25/08/2025
ဒီတစ်ခေါက်🧜 အဝင်းပြောပြချင်တာကတော့ ရေကူးခြင်းခေါင်းစဥ်နဲ့ အကြောင်းအရာပါ ။👌
🤔ပထမတစ်ချက်က ရေစိုခြင်းပါ ။
ဟုတ်ပါတယ် ကျနော်တို့ကလူတွေဖြစ်တဲ့အတွက် ရေကူးတဲ့အခါ ပထမဆုံးရေစိုခံရပါတယ် ရေကန်ထဲမှာ ရေကူးတာဖြစ်တဲ့အခါ ခန္ဓာကိုယ် ရေစိုတာကြုံတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ ။ (ရေ မစိုဘူးဆိုရင်တော့ ပြန်စဥ်းစားပါ)။
🤫ဒုတိယတစ်ချက်ကတော့ ချွေးမထွက်ခြင်းပါ။
အမှန်ပါပဲခင်ဗျာ ကျနော်တို့ဟာရေကူးတဲ့အခါ ချွေးမထွက်ပါဘူး ခန္ဓာကိုယ် လှုပ်ရှားချင်ပြီး ချွေးမထွက်ချင်ရင်တော့ ရေကူးပါ ။ ရေကူးတဲ့အခါ ရွာမှာဆိုရင်တော့ ရေကန်ထဲကူးလို့ရပေမဲ့ ရန်ကုန်မှာဆိုရင် ပိုက်ချံအမ်းရပါတယ်နော် (သိစေချင်လို့ပါ) ။
🤗နောက်ဆုံးတတိယအချက်ကတော့ စားဝင်အိပ်ပျော်ခြင်းပါ။
ရေကူးပြီးရင်တော့ အတော်စားဝင် အိပ်ပျော်နိုင်ပါတယ် ။
စာအရမ်းရှည်သွားပြီ ။ ဒီနေ့တော့ ဒီလောက်ပါပဲခင်ဗျာ ။
ဆိုတော့😍 လူကြီးမင်းတို့အနေနဲ့ရေကူးရင်ဘာတွေကြုံတွေ့ရလဲဆိုတာ ထပ်မံဖြည့်စွက်သွားပေးပါအုံးခင်ဗျာ😘😘 ကျေးဇူးပါ🥰😘💦💧🏊🏊