Unseen Chronicles

Unseen Chronicles Ghost stories and Haunted experiences

မြေဖုတ်ဘီလူးများ[စ-ဆုံး]==============ရွာထိပ်၌ ကလေးငယ်များပြေးလွှား ဆော့ကစားနေကြသည်။အပူအပင် မရှိကြသည့်ကလေးဘဝကို မည်သူမဆိ...
04/05/2025

မြေဖုတ်ဘီလူးများ
[စ-ဆုံး]
==============

ရွာထိပ်၌ ကလေးငယ်များ
ပြေးလွှား ဆော့ကစားနေကြသည်။
အပူအပင် မရှိကြသည့်
ကလေးဘဝကို မည်သူမဆိုပြန်၍
လိုချင်ကြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်၊ ကစားချိန်တန်ကစားဖို့သာ သိသည့်
ကလေးဘဝသည် အင်မတန်မှအပြစ်
ကင်းစင်ကြလေသည်။

"ဝုန်း"

"အ အ အ အ"

ရုတ်တရက် ကျီးများလန့်ကာ
ပြိုသည့်အသံကြောင့် ကစားနေသည့်
ကလေးငယ်များလည်း
အပေါ်သို့မော့ပြီး ကြည့်နေကြလေသည်။
ကျီးကန်းများက ကောင်းကင်ယံ၌
ထိတ်လန့်တကြား ပျံသန်းနေကြသည်။

"နေ့ခင်းကြောင်တောင် ကျီးတွေပြိုနေပါလား၊ ဒါနိမိတ်မကောင်းဘူး။ ဘာတွေဆက်ဖြစ်မလဲမသိဘူး"

"ဟာဒေါ်ဝတုတ်ကလည်း
မပြောကောင်းမဆိုကောင်းဗျာ
ကျီးတွေကသူ့ဟာသူလန့်ပြီးပြိုတာ
အတိတ်တွေနိမိတ်တွေကောက်မနေစမ်းပါနဲ့ဗျာ။

"ဟဲ့ငပု အတိတ္တို့နိမိတ္တို့ဆိုတာ
ဟိုးရှေးလူကြီးတွေရှိစဉ်အခါကတည်းက
နိမိတ်ဆိုတာကောက်ခဲ့ကြတာ၊
လူကြီးတွေကအတွေ့အကြုံရှိကြလို့
ပြောနေတာ၊နင်မယုံရင်စောင့်ကြည့်နေပေါ့ ငပုရယ်
တို့ရွာမှာတစ်ခုခုတော့ ဖြစ်တော့မယ်"

"သွားစမ်းပါဗျာ
ခင်ဗျားပါးစပ်ပုပ်ကြီး မြောင်းထဲကရေနဲ့
သွားဆေးလိုက်စမ်းပါ။

ငပုနဲ့ဒေါ်ဝတုတ်တို့နှစ်ယောက်
ကျီးကန်းများပြိုသည့်ကိစ္စနှင့်
ပတ်သက်၍ စကားအခြေအတင်
ပြောနေကြလေသည်။

ညနေစောင်းသည်နှင့် ရွာအနောက်ပိုင်း၌ရှိသောသုသာန်ဆီမှ အရိပ်မည်းကြီးများ
ရွာထဲဆီသို့တရိပ်ရိပ်နှင့်လာနေကြလေသည်။

"အူဝူး ဝူဝူ"

"ရှူး ဖူး"

"အီ အီ"

ရွာထဲ၌ရှိသော ခွေးများသည်လည်း
ရုတ်တရက်ဆိုသလို အသံရှည်ဆွဲကာ
ဆွဲဆွဲငင်ငင် အူနေကြလေသည်။
နွားတင်းကုပ်ထဲ၌ ရှိနေသောနွားများ
သည်လည်း နှာများတဖူးဖူး မှုတ်နေကြ
လေသည်။
တချို့ အိမ်မှခွေးပေါက်လေးများက
အမြှီးကုပ်ကာ တအီအီဖြင့် လူကြားထဲသို့
အတင်းတိုးဝင်နေကြလေသည်။

"အူဝူဝူးဝူ"

"ဒီနေ့ညမှပဲရွာထဲကခွေးတွေ
တိုက်ထားတဲ့အတိုင်းပြိုင်တူအူနေကြ
ပါလား။

"မကောင်းဆိုးဝါးမြင်လို့အူတာ
နေမှာပေါ့ သမီးရယ်၊ခွေးဆိုတာက
လူတွေမမြင်ရတာကိုမြင်နိုင်စွမ်း
ရှိကြတယ်လေ သမီးရဲ့"

"အင်းအမေပြောသလိုဆိုရင်
ရွာထဲမှာ မကောင်းဆိုးဝါးရှိနေလို့
ခွေးတွေအူနေတာပေါ့နော်။

"အေးပေါ့ သမီးရဲ့မကောင်းဆိုးဝါးဆိုတာ
နေရာတိုင်းမှာ ရှိတတ်ကြတာပဲလေ"

