27/02/2026
#ခြံမှာကယ်တင်ထားတဲ့ခွေးလေးတွေအတွက်အလှူရှင်များကိုဖိတ်ခေါ်ပါတယ်ရှင်🙏🙏🙏🙏🙏
ခြံမှာ ကယ်တင်ထားတဲ့ခွေးလေးတွေ ကျွေးမွေးစရိတ်များနဲ့ ကယ်ဆယ်ရေးစရိတ်များအတွက် လှူဒါန်းနိုင်ပါတယ်ရှင်။ ခြံမှာ ကားတိုက်၊ လူရိုက် အဆိပ်ချခံရတော့မယ်ခွေးလေးတွေ၊ နေမကောင်းလို့လဲနေတာနဲ့ သခင်ကမလို ချင်တော့လို့စွန့်ပစ်သွားတဲ့ခွေးလေးတွေ၊ လူကိုက်တဲ့ခွေးလေးတွေပါ ထိန်းသိမ်းထားတာမို့ လူတွေရော၊ တိလေးတွေ အတွက်ပါ အကျိုးပြုတဲ့ဂေဟာလေးပါရှင်။ ခြံမှာရှိတဲ့ ခွေးလေးတွေအကုန်လုံးကလဲ သားကြောဖြတ်ပြီးသားတွေပါရှင်။ ခြံမှာ တစ်ရက်ကို ဆန်သုံးအိတ်ကုန်ပါတယ်ရှင်။ အလှူရှင်များရဲ့ အထိမ်းမှတ်နေ့တွေမှာလဲတစ်ရက်စာ သို့ တစ်နှပ်စာတို့ သတ်မှတ်လှူဒါန်းကျွေးမွေးနိုင်ပါတယ်ရှင်။
အလှူရှင်များအနေနဲ့ လှူဒါန်းပြီးပါကလဲ Comment မှာ မမန့်ကြပဲMessenger မှာလာပြောပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ Page မှာ မန့်မိရင် အကောင့်တုများစွာက အလှူရှင်များထံလာရောက် အလှူခံကြလို့ပါရှင်။ Messenger မှာ လာရောက် အကြောင်းကြားသူများကိုလဲ အလှူရှင်ပိုစ့်လေးတင်ပေးပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်
ခြံကကယ်တင်ထားတဲ့ခွေးလေးတွေနဲ့ ကယ်ဆယ်ရေးစရိတ်တွေအတွက် လှူဒါန်းလိုပါက
ဆန်ကြမ်းတစ်အိတ် ၇၀၀၀၀
အမဲဆီဖတ် (၁၀)ပိသာ ၄၀၀၀၀
အမဲဆီဖတ်နဲ့တစ်နှပ်စာ ၂၀၀၀၀၀
အမဲဆီဖတ်နဲ့တစ်ရက်စာ ၄၀၀၀၀၀
ကြက်ခေါင်းနဲ့တစ်နှပ်စာ ၃၀၀၀၀၀
ကြက်ခေါင်းနဲ့တစ်ရက်စာ ၆၀၀၀၀၀
ခြံမှာအသုံးပြုရန်ရေကားတစ်စီး ၅၀၀၀၀
ရေကား၀ယ်ရန်အလှူရှင်တစ်စု ၁၀၀၀၀ တို့ဖြစ်ပါတယ်ရှင်။
အလှူငွေသီးသန့်အနေနဲ့လည်း ၅၀၀/၁၀၀၀ ကစပြီး လှူဒါန်းနိုင်ပါတယ်ရှင်။ အလှူရှင်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ Golden Heart မိသားစုနဲ့ ခွေးလေးများမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။
"Google Map မှာ Golden Heart Animal Rescue ဆိုပြီး ရိုက်ရှာနိုင်ပါတယ်ရှင်''