Artico

Website

Artico A digital art platform and art space dedicated to Myanmar art, artist profiles, curated artworks, collectors, and authenticity.

Artico is designed to make it easy for artists to showcase and sell their creations to a global audience. We offer a range of powerful tools and features to help artists manage their online stores, connect with buyers, and grow their businesses. For buyers, Artico is a one-stop-shop for discovering and purchasing beautiful and unique artwork. Our platform offers a wide selection of pieces across various categories and styles, so there's something for everyone. At Artico, we're passionate about fostering creativity and helping artists thrive. We believe that everyone should have the opportunity to experience the joy of owning and collecting beautiful artwork. That's why we're committed to creating a supportive and inclusive community of artists, buyers, and art enthusiasts.

26/09/2026

EIGHT SIX ORIGINALS — ESO

Original Art ကို စတင်စုဆောင်းဖို့ အကြီးကြီးကနေ စဖို့မလိုပါဘူး။

မြန်မာ contemporary artists တွေရဲ့ 8 × 6 inch original artworks — တစ်ခုချင်းစီက တစ်ခုတည်းသာရှိတဲ့ original လက်ရာဖြစ်ပြီး Artist ကိုယ်တိုင် လက်မှတ်ရေးထိုးထားပါတယ်။

Artico ရဲ့ book-style presentation box နဲ့ သေသေသပ်သပ် ထည့်သွင်းပေးထားတာကြောင့် ကိုယ်တိုင်စုဆောင်းဖို့ဖြစ်ဖြစ်၊ အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်တစ်ခုအဖြစ် ပေးဖို့ဖြစ်ဖြစ် သင့်တော်ပါတယ်။

သေးငယ်တဲ့ လက်ရာတစ်ခုကနေ ကိုယ့်ရဲ့ Art Collection ကို စတင်လိုက်ပါ။

စိတ်ဝင်စားတဲ့ ESO လက်ရာများအတွက် Artico ကို Message ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

25/09/2026

ARTICO RESIDENCY 2026 မစတင်ခင် Artist တွေနဲ့ ပထမဆုံး အတူတူတွေ့ဆုံခဲ့တဲ့ Pre-Event Meetup။

တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြတယ်။ Residency အကြောင်း ပြောကြတယ်။ အတွေးတွေ ဖလှယ်ကြတယ်။

နှစ်ရက်တာ ဖန်တီးမှု မစတင်ခင်က ဒီနေရာကနေ အားလုံး စခဲ့တာပါ။

ARTICO RESIDENCY 2026 — Pre-Event Meetup

EIGHT SIX ORIGINALS — ESOOriginal art. Made to be lived with.ပန်းချီကားတစ်ချပ်ကို စတင်စုဆောင်းဖို့ collector ကြီးတစ်ယောက...
24/09/2026

EIGHT SIX ORIGINALS — ESO

Original art. Made to be lived with.

ပန်းချီကားတစ်ချပ်ကို စတင်စုဆောင်းဖို့ collector ကြီးတစ်ယောက် ဖြစ်နေဖို့ မလိုပါဘူး။

Eight Six Originals (ESO) က မြန်မာ contemporary artists တွေရဲ့ 8 × 6 inch original artworks တွေကို ပိုမိုလွယ်ကူစွာ စတင်ပိုင်ဆိုင်၊ စုဆောင်းနိုင်ဖို့ Artico က ဖန်တီးထားတဲ့ collectible art series ဖြစ်ပါတယ်။

ESO တစ်ခုချင်းစီဟာ တစ်ခုတည်းသာရှိတဲ့ original artwork ဖြစ်ပြီး artist ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ signed work ဖြစ်ပါတယ်။ Artico presentation box နဲ့ သေသေသပ်သပ် ထည့်သွင်းပေးထားတာကြောင့် ကိုယ်တိုင်စုဆောင်းဖို့ဖြစ်ဖြစ်၊ အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်တစ်ခုအဖြစ် ပေးဖို့ဖြစ်ဖြစ် အဆင်ပြေပါတယ်။