"အမယ်လေးတွေးရင်းနဲ့
ကြက်သီးတွေတောင်ထလာပြီအမေရေ

"ဘာမှကြောက်စရာမလိုပါဘူး
သမီးရယ်၊ ဘုရားစာလေးပဲရွတ်နေပေါ့။

ရွာထဲ၌ရှိသောလူများလည်း
ထူးဆန်းလှသည့် ခွေးအူသံများကြောင့်
ကြက်သီးတဖြန်းဖြန်းထနေကြလေ
သည်။

=================

နံနက်လင်းသည်နှင့်ရွာထဲ၌
သတင်းတစ်ခုအားထူးဆန်းစွာ
ကြားလိုက်ရပေသည်။

"မြင့်ရီသားလေးဆုံးလို့တဲ့"

"ဟယ်ဟို၄နှစ်သားလေး
ငမောင်လား"

"အေးလေဟယ် မြင့်ရီလည်း
အရူးမီးဝိုင်းသလိုခံစားနေရရှာတာအေ့"

"ဘယ်လိုဖြစ်ပြီးဆုံးတာလဲအေ့
မနေ့ကတောင်ကလေးကအကောင်း
ကြီးရှိသေးတာကို။

"မနေ့ညက ၁၀နာရီထိုးလောက်
မြင့်ရီက သူ့သားငမောင် အပေါ့သွားချင်
တယ်ဆိုလို့ အိမ်သာကိုလိုက်ပို့တုန်း
ကလေးက ခြံအနောက်ဘက်ကို
လက်ညှိုးထိုးပြီး သရဲကြီးသရဲကြီးလို့
အော်ပြီးသတိလစ်သွားတာတဲ့။
အဲဒီနောက်မြင့်ရီလည်းသူ့ကလေးကို
အိမ်ပေါ်ခေါ်ပြီး တတ်သလောက်မှတ်သလောက် လုပ်ပေးတယ်ဆိုပဲ၊ ဒါပေမယ့် ကလေးက သတိပြန်လည်မလာတော့ပဲ
သန်းခေါင်ကျော်တော့ အသက်ပါပါသွား
တာတဲ့အေ"

"သနားလိုက်တာရှင်
မြင့်ရီလည်း ဘယ်လောက်ခံစားလိုက်ရ
မလဲမသိဘူးနော်။

"ခံစားရတာတော့ ပြောမနေပါနဲ့အေ
မြင့်ရီခင်မျာ တစ်ခါတစ်ခါအသိစိတ်
တောင်လွတ်သွားတယ်တဲ့အေ။
ဝမ်းနဲ့လွယ်ပြီး မွေးထားရတာဆိုတော့
မခံစားပဲနေပါ့မလားအေ။

"အင်းစိတ်မကောင်းလိုက်တာရှင်"

မမြင့်ရီ၏သားငမောင်တစ်ယောက်
ရုတ်တရက် ကောက်ကာငင်ကာ
ဆုံးပါးသွားသည့်အတွက် တစ်ရွာလုံး
ပြောမဆုံးနိုင်အောင်ဖြစ်နေကြလေ
သည်။

ရွာထဲရှိသောတချို့ လူကြီးများကငမောင်သေဆုံးရသည်မှာ
ခွေးအူသံများနှင့် ပတ်သက်နေပြီး
သွေးရိုးသားရိုး သေခြင်းမဟုတ်နိုင်ဟု
ပြောဆိုကြလေသည်။

ငမောင်အလောင်းအားညနေ
ရောက်သည်နှင့်ရွာပြင်သုသာန်၌
မြေမြှုပ်သင်္ဂြိုလ်လိုက်ကြသည်။
ငမောင်ဆုံးပါးပြီးတစ်ပတ်ပြည့်တော့
ရက်လည်ဆွမ်းတရားနာပြုလုပ်
ခဲ့သည်။
တဖြည်းဖြည်းနှင့် ငမောင်သေသည့်
အကြောင်းအား မပြောကြတော့ပဲ
မေ့မေ့လျော့လျော့ ဖြစ်သွားကြလေသည်
ငမောင်၏ မိခင်မမြင့်ရီလည်း
စိတ်ရောလူပါ လဲကျမသွားအောင်
မနည်းပင် ကုစားလိုက်ရလေသည်။

==================

ငမောင်ဆုံးပြီး ၁၄ရက်ပြည့်သည့်
ညတွင် တစ်ရွာလုံးတွင်ရှိသော
ခွေးများဆွဲဆွဲငင်ငင်အူကြလေသည်။

"အူဝူးဝူးဝူ"

"ဝေါ"

"အအအအအအအ"

"ဖူး ဖူး"

ခွေးအူသံများနောက်၌ ကပ်ပါလာသော
အသံမှာ ကျီးများလန့်ကာပြိုသည့်
အသံများဖြစ်သည်။
မရှေးမနှောင်းအချိန်မှာပင် နွားများသည်
နှာများတဖူးဖူးမှုတ်ကာတစ်ခုခုကို
ကြောက်ရွံ့ထိတ်လန့်နေကြလေသည်။

