29/03/2026
𝗧𝗵𝗮𝗻𝗸 𝘆𝗼𝘂 𝗙𝗼𝗿 𝗕𝗲𝗶𝗻𝗴 𝗣𝗮𝗿𝘁 𝗼𝗳 𝗡𝗘𝗖𝟮𝟲❤️
မြန်မာ့ Esports လောကရဲ့ အကြီးကျယ်ဆုံးသော မှတ်တိုင်တစ်ခုဖြစ်တဲ့ National Esports Championship 2026 ပွဲတော်ကြီးကတော့ အားလုံးရဲ့ ဝိုင်းဝန်းကူညီမှုတွေနဲ့အတူ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။
NEC26 ပွဲကြီး အောင်မြင်စွာပြီးမြောက်အောင် အစစအရာရာ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ Partners တွေနဲ့အတူ Online ကရော၊ Thuwunna National Indoor Stadium အထိပါ လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေကိုပါ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ဗျာ။
ဒီနှစ် NEC26 မှာ ပြသခဲ့တဲ့ အသင်းတိုင်းရဲ့ အမိုက်စား Skill တွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲစဉ်တွေနဲ့အတူ အားလုံးပဲ ကျေနပ်ပျော်ရွှင်ခဲ့ကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ရှုံးနိမ့်သွားတဲ့ အသင်းတွေအတွက်လည်း နောင်နှစ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ပြန်လာနိုင်ဖို့ ဆုတောင်းပေးသလို Champion ဖြစ်သွားတဲ့ အသင်းတွေကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှောက်ပေးချင်ပါတယ်။
မြန်မာ့ Esports လောက ဖွံ့ဖြိုးတိုးတက်ဖို့ အတူတူ လက်တွဲပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်စိတ်နဲ့ပဲ နောက်ထပ် ကျင်းပပြုလုပ်မယ့် NEC ပွဲစဉ်တွေမှာလည်း ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တွေနဲ့အတူ အရောက်ပြန်လာခဲ့မှာဖြစ်လို့ အားလုံးပဲ ပြန်လည်ဆုံတွေ့ကြရအောင်ဗျာ။
Unite. Defy. Conquer.