Eight Six Originals ကို ARTICO RESIDENCY 2026 မှာ ပထမဆုံး မိတ်ဆက်ခဲ့ပြီး၊ စတင်မိတ်ဆက်ခဲ့တဲ့ special price — 160,000 MMK ကို အခုလည်း ဆက်လက်ထားရှိပေးထားပါတယ်။

စတင်မိတ်ဆက်ခဲ့ချိန်ကနေ အခုအထိ ESO လက်ရာစုစုပေါင်း ၂၅ ခုက collectors တွေဆီ ရောက်ရှိသွားပါပြီ။

အခုတော့ လက်ရှိရရှိနိုင်သေးတဲ့ Eight Six Originals တွေအားလုံးကို Artico မှာ တစ်နေရာတည်း ကြည့်ရှုနိုင်ပါပြီ။ ကိုယ်နှစ်သက်တဲ့ artist ရဲ့ လက်ရာ၊ ကိုယ်နဲ့အဓိပ္ပါယ်ချင်းဆက်စပ်တဲ့ လက်ရာတစ်ခုကို ရွေးချယ်ပြီး ကိုယ့်ရဲ့ art collection ကို စတင်နိုင်ပါတယ်။

160,000 MMK / artwork

ဝယ်ယူလိုတဲ့ artwork ကိုရွေးပြီး Artico မှာ တိုက်ရိုက် order တင်နိုင်ပါတယ်။ မေးမြန်းလိုတာရှိရင်လည်း Artico Page ကို Message ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

Explore Eight Six Originals on Artico →
https://artico.world/eight-six-originals

Artico — Myanmar Art, Everywhere.

ARTICO RESIDENCY 2026 — Dawei LayWOMEN POWER — PLANTINGအမျိုးသမီးတွေရဲ့ ခွန်အားကို ဆရာထားဝယ်လေးက ကြီးကျယ်ခမ်းနားတဲ့ အခို...
23/09/2026

ARTICO RESIDENCY 2026 — Dawei Lay

WOMEN POWER — PLANTING

အမျိုးသမီးတွေရဲ့ ခွန်အားကို ဆရာထားဝယ်လေးက ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တွေထဲမှာ မရှာဘူး။ နေ့စဉ်ဘဝထဲမှာ ရှာတယ်။

ဒီပန်းချီကားမှာ လယ်ကွင်းထဲ အတူတကွ ပျိုးစိုက်နေကြတဲ့ အမျိုးသမီးတွေကို ပုံဖော်ထားပါတယ်။

တစ်ပင်ပြီးတစ်ပင်၊ တစ်တန်းပြီးတစ်တန်း မြေကြီးထဲကို စိုက်ပျိုးနေတဲ့ ဒီလုပ်ရပ်ဟာ ရိုးရှင်းသလို ထင်ရပေမယ့် အဲဒီနောက်ကွယ်မှာ အားထုတ်မှု၊ သည်းခံမှုနဲ့ ဘဝကို ဆက်လက်ရှင်သန်စေတဲ့ ခွန်အားတွေ ရှိနေပါတယ်။

ဆရာထားဝယ်လေးရဲ့ Women Power series မှာ အမျိုးသမီးတွေရဲ့ အင်အားကို သူတို့ရဲ့ နေ့စဉ်ဘဝ၊ အလုပ်နဲ့ ရပ်တည်မှုတွေကနေ ဆက်လက်ရှာဖွေဖော်ပြလာခဲ့ပါတယ်။

ARTICO RESIDENCY 2026 မှာ ဖန်တီးခဲ့တဲ့ ဒီလက်ရာမှာတော့ အဲဒီခွန်အားဟာ စိုက်ပျိုးခြင်းကနေ ထွက်ပေါ်လာတယ်။

ဒီနေ့ မြေကြီးထဲ စိုက်လိုက်တဲ့ ပျိုးပင်လေးတွေက နောင်တစ်ချိန်မှာ လူတွေရဲ့ ဘဝကို ဆက်လက်ရှင်သန်စေမယ့် အစားအစာ ဖြစ်လာမယ်။ ဒီလက်ရာထဲက power က အသံကျယ်ကျယ်နဲ့ ပြသတဲ့ power မဟုတ်ဘူး။

စိုက်ပျိုးတယ်။ ပြုစုပျိုးထောင်တယ်။ ရှင်သန်မှုကို ဆက်ပေးတယ်။

WOMEN POWER — PLANTING
Dawei Lay · 2026
Acrylic · 48 × 36 in

Created at ARTICO RESIDENCY 2026.

