THOON's Creation

THOON's Creation ART & CRAFT WORSHOPS

Cozy Vibe, Crafting Mind,
Create All The Time!

ပြီးခဲ့အပတ်က 🌱Clay Workshop🌱မမှီလိုက်တဲ့သူတွေဒီအပတ်မှာ join လို့ရပီနော်။🤭အလုပ်ကိစ္စ ကျောင်းကိစ္စတွေနဲ့စိတ်ဖိစီးနေသမျှကို...
23/09/2026

ပြီးခဲ့အပတ်က 🌱Clay Workshop🌱မမှီလိုက်တဲ့သူတွေ
ဒီအပတ်မှာ join လို့ရပီနော်။🤭

အလုပ်ကိစ္စ ကျောင်းကိစ္စတွေနဲ့စိတ်ဖိစီးနေသမျှကို ခဏလောက် မေ့ထားပြီး မြေရနံ့သင်းသင်း သဘာဝရွှံ့နဲ့ ကိုယ့်ရဲ့စိတ်အပန်းဖြေချိန်တစ်ခု ဖန်တီးလိုက်ရအောင်!🤗

"တစ်ခါမှမလုပ်ဖူးဘူး၊ Art & Craft လည်း ဝါသနာမပါဘူး..." ဆိုပြီး လုံးဝ စိတ်မပူပါနဲ့နော်။အခြေခံကစပြီး အနီးကပ် လမ်းညွှန်ပေးမဲ့ Instructorရှိတာမို့ အစကနေ အဆုံးထိ ကိုယ်ပိုင် Idea လေးအတိုင်း Freestyle စိတ်ကြိုက် ဖန်တီးရုံပါပဲရှင့်။🤗

📌Date: 27.9.2026 (Sunday)
📌Time: 10:00AM to 13:00PM
📌Venue: COFFEE DATE(Kyauk Myaung)
📌Location: မလွှကုန်းလမ်း၊ကျောက်မြောင်း။
📌Fees: 25,000 MMK Per Person
(COFFEE DATE ရဲ့ Signature Coffee တစ်ခွက်လည်း ပါ၀င်ပြီးသားနော်။)

လူဦးရေ အကန့်အသတ်ရှိတာမို့
အမြန်ဆုံး Register လုပ်ဖို့မမေ့ပါနဲ့နော်။😉
Registration Form 👇
https://docs.google.com/forms/d/1qqepemgeD-SeJtc4PdnNQV-ks527CmZPtsXMkOs0iTo/viewform

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က 🌱Clay Workshop🌱ကတော့  မနက်ပိုင်း Session ရော၊နေ့လယ်ပိုင်း Session ပါ အဖွဲ့တောင့်ကြတယ်နော်။💪Idea...
23/09/2026

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က 🌱Clay Workshop🌱ကတော့ မနက်ပိုင်း Session ရော၊နေ့လယ်ပိုင်း Session ပါ အဖွဲ့တောင့်ကြတယ်နော်။💪

Idea နဲ့ လက်ရာတွေဆိုတာလည်း တစ်ခုထက်တစ်ခု မိုက်နေရောပဲ!🤭အားလပ်ရက်မှာ သူငယ်ချင်းတွေ၊မောင်နှမတွေ၊ချစ်ရတဲ့ လက်တွဲဖော်တွေနဲ့အတူတူ လာရောက်ဖန်တီးရင်း ပျော်စရာကောင်းတဲ့ အမှတ်တရနေ့လေးတစ်ရက်အဖြစ် ရင်ထဲမှာ ကျန်ရစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်နော်။🤗

တက်ရောက်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ်။🫶
Upcoming Sunday မှာ Clay Workshop ပြန်ရှိမှာမို့ Stay Tuned!🫶
See you on next Workshop!👋

