14/06/2026
ပဉ္စပါပီ ...
ရုပ်ဆိုးသလောက် ခန္ဓာကိုယ်နဲ့
ထိတွေ့ မိသူတိုင်း .. စွဲလန်း ခဲ့ရသူကြီး ..
ပစ္စေက ဗုဒ္ဓ ကို .. ရွှံ့ လှူခဲ့တဲ့ အကျိုးက
အထိအတွေ့ကို နူးညံ့မှု ရခဲ့တာ ..
ဒါပေမယ့် .. မထေရ်မြတ်ကို
ဘာ ဖု တယ် မသိဘူး ...
ဒေါနဲ့ မောနဲ့ .. ကြည့်မိ ခဲ့တယ် ဆိုပဲ 😳
အဲဒီ အပြစ်က.. ရုပ်ဆိုး သွားခဲ့ရတယ်
သူ့ကို မြင်မိတဲ့သူတိုင်း .. ဒဲ့ ရွံရတဲ့ အထိပဲ ..
အေး ...
အထိ အတွေ့လေးနဲ့ ပြန်ထိန်း ထားလို့သာ
ပဉ္စပါပီရယ်လို့ .. ဟော့ ဖြစ်လာတာ ...
ဗာရာဏသီမင်းကြီးတောင်မှ
ပဉ္စပါပီရဲ့ အထိတွေ့မှာ .. မျောပါ ခဲ့ရတာ
မအိပ်နိုင် .. မစားနိုင် နဲ့ ယင်း ထပြီး
ပါပီလေးရဲ့ မိဘတွေဆီမှာ တောင်းရမ်းပြီး
မိဖုရား တင်မြှောက် ပစ်လိုက်တာ ...
ဆိုတော့ ...
မင်းကြီးက ပဉ္စပါပီ ကို ထိတဲ့ အချိန်
မျက်လုံး မှိတ်ထားလား .. အဝတ်စည်းထား လား
ဒါ .. တွေးမှ ရမယ်
ပါပီ ကို မြင်မိသူတိုင်း .. ရွံကြတယ် ဆိုတော့
ဘယ်လို တက်ကနစ်တွေ သုံးကြမလဲ
မင်းကြီးမျက်နှာ ကို
အဝတ်တွေ ဘာတွေ စည်းရင်.. သေချာပြီ
" B**M " အစ ဗာရာဏသီ က ပဲ "
တစ်ရက်သား ...
ပဉ္စပါပီ အိမ်မက် မက်တယ်
သူက မင်းနှစ်ပါးရဲ့ မိဘုရားဖြစ်တယ် တဲ့
အာ့.. မင်းကြီးကို ပြောပြတော့
လာစမ်း.. ပုရောဟိတ်တွေ အိမ်မက်ကို
အတိတ် ကောက်စမ်း ပေါ့ ...
ဘုရင့်မယားမို့သာ သီးခံ နေရတာ
မျက်နှာမြင် ဒဲ့ရွံ နေကြရတာ .. ဆိုတော့ကာ
ဒါ .. အခါကောင်းပဲ .. ကိုင်း.. ဝိုင်းလှော် ကြစို့ 😏
" မှန်ပါ 🙏 .. မင်းကြီး
အသက်အန္တရာယ် စိုးရိမ် ရကြောင်းပါ ဘုရား "
ကိုင်း.. မှတ်ပလား 😏
" ဒီလိုလည်း မဖြစ်တန်ရာဘူး ...
အသက်ရှင်ရင် မိဘုရား က .. ရှာလို့ ရတယ်
ကဲ .. ဖောင်ဖွဲ့ ပြီးသာ မျှောလိုက် ပေတော့ ..
ဒီလိုနဲ့ ... ပဉ္စပါပီမယ် ဖောင်ကြီး စီးပြီး
လွင့်လာ လိုက်တာ ..
ဗာဝတီ မင်းကြီးနဲ့ ဆုံပါ လေရော ..
ဖောင် ကနေ ကမ်းပေါ်တက်တော့
ဗာဝတီမင်းကြီး က
လက်လှမ်း ပေးတယ် ထင်ပါတယ် ..
အာ့မှာ .. ဗာဝတီမင်းကြီး ကျွံတော့ တာပဲ
တခါတည်း မိဖုရား တန်းကောက်တာ..
မူးမတ်တွေက တားကြ ပါသေးတယ်
ဗာရာဏသီ ပန်တော်ကျကြီးကို မယူပါနဲ့
အသစ်ရှာပါ 🙏 .. ဘုရား ပေါ့..
မှုန်ယို နေတော့ မရပါဘူး ... 😔
ဗာဝတီမင်းကြီးက ပြန်ပက်တယ်..
" မှတ်ထား ... သားရီးတို့
ပန်းကန်ဆိုတာ ဘယ်သူစားစား
ရေဆေးလိုက်ရင် ပြောင်သွားတာပဲ " တဲ့
အေးတာပဲ ...
