Kee's Diary

Call Contact the establishment

Kee's Diary Philosophy & Poetry

“ဆုတောင်း”သတိတရမဟုတ်တဲ့ သတိရခြင်းများထဲမှလူမာလို့ စိတ်သာပါစေ...နေ့တစ်နေ့ရဲ့ မနက်ခင်းတိုင်းကော်ဖီတစ်ခွက်လို သူလန်းဆန်းပါစ...
07/03/2026

“ဆုတောင်း”

သတိတရမဟုတ်တဲ့ သတိရခြင်းများထဲမှ
လူမာလို့ စိတ်သာပါစေ...

နေ့တစ်နေ့ရဲ့ မနက်ခင်းတိုင်း
ကော်ဖီတစ်ခွက်လို
သူလန်းဆန်းပါစေ...

ညကောင်းကင်ရဲ့ ကိုယ့်အမှောင်မှာ
ကြယ်စင်လို
သူလင်းလက်ပါစေ...

‌လမ်းပျောက်နေတဲ့ ကိုယ့်ဝင်္ကပါမှာ
ရှေ့ဆက်မဲ့လမ်း
သူရှာတွေ့ပါစေ...

အဆိုးများ ကိုယ်ကြုံ၍
‌အကောင်းများ
သူဆုံပါစေ...

ငွေစန္ဒာလို အေးမြ၍
ဉဩလို
သူ့အသံသာပါစေ...

ဘယ်အရပ် ဘယ်‌နေရာရောက်ရောက်
ပန်းတပွင့်လို
သူအမြဲလှ‌ပါစေ...

ဘဝရဲ့ အထီးကျန်မှုအခြေအနေတိုင်း
ဆွဲခေါ်မဲ့ လက်တစ်စုံ
သူအသင့်ရှိပါစေ...

ညတစ်ညရဲ့ အိပ်စက်မှုတိုင်း
ကောင်းသောအိပ်မက်
သူ့ထံရောက်ပါစေ.....

-ခွန်းဿ(၇.၃.၂၆)

“ခြေပျောက်ရာ”ပင်လယ်ပြင်မှာ ငွေစင်ယော်တွေချစ်ခြင်းဖွဲ့ လေတော့ ရှုစားသူအဖို့နှလုံးအိမ်ကို လက်နဲ့အသာဖိ လေးလံနေတဲ့ မျက်အိမ်က...
21/02/2026

“ခြေပျောက်ရာ”

ပင်လယ်ပြင်မှာ ငွေစင်ယော်တွေ
ချစ်ခြင်းဖွဲ့ လေတော့
ရှုစားသူအဖို့
နှလုံးအိမ်ကို လက်နဲ့အသာဖိ
လေးလံနေတဲ့ မျက်အိမ်က
ရွာချလာတဲ့ မိုးစက်တွေကို
ဘယ်‌လို ဇလဗေဒပညာရှင်ကများ
ခန့်မှန်းနိုင်ဦးမှာလဲ...

တခါတခါ...
ကန္တာရကို ပန်းပျိုးပြီး
ဗုဒ္ဓကို ဖီဆန်ရတဲ့အလုပ်ဟာ
ငါးဆူပွင့်တဲ့ ဘဒ္ဒထဲ
အမိုက်မဲဆုံး လုပ်ရပ်ဖြစ်ပြီး
ဘယ်သူချွတ်ချွတ်
မကျွတ်နိုင်တဲ့ တရားဟာ
ငါကိုယ်တိုင်ဖြစ်နေခဲ့.....

-ခွန်းဿ(၂၂.၂.၂၆)

မေတ္တာတရားကို နေ့သင့်နံသင့် မမှည့်မိလို့ရာသီခွင် လမ်းကြောင်းမှာဂျိုဝင်သွားတယ်နဲ့ တူပါရဲ့...လမ်းဘေးက အမှိုက်တောင်မှချက်ချ...
13/01/2026

မေတ္တာတရားကို
နေ့သင့်နံသင့် မမှည့်မိလို့
ရာသီခွင် လမ်းကြောင်းမှာ
ဂျိုဝင်သွားတယ်နဲ့ တူပါရဲ့...
လမ်းဘေးက အမှိုက်တောင်မှ
ချက်ချင်းကြီး ရွှေထဖြစ်သွားတယ်...

ဗုဒ္ဓအဘိဓါန်မှာ...
"မနုသတ္တဘာဝေါ ဒုလ္လဘော" တဲ့
ငါ့အဘိဓါန်မှာတော့...
လူ့အဖြစ်ကိုရဖို့ထက် မင်းအချစ်ကိုတဖို့က ပိုခက်ခဲနေတယ်...

