Aung Myat Thu

Aung Myat Thu 📖📖📖📚📚📚📙📙📙📘📘📘📕📕📕📒📒📒📔📔📔📓📓📓📗📗📗

ရင်ခွင်နန်းက လမ်းကလေး...........................................တကယ်ပါ...ရင်ခွင်နန်းမှာထာဝရထင်ပြိး ခိုဝင်ပေးခဲ့တာနင့်အတွ...
04/12/2025

ရင်ခွင်နန်းက လမ်းကလေး...........................................
တကယ်ပါ...ရင်ခွင်နန်းမှာ
ထာဝရထင်ပြိး ခိုဝင်ပေးခဲ့တာ
နင့်အတွက် တစ် ခဏတာ
ဖြစ်မှန်းငါမသိခဲ့ဘူး။

ပြောခွင့်မရှိတော့စကားတွေကို
ဒီရင်ခွင်နန်းမှာ သဂြိုလ်ပြီးကတည်းက
နေဝင်ချိန် တိမ်အလှတွေကိုကော
တိမ်ညိုချိန် မြစ်ကမ်းနံဘေးက အလှတွေကိုကော
ငါ...ငေးမကြည့်ဖြစ်တော့ပါဘူး။

လေတိုက်တိုင်း ယိမ်းနွဲ့ကနေကြတဲ့
ပန်းကလေးတွေကိုလည်း မကြည့်ဖြစ်တော့ပါဘူး။
ဒီဇင်ဘာလရဲ့ အလှတွေကိုကြည့်ဖို့
နံနက်ခင်းအလင်းသောက်ချိန်
ငါ မထဖြစ်တော့ပါဘူး။

မင်းနဲ့သွားဖူးတဲ့ ကော်ဖီဆိုင်လည်း
မရောက်ဖြစ်တော့သလို ကော်ဖီခါးခါး
မသောက်ဖြစ်ခဲ့တာ ကြာခဲ့ပြီ
ကာရန်လှတဲ့ ကဗျာတွေကိုလည်း
မရေးဖြစ်တာ ကြာခဲ့ပြီလေ။

မာယာ တော မှာ ငါယစ်မူးပြီး
ရင်ခုန်ဖူးတဲ့ ငါ့နှလုံးသား
ဒဏ်ရာများစွာနဲ့ နာကျင်နေပါတယ်
ဒါပေ့မယ်...ထာဝရဘဲဖြစ်ဖြစ်
တစ် ခဏဘဲဖြစ်ဖြစ် ဒီရင်ခွင်နန်းက
လမ်းကလေးကို နင်းလိုကနင်း
ကျော်လိုကကျော် လိုသလို
အသုံးပြုလို့ ခြေချနင်းသွားပါ။
နင့်အတွက် ငါ့ရင်ခွင်နန်းက
လမ်းသာသာပါ။

AMT (လမ်းပြကြယ်)

Photo-old photo(in myanmar)

Page ကို Like ပေးခြင်းဖြင့် ကူညီပါ။

ငါ...ဘီလူး.................ရင်ခုန်ဘတ်ချင် တူလိမ့်မယ်ရင်ခုန်သံချင်တော့ တူလာမှာမဟုတ်ဘူး။ချစ်တာချင်တော့ တူလိမ့်မယ်မေတ္တာချင...
16/11/2025

ငါ...ဘီလူး.................
ရင်ခုန်ဘတ်ချင် တူလိမ့်မယ်
ရင်ခုန်သံချင်တော့ တူလာမှာမဟုတ်ဘူး။
ချစ်တာချင်တော့ တူလိမ့်မယ်
မေတ္တာချင်တော့ တူလာမှာမဟုတ်ဘူး။
သစ္စာချင် တူလိမ့်မယ်
ယုံကြည်ချတ်တွေကတော့ တူလိမ့်မယ်မဟုတ်ဘူး။
ပျော်တာချင်တူ လိမ့်မယ်
ပြုံးတာချင် တူလိမ့်မယ်မဟုတ်ဘူး။
အရာအားလုံးဟာ တူသယောင်ယောင်နဲ့
စိတ်တွေကို လှည့်စားမိတာဘဲကိုးးး
ခံစားကြီးတဲ့ ငါ့အတွက်
လူတချို့ရဲ့ မာယာတွေကြား
ဘီလူး ဖြစ်နေလိမ့်မယ်။