"ဟာလုပ်ပြန်ပြီဟေ့
ခွေးတွေရော၊နွားတွေရော၊ကျီးတွေပါ
ဆူညံပွက်လောရိုက်နေပါလား။
ဘာတွေဖြစ်ပြန်ပြီလဲမသိဘူးဟေ့"

ဒေါ်ဝတုတ်တစ်ယောက်
ဆူညံပွက်လောရိုက်နေသည့်
အသံများအားကြားပြီးပြောနေခြင်း
ဖြစ်သည်။

================

"မေမေ သမီးကြောက်တယ်
သမီးကြောက်တယ် "

"ဘာဖြစ်လို့လဲသမီးရဲ့ဘာမြင်လို့လဲ"

"ဟိုမှာဟိုမှာ သမီးကိုအိမ်အပြင်ကနေ
သရဲတွေအများကြီးကကြည့်နေတယ်။

"ဘယ်မှာလဲ သမီးရဲ့မရှိပါဘူး"

"မိန်းမဘာဖြစ်နေတာလဲ ကလေးက"

"မသိပါဘူးတော်
အိမ်အပြင်ကိုကြည့်ပြီးသရဲတွေလို့
ပြောနေတာပဲ။
ကျွန်မလည်းသူပြောတဲ့သရဲတွေ
မမြင်ပါဘူး"

"သမီးဖေဖေရှိတယ်နော်
ဘာမှမကြောက်နဲ့သိလား
ဘာသရဲမှမရှိဘူးနော်ဟုတ်ပြီလား။

"ဟင့်အင်း ဟင့်အင်း
ရှိတယ်ရှိတယ် သမီးကိုမျက်လုံးပြူးကြီး
တွေနဲ့ကြည့်နေကြတယ်။
သမီးကြောက်တယ် သမီးကိုသရဲကြီးတွေကခေါ်နေကြတယ်

"သမီး သမီးလေး အမေရှိတယ်လေ
လုပ် လုပ်လုပ်ပါဦး သမီးလေး
သတိလစ်နေပြီ။

"သမီး သမီးလေး"

"ငယ်ထိပ်ကိုမှုတ်လိုက် မှုတ်လိုက်"

"မရဘူးကြ
ဒုက္ခပါပဲကွာ သမီးလေး သမီး"

"အသက်မရှူတော့ဘူး သမီးလေး
အသက်မရှူတော့ဘူးယောက်ျား။

"မဖြစ်ရဘူး မဖြစ်ရဘူး
သမီးလေးသမီးလေး သမီး
အားဟားဟား"

"အီးဟီးဟီး သမီးလေးရယ်"

လင်မယားနှစ်ယောက်သမီးလေးကို
ဖက်ကာအော်ဟစ်ငိုကြွေးနေတော့
သည်။

==================

"နောက်ထပ်ကလေးတစ်ယောက်
ဆုံးပြန်ပြီဗျာ။

"ဟင်ဘယ်ကလေးလဲဗျ"

"မခင်စိန်နဲ့ကိုတင်မောင်တို့ရဲ့
သမီးလေးဗျ။

"ဟေဘယ်လိုဖြစ်ပြီးဆုံးတာလဲကွ"

"မနေ့ညက သားအဖသုံးယောက်
အိမ်ထဲမှာရှိနေတုန်း ကလေးက
သရဲတွေအများကြီးသမီးကိုကြည့်နေ
ကြတယ်လို့ပြောပြီးသတိလစ်သွားတာ
မကြာပါဘူးကလေးကအသက်ပါပါသွားတာတဲ့။

"ဖြစ်မှဖြစ်ရလေဗျာ"

ရွာထဲ၌ရှိသောလူများလည်း
ကိုတင်မောင်နဲ့မခင်စိန်၏သမီးလေး
သေဆုံးခြင်းအားစိတ်မကောင်း
ဖြစ်နေကြလေသည်။
ကလေးသေဆုံးသွားသည့်
အကြောင်းအားတစ်ရွာလုံးပြောမဆုံး
နိုင်အောင်ဖြစ်နေကြလေသည်။

================

"သောက်စမ်းပါ မြင့်နိုင်ရာ
ငါ့လက်ထဲငွေလေးရှိတုန်း
မင်းကိုတိုက်နိုင်တာကွ ချကွာ
တစ်ပုလင်းကုန်ရင်နောက်ထပ်
တစ်ပုလင်းထပ်မှာပေးမယ်"

"အိုကေဗျာ မြင့်နိုင်တို့ကတော့
အလကားတိုက်သူရှိလို့ကတော့
ဖင်ထောင်ပြီးကိုသောက်ဦးမှာဗျား။