နိဗ္ဗာန်နဲ့ငရဲဟာ...
ဘယ်လိုမျိုးလဲလို့ မေးလာခဲ့ရင်
မင်းကိုပဲ လက်ညိုး ငေါက်‌ငေါက်ထိုးရလိမ့်မယ်...

- ခွန်းဿ (14.1.26)

လောကဓံသာ မရှိခဲ့ရင်...အချစ်ဦးနဲ့သာ မလွဲခဲ့ရင်...အချစ်ဆုံးကသာ ထားမသွားခဲ့ရင်...ငါတို့ဟာ...ငါတို့ဆိုပြီး ဘယ်ဖြစ်လာပါ့မလဲ.....
10/01/2026

လောကဓံသာ မရှိခဲ့ရင်...
အချစ်ဦးနဲ့သာ မလွဲခဲ့ရင်...
အချစ်ဆုံးကသာ ထားမသွားခဲ့ရင်...
ငါတို့ဟာ...
ငါတို့ဆိုပြီး ဘယ်ဖြစ်လာပါ့မလဲ...

တိတ်တဆိတ်နဲ့ နောက်ပြန်တွေးလိုက်တဲ့အခိုက်...
တချိန်က မဖြစ်စေချင်ခဲ့တဲ့အရာတွေကပဲ
ဒီနေ့ရဲ့“ငါတို့”ကို ပုံဖော်ခဲ့ကြတာပဲမလား.....


ဗုဒ္ဓက ဒုက္ခဖြစ်စေတာသမုဒယဆိုပြီး ဟောတယ်...နှလုံးသားက သမုဒယနွံထဲကနေပြီးဗုဒ္ဓကို ဆန့်ကျင်တယ်...အဲ့မှာ ခံလိုက်စမ်းသံသရာတလျှ...
31/12/2025

ဗုဒ္ဓက ဒုက္ခဖြစ်စေတာ
သမုဒယဆိုပြီး ဟောတယ်...
နှလုံးသားက သမုဒယနွံထဲကနေပြီး
ဗုဒ္ဓကို ဆန့်ကျင်တယ်...
အဲ့မှာ ခံလိုက်စမ်းသံသရာတလျှောက်လုံး.....

Kee(2.8.2023)


“တစ်ခဏတာ ရှုခင်း” - ‌‌(၁)ထိုတနေရာရာမှာ...ဆွေးမြေ့နေတဲ့ သစ်သားခုံလေးတလုံးရှိမယ်...အဟောင်းနံ့ရနေတဲ့ စာအုပ်လေးတအုပ်ရှိမယ်.....
26/12/2025

“တစ်ခဏတာ ရှုခင်း” - ‌‌(၁)

ထိုတနေရာရာမှာ...

ဆွေးမြေ့နေတဲ့ သစ်သားခုံလေးတလုံးရှိမယ်...

အဟောင်းနံ့ရနေတဲ့ စာအုပ်လေးတအုပ်ရှိမယ်...

မှင်ဖြည့်မထားရသေးတဲ့ စုတ်‌တံလေးတချောင်းရှိမယ်...

အဆုံးမသတ်ရသေးတဲ့ ကဗျာလေးတပုဒ်ရှိမယ်...

မီးမသတ်ရသေးတဲ့ ဆေးလိပ်‌လေးတလိပ်ရှိမယ်...

စွန့်ပစ်ခံထားရတဲ့ အရုပ်လေးတရုပ်လည်းရှိနေမယ်...

ကြယ်မရှိ‌တဲ့ ညတွေရှိမယ်...

လမသာတော့တဲ့ ညတွေရှိမယ်...

ဆက်မလျှောက်ဖြစ်‌တော့တဲ့ ခြေရာတွေရှိမယ်...

အတိုင်းအဆဆိုတာ ဘယ်မှာမှန်းမသိတဲ့
သမုဒ္ဒရာပြင်မှာ ငါ့ချစ်ခြင်းတွေရှိမယ်...

တစ်ယောက်ကို တစ်ယောက်
မဆုံနိုင်ပဲ စောင့်ခဲ့သူတွေလည်း
ရှိကောင်း ရှိနေလိမ့်မယ်.....

Kee(27.12.25)

Address


Telephone

+959985222046

Website

Alerts

Be the first to know and let us send you an email when Kee's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Kee's Diary:

Shortcuts

  • Want your establishment to be the top-listed arts & entertainment?

Share