Gallery Ohmar

Website Contact the establishment

Gallery Ohmar No (20), Damayone Street, Hlaing Township, Yangon. Close dates: Every Monday and Tuesday

Gallery Ohmar is calling for Creative Digital Artists!သင်ဟာ Digital Artist တစ်ယောက်ဆိုရင် ဒီ post က သင့်အတွက်ပါ💁‍♀️ဟုတ်ပ...
12/09/2026

Gallery Ohmar is calling for Creative Digital Artists!

သင်ဟာ Digital Artist တစ်ယောက်ဆိုရင် ဒီ post က သင့်အတွက်ပါ💁‍♀️
ဟုတ်ပါတယ် Gallery Ohmar က Digital Artists တွေ ခေါ်ယူနေပါတယ်

စိတ်ဝင်စားတယ်ဆိုရင် သင့်ရဲ့ portfolio နဲ့အတူ Gallery Ohmar ကို လာရောက်ဆက်သွယ်နိုင်ပါပြီ

📩 အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်ရန်
Gallery Ohmar page: Messenger
Viber: 09 974 835 663 / 09 402 959 559

Gallery Ohmar is Calling for Creative Digital Artists! 🎨✨

Are you a Digital Artist? Then this post is for you!

Yes, Gallery Ohmar is looking for creative Digital Artists to join an exciting upcoming opportunity.

If you’re interested, feel free to reach out to Gallery Ohmar and share your portfolio with us.

📩 Contact Us
Gallery Ohmar page: Messenger
Viber: 09 974 835 663 / 09 402 959 559

ကမ္ဘာကျော် အနောက်တိုင်းပန်းချီဆရာကြီး နှစ်ဦးဖြစ်တဲ့ Van Gogh နဲ့ Gauguin တို့သာ ရှေးဟောင်းအမွေအနှစ်တွေ ကိန်းဝပ်ရာ ပုဂံမြ...
10/09/2026

ကမ္ဘာကျော် အနောက်တိုင်းပန်းချီဆရာကြီး နှစ်ဦးဖြစ်တဲ့ Van Gogh နဲ့ Gauguin တို့သာ ရှေးဟောင်းအမွေအနှစ်တွေ ကိန်းဝပ်ရာ ပုဂံမြေဆီ ရောက်ရှိလာခဲ့ရင်….....

Van Gogh and Gauguin Visit Bagan by Artist M.P.P Yei Myint
—————————
Artist M.P.P Yei Myint
6' × 4' | Oil on Canvas
Available 🍀

What if world-renowned Western art masters Van Gogh and Gauguin had traveled to the ancient, heritage-rich land of Bagan?……
Van Gogh and Gauguin Visit Bagan by Artist M.P.P Yei Myint
—————————
Artist M.P.P Yei Myint
6' × 4' | Oil on Canvas
Available 🍀

Arimadanapura: Layers Of Time Lacquer Exhibition English below ⬇️ အချိန်ဆိုတာ ကုန်လွန်သွားရုံတင် မဟုတ်ဘဲ အလွှာပေါင်းများ...
09/09/2026

Arimadanapura: Layers Of Time Lacquer Exhibition

English below ⬇️

အချိန်ဆိုတာ ကုန်လွန်သွားရုံတင် မဟုတ်ဘဲ အလွှာပေါင်းများစွာအဖြစ် တို့ရဲ့ စိတ်နှလုံးနဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းပေါ်မှာ ထပ်ဆင့်ကျန်ရစ်ခဲ့တာပါ။ ရှေးဟောင်းရိုးရာ လက်ရာများမှသည် ခေတ်ပြိုင် အနုပညာဟန်များအထိ ခေတ်အဆက်ဆက် အလွှာထပ်ခဲ့သည့် သမိုင်း၊ ယဉ်ကျေးမှုနှင့် အလှတရားတို့ကို ခံစားနိုင်မည့် “Layers of Time” ယွန်းအနုပညာပြပွဲကြီးသို့ အနုပညာချစ်မြတ်နိုးသူ အပေါင်းအား ခင်မင်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ပြပွဲတွင် အတိတ်၏ အနုပညာအမွေအနှစ်များနှင့် ပစ္စုပ္ပန်၏ စိတ်ကူးဉာဏ်တို့ ပေါင်းစပ်ပုံဖော်ထားသည့် ယွန်းအနုပညာဖန်တီးမှုများကို မြင်တွေ့ ခံစားကြရမည်ဖြစ်ပါသည်။

ပြပွဲရက်စွဲ: [17,18,19,20 September ]
အချိန်: [မနက် ၁၀နာရီမှညနေ ၅နာရီအထိ]
နေရာ: Gallery Ohmer