"သောက် သောက် ဖင်ထောင်ပြီး
သောက်ရုံမကလို့ ဂျွမ်းပစ်ပြီးသောက်
ကြိုက်သလိုသောက်။

အရက်ဆိုင်ထဲ၌ ကိုမြင့်နိုင်တစ်ယောက်
ကိုဖိုးသားတိုက်သည့်အရက်များအား
တစ်ခွက်ပြီးတစ်ခွက်ဆက်တိုက်
သောက်သုံးနေလေသည်။
တစ်ပုလင်းကုန်သွားသည်နှင့်
နောက်တစ်ပုလင်းထပ်မှာပြီး
သောက်ကြလေသည်။
တဖြည်းဖြည်းနှင့်စားပွဲဝိုင်းပေါ်၌
အရက်ပုလင်း၈ပုလင်းထိပင်ရှိလာ
လေသည်။

ကိုမြင့်နိုင်လည်းထပ်မသောက်နိုင်
တော့သဖြင့်ကိုဖိုးသားကိုနှုတ်ဆက်ကာ
အိမ်သို့ပြန်လာခဲ့လေသည်။
အိမ်ပြန်သည့်အချိန်က ညနေစောင်း
နွားရိုင်းသွင်းသည့်အချိန်ဖြစ်သည်။
ကိုမြင့်နိုင်လည်းခြေလှမ်းဒယိမ်းဒယိုင်
ဖြင့်လှမ်းကာပြန်လာခဲ့လေသည်။

"အူ ဝူး ဝူ ဝူး"

"ဟငါရွာထဲပြန်လာတာနဲ့
ငါ့ကိုကြိုဆိုရေးတွေနဲ့ကြိုနေကြပါလား
ဟားဟား အူကြ အူကြ
မင်းတို့အူမှငါလည်းဒူရ ဂေ့ "

"ဟင်ဘာကောင်တွေလဲဟ
မည်းမည်းကြီးတွေ ငါ့နောက်မှာရော
ငါ့ရှေ့မှာပါဝိုင်းလို့ပါလားဟ။

"ဘာလဲ မင်းတို့က သူခိုးတွေလား
ဓားပြတွေလား၊ငါ့မှာတော့ပေးစရာဘာမှမရှိဘူး
ပေးစရာဆိုလို့ငါ့ခန္ဓာကိုယ်ပဲရှိတယ်။

ကိုမြင့်နိုင်လည်းမူးမူးရူးရူးဖြင့်
ပေါက်ပန်းလေးဆယ်ပြောလိုက်လေ
သည်။
ထိုစဉ်အရိပ်မည်းကြီးတစ်ခုကကိုမြင့်နိုင်
ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပူးကပ်သွား
တော့သည်။

ကိုမြင့်နိုင်လည်းအိမ်ထဲသို့ဝင်လာခဲ့သည်

"ဝုတ် ဝုတ် ဝုတ်ဝုတ်"

"ဟဲ့ဘိုနီ ကိုယ့်သခင်ကိုမမှတ်မိဘူးလား
သွားစမ်းတစ်နေရာရာမှာသွားဝပ်နေစမ်း
တော်ကြာဟိုကမူးမူးရူးရူးနဲ့ရိုက်လိုက်
မှဖြင့်။

ကိုမြင့်နိုင်၏ဇနီးကအိမ်၌မွေးထားသော
ဘိုနီအားထွက်သွားရန်မောင်းထုတ်
လိုက်သည်.

"ကိုမြင့်နိုင်ရယ် အရက်တွေကိုဘာလို့
အများကြီးသောက်လာတာလဲ။

"ငါသောက်ချင်လို့သောက်တာ
နင်ဘာလျာရှည်နေတာလဲ။

"ကျုပ်ကတော်မြန်မြန်သေမှာစိုးလို့
ပြောနေတာရှင့်"

"မပြောနဲ့ကွာ နားငြီးတယ်"

"ပြောရမယ် ပြောရမယ်
ရှင်နေ့တိုင်းလူမှန်းသူမှန်းမသိ
မူးရူးနေတာကျုပ်ရှက်တယ်တော့်။

"ဟာဒီမိန်းမနားငြီးတာကွာ"

"ဖြန်း"

"အမယ်လေး"

"အဖေ အဖေ အမေ့ကိုမရိုက်ပါနဲ့
သမီးတောင်းပန်ပါတယ်"

သမီးဖြစ်သူကဖခင်အားဒူးဖက်၍
တောင်းပန်ရှာသည်။

"ဖယ်စမ်း နင့်အမေကိုငါသတ်မယ်"

"မလုပ်ပါနဲ့အဖေရယ်
သမီးရှိကြီးခိုးပါတယ် မလုပ်ပါနဲ့"

"ဟာဒီကလေးနဲ့တော့"

"ကဲကြာ"

"ဝုန်း"

"သမီးလေး"

ဖခင်ဖြစ်သူကိုမြင့်နိုင်က
သမီးဖြစ်သူအားခြေထောက်ဖြင့်
ဆောင့်ကန်လိုက်ရာ သမီးဖြစ်သူလည်း
အိမ်အောက်သို့ဒလိမ့်ခေါက်ကွေး
ပြုတ်ကျသွားလေသည်။

