Design Corner

Design Corner I share art & design and I will take graphic design service.

"အကြမ်းဖက်မှုတိုင်းတွင် ရပ်ကြည့်နေလျှင်ပင် အပြစ်ကင်းစင်သူမဟုတ်"- - - - - 📙📖  ဘဂ္ဂဒက်ကဖရန်ကင်စတိုင်း👉 စာအုပ်အမည် - ဘဂ္ဂဒက...
17/08/2026

"အကြမ်းဖက်မှုတိုင်းတွင် ရပ်ကြည့်နေလျှင်ပင် အပြစ်ကင်းစင်သူမဟုတ်"
- - - - - 📙📖 ဘဂ္ဂဒက်ကဖရန်ကင်စတိုင်း

👉 စာအုပ်အမည် - ဘဂ္ဂဒက်က ဖရန်ကင်စတိုင်း (Frankenstein in Baghdad)
👉 ဘာသာပြန် - ရဲလွင်အောင် 🖋

ကျွန်တော့်မိတ်ဆွေ ကိုရဲလွင်အောင် ရဲ့ ဘာသာပြန်စာအုပ်ပါ။

🛑 Inky Fingers စာအုပ်တိုက်ကနေ အရှေ့အလယ်ပိုင်းဘာသာပြန်စာ‌ပေ အမှတ်(၁) ထွက်ရှိလာပါတယ်။

▪️◾️ အီရတ်စာရေးဆရာ အာမတ်ဆာဒါဝီ(Ahmed Saadawi) ရေးသားပြီး ဂျိုနသန်ရိုက်(Jonathan Wright) က အရဗီဘာသာကနေ အင်္ဂလိပ်ဘာသာကိုပြန်ဆိုထားတဲ့စာအုပ်ဖြစ်ပါတယ်။ အီရတ်နိုင်ငံသား စာရေး ဆရာ၊ ကဗျာဆရာ၊ ဇာတ်ညွှန်းဆရာနှင့် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ အာမတ်ဆာဒါဝီဟာ အာရပ်ဝတ္ထု ဆိုင်ရာ နိုင်ငံတကာဆုပထမဆုံးရရှိခဲ့တဲ့ အီရတ်နိုင်ငံသားလည်းဖြစ်ပါတယ်။

▪️◾️ ဘဂ္ဂဒက်ကဖရန်ကင်စတိုင်းမူရင်းစာအုပ်က ယနေ့ခေတ်အီရတ်တွင် နာမည်အကျော်ကြားဆုံးဝတ္ထုများထဲတွင် ပါဝင်သည်။ စာပေဆိုင်ရာဆုများ၊ ချီးကျူးမှုများကိုရရှိခဲ့ရုံသာမက အရဗီ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် အကြိမ်ကြိမ်ပုံနှိပ်ဖော်ပြခံခဲ့ရပြီး ဘာသာပေါင်း (၂၅) ဘာသာအထိ ဘာသာပြန်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

▪️◾️ အမေရိကန်ဦးဆောင်တဲ့ကျူးကျော်စစ်စတင်ပြီးနောက် အီရတ်နိုင်ငံတဝန်းအကြမ်းဖက်မှုပါဝင်သော ကသောင်းကနင်းအခြေ အနေဝဲဂယက်များထဲတွင် သေသူ၊ ရှင်သူများ မရှောင်နိုင်မကွင်းနိုင်စုပ်ယူခံခဲ့ရပုံကို စိတ်ကူးယဉ်ဖော်ပြထားပါတယ်။

👇👇👇

ဒီစာအုပ်ရဲ့ မျက်နှာဖုံး နဲ့ နောက်ကျောဖုံး ဒီဇိုင်းကို ကျွန်တော့်ကို တာဝန်ယူ ရေးဆွဲခွင့်ပြုခဲ့တဲ့ ကျွန်တော့်မိတ်ဆွေ စာရေးဆရာ ဆရာရဲ (သို့) ကိုရဲလွင်အောင် ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

design - Winn Thit Oo (Design Corner)

💦 တန်ဖိုး - ၁၈၀၀၀ ကျပ်
💦 စာမျက်နှာ - ၃၁၈

ဖြန့်ချိရေး - Journalist Book Publishing 🚘🚚✈️🛳️
Royal Express ရောက်တဲ့မြို့နယ်တိုင်းကို အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့ရှိ စာအုပ်ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါပြီ။
Viber နှင့် Telegram - 09261778607 ၊ 09788794594 တို့ကနေလည်း တစ်ဆင့်မှာယူနိုင်သလို

Journalist Book Publishing ဖေ့စ်ဘွတ်ခ်စာမျက်နှာ
https://www.facebook.com/Journalistbookmyanmar
Inky Fingers စာအုပ်တိုက်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/inkyfingerspublishinghouse
ကနေလည်း ဆက်သွယ်မှာယူနိုင်ပါပြီ . .

#ဘာသာပြန်စာပေ

မြန်မာလူမျိုးတွေ အနီရောင်ကို ဘယ်လို​မြင်သလဲ?စီးပွား​ရေးလုပ်ငန်းတွေမှာ အနီရောင်ကို ဘယ်လိုအသုံးပြုမလဲ?မြန်မာနိုင်ငံမှာ အနီ...
13/07/2026

မြန်မာလူမျိုးတွေ အနီရောင်ကို ဘယ်လို​မြင်သလဲ?
စီးပွား​ရေးလုပ်ငန်းတွေမှာ အနီရောင်ကို ဘယ်လိုအသုံးပြုမလဲ?