ဝင်ကြေးမရှိ အခမဲ့ (Free Entry) ဖြစ်သော်လည်း ပြပွဲသို့ လာရောက်ကြည့်ရှုရန်အတွက် လူဦးရေ ကန့်သတ်ထားပါသဖြင့် ကြိုတင် Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSeL3ZJSUeIfFaCsg79VsNTgNpAIediqn5DsD20cQ74AbWFUjg/viewform

မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

Time does not simply pass by; it leaves behind layers upon layers within our hearts and cultural history.
We warmly invite all art lovers to experience “Layers of Time,” a lacquer art exhibition that highlights history, culture, and beauty layered through generations—from ancient traditional craftsmanship to contemporary artistic styles.
At Gallery Ohmer, you will discover unique and innovative lacquer works that blend the artistic heritage of the past with the creative vision of the present.

Event Details
📅 Date: September 17 - 20
⏰ Time: 10:00 AM – 5:00 PM
📍 Location: Gallery Ohmer
🎟️ Entry: Free Admission
⚠️ Note: Space is limited, so please pre-register using the link below (or in our bio).

🔗 Register Here: https://docs.google.com/forms/d/e/1FAIpQLSeL3ZJSUeIfFaCsg79VsNTgNpAIediqn5DsD20cQ74AbWFUjg/viewform

🎗️ Childhood Cancer Awareness Month – 2026 🎗️ပထမနေ့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 💛✨ဒီနေ့မှာ စိတ...
05/09/2026

🎗️ Childhood Cancer Awareness Month – 2026 🎗️
ပထမနေ့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 💛✨

ဒီနေ့မှာ စိတ်ဝင်စားဖွယ် ဆိုင်ခန်းလေးတွေ၊ Workshop လေးတွေ၊ Talk Show တွေ အပြင် အနုပညာရှင်တွေနဲ့အတူ အထူးအစီအစဉ်လေးတွေပါ ပါဝင်ခဲ့ပြီး အားပေးလာရောက်ခဲ့ကြသူတွေနဲ့အတူ နွေးထွေးပြီး အဓိပ္ပါယ်ရှိတဲ့ နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရပါတယ်။ 🎨🎗️

မနက်ဖြန်မှာလည်း စိတ်ဝင်စားဖွယ်အစီအစဉ်လေးတွေ အများကြီးရှိနေပါသေးတယ်။ ✨

🌟 အားလုံးရဲ့အချစ်တော် အနုပညာရှင် ဦးဦးရဲလေးနဲ့ တွေ့ခွင့်ရမယ့် အထူးအစီအစဉ်
🎩 စိတ်ဝင်စားဖွယ် မျက်လှည့်ပြကွက်တွေနဲ့ မျက်လှည့်ပညာရှင် နေမင်းမြတ်ရဲ့ မျက်လှည့်အစီအစဉ်
💬 ကင်ဆာရောဂါခံစားနေရတဲ့ ကလေးလေးတွေရဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ဆွေးနွေးမျှဝေပေးမယ့် Talk Show
🎨 အခြားစိတ်ဝင်စားဖွယ် အစီအစဉ်လေးများစွာ…

ကလေးလေးတွေရဲ့ အနာဂတ်အတွက်မျှော်လင့်ချက်လေးတွေ အတူတူဖန်တီးပေးကြဖို့ မနက်ဖြန်တစ်ရက်ပဲ ကျန်တော့တဲ့ event လေးကို ဆက်ဆက်လာခဲ့ကြဖို့ ဖိတ်ခေါ်ပါရစေ
———

🎗️ Childhood Cancer Awareness Month – 2026 🎗️
A glimpse of Day 1! 💛
What a beautiful first day! We would like to extend our heartfelt thanks to everyone who joined us, supported the event, and helped make Childhood Cancer Awareness Month – 2026 a meaningful and memorable one. 💛

The event features a wonderful mix of interesting booths, creative workshops, inspiring talk shows, and special programs with talented artists. ✨

🌟 And there’s even more to look forward to tomorrow!
🎤 A special appearance by the beloved U U Ye Lay
🎩 An exciting Magic Show by Magician Nay Min Myat
💬 An inspiring Talk Show sharing meaningful conversations about creating a brighter and better future for children living with cancer
🎨 Plus, many more exciting activities waiting for you!
Let’s come together, share the love, spread hope, and show our support for a bright future for every child.