"ဟင်သမီးလေး"

ကိုမြင့်နိုင်လည်းပုံမှန်အသိစိတ်
ပြန်ဝင်လာကာ သမီးဖြစ်သူအနားသို့
အပြေးအလွှားရောက်လာသည်။

"သမီးလေး သမီး"

"ခေါင်းမှာလည်းသွေးတွေနဲ့ပါလား
သမီးကိုခေါ်လို့မရတော့ဘူး ကိုမြင့်နိုင်
အဲဒါရှင့်ကြောင့် ရှင်အရက်ကိုလူမှန်းသူမှန်းမသိအောင်
သောက်ပြီးပြန်လာလို့ သမီးလေးအခုလို
ဖြစ်ရတာ"

"သမီး သမီးအဖေခေါ်နေတယ်လေ
သမီးလေး ဖြစ်မှဖြစ်ရလေကွာ"

"အခုမှငိုပြနေလည်း သမီးလေးက
အသက်ပြန်ရှင်မလာတော့ဘူး၊သမီး
သေရတာရှင့်ကြောင့် ရှင့်ကြောင့်"

"မဟုတ်ဘူး သမီးလေးကိုသတ်တာ
ငါမဟုတ်ဘူး ငါမဟုတ်ဘူး၊ငါ့မှာ
လူစိတ်အပြည့်ရှိတယ် ငါချစ်တဲ့ငါ့သမီးလေးကို သတ်ရလောက်အောင် ငါမရူးသေးဘူး။
ငါစောနက ဖြစ်ခဲ့တာတွေ ငါဘာမှမမှတ်မိဘူး ငါဘာမှမသိဘူး
ငါ့ကိုတော့မစွပ်စွဲပါနဲ့ မိန်းမရယ်
သမီးလေးကိုငါမသတ်ဘူး။

"အီးဟီးဟီး"

ကိုမြင့်နိုင်တို့လင်မယားနှစ်ယောက်
သမီးဖြစ်သူအလောင်းအားပွေ့ဖက်
ကာငိုကြွေးနေကြလေသည်။
ကလေးမလေး၏ဝိညာဉ်အား
စားသုံးလိုက်ရသောမကောင်းဆိုးဝါး
တို့သည်လည်းကိုမြင့်နိုင်အနီးမှ
ထွက်ခွာသွားသည်ကိုမည်သူမှ
မမြင်ကြရပေ။

==================

"ရွာထဲမှာနောက်ထပ်ကလေး
တစ်ယောက်ဆုံးပြန်ပြီအေ"

"ဟဲ့ဘယ်သူ့ကလေးဆုံးလို့တုန်း"

"အရက်သမားမြင့်နိုင်ရဲ့သမီးလေးလေ"

"ဟောတော့် ဘယ်လိုဖြစ်ရတာလဲအေ"

"ဘယ်လိုဖြစ်သလဲဆိုတော့
မနေ့ကညနေမိုးချုပ်ချုပ် မြင့်နိုင်က
အရက်တွေမူးပြီးပြန်လာတာတဲ့အေ့
အိမ်လည်းရောက်ရော သူ့မိန်းမနဲ့
စကားများကြတယ်တဲ့။
မြင့်နိုင်ကသူ့မိန်းမကိုလက်ပါပြီး
ရိုက်နှက်တော့ ကလေးမလေးက
သူ့အမေကိုမရိုက်ဖို့ ဝင်ပြီးတောင်းပန်တဲ့အချိန် မြင့်နိုင်က
သူ့သမီးကိုဒေါသတကြီးနဲ့ဆောင့်ကန်ချလိုက်တာ၊ကလေးမလေးလည်း
ယောက်ျားအားနဲ့အကန်ခံလိုက်ရတော့
အိမ်ပေါ်ကနေလွင့်စင်ကျပြီး
အုတ်ခုံနဲ့နောက်စေ့နဲ့ရိုက်မိပြီး
ပွဲချင်းပြီးဆုံးသွားတာတဲ့လေ"

"ဘုရားဘုရားဖြစ်မှဖြစ်ရလေဟယ်
မအေကြီးတော့ဘယ်လောက်ရင်ကျိုး
နေမလဲမသိဘူးအေ။

"မအေတင်မဟုတ်ဘူးဟေ့
မြင့်နိုင်လည်းသူ့သမီးဆုံးတော့အရူး
တစ်ပိုင်းကိုဖြစ်လို့။

"အံမယ် သူကသတ်ပြီးတော့
အခုမှငိုပွဲချနေတယ်ပေါ့လေ"

