CatGaming

CatGaming Casual Gamer, Game Videos and Contents Creator

15/06/2026
15/06/2026

ပြီးခဲ့တဲ့နွေက ပူလွန်းလို့ဘယ်လိုမှမဆော့နိုင်ဘူး။ မိုးနိုင်နိုင်ရွာမှာပြန်ဆော့နိုင်တယ်။ Hexi region ကိုဘယ်လိုမှ feel မလာတာလဲပါပါတယ်။ အတိတ်က heroes တွေဆိုတော့ အန်တီဟန်တို့ ချူချင်းချွမ်းတို့များလားပေါ့ တကယ်တမ်းကြဘာတွေလာမှန်းမသိတော့ဘူး။ စလာကတည်းကအိတ်လေးတလုံးလွယ်ပြီး ဟိုနေရာသွားငို ဒီနေရာသွားငိုနဲ့တော်တော်ကစိတ်ဆင်းရဲနေပြီ။ စာကိုမဖတ် ဇာတ်လမ်းကိုမသိချင်တော့ဘူး သူပြီးသွားတော့ Daddy Issue နဲ့ကောင် ပြီးတော့တခါ လဖက်ဆီပြန်ကြည့်ရပြန်ရော... Painter ကောင်ကလဲစာကိုသေချာမဖတ်တော့တာနဲ့ဘာမှန်းတောင်သေချာမသိ... တော်သေးတာက phase ၄ခုနဲ့ Lion Boss ကအဲ့လောက်မခက်လို့.. Imperial Palace update ထွက်ခါနီးမှ အသည်းအသန်လုပ်လိုက်ရတာ စိတ်ကိုပိန်သွားတာပဲ။ ဇာတ်လမ်းကကိုယ့်ကောင်စီလာဆက်တာလဲမဟုတ် သရဲမြို့လိုဟာကြီးစီရောက်ပြီး ဘယ်သူ့ကိုမှလဲ relatable ဖြစ်မနေဘူးလေ.. ခုမှဇာတ်လမ်းကလာဆက်တော့စိတ်ပြန်ပါလာတာနဲ့ Boss တွေကို Blind run ကြီးချမယ်ဆိုပြီးသွားတာ Lone Tyrant ကြီးကြမှ ၄ နာရီလောက်ကြာသွားတယ်။ 5BB မီးနီနေတာကို ၈ရက်လောက်ကြာအောင်လာမပြင်တာနဲ့မဆော့ရဘဲစောင့်နေရသေးတယ်။ ရှေ့ကသေနေတာတွေတော့မတင်တော့ဘူး ၄ နာရီလောက်ဆိုတော့ :P ပထမကောင်ကတော်တော်လွယ်သွားတာ ဒုတိယကောင်ကျမှသေတာ သေတာဆိုတာ။ သူ့အကွက်တွေကတအားကြီး အရောင်တွေတောက်ပြီးရှုပ်ရှုက်ခပ်နေတာကဆိုးတာ။

10/04/2026

They make the void king dirty.. now on very easy mode I think.
ခုကိုယ်တွေကတော့ gear လိုချင်ရင်သူ့ပဲသွားသွားသတ်တော့တယ်မြန်လို့ ပြီးမှ jade 50 ပေးပြီးလိုချင်တာပြန်ပြောင်းတယ်။ သူက umbra ပဲပေးပေမယ့်လို့ strategic sword ကိုတင်ပြီး reset ပြန်ချရင် box လေးတွေပေးတယ်လေ။ 😅😅

ပြီးခဲ့တဲ့တလောလေးကမှ မြို့တွေ ရွာတွေထူထောင်ရတဲ့ဂိမ်းလေးတခု full release အနေနဲ့ထွက်လာပါတယ်။ ဒါပေမယ့် ဒီဂိမ်းမှာကတော့ မြို...
02/04/2026