05/09/2026

🎗️Childhood Cancer Awareness Month 2026 - Fundraising Event🎗️ (Day 1) Activities🎉

🎗️ Childhood Cancer Awareness Month 2026 - Fundraising Event Agenda 🎗️ကလေးကင်ဆာအကြောင်း အသိပညာမြှင့်တင်ပေးရန်နှင့် ကလေးမ...
04/09/2026

🎗️ Childhood Cancer Awareness Month 2026 - Fundraising Event Agenda 🎗️

ကလေးကင်ဆာအကြောင်း အသိပညာမြှင့်တင်ပေးရန်နှင့် ကလေးများ၏ အနာဂတ်အတွက် အတူတကွပါဝင်ကူညီနိုင်ရန် ရည်ရွယ်ပြီး Childhood Cancer Awareness Month 2026 အထိမ်းအမှတ် ပွဲအစီအစဉ်များကို စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့ တို့တွင် Gallery Ohmar ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ 💛

နှစ်ရက်တာအစီအစဉ်များတွင်

🎗️Fundraising Bazaar – More than 25 vendors of Handmade Products, Fashion, Food & Beverages

🎗️Fun Meeting with Celebrity

🎗️Handmade Workshops

🎗️Panel Discussion
🍀Protecting Childhood Potential (⏱️5 Sept - 1:00 pm)

🎗️A special Magic Show by Magician Nay Min Myat (⏱️6 Sept - 3:00 pm)

🎗️Childhood Cancer Awareness Talk
🍀Early Warning Signs of Childhood Cancer (⏱️5 Sept - 2:30 pm)
🍀Potential of the Childhood Cancer Warrior (⏱️6 Sept - 1:00 pm)

စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ပါသည်။

ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်မည့် အနာဂတ်တစ်ခုအတွက် အားလုံးအတူတကွ ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်💛🎗️

Protecting Childhood Potential.💛
📍 Gallery Ohmar
🗓️ 5th & 6th September 2026
⏰ 10:00 AM – 6:00 PM

⸻

(English Version)

🎗️ Childhood Cancer Awareness Month 2026 – Event Agenda 🎗️

In recognition of Childhood Cancer Awareness Month 2026, Gallery Ohmar is pleased to host two days of meaningful activities aimed at raising awareness, bringing the community together, and supporting children affected by cancer. 💛

Join us on 5th & 6th September 2026 for:

🎗️Fundraising Bazaar – More than 25 vendors of Handmade Products, Fashion, Food & Beverages

🎗️Fun Meeting with Celebrity

🎗️Handmade Workshops

🎗️Panel Discussion
🍀Protecting Childhood Potential (⏱️5 Sept - 1:00 pm)

🎗️A special Magic Show by Magician Nay Min Myat (⏱️6 Sept - 3:00 pm)

🎗️Childhood Cancer Awareness Talk
🍀Early Warning Signs of Childhood Cancer (⏱️5 Sept - 2:30 pm)
🍀Potential of the Childhood Cancer Warrior (⏱️6 Sept - 1:00 pm)

Come together with us to raise awareness, create meaningful connections, and support a future where every child has the opportunity to grow, dream, and thrive. 💛🎗️

Protecting Childhood Potential. 💛
📍 Gallery Ohmar
🗓️ 5th & 6th September 2026
⏰ 10:00 AM – 6:00 PM

🎗️ Childhood Cancer Awareness Month (CCAM) 2026 🎗️ကလေးငယ်တစ်ယောက်ရဲ့ အပြုံးလေးတစ်ပွင့်၊ မျှော်လင့်ချက်လေးတစ်စင်းဟာ တန်ဖိ...
01/09/2026

🎗️ Childhood Cancer Awareness Month (CCAM) 2026 🎗️

ကလေးငယ်တစ်ယောက်ရဲ့ အပြုံးလေးတစ်ပွင့်၊ မျှော်လင့်ချက်လေးတစ်စင်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါ။ 🤍

ကလေးကင်ဆာနဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ်လေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် မျှော်လင့်ချက်တွေ၊ အားပေးမှုတွေနဲ့ နွေးထွေးတဲ့မေတ္တာတွေ ပိုမိုရရှိစေဖို့ Childhood Cancer Awareness Month (CCAM) 2026 အထိမ်းအမှတ် Fundraising Event ကို စက်တင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ Gallery Ohmar မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 🎗️

ဒီပွဲလေးကနေတစ်ဆင့် ကလေးကင်ဆာနဲ့ပတ်သက်တဲ့ အသိပညာတွေ ပိုမိုရရှိစေဖို့အပြင် ကင်ဆာရောဂါကို ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ကလေးငယ်လေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် “သင်တို့တစ်ယောက်တည်း မဟုတ်ပါဘူး” ဆိုတဲ့ နွေးထွေးတဲ့အားပေးမှုတစ်ခု ဖြစ်စေချင်ပါတယ်။ 💛

