03/05/2026
မကြာခင် ထွက်ရှိလာမယ့် Seraphim App မှာ ဘာတွေ ထူးထူးခြားခြား ပါလာမလဲ ဆိုတော့
၁။ သီချင်း စာသားကို ပုံစံ နှစ်မျိုးနဲ့ ကြည့်လို့ရတယ်။ ပိုထူးခြားတာက အသုံးပြုသူတွေအတွက် အဆင်ပြေအောင်ဆိုပီး Spotify နဲ့ Apple Music လို UI ( User Interface) မျိုးနဲ့ သီချင်းစာသားကို ကြည့်လို့ ရအောင် လုပ်ထားတယ်။
၂။ သီချင်း စာအုပ်တွေကို Seraphim Lyric ရဲ့ Database ကနေ တခါတည်းနဲ့ Download လုပ်ပီး ဖုန်းထဲမှာ သိမ်းထားလို့ ရအောင် လုပ်ထားတယ်။ တကယ်လို့ စာအုပ်ထဲက သီချင်းတွေကို ပြင်တာဖြစ်ဖြစ် ဖျက်တာဖြစ်ဖြစ်ရှိရင် နောက်ဆုံး version နဲ့ ကိုက်ညီအောင် ပြန် Update လို့ရတယ်။
၃။ သီချင်းတွေကို ရှာတဲ့ အခါမှာ download ပီးသားတွေကို သာမက ၊ Seraphim Lyric Database ထဲက သီချင်းတွေကို Global Search နဲ့ online ကနေ ရှာပီးမှ ကြည့်လို့ ရသလို save ထားလို့လည်း ရပါတယ် ခဗျ။
ဆိုတော့ Seraphim App ထွက်လာတဲ့ အခါ မိတ်ဆွေတို့လည်း အသုံးပြုပေးကြပါခဗျ။
တောင်းဆိုချက်။။
တကယ့်လို့ ကိုယ့်လူမျိုး၊ ကိုယ် ဘာသာ စာပေရဲ့ သီချင်းတွေကို Seraphim Database ပေါ်မှာတင်ပီး နေရာတကာက ကိုယ့်လူမျိုးတွေ အတွက် အလွယ်တကူ သုံးလို့ရအောင် Data Entry အနေနဲ့ အကူညီပေးချင်ပါက ဒီ page ကနေ တဆင့် တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်ခဗျ။ အဲ့ဟာနဲ့ ပတ်သက်ပီး တင်ထားတဲ့ အောက်က ပို့စ်ကို ဖတ်ပေးပါခဗျ။ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါဗျ😃😃