မြန်မာနိုင်ငံမှာ အနီရောင် (Red) အပေါ် လူတွေရဲ့ သဘောထားနဲ့ ခံစားချက်က အရမ်းကို စိတ်ဝင်စားဖို့ကောင်းပြီး နက်ရှိုင်းပါတယ်။ အနီရောင်က အခြေအနေ၊ အချိန်အခါနဲ့ context အပေါ်မူတည်ပြီး ပေးတဲ့ Mood & Tone က လုံးဝ ကွဲပြားသွားတတ်ပါတယ်။

ဒါကို စီးပွားရေးနဲ့ Branding အမြင်ကနေပါ အသုံးချလို့ရအောင် ကဏ္ဍ (၄) ခုနဲ့ ခွဲခြားပြီး ဖော်ပြပေးပါမယ်။

♦️ရဲရင့်ခြင်းနှင့် တက်ကြွခြင်း (Courage & Energy)

မြန်မာလူထုရဲ့ စိတ်ထဲမှာ အနီရောင်က "ရဲရင့်ခြင်း၊ သတ္တိရှိခြင်းနဲ့ မဆုတ်မနစ် ဇွဲရှိခြင်း" ကို တိုက်ရိုက် ကိုယ်စားပြုပါတယ်။

သမိုင်းကြောင်းအရဖြစ်စေ၊ အလံတွေမှာဖြစ်စေ အနီရောင်ကို ရဲရင့်ခြင်းရဲ့ ပြယုဂ်အဖြစ် သတ်မှတ်ထားတာကြောင့် အမြင်အာရုံကို ပြတ်သားပြီး အားအင်အပြည့်ရှိတယ် ဆိုတဲ့ ခံစားချက် (Strong & Powerful Mood) ကို ပေးပါတယ်။

♦️ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှု (Religious & Culture)

သပိတ်ရောင်/သင်္ကန်းရောင်
မြန်မာတို့ရဲ့ ကိုးကွယ်ယုံကြည်မှုအရ အနီရောင်ရင့်ရင့် (ဒါမှမဟုတ်) ကြက်သွေးရောင်က သံဃာတော်တွေရဲ့ သင်္ကန်းအရောင်ဖြစ်တာကြောင့် "အေးချမ်းခြင်း၊ ကြည် ညိုသပ္ပာယ်ခြင်းနဲ့ လေးနက်တည်ငြိမ်ခြင်း" ဆိုတဲ့ ခံစားချက်ကိုလည်း ပေးနိုင်ပါတယ်။

ရိုးရာနတ်ပွဲများ
အချို့သော ရိုးရာနတ်ပွဲတွေမှာ အနီရောင် ပုဆိုး၊ အနီရောင် ခေါင်းပေါင်းတွေကို အသုံးများတဲ့အတွက် တစ်ခါတရံမှာ "အစွမ်းထက်ခြင်းနဲ့ ရိုးရာအစဉ်အလာဆန်ခြင်း" လို့လည်း မြင်ကြပါတယ်။

♦️စိတ်လှုပ်ရှားမှုနှင့် ကံကောင်းခြင်း (Excitement & Good Luck)

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နွယ်ဖွား ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှုကြောင့်လည်း အနီရောင်ကို "လာဘ်လာဘ ရွှင်လန်းခြင်း၊ ကံကောင်းခြင်းနဲ့ ပျော်ရွှင်စရာ အခမ်း အနား" (ဥပမာ - တရုတ်နှစ်သစ်ကူး ဒါမှမဟုတ် မင်္ဂလာ ဆောင်) အဖြစ် သဘောထားကြပါတယ်။ ဒါကြောင့် ပွဲလမ်းသဘင်တွေမှာ အနီရောင်ကိုမြင်ရင် လူတွေက စိတ်လှုပ်ရှားတက်ကြွတတ်ကြပါတယ်။

♦️သတိပေးချက်နှင့် အန္တရာယ် (Caution & Danger)

နိုင်ငံတကာ စံနှုန်းတွေအတိုင်းပဲ မြန်မာနိုင်ငံမှာလည်း လမ်းညွှန်ချက်တွေ၊ ဆိုင်းဘုတ်တွေမှာ အနီရောင်ကိုတွေ့ရင် "အန္တရာယ်ရှိတယ်၊ ရပ်ပါ၊ သတိထားပါ" ဆိုတဲ့ ခံစားချက်ကို ချက်ချင်း ရရှိစေပါတယ်။

♦️အနီရောင်ကို ဘယ်လိုသုံးမလဲ?