ပြီးခဲ့တဲ့ စနေနေ့က 🌱Clay Workshop🌱 လေးကတော့ ရယ်မောပျော်ရွှင်စရာ ပြီးဆုံးသွားခဲ့ပါတယ်။Workshop မှာ လက်ရာဆန်းတွေဖော်ရင်း ဂ...
22/09/2026

ပြီးခဲ့တဲ့ စနေနေ့က 🌱Clay Workshop🌱 လေးကတော့ ရယ်မောပျော်ရွှင်စရာ ပြီးဆုံးသွားခဲ့ပါတယ်။

Workshop မှာ လက်ရာဆန်းတွေဖော်ရင်း ဂယက်ပေါင်းစုံနဲ့ ရယ်ခဲ့မောခဲ့ရသလို၊ရောင်စုံဘူး မဲပေါက်သွားကြသူတွေအတွက်လည်း ဝမ်းသာရပါတယ်။(ကိုယ့်အတွက်ကိုယ် ထိပ်ဆုံးမဲဖောက်လိုက်တဲ့ သားသားလည်း ကျေနပ်မယ်ထင်တယ်။🤭)

Participants အားလုံးအတွက်လည်း ရင်ထဲမှာ အမှတ်တရဖြစ်ကျန်ခဲ့မယ့် ရက်လေးတစ်ရက် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။🤗

ဒီလို လှပအေးချမ်းတဲ့ နေရာလေးမှာ အေးချမ်းတိတ်ဆိတ်စွာနဲ့ Workshop ကို အဆင်ပြေပြေ လည်ပတ်နိုင်အောင် အစစအရာရာ Support ပေးခဲ့တဲ့ Turquoise Mountain Myanmar ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။🤗

See you on next Workshop!👋

ခဏခဏ မေးနေကြတဲ့ 🌱Clay Workshop🌱 ပြန်လာပြီနော်!ပိတ်ရက်မှာ မြေရနံ့သင်းသင်း သဘာဝရွှံ့နဲ့ စိတ်ကူးအတိုင်း လွတ်လပ်စွာ ပုံဖော်ဖ...
16/09/2026

ခဏခဏ မေးနေကြတဲ့ 🌱Clay Workshop🌱 ပြန်လာပြီနော်!
ပိတ်ရက်မှာ မြေရနံ့သင်းသင်း သဘာဝရွှံ့နဲ့ စိတ်ကူးအတိုင်း လွတ်လပ်စွာ ပုံဖော်ဖန်တီးကြရအောင်။🤗

Art & Craft အတွေ့အကြုံ လုံးဝမရှိလို့ စိတ်မပူနဲ့နော်!🤭
Clayနဲ့အတူ လိုအပ်တဲ့ Tools တွေအကုန်ပြင်ဆင်ပေးထားမဲ့အပြင် Instructor ကိုယ်တိုင် ဘေးကနေ အနီးကပ် လမ်းညွှန်ပြသပေးသွားမှာမို့ အစကနေ အဆုံးထိ အေးဆေး Join ယုံပါပဲ။🤗

🌱ချစ်ရတဲ့ သူငယ်ချင်းတွေ၊ 🌱လက်တွဲဖော်နဲ့အတူ စကားလေးပြောလိုက်၊ရွှံ့တွေနဲ့ အမှတ်တရ ပုံဖော်လိုက်နဲ့ Weekend မှာ Chill ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။🤗

📌 Venue: Turquoise Mountain Myanmar
📌 Google Map Link: https://maps.app.goo.gl/sryKp5sCVJzKVeoK8?g_st=ac

📌 Fees: 25,000 MMK per person (Turquoise Mountain Myanmar ရဲ့ Signature Tea တစ်ခွက် ပါဝင်ပြီးသားနော်။)

📌 Session 1
🗓 Date: 19.9.2026 (Saturday)
⏰ Time: 10:00 AM – 12:00 PM
Registration Form:👇https://docs.google.com/forms/d/1-7rTNBtnl-m_5Z4HYg3Vj5K3tQJp9Dsj0csb6W8O2Mk/viewform

