိ ဆိုတဲ့ ဝေးလံတဲ့ရွာလေးမှာ ဖြတ်သန်းခဲ့တယ်။ သူ့ဖခင် Ramazan က မိသားစုကို ထောက်ပံ့ဖို့ Driver အဖြစ် အလုပ်လုပ်သလို စိုက်ပျိုးရေးလုပ်ငန်းမှာလည်း Greenhouse ထဲမှာ ခရမ်းချဉ်သီးတွေ စိုက်တဲ့အလုပ်ကို လုပ်ခဲ့တယ်။

Islam ကိုယ်တိုင်လည်း ငယ်စဉ်က ဖခင်နဲ့အတူ ကာယအားသုံးတဲ့အလုပ်ကြမ်းတွေ လုပ်ခဲ့ရပြီး ကုန်ထမ်းသမားအဖြစ်တောင် အလုပ်လုပ်ခဲ့တယ်။

Ramazan က Islam ကို ငယ်ငယ်ကတည်းက စည်းကမ်းတင်းတင်းကြပ်ကြပ်နဲ့ ကြီးပြင်းစေခဲ့ပါတယ်။

အလုပ်ကြိုးစားဖို့၊ အခက်အခဲကို မကြောက်ဖို့ သင်ပေးခဲ့တာတွေက နောက်ပိုင်းမှာ Islam ရဲ့ Fighter Mentality အတွက် အခြေခံဖြစ်လာခဲ့ပါတယ်။

Islam ကိုယ်တိုင်လည်း “ငါ ချန်ပီယံဖြစ်လာအောင် ငါ့ထက်တောင် အဖေက ပိုကြိုးစားခဲ့တယ်” လို့ ဖခင်ရဲ့ ပေးဆပ်မှုကို အမွှန်းတင်ဖူးတယ်။

အခု UFC ချန်ပီယံလုပွဲတွေ၊ ခါးပတ်ကာကွယ်ပွဲတွေကြားမှာ Islam က အောင်မြင်မှုတွေ ရရှိနေပြီဆိုပေမယ့် သူ့ဖခင်ကတော့ အရင်လိုပဲ ရိုးရိုးရှင်းရှင်းနေတုန်းပါ။

Islam က သူ့ပွဲနိုင်လို့ ဖုန်းဆက်ပြောတဲ့အချိန်မှာတောင် ဖခင်က UFC ခါးပတ်အကြောင်း၊ ပွဲအကြောင်း သိပ်မမေးဘဲ “ဘယ်တော့အိမ်ပြန်လာမလဲ၊ ခရမ်းချဉ်သီးတွေ ခူးလို့ရနေပြီ” လို့ပဲ ပြန်ပြောခဲ့တာပါ။

အဲဒီရိုးရှင်းတဲ့ဘဝကပဲ Islam ကို သူဘယ်ကလာတယ်ဆိုတာ မမေ့အောင် ထိန်းထားနိုင်တာဖြစ်နိုင်ပါတယ်။

ဖခင်ရဲ့ တင်းကြပ်တဲ့ ပြုစုပျိုးထောင်မှုက Islam ရဲ့ ဖိုက်တာဘဝ နဲ့ စိတ်ဓာတ်ပိုင်းကိုသာမက သူ့ရဲ့ ဖခင်ဘဝကိုပါ သက်ရောက်မှုရှိခဲ့တယ်။ Islam က သူ့ကလေးတွေကိုလည်း “ငါ့အဖေက ငါ့ကို ကြီးပြင်းစေခဲ့သလိုပဲ စည်းကမ်းတင်းတင်းနဲ့ ကြီးပြင်းစေရမယ်” လို့ ပြောထားပါတယ်။

UFC ချန်ပီယံဖြစ်လာတဲ့ Islam ရဲ့နောက်ကွယ်မှာတော့ ချန်ပီယံတစ်ယောက်လို မနေတဲ့ အဖေတစ်ယောက်ရှိနေခဲ့တာပါ…..
Credit

လူတိုင်းမှာရှိကြတယ်ဗျ
03/09/2026

လူတိုင်းမှာရှိကြတယ်ဗျ

”မိဘကို” မေ့မထားကြပါနဲ့********************ဖတ်ကြည့်နော်… #ရေနဲ့ကင်းကွာလို့ မရသလိုအ မေ နဲ့ ကင်းကွာလို့ မရပါဘူး။ #ငွေနဲ့ကင...
03/09/2026

”မိဘကို” မေ့မထားကြပါနဲ့
********************
ဖတ်ကြည့်နော်…

#ရေနဲ့
ကင်းကွာလို့ မရသလို
အ မေ နဲ့
ကင်းကွာလို့ မရပါဘူး။

#ငွေနဲ့
ကင်းကွာလို့ မရသလို
အ ဖေ နဲ့ လည်း
ကင်းကွာလို့ မရပါဘူး။

အခြင်းအရာတွေ
ငွေနဲ့ ဖန်တီးလို့ ရချင်ရလိမ့်မယ်။

မိဘမေတ္တာကိုတော့…
ငွေနဲ့ ဖန်တီးယူလို့ မရပါဘူး။

#လောကမှာ…
ရေနဲ့ ငွေ မရှိရင်
မပြည့်စုံသလို

မိဘမရှိရင်လည်း
မပြည့်စုံပါဘူး။

ငွေရှာနေရလို့
မိဘကို မေ့ထားတာမျိုး
မဖြစ်ပါစေနဲ့။

မိဘရှိနေရင်…
အားလုံးပြည့်စုံတယ်လို့
ခံယူထားပါ။

#မိဘတွေ အသက်ရှိတုန်းမှာ…
ကျေးဇူးသိပြီး
ကျေးဇူးဆပ်ကြပါ။

Credit-အရှင်နန္ဒိယ (သာကီနွယ်)

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )

03/09/2026

ကျားဖြန့်တွေရဲ့ နည်းလမ်းတစ်ခု....

Online ကနေ ပစ္စည်းတစ်ခုခု မှာလိုက်တယ်။
ပစ္စည်းက မှာလိုက်တဲ့အတိုင်း အမှန်အကန်ပဲ
ရောက်လာတယ်။ ရက်လည်း အတိအကျပဲ။
တန်ဘိုးလည်းမှန်တယ်။ Payment မှာလည်း
ဘာမှ မှားယွင်းတာ မရှိဘူး....

ဒါပေမယ့် ထူးခြားတာတစ်ခုရှိတယ်။ မှာလိုက်တဲ့
ပစ္စည်းနဲ့အတူ Qr code ကူပွန်လေးတစ်ခု အဆစ်
ပါလာတယ်။ ဗလာမပါ ကံစမ်းမဲဆိုပြီး....

ပစ္စည်းမှာသူက ဗလာမပါ ကံစမ်းမဲလို့ဆိုတော့
ဝမ်းသာအားရနဲ့ ပါလာတဲ့ QR code ကို Scan
လုပ်ကြည့်လိုက်တယ်....

ဘာကံစမ်းမဲမှ မပေါက်ဘဲ Scan ဖတ်လိုက်တဲ့
ဖုန်းထဲက အချက်အလက်တွေ အားလုံးလိုလို
ပါသွားတယ်။ Banking data တွေပါ ယူနိုင်တဲ့
အခြေအနေရှိတယ်....

သတိထားလို့ရအောင်ပါ....

😪😪😪

Address

Yangon

Telephone

+959974022005

Website

Alerts

Be the first to know and let us send you an email when Sheik Mohamed Yaqub Shar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Sheik Mohamed Yaqub Shar:

Shortcuts

Share