မြန်မာလုပ်ငန်းရှင်တွေအတွက် ဒီဇိုင်း ဖန်တီးတဲ့အခါ အနီရောင်ကို အောက်ပါအတိုင်း ဗျူဟာမြောက် သုံးနိုင်ပါတယ် -

🩸Promotion & Sales Posts

လူတွေရဲ့ မျက်စိကို ဆွဲဆောင်ပြီး "ချက်ချင်းဝယ်ချင်စိတ်" ဖြစ်အောင် (Urgency ခံစားချက်ရအောင်) "Sale" ဒါမှမဟုတ် "Discount" စာသားတွေကို အနီရောင် သုံးပေးပါ။

🩸Food Branding

အနီရောင်က အစာစားချင်စိတ် (Appetite) ကို လှုံ့ဆော်ပေးတဲ့ အရောင်ဖြစ်လို့ စားသောက်ကုန်၊ Restaurant ဒီဇိုင်းတွေမှာ သုံးရင် အရမ်းထိရောက်ပါတယ်။

🩸Corporate & Professional

လုပ်ငန်းကြီးတွေအတွက် ဆွဲရင်တော့ အနီရောင်တောက်တောက်ထက် ကြက်သွေးရောင် (Maroon/Burgundy) လိုမျိုး ရင့်ရင့်ကို သုံးရင် ပိုပြီးတည်ငြိမ်၊ ရင့်ကျက်ပြီး အဆင့်အတန်းရှိတဲ့ (Premium) ခံစားချက်ကို ပေးနိုင်ပါတယ်။

✅ မိတ်ဆွေတို့ရဲ့ Brand မှာ ဘာအရောင်တွေ သုံးထားပါသလဲ?

✅ ဒီဇိုင်းဆိုတာက သင့်လုပ်ငန်းရဲ့ တန်ဖိုးနဲ့ ယုံကြည်ရမှုကို Customer တွေဆီ တိုက်ရိုက်စကားပြောနေတဲ့ "Branding Voice" တစ်ခုပဲ ဖြစ်ပါတယ်။

✅ သင့်လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးတွေကို Professional ကျကျ ပုံရိပ်အဖြစ် ပြောင်းလဲပြီး အရောင်းမြှင့်တင်ဖို့ Design Corner က အသင့်ရှိနေပါတယ်။

✅ သင့်လုပ်ငန်းရဲ့ Success Story ကို ကျွန်တော်တို့နဲ့အတူ အခုပဲ စတင်ပုံဖော်လိုက်ပါ။

✅ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

Ph: 09 972 144 683
Viber: 09 972 144 683
design - Winn Thit Oo

Branding လုပ်တော့မယ်ဆိုရင် မဖြစ်မနေ သိထားရမယ့် ဒေသအလိုက် အရောင်တွေရဲ့ လျှို့ဝှက်ချက်ဒေသအလိုက် သို့မဟုတ် ယဉ်ကျေးမှုအလိုက်...
10/07/2026

Branding လုပ်တော့မယ်ဆိုရင် မဖြစ်မနေ သိထားရမယ့် ဒေသအလိုက် အရောင်တွေရဲ့ လျှို့ဝှက်ချက်

ဒေသအလိုက် သို့မဟုတ် ယဉ်ကျေးမှုအလိုက် အရောင်တွေအပေါ် လူတွေရဲ့ ခံစားချက်နဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေက အများကြီး ကွဲပြားခြားနားမှု ရှိပါတယ်။

ကမ္ဘာ့ဒေသအသီးသီးမှာ အရောင်တွေအပေါ် ခံစားတဲ့ ခံစားချက်တွေ မတူညီကြပါဘူး။ နေရာဒေသ၊ ယဥ်ကျေးမှု၊ ကိုးကွယ်ရာဘာသာ၊ နောက်ခံသမိုင်းဘကြောင်း တွေအရ အရောင်အပေါ် ခံစားချက်တွေ ကွဲလွဲကြပါတယ်။

အခု Content မှာ ဒေသအလိုက် အရောင်တွေအပေါ် ခံစားချက်ကွဲပုံကို အဓိကအရောင် (၅) မျိုးနဲ့ ခွဲခြားပြီး ဖော်ပြ​လိုက်ပါတယ်။

၁။ အနီရောင် (Red)

အာရှ (အထူးသဖြင့် တရုတ်) -
ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်း၊ ရတနာပုံပစ္စည်းတွေနဲ့ အောင်မြင်မှုကို ကိုယ်စားပြုပါတယ်။ မင်္ဂလာဆောင်နဲ့ နှစ်သစ်ကူးတွေမှာ အဓိကသုံးပြီး အပြုသဘောဆောင်တဲ့ ခံစားချက်ကို ပေးပါတယ်။

အနောက်နိုင်ငံများ (ယူရို/အမေရိက) -
စိတ်လှုပ်ရှားမှု၊ အန္တရာယ်၊ အရေးကြီးမှု ဒါမှမဟုတ် အချစ် (Valentine's Day) ကို ခံစားရစေပါတယ်။ မျက်စိကို အမြန်ဆုံး ဆွဲဆောင်နိုင်တဲ့ အရောင်ပါ။

အရှေ့အလယ်ပိုင်း -
အန္တရာယ်နှင့် သတိပေးချက် ခံစားချက်ကို ပိုပေးပါတယ်။

၂။ အပြာရောင် (Blue)

ကမ္ဘာတစ်ဝန်းလုံး (Global) -
ယဉ်ကျေးမှု အားလုံးနီးပါးမှာ အပြာရောင်က "စိတ်ချရမှု၊ တည်ငြိမ်မှု၊ ယုံကြည်ရမှုနဲ့ ပရော်ဖက်ရှင်နယ်ကျမှု" ခံစားချက်ကို တူညီစွာ ပေးပါတယ်။ (ဒါကြောင့် လုပ်ငန်းအများစု Corporate Identity တွေမှာ အပြာရောင်ကို အသုံးများတာပါ)။