ပြီးခဲ့တဲ့တလောလေးကမှ မြို့တွေ ရွာတွေထူထောင်ရတဲ့ဂိမ်းလေးတခု full release အနေနဲ့ထွက်လာပါတယ်။ ဒါပေမယ့် ဒီဂိမ်းမှာကတော့ မြို့တွေရွာတွေထူထောင်ရတာထက် သိုင်းဂိုဏ်းတခုကိုထူထောင်ရမှာပါ။ ဇာတ်လမ်းအနေနဲ့ကတော့ ဂိုဏ်းကိုဝိုင်းတိုက်ခံလိုက်ရတဲ့အချိန်မှာ ဘိုးဘေးကအသေခံကာကွယ်ပြီး သခင်လေးတို့ကိုထွက်ပြေးခိုင်းရာကစတာပါ။ သခင်လေးက သူနဲ့အတူထွက်ပြေးလာတဲ့ အဖွဲ့ဝင်တွေနဲ့အတူအစကနေပြန်ပြီး ဂိုဏ်းအသစ်တခုအနေနဲ့ထူထောင်ရမှာပါ။ ကျွန်တော်လဲသေချာတော့မဆော့ရသေးပါဘူး Banished ဆော့ဖူးရင်တော့နားလည်လွယ်မှာပါ။ Wuxia တို့ Xianxia တို့ကြိုက်တဲ့လူတွေအတွက်တော့ ပိုပြီးအကြိုက်တွေ့မယ်ထင်ပါတယ်။ အရင်းအမြစ်တွေစုဆောင်းရမယ် နည်းပညာအသစ်တွေရှာရမယ့်အပြင် တခြားသိုင်းဂိုဏ်းတွေကို သွားဖိုက်ရမှာပါ။ အရှေ့တိုင်းပုံစံဂိမ်းတွေက နည်းနည်းရှားတော့စမ်းကြည့်ကြတာပေါ့ဗျာ။ Steam မှာကခုလောလောဆယ်မှာ 10% off ရှိတ‌ယ် ၂၀ ကျော်ကျော်လောက်ပေးရမယ်။ (skidrow) မှာလဲရှိပါတယ်လေ။

15/03/2026

ဂိမ်းကိုသေချာမဆော့ဖြစ်တာတော်တော်ကြာသွားပြီ။ Lord of the Mysteries ဖတ်နေရတာရယ်နဲ့ Daily log in လေးလောက်ပဲလုပ်ဖြစ်နေတာတော်တော်ကြာသွားတယ်။ 5BB ကလဲပျက်တရက် မကောင်းတရက်ရယ်နဲ့လဲပါပါတယ်။ အဲ့တော့ ခုမှ Hexi region ကိုစဆော့ရသလိုဖြစ်နေတာ။ ဟိုလှေကြီးကစမ်းကြည့်မယ်လေဆိုပြီး Blind run ပြေးဝင်သွားတာ ကိုယ်ကချရတယ်မရှိဘူး သူကပဲကိုယ့်ချပြီး သူ့ဟာသူပဲ ဗမာလိုကြီးရှောသွားရော စားတော့စားတယ် အဲ့တော့ record ကမယူလိုက်မိဘူး။ အဲဒါနဲ့ဒီ Fortress ကိုတော့ Blind run လေး Record ယူထားလိုက်တယ်။ ၇ခါ ၈ခါလောက်ရှောသွားပြီး နိုင်တော့နိုင်သွားတယ်။ Thunder cry blade နဲ့ဆော့ရင် Legend mode မှာ easy setting ဖြစ်သွားတာတော့အမှန်ပါပဲ။

ဒါနဲ့အရင် Guild က GvG ကို region ရွေးတာမှားသွားလို့ မချရတာပျင်းလို့ဆိုပြီး အသစ်ပြန်ထောင်ပြီး GvG rank တင်ဖို့ကြိုးစားနေကျလို့ pvp စိတ်ဝင်စားရင်လာခဲ့ကြပါဦးနော်။ PvE ဆိုလဲသေချာဆော့နေကြတဲ့လူတွေရှိတာမို့ skill rotation ကအစသေချာရှင်းပြနိုင်တဲ့လူတွေရှိပါတယ်ဗျ။ Drama free မယ်ဗျာ Giveaway လေးတွေလဲတတ်နိုင်သရွေ့လုပ်ပေးနေတာမို့ ပျော်စေရမယ်ဗျာ။ 😎😎

Guild Name : Hell'sAngel
Guild ID : 10262335

04/03/2026

Zheng E Abyss Trial No Damage Run!!

Power of Mo Blade!