ဆရာထားဝယ်လေးရဲ့ အခြားလက်ရာတွေကို Artico မှာ ကြည့်ရှုနိုင်ပါတယ်။
artico.world/artist/daweilay

ARTICO RESIDENCY 2026 မှာ Artist 15 ယောက် ဖန်တီးခဲ့ကြတဲ့ လက်ရာအားလုံးကို Artico App မှာဖြစ်စေ၊ Digital Exhibition မှာဖြစ်စေ ကြည့်ရှုနိုင်ပါတယ်။
https://artico.world/residency/exhibition

စိတ်ဝင်စားတဲ့ Artwork ရှိပါက Artico Website / App ရဲ့ Inquire button ကနေဖြစ်စေ၊ Artico ကို DM ပို့ပြီးဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

STILL WE GROWအက်ကွဲနေတဲ့ မြေပြင်၊ မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်ကြားကနေ ပန်းနီလေးတွေ ရှင်သန်ပွင့်လန်းလာကြတယ်။Still We Grow...
22/09/2026

STILL WE GROW

အက်ကွဲနေတဲ့ မြေပြင်၊ မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်ကြားကနေ ပန်းနီလေးတွေ ရှင်သန်ပွင့်လန်းလာကြတယ်။

Still We Grow မှာ ဆရာမနေနေထူးက ရှင်သန်ဖို့တောင် ခက်ခဲမယ့် နေရာတစ်ခုထဲကနေ ပေါက်ဖွားလာတဲ့ ပန်းလေးတွေကို ပုံဖော်ထားပါတယ်။

ဒီလက်ရာဟာ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ မသေချာမှုတွေကြားက resilience — ဆက်လက်ရပ်တည်နိုင်မှုနဲ့ ရှေ့ဆက်နိုင်ဖို့ ကြိုးစားမှု ကို ပြောပြထားတာပါ။

အက်ကွဲကြောင်းတွေ ပျောက်မသွားဘူး။ အခက်အခဲတွေကလည်း ရှိနေဆဲပါပဲ။ ဒါပေမယ့် အဲဒီအက်ကွဲကြောင်းတွေကြားကနေပဲ အသက်သစ်တစ်ခု ပေါက်ဖွားလာနိုင်သေးတယ်။

ARTICO RESIDENCY 2026 မှာ ဖန်တီးခဲ့တဲ့ Still We Grow ဟာ ခက်ခဲတဲ့အခြေအနေတွေကြားမှာတောင် ဆက်လက်ရှင်သန်နိုင်မှုနဲ့ မျှော်လင့်ချက်အကြောင်း တိတ်တိတ်လေး ပြောပြနေတဲ့ လက်ရာတစ်ခုပါ။

STILL WE GROW
Nay Nay Htoo · 2026
Acrylic · 36 x 48 in

Created at ARTICO RESIDENCY 2026.

