Monkey mind

Monkey mind Because stories never sit still...

Monkey Mind 1st Anniversary!! 🙉လွန်ခဲ့တဲ့တစ်နှစ် ဒီအချိန်မှာ စတင်ခဲ့တဲ့ Monkey Mind ဟာ အခုဆို (၁) နှစ်တိတိ ပြည့်သွားခဲ့ပ...
01/10/2026

Monkey Mind 1st Anniversary!! 🙉

လွန်ခဲ့တဲ့တစ်နှစ် ဒီအချိန်မှာ စတင်ခဲ့တဲ့ Monkey Mind ဟာ အခုဆို (၁) နှစ်တိတိ ပြည့်သွားခဲ့ပါပြီ။

ဒီတစ်နှစ်တာအတွင်းမှာ ဝါသနာပါတဲ့ ရုပ်ပြဖန်တီးမှုတွေကို လုပ်ခဲ့သလို၊ လိုချင်တဲ့ ရည်မှန်းချက်အချို့ကိုလည်း အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

အခက်အခဲ စိန်ခေါ်မှုတွေကိုလည်း အဖွဲ့သားတွေရဲ့ ကြိုးစားမှုနဲ့ အတူတူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

နောက်ပြီး မကြာခင်မှာ ကျွန်တော်တို့ရဲ့ စာအုပ်တွေကို ရုပ်ပြနှစ်သက်သူတွေဆီ ဖြန့်ဖြူးပေးသွားဦးမှာပါ။

စာအုပ်နဲ့ ပတ်သက်တဲ့ Updateတွေနဲ့ အခြား Content သစ်များကို ဆက်လက်မျှဝေပေးသွားပါမယ်။

ဒီခရီးလမ်းမှာ အစစအရာရာ ဝိုင်းဝန်းအားပေးခဲ့ကြသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

“Because Stories Never Sit Still...”

#ရုပ်ပြ

Yoke Pya X Monkey Mind 🐵Monkey Mindရဲ့  ပထမဦးဆုံး ရုပ်ပြဇာတ်လမ်းတွဲဖြစ်တဲ့ “ဒိုက်”ရုပ်ပြကို (၂၀၂၇)ခုနှစ်၊ နွေရာသီမှာ ထုတ...
01/10/2026

Yoke Pya X Monkey Mind 🐵

Monkey Mindရဲ့ ပထမဦးဆုံး
ရုပ်ပြဇာတ်လမ်းတွဲဖြစ်တဲ့
“ဒိုက်”ရုပ်ပြကို (၂၀၂၇)ခုနှစ်၊ နွေရာသီမှာ
ထုတ်ဝေဖြန့်ဖြူး ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီအပြင် Yoke Pya စာအုပ်တိုက်နဲ့လည်း
ရေရှည်ပူးပေါင်းလက်တွဲသွားမှာ ဖြစ်ပြီး
အနာဂတ်မှာ အခြားအခြားသော
ဖန်တီးမှုများကိုလည်း ဆက်လက်
ချပြပေးသွားမှာ ဖြစ်ပါတယ်။

“Because Stories Never Sit Still”

#ရုပ်ပြ #ဒိုက်

📣 Special Announcement
⭐️Yoke Pya X Monkey Mind

ရုပ်ပြစာအုပ်တိုက် နဲ့ Monkey Mind တို့ ပူးပေါင်းလက်တွဲသွားမှာဖြစ်ပြီး
ရုပ်ပြစာအုပ်သစ်များစွာ
ထုတ်ဝေသွားတော့မှာ ဖြစ်ပါတယ်။

ပူးပေါင်းမှုရဲ့ ပထမဆုံး ခြေလှမ်းအနေနဲ့
လျှို့ဝှက်မှုခင်း ရုပ်ပြဇာတ်လမ်းတွဲ ဖြစ်တဲ့
"ဒိုက်" ကို
လာမယ့်နှစ်
နွေရာသီမှာ စတင် ဖြန့်ချိပေးသွားပါမယ်။

အကောင်းဆုံး အရည်အသွေးနဲ့
စာဖတ်သူတွေ လက်ထဲ
ရောက်ရှိလာစေဖို့
အခုကတည်းက
သေချာ အချိန်ယူ ပြင်ဆင်နေပါတယ်။

စာအုပ်နဲ့ ပတ်သက်တဲ့
နောက်ဆက်တွဲ Update တွေကိုတော့
Monkey Mind Page ကနေ
ဆက်လက် ဖော်ပြပေးသွားပါမယ်။

စောင့်မျှော်အားပေးကြပါဦး။

#ဒိုက်

…. တာဝန်ယူပြင်ဆင်ပြီး ဖြစ်ကြောင်း….မနေ့ညတုန်းက Monkey Mindရဲ့ ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဝေဖန်ထောက်ပြတဲ့ အခ...
14/07/2026

…. တာဝန်ယူပြင်ဆင်ပြီး ဖြစ်ကြောင်း….