📌 Session 2
🗓 Date: 20.9.2026 (Sunday)
⏰ Time: 10:00 AM – 12:00 PM
Registration Form:👇https://docs.google.com/forms/d/1l7GJAK8CZR9PV5bZNr2nD7RXm46HNPVX8-sQA_okGR8/viewform

Session နှစ်ချိန်ကနေ အဆင်ပြေရာ ရက်တစ်ရက်ရွေးချယ်ပါ၀င်နိုင်ပါတယ်။
လူဦးရေ အကန့်အသတ်ရှိတာမို့ စိတ်ဝင်စားရင် အမြန်ဆုံး Form လေးဖြည့်ပြီး Register လုပ်ထားလိုက်တော့နော်!

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က The Plant House Cafe Thumingalar မှာပြုလုပ်ခဲ့တဲ့ 🎨Glass Bottle Painting Workshop🎨 လေးကတော့ ပျေ...
14/09/2026

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က The Plant House Cafe Thumingalar မှာပြုလုပ်ခဲ့တဲ့
🎨Glass Bottle Painting Workshop🎨 လေးကတော့ ပျော်ပျော်ပါးပါးနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီနော်!

Workshop ကို တက်ရောက်ပြီး Creative Idea တွေနဲ့ဖန်တီးသွားကြတဲ့ Participant တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။🩵The Plant House Cafe ရဲ့Cozy Vibeနဲ့ Berries Soda လေးကိုလည်း အားလုံး သဘောကျနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 🍹

(အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်လိုက်ဘဲ Cancel လိုက်ရတဲ့သူလေးတွေကတော့ ဒီလို Cozy Vibe လေးကို လွဲချော်သွားပြီမို့ နှမြောစရာပဲနော်။🤭)

​ဒါပေမဲ့ စိတ်မပူနဲ့ဦး!နောက်အပတ်မှာ Clay Workshop လေး လာတော့မှာမို့လို့
စောင့်ကြည့်ပေးကြပါဦးနော်!✨
​See you at the next workshop!👋

ပြီးခဲ့တဲ့ တနင်္ဂနွေ၊ စက်တင်ဘာလ ၆ရက်နေ့က သံလျင်၊ ကျောက်တန်းမှာရှိတဲ့ St. Mary’s Home မှာလုပ်ခဲ့တဲ့ GREAT Values Day ပွဲမ...
13/09/2026

ပြီးခဲ့တဲ့ တနင်္ဂနွေ၊ စက်တင်ဘာလ ၆ရက်နေ့က သံလျင်၊ ကျောက်တန်းမှာရှိတဲ့ St. Mary’s Home မှာလုပ်ခဲ့တဲ့ GREAT Values Day ပွဲမှာ THOON's Creation အနေနဲ့ Painting Activity ပြုလုပ်ပေးရင်းပါဝင်ခွင့်ရခဲ့ပါတယ်။🎨🖌️

Gong Cha Myanmar ကနေ ကလေးအယောက် 100 အတွက် Cup Sleeve ဆေးခြယ်တဲ့ CSR Painting activity လေးကို ဦးဆောင်ဖန်တီးပေးဖို့ တာဝန်ပေးခဲ့တဲ့အတွက် ✨တကယ်ကို ကျေးဇူးတင်ရပါတယ်။✨

ကလေးတွေရဲ့ လက်ရာတွေက အရွယ်နဲ့ မလိုက်အောင် ဖန်တီးနိုင်စွမ်းထက်မြက်ပြီး Artistic ဆန်လွန်းတာမို့ ဘေးကနေ ကူညီပေးရင်းနဲ့တင် အရမ်းပျော်ခဲ့ရပါတယ်။🥰ဒါ့အပြင် ကလေးတွေရဲ့ လက်ရာတွေထဲက အကောင်းဆုံး 10 ခုကို Cup Sleeve တွေအဖြစ် ထုတ်လုပ်ပေးသွားမယ်ဆိုတာ သိရတော့ ပိုလို့တောင် ဝမ်းသာကြည်နူးရပါတယ်။🥰

အခုလို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ အနာဂတ်အတွက် အစီအစဉ်တွေ ဖန်တီးပေးနေတဲ့ Gong Cha Myanmar လည်း ရှေ့ဆက်ပြီး ဒီထက်မက အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🤗
Creating Joy. Sharing Happiness. Building a GREAT Future.