Explore the full Digital Exhibition:
https://artico.world/residency/exhibition

စိတ်ဝင်စားတဲ့ Artwork ရှိပါက Artico Website / App ရဲ့ Inquire button ကနေဖြစ်စေ၊ Artico ကို DM ပို့ပြီးဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

HEYYY!Zaw Zaw · 2026 Oil on Canvas · 48 × 36 inHeyyy! က ဆရာဇော်ဇော်ရဲ့ ရန်ကင်းမှာ ကြီးပြင်းခဲ့တဲ့ အချိန်တွေကို ပြန်လည်သတ...
21/09/2026

HEYYY!
Zaw Zaw · 2026
Oil on Canvas · 48 × 36 in

Heyyy! က ဆရာဇော်ဇော်ရဲ့ ရန်ကင်းမှာ ကြီးပြင်းခဲ့တဲ့ အချိန်တွေကို ပြန်လည်သတိရပြီး ဖန်တီးထားတဲ့ လက်ရာတစ်ခုပါ။

ရန်ကုန်မှာ မီးပျက်ပြီးနောက် မီးပြန်လာတဲ့အချိန် အိမ်တွေ၊ လမ်းတွေကြားကနေ “ဟေးးး!” ဆိုတဲ့ အသံတွေ တစ်ပြိုင်နက် ထွက်လာတတ်တာက လူတော်တော်များများအတွက် ရင်းနှီးတဲ့ အတွေ့အကြုံတစ်ခုပါ။

ဒီလက်ရာမှာတော့ ဆရာဇော်ဇော်က သူ့အရင်အချိန်က ရန်ကင်းရဲ့ အဆောက်အဦတွေ၊ လမ်းတွေ၊ လူတွေနဲ့ နေ့စဉ်ဘဝရဲ့ အငွေ့အသက်တွေကို သူ့ရဲ့ အမှတ်တရတွေထဲကနေ ပြန်လည်ဖော်ထုတ်ထားပါတယ်။

မြို့က ပြောင်းလဲသွားတယ်။ အချိန်တွေလည်း ကုန်သွားတယ်။ ဒါပေမယ့် “Heyyy!” ဆိုတဲ့ အသံကတော့ ဒီနေ့အထိ ရင်းနှီးနေဆဲပါ။

Created at ARTICO RESIDENCY 2026.

Explore this work and the full Digital Exhibition:
https://artico.world/residency/exhibition

Interested in collecting this work? Use the Inquire button on Artico or DM us directly.

ARTICO RESIDENCY 2026 — DIGITAL EXHIBITIONTwo days. 15 artists. A new body of work.ARTICO RESIDENCY 2026 နှစ်ရက်တာအတွင်း...
20/09/2026

ARTICO RESIDENCY 2026 — DIGITAL EXHIBITION

Two days. 15 artists. A new body of work.

ARTICO RESIDENCY 2026 နှစ်ရက်တာအတွင်း Artist 15 ယောက် ဖန်တီးခဲ့ကြတဲ့ လက်ရာတွေကို အခု Digital Exhibition အဖြစ် Artico မှာ ကြည့်ရှုနိုင်ပါပြီ။

Artist တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ အတွေးအမြင်တွေ၊ အမှတ်တရတွေ၊ အတွေ့အကြုံတွေနဲ့ ခံစားချက်တွေကနေ ဖြစ်ပေါ်လာတဲ့ လက်ရာတွေနဲ့ လက်ရာတစ်ခုချင်းစီရဲ့ နောက်ကွယ်က stories တွေကို တစ်နေရာတည်းမှာ စုစည်းပြသထားပါတယ်။

Explore ARTICO RESIDENCY 2026 — Digital Exhibition:
https://artico.world/residency/exhibition

စိတ်ဝင်စားတဲ့ Artwork ရှိပါသလား?
Artico Website သို့မဟုတ် App မှာ Artwork တစ်ခုချင်းစီရဲ့ Inquire button ကနေ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သလို Artico ကို DM ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

Discover the artists. Explore the works. Read the stories behind them.

Residency Exhibition on Artico. Artico is a Myanmar contemporary art platform connecting artists, collectors.