မနေ့ညတုန်းက Monkey Mindရဲ့ ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဝေဖန်ထောက်ပြတဲ့ အချက်တွေကို ကျွန်တော်တို့အနေနဲ့ အလေးအနက်ထားပြီး လက်ခံခဲ့ပါတယ်။

အထူးသဖြင့် ကျွန်တော်တို့ရဲ့ အလုပ်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး၊ အခုလို ဖြစ်ခဲ့တဲ့ အပေါ်မှာ ဂရုဏာဒေါသောစိတ်နဲ့ နှမြောတသ ဖြစ်နေကြတဲ့ ပရိသတ်တွေရဲ့ စကားသံတွေက ကျွန်တော်တို့ကို တကယ်ပဲ အားဖြစ်စေပါတယ်။

“ဘယ်လိုပြင်ဆင်ပေးမလဲ" လို့ မေးထားတဲ့သူတွေအတွက်လည်း ကျွန်တော်တို့အဖွဲ့ဟာ ထောက်ပြမှုတွေကို ပြန်လည်သုံးသပ်ပြီး၊ အရည်အသွေး ပိုမိုကောင်းမွန်လာစေဖို့ရာ သက်ဆိုင်ရာ Panel တွေကို ညတွင်းချင်းပဲ (Artist team တစ်ခုလုံးကို ကျွန်တော်ကိုယ်တိုင် Commandပေးပြီး) အသစ်ပြန်လည် ရေးဆွဲလိုက်ပြီ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ စောင့်ကြည့်မှု အောက်မှာပဲ Artist တွေကို ညတွင်းချင်း အဆင့်ဆင့် ပြင်ဆင်‌ရေးဆွဲခိုင်းပြီးတော့ ကျွန်တော်ကိုယ်တိုင် အပြန်အလှန် စီစစ်ပြီးမှ ပရိသတ်ကို လာရောက် ချပြရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့အဖွဲ့ရဲ့ အနုပညာ၊ ပရိသတ်‌အပေါ်ထားတဲ့ စေတနာနဲ့ တာဝန်ယူမှုကိုအလုပ်တွေနဲ့ပဲ ပြန်ပြီး သက်သေပြသွားမှာပါ။

ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရုပ်ပြလောကထဲမှာ Monkey Mind ဆိုတဲ့ စိတ်ကူးအိမ်မက်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်သွားဖို့ပါပဲ။

ဒီလို အချိန်မျိုးမှာတောင်မှ ယုံကြည်မှုမပျက်ဘဲ အားပေးနေကြတဲ့ သူတွေရဲ့ မေတ္တာအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ယုံကြည်မှုနဲ့ ထိုက်တန်အောင် ကျွန်တော်တို့ ပိုပြီး ကြိုးစားသွားပါ့မယ်။

အမှားတွေကနေ သင်ခန်းစာယူရင်း ပိုမိုကောင်းမွန်တဲ့ လက်ရာတွေကို ပရိသတ်အရှေ့ ယူဆောင်လာပေးဦးမှာပါ။ ဝေဖန်ထောက်ပြမှုတွေကိုလည်း ကျွန်တော်တို့ဘက် ဆက်ပြီး ကြိုဆိုနေဦးမှာပါ။



- Monkey Mind

ကျွန်တော်က Monkey Mind ရဲ့ Leader "Alien" ပါ။ကျွန်တော်တို့ရဲ့ Comic နဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှုတွေ ထွက်ပေါ်နေတဲ့အတွက...
13/07/2026