10/09/2026

ဖန်ပုလင်းလေးတွေပေါ်မှာ ကိုယ့်စိတ်ကူးအတိုင်း အရောင်ခြယ်ပြီးမီးကြိုးလေးတွေကြောင့်လင်းထိန်သွားမယ့် ✨Glass Bottle Painting Workshop✨ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၃ရက်နေ့မှာ Workshop ရှိပါမယ်နော်။🤗
Workshop Details ကြည့်ရန်အတွက်👇
https://www.facebook.com/share/p/1Ekmif2yQR/

🎨Glass Bottle Painting Workshop🎨လာမဲ့ တနဂ်နွေနေ့၊ Cozy ဖြစ်တဲ့ အပင်လေးတွေနဲ့ Cafe မှာ✨Art & Craft Activity✨ တစ်ခုလုပ်ကြည...
08/09/2026

🎨Glass Bottle Painting Workshop🎨

လာမဲ့ တနဂ်နွေနေ့၊ Cozy ဖြစ်တဲ့ အပင်လေးတွေနဲ့ Cafe မှာ
✨Art & Craft Activity✨ တစ်ခုလုပ်ကြည့်ကြမလား?🤭

ဖန်ပုလင်းထဲမှာ ✨Fairy Light တွေနဲ့ အလှဆင်ထားတာမို့ ဘာပုံပဲဆွဲဆွဲ လင်းလင်းလတ်လတ်နဲ့ လှနေမှာပါ။ကိုယ်တိုင် ပြုလုပ်ထားတဲ့ မီးအိမ်လေးထဲမှာ ကြယ်လေးတွေ ခေါက်ထည့်ပြီး အမှတ်တရ လက်ဆောင်ပေးလို့လည်းရတာမို့ သီးသန့်ဆန်တဲ့ Vibeလေးရမှာ သေချာပါတယ်။ပန်းချီနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိလည်း Instructor ရှိနေမှာမို့ လုံးဝ မပူနဲ့နော်!🤗

📌 Date : 13.9.2026 (Sunday)
📌 Time : 10:00 AM – 12:00 PM
📌 Venue : The Plant House Café Thumingalar
📌 Fees : 22,000 MMK
(Glass Bottle,Paint,Brush တို့ပြင်ဆင်ပေးထားမဲ့အပြင် Berries Soda တစ်ခွက်လည်း ပါ၀င်ပြီးသားနော်။)

Registration Form👇https://docs.google.com/forms/d/1LSq40CKH1VyQAU4megd4yQ3zc0jpXdVN-oksJiIpwcY/viewform

လူဦးရေ ကန့်သတ်ထားတာမို့ Form ဖြည့်ပြီး အမြန်ဆုံးနေရာဦးဖို့ လိုမယ်နော်။🤭

ဒီတစ်ခေါက်မှာတော့ ကိုယ်ချစ်ရတဲ့ လက်တွဲဖော်နဲ့ပဲဖြစ်ဖြစ်၊ ရင်ဖွင့်ဖော် Bestie နဲ့ပဲဖြစ်ဖြစ် Matching Bracelet လေးတွေ အတူတ...
08/09/2026

ဒီတစ်ခေါက်မှာတော့ ကိုယ်ချစ်ရတဲ့ လက်တွဲဖော်နဲ့ပဲဖြစ်ဖြစ်၊ ရင်ဖွင့်ဖော် Bestie နဲ့ပဲဖြစ်ဖြစ် Matching Bracelet လေးတွေ အတူတူကျစ်ရင်း Quality Time Spent လုပ်ချင်သူတွေအတွက် ✨Bracelet Workshop✨ လာပါပြီ!🤗