(လမ်းပြကြယ်)

pageကို Like ပေးခြင်းဖြင့် ကူညီပါ။

ပူအိုက်တဲ့...ဆောင်းည...................................ဆောင်းတစ်ညပူအိုက်မှုနဲ့ မလိုက်ဖက်ပြတင်းပေါက်တံခါးကိုဖွင့်လို့ကြို...
13/11/2025

ပူအိုက်တဲ့...ဆောင်းည...................................
ဆောင်းတစ်ည
ပူအိုက်မှုနဲ့ မလိုက်ဖက်
ပြတင်းပေါက်တံခါးကို
ဖွင့်လို့ကြိုဆိုရပေ့မယ်
ဆောင်းလို့ သတ်မှတ်ကြတယ်။

ညဦး အချိန်ဆို
အချိန်မှန်ခုတ်မောင်း
သွားလေ့ရှိတဲ့ ရထား
၉း၃၀ (နာရီ)ခွဲဆိုတာ
ငါ အလွတ်ရနေပါပြီ။

မော့ကြည့်မိတဲ့
မျက်နှာကြပ်မှာ
မင်းပုံရိပ် ဝိုးတဝါး
(၈)နှစ်ဆိုတာ
မနေ့တနေ့ကလိုပါဘဲ။

မင်းနဲ့ဝေးပြီးကတည်းက
ငါ့အတွက်ဆောင်းဆိုတာ
ပူအိုက်ခဲ့တာ (၈)နှစ်ရှိပြီလေ။

A.M.T(လမ်းပြကြယ်)

Pageကို Like ပေးခြင်းဖြင့် ကူညီပါ။

နှလုံးသားကို...မော်ကွန်းတည်စေသူ..........................................................ဝေ့ဝိုတ်လွန်းတဲ့ တောင်တန်းတွေအလ...
04/11/2025

နှလုံးသားကို...မော်ကွန်းတည်စေသူ..........................................................
ဝေ့ဝိုတ်လွန်းတဲ့ တောင်တန်းတွေအလှနဲ့အတူ
မြေပြန့်သားလေး ကျွန်တော်ဟာ
အချစ်ဟုန်တတ် ဇွဲတွေကပ်လို့
အရောက်လာတာပါ ချစ်သူရယ်။

အချစ်အတွက့ဆိုရင် စစ်တပ်ကိုတောင်
အငှားချပြီး မင်းဆီကို
အရောက်လာမယ်ဆိုတာ
မင်းယုံပြီလား ချစ်သူရယ်။

ငါ ဝန်ခံပါတယ် ချစ်သူရယ်
အကြိမ်ကြိမ် သစ္စာဖောက်လို့
အသစ်တွေဆာလောင်နေလည်း
ငါရင်မှာကိန်းဝပ်နေတာ...ချစ်သူတစ်ယောက်သာ။

သြော်...ချစ်သူရယ် အချစ်နွံနစ်လို့သာ
တွေ့ဆုံဖို့ကြိုးစား ပျော်ပါးခဲ့ကြတာပါ
ဒါပေ့မယ့်...ငါဘဝကလေ
တောင်ကြီးမြို့ တမြို့လုံးကို ကြည့်နိုင်တဲ့
ရွှေဘုန်းပွင့်ဘုရား မြင်ကွင်းလောက်
မမြင့်မားရပါဘူး။

ချစ်သူရယ်..မင်းနေတဲ့ တောင်ကြီးမြို့လောက်လည်း
ငါ့ဘဝဟာ မအေးချမ်းလှပါဘူး
ဒါ့ပေမယ်...ငါ့နှလုံးသားရဲ့ အချစ်စိတ်ဟာ
မင်းဘဝကို အေးချမ်းစေရမယ်။

ချစ်သူရယ်...ငါ့ဘဝက
တောင်ကြီးမြို့ တန်ဆောင်းတိုင်ပွဲတော်လောက်
မခမ်းနားပါဘူး...ဒါပေ့မယ်
ငါ့နှလုံးသားကတော့ မင်းအတွက်
နန်းတော်တမျှ ခမ်းနားစေရမယ်။