သင်တို့ရဲ့ ရောက်ရှိလာခြင်း၊ အားပေးခြင်း၊ ကူညီထောက်ပံ့ခြင်း တစ်ခုချင်းစီဟာ ကလေးငယ်လေးတွေရဲ့ ဘဝမှာ မျှော်လင့်ချက်အလင်းရောင်လေးတစ်စင်း ဖြစ်လာနိုင်ပါတယ်။

ကလေးငယ်လေးတွေရဲ့ တောက်ပတဲ့အနာဂတ်အတွက်၊ မျှော်လင့်ချက်တစ်ခုအတွက်၊ မနက်ဖြန်ကို ဆက်လက်ရင်ဆိုင်နိုင်ဖို့အတွက် အတူတူ လက်တွဲပေးကြရအောင်။ 🤍🎗️

World Child Cancer Myanmar နှင့်အတူ CCAM 2026 Fundraising Event လေးကို လာရောက်အားပေးပြီး ကလေးငယ်လေးတွေအတွက် မျှော်လင့်ချက်တွေကို အတူတူ ဖန်တီးပေးကြဖို့ Gallery Ohmar မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။ 💛

🎗️ Protecting Childhood Potential
📅 ၅၊ ၆ စက်တင်ဘာ ၂၀၂၆
📍 Gallery Ohmar

(English version)

🎗️ Childhood Cancer Awareness Month (CCAM) 2026 🎗️

Every child deserves a chance to smile, to dream, and to look forward to tomorrow. 🤍

In celebration of Childhood Cancer Awareness Month (CCAM) 2026, Gallery Ohmar is honored to host a Fundraising Event on September 5–6, 2026, in collaboration with World Child Cancer Myanmar.

This event is not only about raising awareness and support for children living with cancer, but also about reminding them and their families that they are not alone. 🎗️

Every visit, every word of encouragement, and every contribution can bring hope and strength to a child facing one of life’s toughest battles.

Sometimes, a little kindness can make a world of difference.
Together, we can give them a little more hope, a little more strength, and a reason to keep believing in brighter days. 💛

Gallery Ohmar warmly invites you to join us and stand alongside World Child Cancer Myanmar in making CCAM 2026 a meaningful celebration of hope, love, and compassion.

Because every child deserves the opportunity to grow, dream, and reach their full potential. 🤍

🎗️ Protecting Childhood Potential
📅 September 5 & 6, 2026
📍 Gallery Ohmar





ဆရာလွင်လွင်ကျော်ရဲ့ “Is” အမည်ရ ပြပွဲလေးကတော့ ဒီကနေ့မှာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။ပြပွဲကို လာရောက်အားပေး...
30/08/2026

ဆရာလွင်လွင်ကျော်ရဲ့ “Is” အမည်ရ ပြပွဲလေးကတော့ ဒီကနေ့မှာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။

ပြပွဲကို လာရောက်အားပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဆရာနှင့်အတူ Gallery Ohmar မိသားစုဝင်များက ကျေးဇူးတင်ကြောင်းပြောကြားပါရစေ။

နောက်ထပ်ပြပွဲများကိုလည်း လာရောက်အားပေးကြဖို့ ဒီကနေအားလုံးကို ဖိတ်ခေါ်ပါရစေ…..

28/08/2026

အနုပညာချစ်သူတွေနဲ့ ပန်းချီဝါသနာအိုးတွေအတွက်ဆရာလွင်လွင်ကျော်ရဲ့ ပန်းချီပြပွဲကြီးကတော့ ဒီအပတ် တနင်္ဂနွေနေ့ မှာ ပြီးဆုံးတော့မှာပဲဖြစ်ပါတယ်။

‎ဒါ့အတွက်ကြောင့် ဆရာ့ရဲ့ လက်ရာ မြန်မာ့ရှုခင်းနဲ့သဘာဝပန်းချီကားတွေကို အနီးကပ် ခံစားကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီအပတ် တနင်္ဂနွေနေ့ အမှီ Gallery Ohmar မှာ အမြန်ဆုံး လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

🗓️ 6–30 August 2026
📍 Gallery Ohmar
No (20), Damayone Street, Hlaing Township, Yangon

Address

No(20), Damayone Street, Hlaing Township
Yangon
11051

Opening Hours

Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Alerts

Be the first to know and let us send you an email when Gallery Ohmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Gallery Ohmar:

Shortcuts

Share

Category