Dhamma by NCM

Website

Dhamma by NCM Dhamma Sermon Sharing

12/09/2026

သီလယူပြီး ဒါမလုပ်ရင်အကျိုးမရ #တရား #ပါချုပ် #သီလ #တရားစကား

10/09/2026

ဥပုသ် ဘယ်လို​စောင့်ရသလဲ | ပါချုပ်ဆရာ​တော်

#တရား #ဥပုသ်

06/09/2026

ကိုယ့်ကို ဆဲ တဲ့သူ​တွေကို ဘယ်လိုတုံ့ပြန်မလဲ | ပါချုပ်ဆရာ​တော်

#ပါချုပ်ဆရာ​တော် #တရား​တော်

05/09/2026

ဥပုသ်​နေ့ နံနက်ခင်းမေတ္တာပို့

#မေတ္တာပို့ #တရားတော် #ပါချုပ်ဆရာတော် #တရားစကား #ဥပုသ်

30/08/2026

တစ်ဦးတစ်ယောက် ကြီးပွားတိုးတက်နေတယ်၊ အသိအမှတ် မပြုနိုင်ဘူး၊ မနာလို ဖြစ်တယ်၊ အဲဒါ ဣဿာ ပေါ့၊ မနာလိုဆိုတာ ဘာပြောလဲ၊ အပြစ်ပြောတာ၊ အပြစ်ရှာတယ်၊ အကောင်း မပြောနိုင်ဘူး။ ဥပမာ လူတစ်ယောက်ဟာ စီးပွားရေး တိုးတက်တာ တက်မှာပေါ့၊ ဒီလူက ဘယ်လိုရလို့၊ ပြောတော့တာပဲလေ အပြစ်တစ်ခု ပြောတော့တာပဲ၊ အသိအမှတ် မပြုနိုင်ဘူး သူက၊ အဲဒါ ဣဿာ လို့ ခေါ်တယ်။

ပါချုပ်ဆရာ​​တော် တရားမှတ်စု

#တရား #မနာလိုစိတ်

🙏🏻🙏🏻🙏🏻
29/08/2026

🙏🏻🙏🏻🙏🏻

28/08/2026

ဝိပဿနာတရားဆိုတာ "မဂ္ဂင်ရှစ်ပါး" လို့​ခေါ်တဲ့ အမှန်တရား ၈ ချက် လမ်းကြောင်း အတိုင်း သွားရမှာဖြစ်တယ်
-
အမှန်မြင်ခြင်း (သမ္မာဒိဋ္ဌိ)
အမှန်တွေးတောခြင်း (သမ္မာသင်္ကပ္ပ)
အမှန်အတိုင်း မှန်ကန်စွာ ပြောဆိုခြင်း (သမ္မာဝါစာ)
မှန်ကန်စွာ လုပ်ဆောင်ခြင်း (သမ္မာကမ္မန္တ)
အသက်မွေးဝမ်းကျောင်း မှန်ကန်ခြင်း (သမ္မာအာဇီဝ)
ကြိုးစားအားထုတ်မှု မှန်ကန်ခြင်း (သမ္မာဝါယာမ)
အာရုံစူးစိုက်မှု မှန်ကန်ခြင်း (သမ္မာသတိ)
စိတ်တည်ငြိမ်မှု မှန်ကန်ခြင်း (သမ္မာသမာဓိ)
ဤ အမှန်အကန် ၈ ချက်သည် ဝိပဿနာလမ်းစဉ်အတိုင်း ကျင့်ကြံအားထုတ်ရာတွင် ပြီးပြည့်စုံသွားသည့်အခါ တစ်ချက်တည်းကဲ့သို့ ပေါင်းစည်းသွားကာ "မဂ္ဂ" ဟူသော အမည်ဖြင့် စိတ်စွဲလန်းမှုအားလုံးကို ဖယ်ရှားပစ်နိုင်တယ်။

ပါချုပ်ဆရာ​တော်

#တရား #ပါချုပ်

🙏🙏🙏 မင်္ဂလာညချမ်း​လေးပါ 🌹🌹🌹       ゚
22/08/2026

🙏🙏🙏 မင်္ဂလာညချမ်း​လေးပါ 🌹🌹🌹

゚

တရားချစ်ခင်သူ​တော်စဥ်​အ​ပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုရာဆန္ဒပြည့်ဝကြပါ​စေ 🙏🙏🙏
22/08/2026

တရားချစ်ခင်သူ​တော်စဥ်​အ​ပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုရာဆန္ဒပြည့်ဝကြပါ​စေ 🙏🙏🙏

❝ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး ❞=========================ဥပုသ်ရဲ့အကျိုးကျေးဇူးဟာဘယ်လောက်များသလဲလို့ဆိုလို့ရှိရင်အင်မတ...
21/08/2026

❝ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး ❞
=========================

ဥပုသ်ရဲ့အကျိုးကျေးဇူးဟာ
ဘယ်လောက်များသလဲလို့ဆိုလို့ရှိရင်
အင်မတန်မှ အကျိုးကျေးဇူး များတယ်တဲ့...။

ဘုရားက နားလည်အောင်
ဘယ်လိုဟောတုန်းဆိုတော့...