အရှေ့အလယ်ပိုင်း -
ဘေးအန္တရာယ်ကနေ ကာကွယ်ပေးတဲ့ အဓိပ္ပာယ်နဲ့ ဘေးကင်းလုံခြုံမှုကို ခံစားရစေပါတယ်။

အနောက်နိုင်ငံများ -
တစ်ခါတရံ Tech နဲ့ စီးပွားရေးအပြင် "ဝမ်းနည်းမှု" (Feeling Blue) ဆိုတဲ့ ခံစားချက်ကိုလည်း ပေးတတ်ပါတယ်။

၃။ အဝါရောင် (Yellow)

မြန်မာနှင့် အာရှ -
သင်္ကြန်ရဲ့ လန်းဆန်းမှု (ပိတောက်)၊ ဗုဒ္ဓဘာသာရဲ့ တည်ငြိမ်မှု၊ မြင့်မြတ်မှု ခံစားချက်ကို ပေးပါတယ်။ တော်ဝင်အရောင်အဖြစ်လည်း သတ်မှတ်ကြပါတယ်။

အနောက်နိုင်ငံများ -
ပျော်ရွှင်မှု၊ တက်ကြွမှုနဲ့ နွေရာသီရဲ့ လန်းဆန်းမှုကို ခံစားရစေပါတယ်။ တစ်ဖက်မှာလည်း "သတိပေးချက်" (Caution) Mood မျိုး ဖြစ်စေပါတယ်။

လက်တင်အမေရိက -
အချို့နိုင်ငံတွေမှာ အဝါရောင်က ဝမ်းနည်းမှု ဒါမှမဟုတ် သေဆုံးခြင်း ခံစားချက်နဲ့ ဆက်စပ်နေတတ်ပါတယ်။

၄။ အစိမ်းရောင် (Green)

ကမ္ဘာတစ်ဝန်းလုံး -
သဘာဝတရား၊ လတ်ဆတ်မှု၊ ကြီးထွားမှုနဲ့ ကျန်းမာရေး ခံစားချက်ကို ပေးပါတယ်။

အရှေ့အလယ်ပိုင်း (အစ္စလာမ်နိုင်ငံများ) -
အစိမ်းရောင်က အလွန်မြင့်မြတ်တဲ့အရောင်ဖြစ်ပြီး "ကံကောင်းခြင်းနဲ့ ငြိမ်းချမ်းခြင်း" ခံစားချက်ကို ပေးပါတယ်။

အမေရိကန် -
"ငွေကြေး သို့မဟုတ် စီးပွားရေးအောင်မြင်မှု" (Wealth) ခံစားချက်ကို တိုက်ရိုက်ပေးပါတယ်။

၅။ အဖြူရောင် (White)

အနောက်နိုင်ငံများ -
သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းစင်ခြင်းနဲ့ Modern ဖြစ်ခြင်း (Minimalism) ခံစားချက်ကို ပေးပါတယ်။ မင်္ဂလာဆောင်ဝတ်စုံတွေမှာ အဓိက သုံးပါတယ်။

အာရှနိုင်ငံအချို့ (တရုတ်/အိန္ဒိယ) -
အနောက်နိုင်ငံတွေနဲ့ ပြောင်းပြန်ပါ။ အဖြူရောင်က "ဝမ်းနည်းပူဆွေးမှု၊ သေဆုံးခြင်းနဲ့ နာရေး" ခံစားချက်ကို ပေးတဲ့အတွက် branding လုပ်တဲ့အခါ သတိထားရမယ့် အရောင် ဖြစ်ပါတယ်။

✅ မိတ်ဆွေတို့ရဲ့ Brand မှာ ဘာအရောင်တွေ သုံးထားပါသလဲ?

✅ ဒီဇိုင်းဆိုတာက သင့်လုပ်ငန်းရဲ့ တန်ဖိုးနဲ့ ယုံကြည်ရမှုကို Customer တွေဆီ တိုက်ရိုက်စကားပြောနေတဲ့ "Branding Voice" တစ်ခုပဲ ဖြစ်ပါတယ်။

✅ သင့်လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးတွေကို Professional ကျကျ ပုံရိပ်အဖြစ် ပြောင်းလဲပြီး အရောင်းမြှင့်တင်ဖို့ Design Corner က အသင့်ရှိနေပါတယ်။

✅ သင့်လုပ်ငန်းရဲ့ Success Story ကို ကျွန်တော်တို့နဲ့အတူ အခုပဲ စတင်ပုံဖော်လိုက်ပါ။

✅ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

Ph: 09 972 144 683
Viber: 09 972 144 683
design - Winn Thit Oo

06/07/2026

ဒီဇိုင်းကောင်းတစ်ခုက သင့်စီးပွားရေးရဲ့ အောင်မြင်မှုကို ဘယ်လိုပုံဖော်ပေးနိုင်မလဲ?