"အဲလိုလည်းမဟုတ်လောက်ဘူးအေ့
မြင့်နိုင်ကသူ့သမီးကိုသိပ်ချစ်တာ
တစ်ရွာလုံးလည်းသိနေတာပဲ။
သူ့သမီးကိုသတ်ဖို့နေနေသာသာ
လက်ဖျားနဲ့တောင်ရိုက်တာမဟုတ်ဘူး
ပြီးတော့မြင့်နိုင်ကပြောသေးတယ်
သူအိမ်ပြန်လာတုန်းကလမ်းမှာ
အရိပ်မည်းမည်းကြီးတွေကိုမြင်ခဲ့ရတယ်တဲ့။
အရိပ်မည်းကြီးကသူ့ကိုဝင်ပူးလိုက်တာဆိုပဲ၊အဲဒီနောက်ပိုင်းသူဘာမှမသိတော့ဘူးတဲ့
သူ့သမီးကိုသတ်မိမှအသိစိတ်ပြန်ဝင်လာ
တာတဲ့လေ။

"ဒါကလည်း သူအမှုပေါ့အောင်
လျှောက်ပြောတာဖြစ်ချင်ဖြစ်မှာပေါ့
အမူးသမားစကားဆိုတော့
ယုံရတာမှတ်လို့။

"ဒါတော့ဒါပေါ့ဟာ
ဒါပေမယ့်အခုငါတို့ရွာမှာ
ဆယ်ရက်တစ်ခါလောက်ကလေးတွေအကြောင်းမဲ့သေနေလို့ရွာလူကြီးလည်းရွာဦးကျောင်းဆရာတော်က
ိုလျောက်ထားပြီးအကူအညီတောင်း
မလို့ဆိုပဲ။

"ကောင်းတာပေါ့ဟာ
ဆရာတော်ကသီလဂုဏ်၊သမာဓိဂုဏ်နဲ့
ပြည့်စုံတဲ့သူဆိုတော့ဆရာတော်
ကူညီရင်ဒီဒုက္ခတွေကင်းဝေးမယ်လို့
ငါတော့ယုံကြည်တယ်ဟာ"

"ငါလည်းတို့ရွာကြီးအရင်လို
အေးအေးချမ်းချမ်းပြန်ဖြစ်စေချင်ပါပြီ
ကြားရတဲ့သတင်းတွေက
စိတ်မချမ်းမြေ့စရာချည်းပဲ။

"ဟုတ်ပါ့အေ"

ရွာထဲမှလူများလည်းဆယ်ရက်
တစ်ခါကလေးတစ်ယောက်ခန့်
သေဆုံးနေသည့်အတွက်စိုးရိမ်ပူပန်
နေကြရလေသည်။

"ဒကာကြီးတောင်ကျောင်းမရောက်တာ
ကြာပါပြီကော"

"မှန်ပါ့ဘုရား
တပည့်တော်လည်းအလုပ်တွေရှုပ်နေတာနဲ့အရှင်ဘုရားဆီမရောက်ဖြစ်တာပါ
ဘုရား။
အခုတော့ရွာမှာခိုက်နေလို့
အရှင်ဘုရားဆီပြေးလာခဲ့ရတာပါဘုရား။

"ဘာတွေဖြစ်နေလို့လဲကွဲ့"

"တင်ပါ့ဘုရား အခုတလောရွာထဲမှာ
ဆယ်ရက်ခြားတစ်ခါ ကလေးတစ်ယောက် သေဆုံးနေကြပါတယ်ဘုရား။
သေဆုံးသွားတဲ့ကလေးတွေရဲ့
သေခြင်းဟာလည်းပုံမှန်မဟုတ်ဘူး
ဘုရား၊ပထမဆုံးပါးသွားတဲ့ကလေးနဲ့
ဒုတိယမြောက်ဆုံးပါးသွားတဲ့ကလေးဟာသေတဲ့ပုံစံခြင်းအတူတူပါပဲဘုရား
ကလေးနှစ်ယောက်လုံးက သရဲတွေသရဲတွေလို့အော်ပြီး အသက်ပါသွားကြတယ်ဘုရား။
နောက်ဆုံးတစ်ယောက်ကတော့
အရက်သမားမြင့်နိုင်ရဲ့သမီးလေးပါ
ဘုရား"

"ဒကာမြင့်နိုင်ရဲ့သမီးလေး
ဆုံးပါးသွားတဲ့အကြောင်းကိုဆရာတော်
ကြားသိရပါတယ်။
ဒကာမြင့်နိုင်ကိုရဲတွေဖမ်းသွားတာလည်း
သိပါတယ်၊မကောင်းတဲ့အရာတွေက
ဝင်ရောက်ပူးကပ်ပြီးကိုယ့်သမီးကို
ပြန်သတ်လိုက်တယ်ဆိုပဲ၊ဒါဟာကလေး
တွေကိုပဲပစ်မှတ်ထားပြီး တိုက်ခိုက်တတ်တဲ့ မြေဖုတ်ဘီလူးတွေလို့
ဆရာတော်မြင်မိတယ်၊မြေဖုတ်ဘီလူးဆိုတာမျိုးက
သေသွားတဲ့ကလေးငယ်ရဲ့ခန္ဓာကိုယ်မှာ
ပူးကပ်ပြီးတခြားကလေးတွေကို
လိုက်သတ်တယ်၊သေတော့မှသူတို့စား
ကြတယ်ကွဲ့။
လူတိုင်းကိုတော့သေအောင်လုပ်လို့
မရဘူး၊အစောင့်အရှောက်ကောင်းတဲ့
ကလေးတွေ၊ဘုန်းကံကြီးတဲ့ကလေးတွေ
အကာအကွယ်လုပ်ထားတဲ့ကလေးတွေဆိုရင်သူတို့လုပ်လို့မရဘူး။
သူတို့လက်နဲ့ကလေးတွေကိုသတ်လို့
မရရင်အမူးသမားဆေးသမားတွေကို
သတ်အောင်သူတို့ကစေ့ဆော်ပေးကြ
တယ် ဒကာကြီး"