ကျွန်တော်က Monkey Mind ရဲ့ Leader "Alien" ပါ။

ကျွန်တော်တို့ရဲ့ Comic နဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှုတွေ ထွက်ပေါ်နေတဲ့အတွက်၊ ဒီစီမံကိန်းကို အစအဆုံး ကြီးကြပ်ခဲ့သူအနေနဲ့ ပွင့်လင်းမြင်သာစွာ ရှင်းပြချင်ပါတယ်။

မကြာသေးခင် နာရီပိုင်းခန့်က The Monkey Mind Comic နဲ့ ပတ်သက်ပြီး Reference ယူထားတဲ့ ပုံတွေကို နှိုင်းယှဉ်ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ (တင်ပြပေးတဲ့ သူကိုလည်း ကျွန်တော်တို့ဘက်က ဝမ်းပန်းတသာ ကြိုဆိုပါတယ်)

ကျွန်တော်တို့အဖွဲ့ဟာ ”Jonna and the Unpossible Monsters” ဆိုတဲ့ Comic လက်ရာကို အလွန်နှစ်သက်အားကျတဲ့အတွက်၊ အဲဒီ Comic ရဲ့ အနုပညာဟန်ကို လနဲ့ချီ အသေးစိတ် လေ့လာဖတ်ရှုခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ Comic မှာပါတဲ့ Panel အချို့ဟာ လက်ရာကို စံနမူနာယူပြီး အမှန်တကယ် အချိန်ယူလေ့ကျင့်ပြီးမှ ရေးဆွဲထားတာဖြစ်ပါတယ်။

အလွယ်လမ်းလိုက်ပြီး Tracingလုပ်ခဲ့တာ လုံးဝမရှိဘဲ၊ အနုပညာကို လေးလေးစားစားနဲ့ လေ့လာပြီး ဘောင်ကွက်အချို့မှာ ကိုယ်ပိုင်ဟန်နှင့် ပြန်လည်ရေးဆွဲထားခဲ့ကြတာပါ။

လေ့ကျင့်ရေးဆွဲခဲ့တဲ့ အချိန်တုန်းက Process အချို့ကိုလည်း Pageမှာ တင်ပေးခဲ့ဖူးပါတယ်။

https://www.facebook.com/share/p/14k3Sq9Y6Yh/

ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ အားနည်းချက်ကတော့ reference ယူခဲ့တဲ့ အကြောင်းရင်းကို စာဖတ်သူ ပရိသတ်တွေဆီ အသိပေးဖို့ ပျက်ကွပ်ခဲ့မိပြီးတော့ ဒါက ကျွန်တော့်ရဲ့ မဟာလိုအပ်ချက် ဖြစ်ပါတယ်။

ဒီ Comic ကို Monkey Mind ရဲ့ ရည်ရွယ်ချက်၊ စိတ်ကူးအိမ်မက်တွေ (ဖတ်ဖူးတဲ့သူ သိမှာပါ) ဒါတွေကို ပုံဖော်ပြဖို့အတွက် ရည်ရွယ်ရေးဆွဲထားတာဖြစ်လို့ပါ။ စီးပွားရေးအရ ဝင်ငွေရှာဖွေဖို့၊ ရောင်းချဖို့ စတဲ့ လုပ်ငန်းစဉ်မျိုး တစ်ခုမှ မပါဝင်ပါဘူး။

အနုပညာနယ်ပယ်မှာ Composition နဲ့ Pose တွေကို လေ့လာယူခြင်းဟာ အခြေခံကျတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အနုပညာလက်ရာကောင်းတွေကို စံနမူနာယူပြီး ကိုယ်ပိုင်ဟန် နဲ့ ပြန်လည်ဖန်တီးထားတာပါ။

အခုလို ဝေဖန်ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိုးရိမ်နေကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးပါ။

အနုပညာဆိုတာ လေ့လာသင်ယူမှုတွေနဲ့ တည်ဆောက်ရတာဖြစ်လို့ ကျွန်တော်တို့ရဲ့ အားနည်းချက်ကို သိရှိသွားတဲ့အတွက် နောက်ပိုင်းလက်ရာတွေမှာ ပိုမိုသတိထားပြီး ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သွားပါမယ်။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ Monkey Mind ရဲ့ ဖန်တီးမှုတွေကို အကောင်းဆုံး ဆက်လက်ပုံဖော်ပြသသွားဖို့ပဲ ဖြစ်ပါတယ်။ အားပေးနားလည်ပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။