✅ အခုခေတ်မှာ ဒီဇိုင်းဆိုတာ လှပဖို့သက်သက်တင်မဟုတ်ဘဲ သင့်လုပ်ငန်းရဲ့ တန်ဖိုးနဲ့ ယုံကြည်ရမှုကို Customer တွေဆီ တိုက်ရိုက်စကားပြောနေတဲ့ "Branding Voice" တစ်ခု ဖြစ်ပါတယ်။

✅ သင့်လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးတွေကို Professional ကျကျ ပုံရိပ်အဖြစ် ပြောင်းလဲပြီး အရောင်းမြှင့်တင်ဖို့ Design Corner က အသင့်ရှိနေပါတယ်။

✅ သင့်လုပ်ငန်းရဲ့ Success Story ကို ကျွန်တော်တို့နဲ့အတူ အခုပဲ စတင်ပုံဖော်လိုက်ပါ။

✅ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

Ph: 09 972 144 683
Viber: 09 972 144 683
design - Winn Thit Oo

23/06/2026
ဇာတာနဲ့ကိုက်အောင် Logo မှာ အရောင်အကုန်ထည့်ရမှာလား?မြန်မာလူမျိုးတွေက အလှူအတန်း၊ မင်္ဂလာကိစ္စတင်မကဘဲ စီးပွားရေးလုပ်ငန်းအမည...
13/06/2026

ဇာတာနဲ့ကိုက်အောင် Logo မှာ အရောင်အကုန်ထည့်ရမှာလား?

မြန်မာလူမျိုးတွေက အလှူအတန်း၊ မင်္ဂလာကိစ္စတင်မကဘဲ စီးပွားရေးလုပ်ငန်းအမည်ပေးတာနဲ့ Logo အရောင်ရွေးချယ်တဲ့နေရာမှာပါ ဗေဒင်၊ ဇာတာ၊ ယတြာတွေကို အင်မတန် အလေးထားတတ်ကြပါတယ်။ ဒါဟာ ချစ်စ ရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပေမယ့် Branding သီအိုရီနဲ့ လာညှိတဲ့အခါမှာတော့ Designer ကော လုပ် ငန်းရှင်ပါ တကယ့်ကို အကြပ်ရိုက်ရတဲ့ ဟာသအဖြစ် အပျက်လေးတွေ ဖြစ်လာတတ်ပါတယ်။

"ဇာတာနဲ့ကိုက်အောင် Logo မှာ အရောင် ၆ မျိုးလုံး ထည့်ပေးပါညီလေး..." 🌈🔮

မြန်မာလုပ်ငန်းရှင်အတော်များများက စီးပွားရေးအသစ်စတော့မယ်ဆိုရင် ဘုန်းဘုန်းဆီဖြစ်ဖြစ်၊ ဗေဒင်ဆရာဆီဖြစ်ဖြစ် သွားပြီး နေ့နံနဲ့ဇာတာကို တိုင်ပင်တတ်ကြပါတယ်။

"ဒကာကြီးရဲ့ လုပ်ငန်းက အင်္ဂါနံဖြစ်လို့ မြေခံ၊ ရေခံ၊ မီးခံ အရောင်တွေအကုန်လုံးပါမှ စီးပွားတက်မယ်၊ အောင်မြင်မယ်..." လို့ ဆရာဘုန်းဘုန်းက မိန့်လိုက်တဲ့အခါ... လုပ်ငန်းရှင်ကြီးလည်း စိတ်အားထက်သန်စွာနဲ့ ဒီဇိုင်းနာဆီ ရောက်လာပါတော့တယ်။

"ညီလေး... အစ်ကို့ဇာတာအရ လုပ်ငန်းထဲမှာ အနီ၊ အစိမ်း၊ အပြာ၊ ခရမ်း၊ အဝါ၊ လိမ္မော် အကုန်ပါမှ ရမယ်။ အဲဒီအရောင် ၆ မျိုးလုံးကို Logo မှာ အကုန်ပါအောင်ထည့်ပေးနော်။"

ဒီဇိုင်းနာခမျာ Color Theory (အရောင်သီအိုရီ) တွေ ခေါင်းထဲကနေ ခဏထုတ်ထားလိုက်ရပြီး ဗေဒင်ဆရာမိန့်တဲ့ အရောင်စုံကို Logo တစ်ခုတည်းမှာ ဖြစ်အောင် ညှိထည့်ပေးရပါတော့တယ်။ နောက်ဆုံးထွက်လာတဲ့ Logo က Brand တစ်ခုရဲ့ ပုံရိပ်ထက်စာရင် "ဆပ်ကပ်အဖွဲ့" ရဲ့ ဆိုင်းဘုတ် (ဒါမှမဟုတ်) Google ရဲ့ Logo ထက်တောင် အရောင်စုံတဲ့ သက်တန့်ရောင်စုံ သုပ်စုံဒီဇိုင်းကြီး ဖြစ်သွားတတ်ပါတယ်။

💡 ယုံကြည်မှုက အရေးကြီးပေမယ့် Branding အရ ဘာလို့ အရောင်တွေ အများကြီး မသုံးသင့်တာလဲ။

✴️ လူတွေရဲ့ ဦးနှောက်က အရောင်အများကြီးကို မမှတ် မိနိုင်ပါဘူး 🧠

နာမည်ကြီး Brand ကြီးတွေကို ကြည့်ပါ။ McDonald's ဆိုရင် (အနီ နဲ့ အဝါ)၊ Facebook ဆိုရင် (အပြာ)၊ Starbucks ဆိုရင် (အစိမ်း)။ သူတို့က အရောင် ၁ မျိုး ဒါမှမဟုတ် ၂ မျိုးကိုပဲ သုံးပြီး လူတွေရဲ့ စိတ်ထဲမှာ "စွဲထင်ကျန်ရစ်မှု (Brand Recognition)" ကို တည်ဆောက်ကြတာပါ။ အရောင်တွေ ၅-၆ မျိုး ဖြစ်နေရင် Customer က သင့် Brand ကို ဘယ်အရောင်နဲ့ မှတ်ရမှန်း မသိဘဲ မျက်စိရှုပ်သွားတတ်ပါတယ်။