ARTICO RESIDENCY 2026 — COLLECTEDARTICO RESIDENCY 2026 မှာ Co Thiee ဖန်တီးခဲ့တဲ့ ဒီလက်ရာဟာ Collector တစ်ဦးရဲ့ Collection...
20/09/2026

ARTICO RESIDENCY 2026 — COLLECTED

ARTICO RESIDENCY 2026 မှာ Co Thiee ဖန်တီးခဲ့တဲ့ ဒီလက်ရာဟာ Collector တစ်ဦးရဲ့ Collection ထဲကို ရောက်ရှိသွားခဲ့ပါပြီ။

Residency နှစ်ရက်တာအတွင်း Artist ရဲ့ ဖန်တီးမှုဖြစ်စဉ်ကို အနီးကပ်မြင်တွေ့ခဲ့ရသလို၊ အတွေးတစ်ခုကနေ စတင်ပြီး လက်ရာတစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်အသက်ဝင်လာတဲ့ ဖြစ်စဉ်ကိုလည်း အတူတူ မြင်တွေ့ခဲ့ရပါတယ်။

အခုတော့ Artico Residency မှာ ဖန်တီးခဲ့တဲ့ ဒီလက်ရာဟာ Collection အသစ်တစ်ခုဆီကို ဆက်လက်ခရီးဆက်သွားပါပြီ။

SOMEWHERE ALONG THE WAY
Co Thiee
Acrylic · 36 × 48 in · 2026

Created at ARTICO RESIDENCY 2026.
Now part of a private collection.

ဒီလက်ရာကို ရွေးချယ်အားပေးပြီး သူ့ရဲ့ နောက်ထပ်ခရီးတစ်ခုကို ဆက်လက်ပေးခဲ့တဲ့ Collector ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ARTICO RESIDENCY 2026 မှာ Artist 15 ယောက် ဖန်တီးခဲ့ကြတဲ့ အခြားလက်ရာတွေနဲ့ လက်ရာတစ်ခုချင်းစီရဲ့ stories တွေကို Digital Exhibition မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

Explore ARTICO RESIDENCY 2026 — Digital Exhibition:
https://artico.world/residency/exhibition

ARTICO RESIDENCY 2026 — COLLECTEDARTICO RESIDENCY 2026 ရဲ့ နှစ်ရက်တာအတွင်း Nay Lu Yeik ဖန်တီးခဲ့တဲ့ Unspoken Thought ဟာ ...
20/09/2026

ARTICO RESIDENCY 2026 — COLLECTED

ARTICO RESIDENCY 2026 ရဲ့ နှစ်ရက်တာအတွင်း Nay Lu Yeik ဖန်တီးခဲ့တဲ့ Unspoken Thought ဟာ Collector တစ်ဦးရဲ့ Collection ထဲကို ရောက်ရှိသွားခဲ့ပါပြီ။

Artist ရဲ့ အတွေးတစ်ခုကနေ စတင်ပြီး Residency အတွင်းမှာ တဖြည်းဖြည်း ပုံဖော်ဖန်တီးလာခဲ့တဲ့ ဒီလက်ရာရဲ့ ဖြစ်စဉ်ကို ကျွန်တော်တို့ အစကနေ အဆုံးအထိ အတူတူ မြင်တွေ့ခဲ့ရပါတယ်။

အခုတော့ Artico Residency မှာ စတင်ခဲ့တဲ့ ဒီ Artwork ရဲ့ ခရီးဟာ Collector တစ်ဦးရဲ့ Collection ထဲမှာ ဆက်လက်သွားနေပါပြီ။

UNSPOKEN THOUGHT
Nay Lu Yeik
Mixed Media · 36 × 36 in · 2026

Created at ARTICO RESIDENCY 2026.
Now part of a private collection.

ဒီလက်ရာကို ရွေးချယ်အားပေးခဲ့တဲ့ Collector ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Residency မှာ ဖန်တီးခဲ့တဲ့ အခြားလက်ရာတွေနဲ့ သူတို့ရဲ့ stories တွေကိုလည်း လာမယ့်ရက်တွေမှာ တစ်ခုချင်းစီ မျှဝေပေးသွားပါမယ်။

Explore more Myanmar art and artists at Artico:
⁠www.artico.world

Address

5B, Cherry Condo 1, Cherry Garden Residence, South Okkalapa Township
Yangon

Alerts

Be the first to know and let us send you an email when Artico posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category