"တင်ပါ့ဘုရား
ဒါဆိုတပည့်တော်ရွာကိုအရင်လို
သန့်စေဖို့အရှင်ဘုရားကူညီစောင်
မပေးပါအုံးဘုရား"

"ကောင်းပြီဒကာကြီး
ပထမဦးဆုံးသေသွားတဲ့အလောင်းကို
ပြန်ဖော်ကြည့်လိုက်ပါ။
အကယ်၍ကလေးအလောင်းဟာ
ပုပ်ပွမနေပဲအကောင်းပကတိရှိနေရင်
မြန်မြန်မီးရှို့လိုက်ပါ။
နောက်ပြီးကလေးမှန်သမျှကို
တမာသားနဲ့ကြေးစည်ပုံစံထွင်းထုပြီး
လည်ပင်းမှာဆွဲထားပေးဖို့လိုလိမ့်မယ်။

"တင်ပါ့ဘုရား တပည့်တော်ဦးဆောင်ပြီး
လုပ်ဆောင်လိုက်ပါ့မယ် ဘုရား။

"ကောင်းပြီဒကာကြီး"

ရွာလူကြီးလည်းအိမ်ပြန်ရောက်သည်နှင့်
ကာလသားများအားသင်္ချိုင်းသို့
ခေါ်လာပြီး ပထမဆုံးသေဆုံးသွားသည့်
ကလေးငယ်၏အလောင်းအားတူးဖော်
စေသည်။

ကလေးငယ်၏အလောင်းမှာ
ထူးထူးခြားခြားဆိုသလိုမပုပ်မသိုးပဲ
ရှိနေလေသည်။
သွေးကြောလေးများမှာအသက်ရှိနေ
သောလူတစ်ယောက်ကဲ့သို့ စိမ်းနေသည်။

ရွာလူကြီးလည်းကလေးငယ်၏
အလောင်းအားချက်ချင်းမီးရှို့ရန်
ပြောလိုက်လေသည်။
ကာလသားများလည်းကလေးငယ်၏
အလောင်းအားမီးရှို့လိုက်ကြသည်။
ရွာပြန်ရောက်သည်နှင့်တမာသားများအားကြေးစည်ပုံစံထွင်းထုကာ
ကလေးသူငယ်များ၏လည်ပင်း၌
ဆွဲထားစေသည်။

ရွာဦးကျောင်းဆရာတော်၏
ကူညီစောင်မမှုကြောင့် ရွာထဲဝင်ကာသောင်းကျန်းနေသော
မြေဘုတ်ဘီလူးများလည်းကလေးငယ်များ၏အနားသို့ကပ်၍မရသဖြင့် ရွာထဲမှထွက်သွားကြတော့သည်။

ပြီးပါပြီ။

#မြေဖုတ်ဘီလူး #စုန်းကဝေ #နာနာဘာဝ
#ပရလောက #ပရလောကဖြစ်ရပ်မှန်
#သရဲ #တစ္ဆေ #မ‌ကောင်းဆိုးဝါး

နောက်ဆုံးခရီးသည် (The last Passenger)     ရထားအိုကြီးတစ်စင်းသည် ညမှောင်မှောင်မဲမဲကို ထိုးခွင်းပြီး ခုတ်မောင်းနေခဲ့သည်။ အ...
23/03/2025

နောက်ဆုံးခရီးသည် (The last Passenger)

ရထားအိုကြီးတစ်စင်းသည် ညမှောင်မှောင်မဲမဲကို ထိုးခွင်းပြီး ခုတ်မောင်းနေခဲ့သည်။ အကွေ့တစ်ခု‌ရောက်တိုင်း ရထားတွဲလွတ်များက ယိမ်းနွဲ့နေလေသည်။ လုပ်သက်ရင့် ရထားလက်မှတ်စစ်အဘိုးအိုက ခေါင်းခန်းကနေစပြီး တစ်တွဲပြီးတစ်တွဲ လျှောက်လာနေခဲ့သည်။ ၎င်းရထားက ထိုနေ့ည၏နောက်ဆုံးခရီးစဉ်ဖြစ်သည်။ ထုံးစံအတိုင်းတိတ်ဆိတ်နေတတ်ပြီး အထီးကျန်ချင်စရာကောင်းနေခဲ့ပါသည်။