✴️ အရောင်တိုင်းမှာ စိတ်ပညာ (Color Psychology) ရှိပါတယ် 🎨

အရောင်တစ်ခုချင်းစီက လူတွေရဲ့ စိတ်ခံစားမှုကို လွှမ်းမိုးပါတယ်။ ဥပမာ - အပြာရောင်က ယုံကြည်မှုကို ပေးတယ်၊ အနီရောင်က တက်ကြွမှုကို ပေးတယ်။ အ ရောင်တွေ အကုန်လုံးကို စုပြုံသုံးလိုက်တဲ့အခါ သင့် Brand က Customer ကို ဘယ်လို Feeling ပေးချင်တာလဲဆိုတာ မသဲကွဲတော့ပါဘူး။ (color theory နဲ့ပတ်သတ်တဲ့ ဗဟုသုတအကြောင်းအရာတွေကို ရှေ့က post တွေမှာ ဖော်ပြထားပါတယ်။ ဖတ်ကြည့်ပါ။)

✴️ လုပ်ငန်းသုံးပစ္စည်းတွေမှာ ရိုက်နှိပ်ရတာ အခက်အခဲဖြစ်နိုင်ပါတယ်။ 🖨️

Logo ဆိုတာ ဖုန်း Screen ပေါ်မှာပဲ ပြရုံတင်မဟုတ်ဘဲ Packaging ဘူးတွေ၊ အိတ်တွေ၊ ဝန်ထမ်း ယူနီဖောင်းတွေပေါ်မှာပါ ပြန်ရိုက်နှိပ် (Print) ရမှာပါ။ အရောင်တွေ အ များကြီးပါတဲ့ Logo က Print ထုတ်တဲ့အခါ ကုန်ကျ စရိတ် ပိုများသလို၊ CMYK စနစ်နဲ့လွဲပြီး အရောင်မမှန်တာမျိုးတွေ အဖြစ်များတတ်ပါတယ်။

🌟 ဒါဆို ယတြာလည်းရ၊ Branding လည်းလှအောင် ဘယ်လိုလုပ်မလဲ?

ဒီဇိုင်နာကောင်းတွေက သင့်ဇာတာနဲ့ ကိုက်ညီမယ့် "အဓိကအရောင် (Primary Color)" ၁ မျိုး သို့မဟုတ် ၂ မျိုးကိုပဲ အဓိက သုံးပါလိမ့်မယ်။ ကျန်တဲ့ အရောင်တွေကိုတော့ Logo ထဲမှာ သေးသေးလေး (ဒေါက်လေး) ထည့်တာမျိုး၊ ဒါမှမဟုတ် သင့်လုပ်ငန်းရဲ့ Website၊ စက္ကူအိတ်ရဲ့ အတွင်းသား Style တွေမှာ သွယ်ဝိုက်ပြီး ညှိသုံးပေးလို့ ရပါတယ်။

"ယုံကြည်မှုလည်း ရှိရမယ်၊ Professional လည်း ကျရမယ်" ဆိုတာမျိုးပေါ့ဗျာ။ 😉

🔅 သင့်လုပ်ငန်းကို အမြင်ရှုပ်စေတဲ့ Logo ပုံစံဟောင်းတွေအစား... ခေတ်မီပြီး ရှင်းလင်းပြတ်သားတဲ့ Brand Identity အသစ်တစ်ခု ဖန်တီးချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger (သို့) Viber ကနေ ဆက်သွယ်လိုက်ပါ။ ဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။ ဒီဇိုင်းအပ်မှ မဟုတ်ပါဘူး။ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

Ph: 09 972 144 683
Viber: 09 972 144 683
design - Winn Thit Oo

သင့်လုပ်ငန်းရဲ့ Logo က "ကုန်စုံဆိုင်" တစ်ခုလို ဖြစ်နေပြီလား? 🍲 "ညီလေး... အစ်ကိုတို့ဆိုင်က ကော်ဖီလည်းရတယ်၊ မုန့်ဟင်းခါးလည...
11/06/2026

သင့်လုပ်ငန်းရဲ့ Logo က "ကုန်စုံဆိုင်" တစ်ခုလို ဖြစ်နေပြီလား? 🍲

"ညီလေး... အစ်ကိုတို့ဆိုင်က ကော်ဖီလည်းရတယ်၊ မုန့်ဟင်းခါးလည်းရတယ်၊ ညကျရင် ဘီယာနဲ့ အကင်လည်း ရတယ်နော်"

ဒါက စားသောက်ဆိုင်ဖွင့်မယ့် လုပ်ငန်းရှင်တစ်ယောက် ဆိုင်အသစ်အတွက် Logo လာအပ်တဲ့အခါ စပြောလေ့ရှိတဲ့ စကားပါ။ ဒီအထိတော့ အိုကေပါသေးတယ်။ ဒါပေမဲ့ ဒီဇိုင်းနာက Concept ဆွဲပေးတဲ့အခါမှာတော့...