- Alien (Leader of MonkeyMind)

Lan Ma - လမ်းမ  x Monkey mind တို့ရဲ့ အနုပညာပေါင်းစည်းမှုအဖြစ် Lan Ma Storyboard Trainings များကို စတင်တော့မှာ ဖြစ်ပါတယ်...
04/07/2026

Lan Ma - လမ်းမ x Monkey mind တို့ရဲ့ အနုပညာပေါင်းစည်းမှုအဖြစ် Lan Ma Storyboard Trainings များကို စတင်တော့မှာ ဖြစ်ပါတယ်။

Monkey Mind က Nova နဲ့ S.A.M (Nga Pete) တို့နဲ့အတူ ရုပ်ရှင်နဲ့ရုပ်ပြတို့ရဲ့ ဆုံမှတ်ဖြစ်တဲ့ (ကိုယ်တိုင်လက်ဖြင့်ပုံဆွဲသော) Storyboard ရေးဆွဲသူတွေကို အနုပညာလမ်းမပေါ်ကို ပြန်လည်ခေါ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Lan Ma Storyboard Trainings တွေမှာ အပိုင်း (၅) ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။

✍🏻 အပိုင်း(၁)
Free-Hand Drawing လေ့လာခြင်း
(Training with Nova 🐒👑)

Storyboard တစ်ခုဖြစ်ပေါ်လာဖို့ နည်းလမ်းများစွာရှိတဲ့အထဲမှာ ကျွန်တော်တို့အနေနဲ့ Traditional Free-Hand Drawing Technique နဲ့ ပန်းချီရဲ့ Fundamentals တွေကို စတင်လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

🖼️

✍🏻 အပိုင်း(၂)
Moving Classrooms များတွင် လူကိုယ်တိုင်လာရောက်ပုံဆွဲခြင်း

ဗုဒ္ဓဟူး၊ သောကြာ တစ်ပတ် (၂) ရက် Online Zoom Trainings ရက်တွေမှာ ပညာဖြည့်ပြီးတာနဲ့ Times Mall မှာရှိတဲ့ Apollo Cafè မှာ တနင်္ဂနွေနေ့တိုင်း လူကိုယ်တိုင်လာရောက်လေ့ကျင့်ရမှာဖြစ်ပါတယ်။ Instructors တွေဆီက Feedback တွေရယူပြီး လက်ရည်သွေးရမယ့် “ဆွဲ” ရက်ဖြစ်ပါတယ်။

အဆိုပါ “ဆွဲ” ရက်တွေမှာ Instructors တွေအပါအဝင် တခြားသော Senior Artists တွေကပါ အတူပုံဆွဲလေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

🖼️

✍🏻 အပိုင်း(၃)
ဇာတ်လမ်းတည်ဆောက်ခြင်း
(Training with Kitty Keito 🐈‍⬛)

Storyboard တစ်ခုဖြစ်လာဖို့ ရုပ်ပြကနေ ရုပ်ရှင်အသွင်ကူးပြောင်းတာဖြစ်လို့ Story Development အပိုင်းကို လမ်းညွှန်ပေးမှာဖြစ်ပါတယ်။

🖼️

✍🏻 အပိုင်း(၄)
Storyboard Technique များကို ချဉ်းကပ်ခြင်း
(Training with S.A.M (Nga Pete) 🐒)

Storyboard တစ်ခုအဖြစ် ဖြစ်ဖြစ်မြောက်မြောက် ဖြစ်ပေါ်လာဖို့ အခြေခံသဘောတရားတွေကို လေ့လာရမယ့်အပိုင်းဖြစ်ပါတယ်။

🖼️

✍🏻 အပိုင်း(၅)
ကိုယ်ပိုင်ဇာတ်လမ်းဖြင့် ကိုယ်ပိုင် Storyboard ရေးဆွဲခြင်း

ကျွန်တော်တို့နဲ့ တစ်လခွဲကြာ အတူတူလေ့ကျင့်ခဲ့ကြတဲ့ အချိန်ကာလတွေရဲ့ ရလဒ်တစ်ခုအနေနဲ့ ကျောင်းသားတွေဟာ ကိုယ်ပိုင်ဇာတ်လမ်းတစ်ခုဖန်တီးပြီး ကိုယ်ပိုင် Storyboard တစ်ခုကို ရေးဆွဲကြရမှာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့ Lan Ma Storyboard Trainings တွေရဲ့ ခရီးက Lan Ma Storyboard Trainings (Traditional) အပြီးမှာတော့ Lan Ma Storyboard Trainings (Digital) အဖြစ် ရှေ့ဆက်ကြမှာဖြစ်ပါတယ်။