သူ့ဟာသူတောင်ရောဂါနဲ့ရှောတော့မယ့်ရောဂါသည်ကို Mo Blade အားကိုးနဲ့သွားထုထောင်းခဲ့တုံးကပေါ့လေ။ ပထမအဆင့်ကို Mo blade အားကိုးနဲ့ brute force လုပ်ပြီး ဒုတိယအဆင့်ကျတော့ ပြူးပြဲနေအောင်ရှောင်နေရတယ်။ ဒါတောင်ထိပါသေးတယ် Shield ကယ်တော့ no damage တော့ရခဲ့တယ်။ 😁

တကယ်လို့များ သင်ဟာ WWM မှာ new player ပဲဖြစ်ဖြစ် experienced player ပဲဖြစ်ဖြစ်ပေါ့နော် pve contents တွေအတူတူလုပ်ချင်ရင် pvp ဖြစ်တဲ့ 3v3 တို့ GvG တို့ကိုအတူတူတွဲလုပ်ချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ Guild လေးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစေဗျာ။ pvp သေချာလုပ်နေတဲ့သူတွေလဲရှိသလို pve သေချာလုပ်နေတဲ့သူတွေလဲရှိနေလို့ မသိတာရှိလဲသေချာရှင်းပြပေးနိုင်ပါတယ်။

Guild Name : SavageGardenMM
Guild ID : 10130009
ကြိုဆိုနေပါတယ်နော်။

ကိုယ်တွေ‌ဒီကောင်လေးကိုပြန်ဆော့လာတာတောင်ရက်ပေါင်း ၃၀၀၀ နီးပါးရှိလာပြီဆိုတော့ ခုထိဆော့နေကြသေးတဲ့လူတွေများရှိနေကြသေးလားဗျ။ ...
25/02/2026

ကိုယ်တွေ‌ဒီကောင်လေးကိုပြန်ဆော့လာတာတောင်ရက်ပေါင်း ၃၀၀၀ နီးပါးရှိလာပြီဆိုတော့ ခုထိဆော့နေကြသေးတဲ့လူတွေများရှိနေကြသေးလားဗျ။ Browser based text game ဆိုတာကိုကိုယ်တွေစမြင်ဖူးတာဒီကောင်ပဲ။ နောက်ပိုင် theninja-rpg တို့ဘာတို့လာလိုက်သေးတယ်။ စဆော့တဲ့ အကောင်နဲ့ သူ့ရှေ့ကအကောင်ကတော့ ရောင်းစားလိုက်လို့မရှိတော့ဘူး။

17/02/2026

River Master Abyss Trial No Damage Run!!
Abyss Trial တွေကို Mo Blade နဲ့ run တာကကျွန်တော့အတွက်တော့ No damage task ကိုလွယ်လွယ်ရနိုင်တယ်လို့ထင်တာပဲ။ ဒီမှာဆိုတော်တော်ထိတာပဲ ဒါပေမယ့် Shield ရှိနေတော့ damage တော့ဖြစ်မသွားဘူးလေ။

ကျွန်တော်လူခေါ် Post လေးတင်ချင်လို့ပါ။ Member ထက် Leadership position အတွက်ခေါ်ချင်တာပါ။ Guild ကိုဦးစီးဦးဆောင်လုပ်ပေးဖို...
17/02/2026

ကျွန်တော်လူခေါ် Post လေးတင်ချင်လို့ပါ။

Member ထက် Leadership position အတွက်ခေါ်ချင်တာပါ။ Guild ကိုဦးစီးဦးဆောင်လုပ်ပေးဖို့ပါ။ Discord set up, member recruit, GvG စတာတွေလုပ်ချင်ပြီး Guild တခုကိုအစကနေမလုပ်ချင်ဘူးဆိုရင်လာခဲ့ပါဗျ။

ကျွန်တော်က သိပ်ပြီးမကျွမ်းတာရယ် မအားတာရယ်နဲ့မလုပ်နိုင်လို့ပါ။ ပျင်းတာလဲပါတာပေါ့နော် 😅

10/02/2026

ပြီးခဲ့တဲ့ရက်ပိုင်းက သိပ်မအားလို့ကောင်းကောင်းမဆော့ဖြစ်ဘူး ခုအားလို့ဆော့မယ်ကြည့်တော့ router မှာမီးလာနီနေတယ်။ ဒီ 5BB ISP ကလူတွေက customer တွေကိုနည်းနည်းပဲဖြစ်ဖြစ် စိတ်အနှေက်အယှက်ပေးကိုပေးရမှလားမသိဘူး။ နောက်တခုများရှိလို့ကတော့ လဲကိုပစ်တယ်။ 🤓🤓

Nameless general abyss trial ကို no damage run လေးပါ။ no hit တော့မဟုတ်ပါဘူးနော်။ Mo Blade စဆော့ကတည်းက shield ရှိရင်ထိချင်ထိဖြစ်သွားပြီ။

Address

KokKoTaung Village, Hlegu Township
Yangon
11161

Website

Alerts

Be the first to know and let us send you an email when CatGaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share