ကမ္ဘာလောကကြီး အတွင်းမှာရှိတဲ့
အဖိုးတန် ရတနာတွေကို စုလိုက်...

အဲဒီ အဖိုးတန် ရတနာတွေရဲ့တန်ဖိုးနဲ့
တစ်ကြိမ်တစ်ခါ စောင့်လိုက်ရတဲ့

အခုလို မွန်မြတ်တဲ့ စည်းစနစ်ကျတဲ့ ဥပုသ်
အဓိပ္ပါယ်ရှိရှိ စောင့်လိုက်တဲ့ ဥပုသ်နဲ့
နှိုင်းယှဉ် ကြည့်လိုက်မယ် ဆိုလို့ရှိရင်

ရတနာတွေရဲ့တန်ဖိုးဟာ
ဥပုသ် တစ်ခါ စောင့်ရတဲ့
ကုသိုလ်တန်ဖိုးရဲ့ (၁၆ ပုံပုံ ၁ ပုံ) တောင်
မရှိဘူးလို့ ပြောတယ်နော်။

ဘာဖြစ်လို့ ဒီလိုပြောရတုန်းလို့ဆိုလို့ရှိရင်
ဥပုသ် တစ်ကြိမ်တစ်ခါ စောင့်လိုက် လို့ရှိရင်
လူ့စည်းစိမ် မပြောနဲ့၊
နတ်စည်းစိမ် နတ်ချမ်းသာတွေ ပေးနိုင်တယ်။

နတ်ချမ်းသာတွေဆိုတာ...
အဲဒီ ရတနာတွေရဲ့ တန်ဖိုးထက် ကြီးတယ်။

ဥပုသ်ကလေး တစ်ခါစောင့်လိုက်တာနဲ့-

ဒီပုဂ္ဂိုလ်ဟာ...
လူချမ်းသာထက် သာလွန်တဲ့ နတ်ချမ်းသာ၊

လူချမ်းသာဆိုတာ...
နတ်ချမ်းသာနဲ့နှိုင်းယှဉ်လိုက်လို့ရှိရင်
ဘာမှ မပြောပလောက်တော့ဘူး။

လူချမ်းသာသုခလို့တောင် မဆိုနိုင်တော့ဘူး။

ဘာဖြစ်လို့တုန်း ဆိုတော့ စဉ်းစားကြည့်လေ-

လူ့ပြည်မှာ အနှစ်(၅၀)မှ
စတုမဟာရာဇ်နတ်ပြည်မှာ
(၁)ရက်ပဲ ရှိသေးတာ၊
သက်တမ်းခြင်းအားဖြင့်လည်း ကွာတယ်။

စည်းစိမ်ချမ်းသာခြင်းအားဖြင့်လည်း ကွာတယ်။

လူ့ပြည်မှာ အနှစ်(၁၀၀)ဆိုရင်
တာဝတိ ံသာနတ်ပြည်မှာ
(၁)ရက်ပဲ ရှိသေးတယ်နော်။

အဲဒီ ရက်တွေနဲ့တွက်လိုက်တဲ့
အနှစ်(၅၀၀)ဟာ...
စတုမဟာရာဇ် နတ်ပြည် ရဲ့
သက်တမ်းတစ်ခုပဲ။

အဲဒီ ရက်တွေနဲ့တွက်လိုက်တဲ့
အနှစ်(၁၀၀၀)ဟာ...
တာဝတိ ံသာ နတ်ပြည် ရဲ့အသက်ပဲ။

နတ်သက်ဟာ...
တဖြည်းဖြည်း တစ်ဆတစ်ဆ တိုးသွားတာ
နည်းတဲ့ အသက်တွေ မဟုတ်ဘူး။
ရှည်လျားတယ်။

ချမ်းသာသုခကလည်း
အလွန်တရာ ကြီးမားတယ်ဆိုတော့...
လူ့ချမ်းသာနဲ့နတ်ချမ်းသာ
နှိုင်းယှဉ် ကြည့်လိုက်မယ်ဆိုရင်
မနှိုင်းယှဉ်နိုင်လောက်အောင်...
နတ်ချမ်းသာက သာလွန်နေတယ်။