အတန်းချိန်၊ သင်ရိုးအသေးစိတ်၊ ပညာသင်ဆု (၃)ဆုအတွက် မကြာခင် Page မှာ ကြေငြာပါမယ်။

မျှော်။

/ လမ်းမ
လူသားတို့ဖန်တီးသော ဒြပ်ရှိ၊ ဒြပ်မဲ့အနုပညာ

Amazing one-shot by Infinity creative collective 's crew!The graphics on this one are just mind-blowing!
27/06/2026

Amazing one-shot by Infinity creative collective 's crew!
The graphics on this one are just mind-blowing!

ရုပ်ပြလုပ်ရတာရူးသွပ်သူတွေ၊ အခုမှစလုပ်ကြမယ့်လူငယ်တွေအတွက် လိုအပ်မယ်ထင်တာလေးတွေ၊ အားလုံးရင်ဆိုင်ကြရတဲ့အခက်အခဲလေးတွေနဲ့ပက်သ...
24/06/2026

ရုပ်ပြလုပ်ရတာရူးသွပ်သူတွေ၊ အခုမှစလုပ်ကြမယ့်လူငယ်တွေအတွက် လိုအပ်မယ်ထင်တာလေးတွေ၊ အားလုံးရင်ဆိုင်ကြရတဲ့အခက်အခဲလေးတွေနဲ့ပက်သက်ပြီး The art the podcast page နှင့်အတူ ကျွန်တော်တို့ Monkey mind bandကနေ podcastလေးတစ်ခုပါဝင်ဆွေးနွေးပေးထားဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အပျင်းပြေဖြစ်စေ၊ တမင်တကာ​ဖြစ်စေ သွားရောက်ကြည့်ရှုလို့ရပါတယ်ခမျာ။ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။

ကဲ.. ကျတော်တို့ AP Team နဲ့ Monkey Mind Band တို့ရဲ့ Podcast အစီအစဥ်လေး youtube ပေါ်မှာ ရောက်နေပြီ‌နော်
Newbies တို့အတွက် အကြံဉာဏ်ကောင်းတွေအပြင် သူတို့အတွေ့အကြုံတွေ အသုံးပြုခဲ့တဲ့နည်းလမ်းတွေ Mind Set တွေကိုပါ အခမဲ့ လေ့လာသင်ယူခွင့်ရမှာဖြစ်ပါတယ်..

Youtube Link-on Comment



ကဲ.. ကျတော်တို့ AP Team နဲ့  Monkey Mind Band တို့ရဲ့  Podcast အစီအစဥ်လေး youtube ပေါ်မှာ ရောက်နေပြီ‌နော် Newbies တို့အတ...
24/06/2026

ကဲ.. ကျတော်တို့ AP Team နဲ့ Monkey Mind Band တို့ရဲ့ Podcast အစီအစဥ်လေး youtube ပေါ်မှာ ရောက်နေပြီ‌နော်
Newbies တို့အတွက် အကြံဉာဏ်ကောင်းတွေအပြင် သူတို့အတွေ့အကြုံတွေ အသုံးပြုခဲ့တဲ့နည်းလမ်းတွေ Mind Set တွေကိုပါ အခမဲ့ လေ့လာသင်ယူခွင့်ရမှာဖြစ်ပါတယ်..

Youtube Link-on Comment



ဒီနေ့မှာတော့ Monkey Mind Artistအချို့နဲ့ Artist Penwingတို့ ပူးပေါင်းပြီး (၃)ရက်အတွင်း ဖန်တီးထားတဲ့ “Within” comicကို တင...
14/06/2026

ဒီနေ့မှာတော့ Monkey Mind Artistအချို့နဲ့ Artist Penwingတို့ ပူးပေါင်းပြီး (၃)ရက်အတွင်း ဖန်တီးထားတဲ့ “Within” comicကို တင်ဆက်ပေးလိုက်ပါတယ်။