ဗာရာဏသီသွေး ... ရေဆေးပစ်မယ် ..ဟေ့ 😎
ဒီ သတင်းကို ဗာရာဏသီမင်းကြီးဆီ ပြန်ပေါက်တော့
လွှတ်တဲ့ ငါး .. ကြီးပြန်ပါတော့တယ် ...
" ဟေ့ ... ငါ့ မယား ပြန်ပေး မလား
စစ်မက် ခင်းမလား .. တစ်ခုရွေး ဗာဝတီ "
" လက်ရှိ officially ဖြစ်တာ.. ငါ ဟ 😏
မယားတော့ မရဘူး ဓါးပဲ ရမယ် "
အပြန်အလှန် စာပို့ပြီး.. သကာလ
သွေးကောင်း နေလိုက်ကြတာ ဆိုတာ ...
နောက်တော့ ချိန်းပြီး F2F ဒဲ့ရှင်း ကြတော့
နှစ်ဖက်တိုင်းပြည်က မူးမတ်တွေက..
" စမူ တစ်ခု ရယ်ကြောင့်
ပူမှုရယ်တဲ့ ဆယ်ကုဋေ
နှစ်ပြည်ထောင် ဘူဆောင် စေတော့မယ် ဟဲ့
မဖြစ် ချေဘူး " ... ဆိုပြီး 🙄
" မှန်ပါ 🙏 ... ပြည်သူတွေကို ငဲ့ညှာ တတ်သော
မင်းကြီးများ ဖြစ်လို့
နှစ်ပြည်ထောင် အပေါ် ငဲ့ညှာ သနားသော.. အားဖြင့်
ပဉ္စပါပီအား ခုနှစ်ရက်စီ အလှည့်ကျ မိဘုရား
ပြုကြပါ ဘုရား " 🙏
အာ့မှာ ..ပါပီ က
ဘာကိစ္စက ငါက နှစ်လင် ယူပြီး
အလှည့်ကျ နေရ မတုံး 😏
" ဒမှာ .. ဗာရာဏသီမင်းကြီး
အစိမ်းခွဲ ခံရတဲ့ နှလုံးသားဟာ
အလွယ်တကူ ကျက်ဖို့ လွယ်တတ်သလား 😢
ဖောင်နဲ့ မျှောပြီး ရက်စက် တတ်တဲ့
အရှင့် နှလုံးသားက .. ခုမှ ချစ်တတ် လာတာလား
ဖြေစမ်းပါ ..ဒီတစ်ခုတော့ ဖြေပေးစမ်းပါ " 😔
" အို ... နှမငယ် ... ပါပီ "
ကြယ်တွေကို ဖြုတ်ချမိတဲ့ ကောင်းကင် ဟာ
လမင်း တစ်စင်း ကို .. အမြန်တင်ရတယ် တဲ့
ကိုယ်က မင်းကို ကြယ်လေး မှတ်နေတာ
တကယ်က .. ကိုယ့် ရင်ခွင်ကို
ထွန်းလင်း စေမယ့် လမင်းကြီးပါပဲ " 😩
" မင်းသာ ပြန်လိုက်သွားရင်
ကိုယ့်ခေါင်းအုံးလေး က ကိုယ့်ကို
ကျိမ်ဆဲ နေတော့မှာပေါ့ ပဉ္စပါပီ ရယ် " 😥
" ဘာကြောင့်များလဲ မောင်ကြီးဗာဝတီ "
" မင်းအကြောင်းတွေ အမြဲ တွေးနေတဲ့
ကိုယ့်ခေါင်းဟာ
တဖြည်းဖြည်း လေးလာတော့မှာ မလို့ တဲ့..
နှစ်ယောက်ကြားမှာ ဗျာများရတဲ့ ပါပီ
နောက်ဆုံး ... တော်ကီချုပ်တွေရဲ့ ဖော မှာ
ဒုတိယအကြိမ် .. ထပ်မျော ခဲ့ရတဲ့ .. ပဉ္စပါပီ
ဘုရင်နှစ်ယောက်ဆီမှာ တစ်ပတ်ဆီ
မိဘုရား အလှည့်ကျ ပြုပြီး နေရသတဲ့ ...
စစ်ဖြစ်မယ့် ဘေးဟာလည်း
ဒီလိုနဲ့ပဲ .. ငြိမ်းအေး သွားခဲ့ကြတယ် ..
အင်း ...
ရွှံ့လှူခြင်း အကျိုးတွေ ... ကြည့်စမ်း
အေး .. ကြို ပြောထားမယ်နော် 😏
လင်ရမယ့် နည်း .. တွေ့ပဟ ဆိုပြီး
ဘုန်းဘုန်းတွေ တွေ့ရင် .. ရွှံ့လှူဖို့ မစဉ်းစားနဲ့
ထရိုက် လိမ့်မယ် ...
ပဉ္စပါပီပဲ ရမယ် .. နင်တို့ မရဘူး
သွား မယွကြနက် .. 🙄
😎 ညီမလေး 😎
#ဟာသ