ကျစ်ကြိုးဝယ်ရတာ ခက်တာမို့လို့ THOON’s Creation ရဲ့ တခြား Workshop တွေလို လစဉ် အမြဲလုပ်ပေးဖြစ်မှာ မဟုတ်ပါဘူးနော်။ဒါကြောင့် ဒီတစ်ခေါက် Rare Chance လေးကို လက်မလွှတ်လိုက်နဲ့နော်။🤭

✨Beads တွေ၊✨ကျစ်ကြိုးတွေအပြင် Instructor ကပါ အစအဆုံး အသေးစိတ် ပြပေးသွားမှာမို့ အရင်က မကျစ်ဖူးလည်း လုံးဝ စိတ်ပူစရာမလိုပါဘူး။Matching Bracelet ကျစ်ရင်း၊Coffeeနဲ့Snack အတူတူ သုံးဆောင်ဖို့ နှစ်ယောက်တစ်တွဲ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🤗

📌Date: 12.9.2026 (Saturday)
📌Venue: COFFEE DATE (Kyauk Myaung)

📌Session 1: 10:00 AM – 11:00 AM
📌Session 2: 12:00 PM – 1:00 PM

📌Fees: စုံတွဲတစ်တွဲလျှင် 40,000 MMK
📌(Bracelet နှစ်ခုဖန်တီးခွင့် + Signature Coffee နှစ်ခွက် + Cheese ပေါင်မုန့်ကြွပ်ကြော်တစ်ပွဲ ပါ၀င်ပါတယ်နော်။)

Registration Form👇
https://docs.google.com/forms/d/1lZrlEqz82w0k9xPulTUxZj4LM1r8lV0iZwi1kOZMxIM/viewform

Session နှစ်ချိန်ကနေ အဆင်ပြေရာတစ်ချိန်ကိုရွေးချယ်တက်ရောက်နိုင်ပါတယ်။Session တစ်ချိန်မှာ စုံတွဲ 6တွဲပဲ လက်ခံသွားမှာမို့ လူမပြည့်ခင် Register လုပ်ထားလိုက်တော့နော်။🤗

🎨 Glass Bottle Painting Workshop ✨Recap✨ပြီးခဲ့တဲ့ ​စနေနေ့က 11:11 Cafe & Bistro မှာလုပ်ခဲ့တဲ့ Glass Bottle Painting Work...
07/09/2026

🎨 Glass Bottle Painting Workshop ✨Recap✨

ပြီးခဲ့တဲ့ ​စနေနေ့က 11:11 Cafe & Bistro မှာလုပ်ခဲ့တဲ့ Glass Bottle Painting Workshop လေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ!✨

​Workshop မစခင်လေးတင် မိုးတွေ အရမ်းရွာခဲ့တာတောင် အရောက်လာပေးခဲ့ကြတဲ့ Participants တစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်နော်!🌧️

​အပြင်မှာ မိုးအေးအေးလေးနဲ့ 11:11 Cafe ရဲ့ Latte & Mocha ပူပူလေး သောက်ရင်း ဖန်တီးခဲ့ရတာမို့လို့ အားလုံးလည်း အကြိုက်တွေ့ပြီး Relax ဖြစ်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။🤗

အတူတူ ဖန်တီးခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်တွေနဲ့ ဖန်ပုလင်း လက်ရာတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်! 📸✨

​နောက်အပတ်မှာလည်း Glass Bottle Painting Workshop လေး ထပ်မံရှိနေဦးမှာမို့လို့ စောင့်ကြည့်ပေးကြပါဦးရှင့်!

​See you all in the next workshop! 👋🤍
​

Address

Yangon

Opening Hours

Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when THOON's Creation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share