နောက်ဆုံးတွဲကို အဘိုးအိုရောက်ချိန်မှာ ပြတင်းပေါက်ဘက်ခုံတစ်ခုတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သွေးရောင်မရှိဟုထင်ရလောက်အောင် ‌ဖြူရော်နေသောမျက်နှာကို သတိထားမိလိုက်သည်။ အဝတ်အစားများမှာလည်း ရန်ဖြစ်သတ်ပုတ်ထားသလို စုတ်ပြဲတွန့်ကြေနေသည်။ လက်ဖျံနှင့် လည်ပင်းများမှာလည်း သွေးစသွေးနများ ပေကျံနေသေးသည်။ အဘိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး တွေဝေသွားခဲ့ပြီ။ အခုရထားတွင် ခရီးသည်မပါချေ၊ ရထားမထွက်ခင်တည်းက ခရီးသည်စာရင်းစစ်ဆေးပြီးခဲ့ပြီးဖြစ်သည်။ ထုံးစံအတိုင်း အလေအလွင့်လူငယ်လေးများ ရထားခိုးစီးပြန်ပြီဟုလည်း တွေးလိုက်မိသည်။

သို့သော် ဦးထုပ်ကိုသပ်သပ်ရပ်ရပ်ပြန်ဆောင်းကာ သူမအနားချဉ်းကပ်လိုက်သည်။ ထိုင်ခုံနားအရောက်တွင် ကျောရိုးတစ်‌လျှောက် အေးစက်စက်ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ သူ့ရင်ဘတ်ကို မမြင်ရတဲ့အရာတစ်ခုဖြင့် ဖိထားသကဲ့သို့ လေးလံနေသလို ခံစားနေခဲ့ရသည်။ ထိုစဉ် အမျိုးသမီး၏ ခေါင်းက အနည်းငယ် လှည့်လာကာ အမှောင်ထုထဲသို့ စိုက်ကြည့်နေသည်။

အဘိုးအိုသည် လက်မှတ်တောင်းမစစ်ခင် လုပ်နေကျဖြစ်သော အိတ်ဆောင်နာရီကို လှမ်းယူကြည့်လိုက်သည်။ ညသန်းခေါင် ဖြစ်နေပြီ။

ရထားက ရုတ်တရက်ယိမ်းထိုးသွားသည်။ မီးရောင်တွေ တဖျပ်ဖျပ်ခတ်သွားသည်။ အပြင်လောကသည် အမှောင်ထုအတိဖုံးအုပ်သွားခဲ့ပြီး အခြားဘာမှမရှိပေ။

ရထားက တဟုန်ထိုးသွားနေရာကနေ တဖြေးဖြေးအရှိန်လျော့လာကာ ဘူတာလည်းမရှိ အလင်းရောင်လည်းမရှိသော နေရာတစ်ခုအရောက်တွင် ရပ်သွားခဲ့သည်။

ရထားတွဲ၏ တံခါးမှာ အလိုလိုပွင့်သွားခဲ့သည်။ အဘိုးအိုလည်း ထူးဆန်း၍ အပြင်ဘက်ကို အသင့်ပါလာသော ဓာတ်မီးနှင့် ထိုးကြည့်မိသေးသည်။ မြေခြောက်ခြောက်နဲ့ မြက်ရိုင်းတောကလွဲ၍ ဘာမှမတွေ့ရချေ။ သို့သော် ထိုင်ခုံကို ပြန်ကြည့်လိုက်တော့ အမျိုးသမီးမှာမရှိတော့ပေ။

ယင်းအမျိုးသမီးရှိနေခဲ့သော ပြတင်းပေါက်၏မှန်တွင် ခပ်မှိန်မှိန် လက်ဝါးရာနှစ်ခုသာ တွေ့ရပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် အဘိုးအိုက တုန်လှုပ်ချောက်ချားလာခဲ့ပြီး ခေါင်းတွဲစက်ခန်းထဲသို့ သုတ်ခြေတင်ပြေးလွှားသွားတော့သည်။
..... The End ......

မိတ်ဆွေတို့ရဲ့ တုန်လှုပ်ချောက်ချားခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေ၊ ကြုံခဲ့ မြင်ခဲ့ ကြားခဲ့ရတဲ့ ပရလောက အကြောင်းအရာ အဖြစ်အပျက်တွေကိုလည်း Page မှာ လာပြီး မျှဝေပေးဖို့ ဖိတ်ခေါ်ပါရစေ။

#သရဲပုံပြင်များ
#သဘာဝလွန်ပုံပြင်များ
#ဂမ္ဘီရဖြစ်ရပ်ဆန်းများ
#ပရလောက
#သဘာဝလွန်ဖြစ်ရပ်
#လျှို့ဝှက်ဆန်းကြယ်
#ဂမ္ဘီရ #သရဲ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Unseen Chronicles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category