"အား မရသေးဘူးညီလေးရာ... ကော်ဖီခွက်လေးထဲကနေ မုန့်ဟင်းခါးအငွေ့လေး ထွက်နေတဲ့ပုံစံ လုပ်ပေးပါလား။ ပြီးတော့ ဆိုင်းဘုတ်အောက်နားမှာ ကြက်အကင်ပုံလေးနဲ့ ဘီယာခွက်လေးပါ ညှိထည့်ပေးဦး။ ဪ... ဆိုင်နာမည်ကိုတော့ ရွှေရောင် စာလုံးကြီးကြီးနဲ့ ထည့်နော်" 🤔

ဒီလိုနဲ့ လုပ်ငန်းထဲမှာရနိုင်တဲ့ ကုန်ပစ္စည်းမှန်သမျှ၊ ဝန်ဆောင်မှုမှန်သမျှကို Logo တစ်ခုတည်းထဲ စုပြုံထည့်ခိုင်းရာကနေ နောက်ဆုံးထွက်လာတဲ့ Logo က ဘာဖြစ်သွားမယ်ထင်ပါသလဲ။ "Branding Identity" မဟုတ်တော့ဘဲ "ကုန်စုံဆိုင် စာရင်းဇယား" လိုမျိုး ဖြစ်သွားတတ်ပါတယ်။

ဒီဇိုင်းလောကမှာ ဒါကို "The Everything Soup" (သုပ်စုံဒီဇိုင်း) လို့ ခေါ်ကြပြီး လုပ်ငန်းရှင်တွေ အဖြစ်များဆုံး အမှားတစ်ခုလည်း ဖြစ်ပါတယ်။

💡 ဘာဖြစ်လို့ Logo ထဲမှာ အကုန်လုံး လိုက်မထည့်သင့်တာလဲ?

❇️ Logo ဆိုတာ Menu Card (မီနူးစာအုပ်) မဟုတ်ပါဘူး
သင့်ဆိုင်မှာ ဘာရလဲဆိုတာကို Customer က မီနူးစာအုပ်ကြည့်မှ၊ ဆိုင်ထဲဝင်မှ သိရမှာပါ။ Logo ရဲ့ အလုပ်က ဆိုင်မှာရတာတွေ အကုန်ပြဖို့မဟုတ်ဘဲ သင့်လုပ်ငန်းရဲ့ "အနှစ်သာရနဲ့ ပုံရိပ်" ကို ရိုးရိုးရှင်းရှင်းနဲ့ မှတ်မိသွားစေဖို့ ဖြစ်ပါတယ်။

❇️ ရှုပ်ပွနေရင် ဘယ်သူမှ မမှတ်မိတော့ပါဘူး
လူတွေရဲ့ ဦးနှောက်က ရှုပ်ထွေးတဲ့အရာတွေကို မှတ်ရတာ ပျင်းကြပါတယ်။ Apple, Nike, Starbucks တို့ကို ကြည့်ပါ။ သူတို့ Logo တွေမှာ ဖုန်းပုံတွေ၊ ဖိနပ်ပုံတွေ၊ ကော်ဖီစေ့ပုံတွေ တစ်ပုံကြီး ပါနေလို့လား? မပါပါဘူး။ ရိုးရှင်းလေ၊ လူတွေရဲ့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်လေပါပဲ။

❇️ နေရာအစုံမှာ သုံးရခက်သွားတတ်ပါတယ်
အဝတ်အထည်အိတ်ပေါ်မှာ Sticker လေးပဲ ကပ်ကပ်၊ Facebook Profile ပုံအဖြစ်ပဲ သုံးသုံး၊ လမ်းဘေးဆိုင်းဘုတ်ကြီးပဲ လုပ်လုပ်... ပစ္စည်းတွေ အများကြီးပါတဲ့ Logo က ပုံသေးသွားတာနဲ့ ဘာပုံမှန်း မသဲကွဲတော့ဘဲ ဝါးတားတားကြီး ဖြစ်သွားတတ်ပါတယ်။

အနှစ်ချုပ် လမ်းညွှန်ချက် -
"Less is More" ပါ။ Logo တစ်ခုမှာ Elements (ရုပ်ပုံ/သင်္ကေတ) တွေ များပြားနေခြင်းထက်... ရိုးရှင်းပြီး သန့်ရှင်းတဲ့ Professional Look တစ်ခု ရှိနေခြင်းကသာ သင့်လုပ်ငန်းရဲ့ Value ကို မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။

🔅 သင့်လုပ်ငန်းကို အမြင်ရှုပ်စေတဲ့ Logo ပုံစံဟောင်းတွေအစား... ခေတ်မီပြီး ရှင်းလင်းပြတ်သားတဲ့ Brand Identity အသစ်တစ်ခု ဖန်တီးချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger (သို့) Viber ကနေ ဆက်သွယ်လိုက်ပါ။ ဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။ ဒီဇိုင်းအပ်မှ မဟုတ်ပါဘူး။ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
Ph: 09 972 144 683
Viber: 09 972 144 683
design - Winn Thit Oo

Logo ဆိုတာ ပုံဆွဲရုံသက်သက်ပဲလား?✳️(စီးပွားရေးလုပ်ငန်းရှင်တွေ သိထားသင့်တဲ့ လျှို့ဝှက်ချက်)✳️ဒီ Post ရဲ့ ရည်ရွယ်ချက်က "Log...
08/06/2026