လူဆိုလို့ရှိရင်...
အသက်(၅၀)လောက်ဆို မအိုဘူးလား။

ဟိုမှာ (၁)ရက်ပဲ ရှိသေးတယ်လေ၊
စည်းစိမ်ချမ်းသာ ခံစားရတာခြင်းကလည်း
တအားကွာတယ်။
သက်တမ်းကလည်း တအားကွာတယ်။

စတုမဟာရာဇ်နတ်ပြည်မှာ...
(၁)ရက် ရှိပေမယ့်
တာဝတိ ံသာနတ်ပြည်မှာ...
နေ့ဝက်ပဲ ရှိသေးတယ်။

အဲဒီလို နတ်ပြည်တွေဟာ...
တစ်ခုနဲ့တစ်ခု သာလွန်သွားလို့...

ဟောဒီ ဥပုသ်စောင့်လို့ရှိရင်...

အခုပြောတဲ့ နတ်ပြည်တွေ အားလုံး
ရောက်နိုင်တာ ဖြစ်သောကြောင့်-

ဥပုသ်စောင့်ရခြင်းရဲ့ အကျိုးကျေးဇူးဟာ
အလွန်ကြီးမားတယ်လို့...
မြတ်စွာဘုရားက ဟောတယ်။

ဒါတင် မကဘူး။

သိကြားမင်းကြီးက တစ်ခါက ပြောတယ်၊

”လူ့လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေ
လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်၊
လပြည့်၊ လကွယ်တွေမှာ...
ဥပုသ်စောင့်ကြမယ်လို့ရှိရင်...

အဲဒီ ပုဂ္ဂိုလ်တွေ...
သူ့လို သိကြားဘဝ ရောက်ချင်လို့ရှိရင် တဲ့
ဥပုသ်စောင့်ကြပါ ” လို့...

သိကြားမင်းကြီးက-
နတ်သဘင် အစည်းအဝေးတစ်ခုမှာ
မိန့်ခွန်း ပြောသတဲ့...။

အဲဒီလို မိန့်ခွန်းပြောတာကို...
မြတ်စွာဘုရားက ဘာပြောတုန်းဆို...

”သိကြားမင်း ပြောတဲ့...
’ငါလို သိကြားဖြစ်ချင်လို့ရှိရင် ဥပုသ်စောင့်
ဆိုတဲ့ စကားဟာ မပြည့်စုံဘူး“ တဲ့...

တကယ်ပြောရမှာက...

“ ရဟန္တာပုဂ္ဂိုလ်က ငါ့လို ရဟန္တာဖြစ်ချင်ရင်
ဥပုသ်စောင့် ” လို့ ပြောရမယ်တဲ့။

ဒါကြောင့်မို့လို့ ဥပုသ်စောင့်တယ်ဆိုတာ
နည်းတဲ့ ကုသိုလ် မဟုတ်ဘူးတဲ့...

ရဟန္တာပုဂ္ဂိုလ်က သာလျှင်...

“ ငါ့လို ရဟန္တာဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ
ဥပုသ်စောင့်ကြပါ ” လို့...
ပြောရတဲ့ အဓိပ္ပါယ် ရှိလှတဲ့
ဗုဒ္ဓဘာသာတို့ရဲ့ ကျင့်စဉ်တစ်ခုဟာ
ပုံပျက်ပန်းပျက် မဖြစ်စေဘဲနဲ့
အဓိပ္ပါယ် ရှိရှိ ဥပုသ်ကို စောင့်သုံးနိုင်ဖို့
အင်မတန်မှ အရေးကြီးပါတယ်။

ဥပုသ်လို့ပြောလိုက်တာနဲ့
ဘာသာခြားတွေက...
သူတို့လည်း ဥပုသ်၊ ဒီလည်း ဥပုသ်၊
အတူတူလို့တချို့က ထင်နေတတ်ကြတယ်။

အနှစ်သာရပိုင်းမှာ...
အလွန် ကွာခြားတယ်ဆိုတာ...
အားလုံး သဘောပေါက် နားလည်ပြီး
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့
တကယ့်စစ်မှန်တဲ့-

’အရိယုပေါသထ‘ လို့ခေါ်တဲ့
သူတော်စင် သူတော်မြတ်တို့-
စောင့်သုံးတဲ့ ဥပုသ်ကို ကိုယ်စီကိုယ်ငှ
ကျင့်ကြံကြိုးကုတ်အားထုတ်
စောင့်ထိန်းနိုင်ကြပါစေကုန်သတည်း။

(ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

#ပါချုပ် #ဥပုသ် #တရား

Address

Yangon

Alerts

Be the first to know and let us send you an email when Dhamma by NCM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share