တောင်ကြီးမြို့ရဲ့ ကျက်သရေဆောင်
စူဠာမုဏိစေတီတော် ပမာလည်း
မင်းဘဝကို ကျက်သရေမဆောင်နိုင်ပါဘူး
ဒါ့ပေမယ်...ငါ့ရဲ့ နှုတ်ခွန်းခြွေစကားကြောင့်
မင်း ဘဝသာယာနေစေရမယ်။

စာဖွဲ့ရင် မကုန်နိုင်တဲ့
ကဗျာဆရာရဲ့အချစ်နဲ့
အမှတ်တရတွေက
မပြောပလောက်တဲ့ နှလုံးသားမှာ
မော်ကွန်းတည်ခဲ့ပါရစေ။

ကောင်းကင်ယံကို အလှဆင်ပေးတဲ့
ကမ္ဘာကျော် မီးပုံလေးတွေရယ်
လှပလွန်းတဲ့ တောင်ကြီးမြို့ အထင်ကရတွေရယ်
ချမ်းအေးလွန်းတဲ့ ဆောင်းလမှာ
ရင်ခွင်ထက်ဝယ် မှေးစက်လို့မှီ
နွေးစေခဲ့သူရယ်...ဘယ်သော်အခါ
ဆုံရမှန်းမသိ နောက်ဆုံးတခါ
အနမ်းတပွေ့တပိုတ်နဲ့
အမှတ်တရ...ဒီ လက်ဆောင်ရယ်ယူ
ကဗျာပါးခါဖြင့် အဖန်ဖန်
အခါခါလွမ်းလျက်
ငါ့ နှလုံးသားမှာ မော်ကွန်းတည်လိုက်မယ် ချစ်သူရယ်။

(လမ်းပြကြယ်)

၄.၁၁.၂၀၁၇ ရေးသားထားသည်။

Page ကို Like ပေးခြင်းဖြင့် ကူညီပါ။

ချစ်နေဖို့ဘဲ လိုအပ်တယ်::::::::::::::::::::::::::::::::::::::::အဓိပ္ပါယ်ဖော် စကားလုံးတွေထက်ငါ့အချစ်က ပိုလေးနတ်တယ်။တင်စားစ...
29/10/2025

ချစ်နေဖို့ဘဲ လိုအပ်တယ်
::::::::::::::::::::::::::::::::::::::::
အဓိပ္ပါယ်ဖော် စကားလုံးတွေထက်
ငါ့အချစ်က ပိုလေးနတ်တယ်။
တင်စားစရာ ဥပမာတွေထက်
ငါ့အချစ်က ပိုခမ်းနားပါတယ်။
စွဲမတ်ဖွယ် အာရုံတွေထက်
ငါ့အချစ်က ပိုပြည့်စုံတယ်။

ကျော်ကြားတဲ့ သူတစ်ယောက်ထက်
မင်းရဲ့ အချစ်တော်ဘဲ ဖြစ်ချင်တယ်။
အများကို ကယ်တင်ဖို့ထက်
မင်းကို ငါကာကွယ်သလို
ငါ့ကိုမင်း ကာကွယ်တာဘဲ မတ်မောမိတယ်။

ငါ့နှလုံးသားကိုသာ မင်းသေချာသိမ်းထားပေးပါ
ကမ္ဘာ့သမိုင်းမှာ မပါလည်းရတယ်။
မင်းသမိုင်းမှာတော့ ငါပါနေဖို့အရေးကြီးတယ်
အုတ်တချတ် သဲတစ်ပွင့်ဖြစ်လည်း
မင်းအချစ်က အရေးကြီးပါတယ်။

ကြာသွားခဲ့တဲ့ အချိန်တွေဟာလည်း
ငါတို့နှစ်ယောက်အတွက် အသစ်တွေပါ
ကြာညောင်းခဲ့တဲ့ ဆောင်းညတွေဟာ
ငါတို့နှစ်ယောက်အတွက် အသစ်စက်စက်တွေပါ
နင့်အတွက်လည်း ခါ ချနေရသလို
ငါအတွက် အရာအားလုံးဟာ ဟာသတွေပါ
တို့ နှစ်ယောက်ရဲ့ နှလုံးသားက လွတ်လပ်တယ်
ချစ်နေဖို့ဘဲ လိုအပ်တယ်။
(လမ်းပြကြယ်)

