Fear of Love

Website

Fear of Love 𝓛𝓮𝓽'𝓼 𝓶𝓪𝓴𝓮 𝓪 𝓭𝓮𝓮𝓹 𝓫𝓻𝓮𝓪𝓽𝓱........


t.me/BlueOceanDeepBreathe

တစ်ချို့ပန်းတွေက လက်လှမ်းမှီတယ် ဒါပေမဲ့ မခူးရတဲ့ စည်းကမ်းတွေရှိတယ်ဘဝမှာ အနာကျည်းဆုံးစကားကတကယ် တာဝန်မယူချင်ပါပဲနဲ့တသက်လုံ...
10/03/2026

တစ်ချို့ပန်းတွေက လက်လှမ်းမှီတယ်
ဒါပေမဲ့ မခူးရတဲ့ စည်းကမ်းတွေရှိတယ်

ဘဝမှာ အနာကျည်းဆုံးစကားက
တကယ် တာဝန်မယူချင်ပါပဲနဲ့
တသက်လုံးစောင့်ရှောက်သွားပါမယ်ဆိုတဲ့ စကား

တစ်ချို့ အရာတွေကျတော့
လက်ထဲရောက်လာရင်တောင်
တာဝန်သိသိနဲ့ ပြန်ပေးရတဲ့ ကျင့်ဝတ်တွေ ရှိပြန်တယ်

ကိုယ်မပိုင်တဲ့ အချစ်ကို နေရာတကျ ပြန်ထားပေးဖို့ပေါ့ ..

13/02/2026

"ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်ချစ်သူလက်သာထိကိုင်ထားရရင် အသက်မရှူပေမဲ့လည်း
အသက်ရှိနိုင်ပါသေးတယ်"

-လက်ညှိုးထိုး၍ ပန်းဝေသည်-
-သိုးဆောင်း-

13/02/2026

ပွင့်မယ့်ပန်းတွေအတွက် ကြည်နူးရာသီပေါ့
ကြွေမယ့်အရွက်တွေအတွက်တော့
ခြောက်သွေ့နေ့ရက်ပဲ
နွေရဲ့ဝိသေသဟာ..ချစ်ခြင်းတရားနဲ့တူပါတယ် ။

-ရိပ်ငြိမ်-
-crd-

13/02/2026

ဒူးရစ် စကားပုံတစ်ခုရှိတယ် ။
ဘုရားသခင်က
တစ်ယောက်ယောက်ကို
အပြစ်ပေးချင်ရင်
အချစ်နဲ့ ပြေးတွေ့စေတယ်တဲ့ ...

-အီလစ်-
-crd-

အကောင်းဆုံးစကားပြော ဖော် ဟာကိုယ်တိုင် ပဲ လို့ တွေးမိချိန်မှာမင်းဟာ ဖက်ကြမ်း(သို့) စီး-က-ရက် တစ်လိပ်ကိုဖွာ ရှိုက်နေမယ် ပြ...
10/02/2026

အကောင်းဆုံးစကားပြော ဖော် ဟာ
ကိုယ်တိုင် ပဲ လို့ တွေးမိချိန်မှာ

မင်းဟာ ဖက်ကြမ်း(သို့) စီး-က-ရက် တစ်လိပ်ကို
ဖွာ ရှိုက်နေမယ် ပြီးတော့ မူး နေမယ်
ဒါဟာ အမှန်တရားတစ်ခုပါပဲ

သက်သက်သာသာ ကြိုးကွင်းစွပ်ရုံ...
‌နောက်ဆုံးမယ် အချစ်ဦးကို ဖုန်းခါ်မယ်
‌ဆက်မရ တဲ့ ဖုန်း ကို ပေါ့...

ဒါပါ ပဲ တနင်္ဂနွေ ည တို့ မည် သည်
အတိတ် ဟောင်း ကို တူးဆွ မယ်
အချစ် ဆို တဲ့ ခေါင်းစဉ်မှာ
အလဲလဲ အကွဲကွဲ နစ် မွန်းဖြစ် မယ် ....။

10/02/2026

စိတ်တွေ‌ေ-သတဲ့အချိန်ဆိုတာ
တကယ်ရှိတယ်
ဘာမှလည်း မက်မက်မောမော မရှိတော့သလို
ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်း မသိတဲ့
အခိုက်အတန့်တွေလေ......။

10/02/2026

လူတော်တော်များများက
အဆုံးသ-တ်မလှတဲ့ဇာတ်သိမ်းနဲ့ ကြုံရတဲ့အခါ
အစောကတည်းက မစသင့်ခဲ့တာဆိုတဲ့
နောင်တလေးတစ်ခုရတတ်ကြတယ်

09/02/2026

ငါဆပ်ရတဲ့ ၀ဋ်ကြွေးတွေထဲမှာ
နင့်ကိုအကြိုက်ဆုံးပဲ။

-စောနန္ဒာခိုင်-
-crd-

09/02/2026

အဆုံးသတ်မလှခဲ့တာလေးပဲ
ငါချစ်တဲ့ လူလို့ ပြောလိုက်တာနဲ့
လူတိုင်းက မင်းမှန်းသိတယ်

-crd-

09/02/2026

ခပ်ပါးပါးဆက်ဆံရေးတွေ
ကိုယ်မယူပါရစေနဲ့အချစ်ရယ်
မင်း...သဒ္ဓါမှပဲပေးပါလား

-ဦးခက်ဂုဏ်{ပုဂံ}-
-crd-

Address

Yangon

Alerts

Be the first to know and let us send you an email when Fear of Love posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category