ProEd Communityနဲ့ ရုပ်ပြစာအုပ်တိုက်က စီစဉ်တဲ့ “3-Day comic challenge”မှာ ပါဝင်ခဲ့တဲ့ လက်ရာဖြစ်ပါတယ်။

“ဇာတ်လမ်းစဉ်းစားရာကနေ စပြီး Letteringအထိ” အချိန်တိုလေးအတွင်း ကိုယ်လက်အင်္ဂါသင့်တင့်အောင် ဖန်တီးထားတာမို့ သဘောကျနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

MonkeyMindရဲ့ Bandmateတွေ ဖြစ်ကြတဲ့ မျက်နှာဖုံးမျောက်၊ မျောက်လောင်းပေါက်နဲ့ မျောက်ဝံတို့ရဲ့ကြားက အပြန်အလှန်ယုံကြည်မှုနဲ့ အနုပညာသံယောဇဉ်ကို ပိုခိုင်မြဲစေခဲ့တဲ့ အမှတ်တရတွေနဲ့ project လည်းဖြစ်ပါတယ်။

ဒီ Comicအတွက် ဇာတ်လမ်းကိုတော့ ကျွန်တော်တို့ Monkey Mindရဲ့ Author “Alien”က ရေးသားပေးထားတာ ဖြစ်ပါတယ်။

နောက်ပြီး လက်ရှိမှာလည်း Monkey Mindရဲ့ Main Project တစ်ခုကို “လက်စသတ်နေပြီ” ဖြစ်ပြီးတော့ မကြာခင်အချိန်မှာ ထပ်မံ တင်ဆက်ပေးသွားဦးမှာပါ။

ဖတ်ရှူအားပေးသူ အားလုံး
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ…။

ဒီနေ့မှာတော့ ကျွန်တော်တို့ Monkey Mindကနေပြီး demoအကြမ်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ရပါတယ်။ အချိန်အတော်လေးတော့ကြာခဲ့ပြီဖြစ...
06/06/2026

ဒီနေ့မှာတော့ ကျွန်တော်တို့ Monkey Mindကနေပြီး demoအကြမ်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ရပါတယ်။

အချိန်အတော်လေးတော့ကြာခဲ့ပြီဖြစ်တဲ့ Novaရဲ့ demo draft တွေပါ။ Projectရယ်တော့မဖြစ်သွားပေမယ့် Band memberတွေ အားလုံးက ခံစားချက်ရှိတာတစ်ချို့နဲ့ ရေးထည့်စပ်သင့်တယ်ရယ် စိတ်ကူးရကြတယ်ပေါ့။

ဒီလိုဖြစ်တာ ဒါပထမဆုံးတော့မဟုတ်ပါဘူး။ Band မှာသူ့ရဲ့ အဲဒီစိတ်ကူးပေါ်သမျှ၊ ခံစားချက်ရှိသမျှ ပုံတွေလျှောက်ချဆွဲ၊ စာကျအရင်မရေးလို့ ပြီးမှ တစ်bandလုံး (အထူးသဖြင့် Alien နဲ့ S.A.M) ခေါင်းပူခံစဉ်းစားကြရတာမနည်း။

သူကတော့ သူ့ရဲ့ စိတ်ထဲမှာ စာတွေ ထည့်သွားရေးသွားတယ်၊ သူသိတယ်တော့ပြောတာပဲ xD။ ပြီးရင်လည်းတကယ်သူပဲ ရေးရပါတယ်။

A Recipe Of Grief ၊ The Monkey Mind အစရှိတဲ့ projectတွေကိုလည်း သူအဲဒီလို စလုပ်ခဲ့တာပါ။ ဒါက ဆက်စပ်မိပြီး Novaရဲ့မကောင်းတဲ့ အကျင့်လေးနဲ့ Monkey Mind ရဲ့အမှတ်တရဖြစ်စရာလေး တချို့ပေါ့။

အဲဒါနဲ့ တိုက်တွန်းလိုက်ကြတာ Novaကနေ သူစိတ်ထဲရှိတဲ့ခံစားချက်တချို့ချရေး၊ Alienက အရေးအသားတည်းဖြတ်၊ S.A.M က speech bubbleနေရာအထားအသို ကိုင်တွယ်ပြီး Monkey Mindစာဖတ်ပရိသတ်တွေလည်း ဖတ်ရှုခံစားလို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။

" Because stories never sit still ''

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when Monkey mind posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category