Pageကို Like ပေးခြင်းဖြင့် ကူညီပါ။

ချစ်သူနဲ့ဆုံတဲ့ည============ချစ်သူနဲ့ဆုံတဲ့အချိန်ခမ်းနားထည်ဝါခြင်းတွေ ခဝါချမှိုင်းပျပျ မီးရောင်အောက်မှာချစ်စကားတွေပြောရင...
21/10/2025

ချစ်သူနဲ့ဆုံတဲ့ည
============
ချစ်သူနဲ့ဆုံတဲ့အချိန်
ခမ်းနားထည်ဝါခြင်းတွေ ခဝါချ
မှိုင်းပျပျ မီးရောင်အောက်မှာ
ချစ်စကားတွေပြောရင်း အချိန်ကုန်မိတယ်။

ချစ်သူဆီရောက်ရင်
ရင်ခုန်သံ တဒိတ်ဒိတ်နဲ့
ဘုရားသခင်ထံပါးတောင် ရောက်မလောက်ပင်
ထိုထက်ပင် ပိုရင်ခုန်ရတယ်။

တန်ဖိုးထားမြတ်နိုးခြင်းကို
အထိမ်းအမှတ်ထား အဓိပ္ပါယ်ဖွဲ့လို့
နှင်းဆီပွင့် ငါးပွင့်က တစ်ပါးသူအတွက်
အဖိုးမမြောက်ပေ့မယ် ငါ့ချစ်သူ
မင်းထံပါးမှတော့ စံတင်လောက်ပါတယ်။

ချစ်သူရယ် လျစ်လျူမရှုလိုက်ပါနဲ့နော်
အစစ်အမှန် ယစ်မူးခြင်းကို
ချစ်သူထံပါး ရရှိချင်သူမို့
တကယ်ပင် အဆိက်အတောက်ကင်းတဲ့
အချစ်ရပါရစေ ချစ်သူရေ။

AMT (လမ်းပြကြယ်)

Page ကို Like ပေးခြင်းဖြင့် ကူညီပါ။

ခံစားလိုက်ရတယ်..........................ကမ်းစပ်နားကသစ်ပင်ခြေရင်းမိုးဖွဲဖွဲကြောင့်ရေစက်တွေကျနေခိုက်ရပ်နေတဲ့ငါခံစားလိုက်ရတ...
11/10/2025

ခံစားလိုက်ရတယ်..........................
ကမ်းစပ်နားက
သစ်ပင်ခြေရင်း
မိုးဖွဲဖွဲကြောင့်
ရေစက်တွေကျနေခိုက်
ရပ်နေတဲ့ငါ
ခံစားလိုက်ရတယ်
ဒိတ်လှလှနဲ့
ချန်ရစ်ခဲ့တဲ့
ချစ်သူအကြောင်း...။

လမ်းတခုရဲ့
အဆောက်အအုံ
ဗိသုကာက
တတော်ဆန်းကြယ်
ထည်ဝါမှုတွေကြား
ငါရောက်သွားခိုက်
ခံစားလိုက်ရတယ်
ကြီးမြတ်တဲ့ ဦးနှောက်တို့က
ထိုးထွင်းမှုများ အကြောင်း...။

စားပွဲတခုပေါ်က
သစ်သီးခြင်းတခု
အရသာစုံဖွယ်ရာ
ငါ မြင်တွေ့ခိုက်
ငါခံစားလိုက်ရတယ်
မတူညီမှုတွေနဲ့
စုဖွဲ့ထားတဲ့ လောကကြီးအကြောင်း...။

နာမည်တွေကို
ရေးထွင်းထားတဲ့
သချိုင်းတခုကို
ငါဝင်သွားခိုက်
ခံစားလိုက်ရတယ်
အရာအားလုံးကို
စွန့်ပယ်သွားကြတဲ့
ဂူတွင်းက လူသားများအကြောင်း...။