Logo ဆိုတာ ပုံဆွဲရုံသက်သက်ပဲလား?
✳️(စီးပွားရေးလုပ်ငန်းရှင်တွေ သိထားသင့်တဲ့ လျှို့ဝှက်ချက်)✳️

ဒီ Post ရဲ့ ရည်ရွယ်ချက်က "Logo ဆိုတာ ပိုက်ဆံအများကြီးပေးပြီး ဆွဲဖို့မလိုပါဘူး၊ သာမန်ဒီဇိုင်းတစ်ခုလို အ ဆင်ပြေသလို ဆွဲလိုက်ရင်ရတာပဲ" လို့ ထင်နေတဲ့ တချို့လုပ်ငန်းရှင်တွေအတွက် အရေးကြီးတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။

❎ "ကျွန်တော့်လုပ်ငန်းအတွက် Logo တစ်ခုလောက် အဆင်ပြေသလိုလေး ဆွဲပေးပါလား၊ လှလှလေးဆို အဆင်ပြေပါတယ် ..." 🤔

လုပ်ငန်းရှင်အတော်များများက ဒီလိုစကားမျိုး ခဏခဏ ပြောဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာကျော် Brand ကြီးတွေက ဘာဖြစ်လို့ Logo တစ်ခုတည်းအတွက် ဒေါ်လာ သောင်း၊ သိန်းချီပြီး ရင်းနှီးမြှုပ်နှံနေကြတာလဲ? စဥ်းစားစရာအချက်ပါ။ ဒီလိုပြောလို့ ငွေတွေအများကြီး အကုန်ခံဖို့ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် ထိုက်သင့်တဲ့ တန်ဖိုးတစ်ခုကိုတော့ ရင်းနှီးမြှုပ်နှံရမှာပေါ့။ ဘာကြောင့်လဲ?

✅ အကြောင်းရင်းကတော့ Logo ဆိုတာ လှဖို့သက်သက် ဆွဲထားတဲ့ "ရုပ်ပုံ" တစ်ခု မဟုတ်လို့ပါပဲ။ ပန်းချီဆန်နေဖို့ မလိုပါဘူး။

တကယ်တော့ သင့်လုပ်ငန်းရဲ့ Logo ဆိုတာ...

✅ Customer နဲ့ ပထမဆုံးဆုံတဲ့ "မျက်နှာစာ" (First Impression) ✨

လူတစ်ယောက်ကို မြင်မြင်ချင်း ၅ စက္ကန့်အတွင်း အကဲ ဖြတ်သလိုပဲ၊ Customer တွေကလည်း သင့် Logo ကို ကြည့်ပြီး သင့်လုပ်ငန်းက Professional ကျရဲ့လား၊ ယုံကြည်ရရဲ့လားဆိုတာကို စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ကြတာပါ။

✅ သင့်လုပ်ငန်းရဲ့ "တန်ဖိုး" ကို မြှင့်တင်ပေးသူ (Brand Value) 📈

Logo ညံ့ရင် သင့်ထုတ်ကုန်က ဘယ်လောက်ကောင်း ကောင်း ဈေးပေါသလို ထင်ရစေပြီး၊ Logo ကောင်းရင် (Professional Look ရှိရင်) သင့်ထုတ်ကုန်ရဲ့ တန်ဖိုးကို ၂ ဆလောက် မြှင့်တင်ပေးနိုင်ပါတယ်။

✅ ပြိုင်ဘက်တွေကြားထဲမှာ "ထင်ရှားစေသူ" (Stand Out) 🎯

သင်နဲ့ အမျိုးအစားတူ ရောင်းနေတဲ့ ဆိုင်တွေ အများကြီးထဲမှာ Customer တွေ သင့်ကိုပဲ တန်းမှတ်မိနေဖို့ဆိုတာ စွဲထင်ကျန်ရစ်မယ့်၊ မှတ်မိလွယ်မယ့် Logo တစ်ခု ရှိနေမှ ရပါလိမ့်မယ်။

♦️Logo ဆိုတာ သင့်လုပ်ငန်းရဲ့ Identity (ကိုယ်ပိုင်လက္ခဏာ) ဖြစ်ပါတယ်။ ဖြစ်သလိုဆွဲထားတဲ့ ပုံတစ်ခုနဲ့ သင့်လုပ်ငန်းရဲ့ အနာဂတ်ကို စိန်မခေါ်လိုက်ပါနဲ့။

✳️ ဒီလို ဗဟုသုတရစေမယ့် ဒီဇိုင်းအကြောင်းတွေကို မျှဝေသွားမှာဖြစ်လို့ ကျွန်တော့်ရဲ့ Page ကို like, share, comment, follow လုပ်ပေးကြပါခင်ဗျာ။

✳️ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာတဲ့ Brand ပုံရိပ်ကို ပိုင်ဆိုင်ဖို့ အခုပဲ Page Messenger (သို့) Viber ကနေ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။ ဒီဇိုင်းအပ်မှ မဟုတ်ပါဘူး။ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
Ph: 09 972 144 683
Viber: 09 972 144 683
design - Winn Thit Oo

Address

Kayathuka Street, Yankin
Yangon
11081

Website

Alerts

Be the first to know and let us send you an email when Design Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category