တော်ပါပြီကွာ
မရေးတော့ဘူး
ဒီကဗျာတွေကိုလို့
ဆုံးဖြတ်လိုတ်တိုင်း
ခံစားလိုက်ရတယ်
ကမ်းစပ်နားရပ်နေတဲ့
လူတစ်ယောက် တွန်းချခံရဘိအလား...။
𝔸𝕄𝕋 (လမ်းပြကြယ်)

Pageကို Like ပေးခြင်းဖြင့် ကူညီပါ။

မြတ်သော ဆရာ........................ပညာသင်ယူတပည့်များသို့တက်အပ်သည်ကိုမချွင်းမချန်သင်ကြားပို့ချဘေးရန်ခပ်သိမ်းငြိမ်းစေဖို့လ...
04/10/2025

မြတ်သော ဆရာ........................
ပညာသင်ယူ
တပည့်များသို့
တက်အပ်သည်ကို
မချွင်းမချန်
သင်ကြားပို့ချ
ဘေးရန်ခပ်သိမ်း
ငြိမ်းစေဖို့လည်း
ထိန်းကျောင်းပေးရ
ဓားစိတ်ဝင်၍
အရိုင်းဖြစ်သော
ပန်းလေးများကို
ဆိုကာဆုံးမ
ကွယ်ရာတစ်မျိုး
နောက်ကွယ်ဆိုးသော
တပည့်တို့ကို
စိတ်ရှည်၊သည်းခံ
တပည့်များကို
မီးအိမ်သဖွယ်
အလင်းပြသော
မြတ်သော...ဆရာ တို့ကို၊
သိန်းသန်းများစွာ
ဂါဝရပြုပါ၏။

အောက်တိုဘာလ (၅)ရက်နေ့ ဆရာများနေ့အား ဂါဝရပြုပါ၏။

#𝘈𝘔𝘛(လမ်းပြကြယ်)




Pageကို Like ပေးခြင်းဖြင့် ကူညီပါ။

အချစ်နဲ့ကော်ဖီ----------------------အေးမြမြမိုးများကဇာတိ ရန်ကုန်မှာနေတဲ့ကျွန်တော့် အလွမ်းတွေကိုအရှိန်မြှင့်နေသလားဘဲ။ကော်...
27/09/2025

အချစ်နဲ့ကော်ဖီ
----------------------
အေးမြမြမိုးများက
ဇာတိ ရန်ကုန်မှာနေတဲ့
ကျွန်တော့် အလွမ်းတွေကို
အရှိန်မြှင့်နေသလားဘဲ။

ကော်ဖီပူပူတခွတ်က
ချစ်ခြင်းတွေမဲ့နေတဲ့
အေးစက်နေတဲ့ ကျွန်တော့်
နှလုံးသားကို နွေးထွေးသွားစေတယ်။

အပြစ်ယူ အမုန်းဖွဲ့
လွမ်းရက်တွေ မရှိစေလိုပါ
တကယ်ဆိုရင်တော့
ကျွန်တော့် နှလုံးသားမှာ
အချစ်နဲ့ကော်ဖီဟာ
အလိုအပ်ဆုံး ဖြစ်နေတယ်။

AMT(လမ်းပြကြယ်)

10/09/2025
ကိုကို့...ချစ်သူ.....................ကိုကိုလို့ သူအခေါ်အစကတော့ နားမယဥ်သူခေါ်သည့်အတိုင်း စိတ်တိုင်းမကျဖြစ်ခဲ့ရသည် ကိုကို....
30/08/2025

ကိုကို့...ချစ်သူ.....................
ကိုကိုလို့ သူအခေါ်
အစကတော့ နားမယဥ်
သူခေါ်သည့်အတိုင်း စိတ်တိုင်းမကျ
ဖြစ်ခဲ့ရသည် ကိုကို...ချစ်သူရေ။

နောင်များတော့ အခုဆို
ကိုကိုလို့ သူ့ခေါ်သံ
မကြားရရင်ဖြင့် ရင်တွင်းမှာ
လွမ်းမောရပါသည်။

ကိုကို နှလုံးသားမှာဖြင့်
ချစ်သူမရှိရင် မနေနိုင်တော့ပါ။
ကိုကိုရဲ့...အချစ်ဦးမဟုတ်ပေ့မယ်
ကိုကိုရဲ့...အချစ်ဆုံးပါ။

AMT(လမ်းပြကြယ်)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aung Myat Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category