Ah Win-ကျောက်စီပန်းချီ-Gems Art

Ah Win-ကျောက်စီပန်းချီ-Gems Art 💬💖 ပုံရိပ်တစ်ခုထက် ပိုတဲ့ အမှတ်တရလက်ဆောင်🎁
💎 Gemstone Art • Handmade with Love • Custom Made🖼

☎️Viber- 09979711741 ✨

🥰ဝါကျွတ်ကာလလည်း ရောက်တော့မယ်ဆိုတော့ 💕✨💝မင်္ဂလာလက်ဖွဲ့ ဘာပေးရမလဲ စဉ်းစားနေကြပြီလား? 🎁💍❤️ ချစ်ရတဲ့သူတို့ရဲ့ လှပတဲ့အမှတ်တရပ...
21/08/2026

🥰ဝါကျွတ်ကာလလည်း ရောက်တော့မယ်ဆိုတော့ 💕✨

💝မင်္ဂလာလက်ဖွဲ့ ဘာပေးရမလဲ စဉ်းစားနေကြပြီလား? 🎁💍

❤️ ချစ်ရတဲ့သူတို့ရဲ့ လှပတဲ့အမှတ်တရပုံရိပ်လေးကို 📸
တစ်သက်လုံး သိမ်းဆည်းထားချင်စရာ ထူးခြားတဲ့ မင်္ဂလာလက်ဖွဲ့လေးအဖြစ် ဖန်တီးပေးလိုက်ပါ 🥰🖼️✨

🎨 ချစ်စရာကောင်းတဲ့ ပုံတူကျောက်စီပန်းချီလေး နဲ့
မင်္ဂလာနေ့လေးကို ပိုပြီးထူးခြားပြီး အမှတ်တရဖြစ်အောင် ဖန်တီးပေးလိုက်ပါ 💍❤️

🎁 ချစ်ရတဲ့သူတွေအတွက် လက်ဆောင်လည်းဖြစ်၊ အမှတ်တရလည်းဖြစ်စေမယ့် လက်ဖွဲ့လေး ✨

📩 မှာယူလိုပါက 09979711741 သို့ဆက်သွယ်မှာယူနိုင်သလို Page Chat Box သို့လည်း ဆက်သွယ်နိုင်ပါတယ်ရှင်💕☎️

#အဝင်းကျောက်စီပန်းချီ #ကျောက်ပန်းချီ #ပုံတူကျောက်စီပန်းချီ ゚ #လက်ဖွဲ့ #မင်္ဂလာလက်ဖွဲ့ #ရန်ကုန် #မန္တလေး

🎁🖼လက်ဆောင်တစ်ခုရဲ့ တန်ဖိုးကဈေးနှုန်းနဲ့ပဲ တိုင်းတာလို့မရပါဘူး။💸❤️ ကိုယ်ရွေးချယ်ပေးထားတဲ့ စိတ်ရင်း၊✨ ကိုယ်ပေးချင်တဲ့ အမှတ...
17/08/2026

🎁🖼လက်ဆောင်တစ်ခုရဲ့ တန်ဖိုးက
ဈေးနှုန်းနဲ့ပဲ တိုင်းတာလို့မရပါဘူး။💸

❤️ ကိုယ်ရွေးချယ်ပေးထားတဲ့ စိတ်ရင်း၊
✨ ကိုယ်ပေးချင်တဲ့ အမှတ်တရ၊
💝 သူ့အတွက် အဓိပ္ပာယ်ရှိမှုတွေက ပိုအရေးကြီးတာပါ💖

အဝင်းရဲ့ ကျောက်စီပန်းချီလေးက
🌸 လှပတဲ့အလှဆင်လက်ဆောင်ပစ္စည်းတစ်ခုဖြစ်သလို
🌸 အမှတ်တရအဖြစ် သိမ်းထားလို့ရတဲ့ လက်ဆောင်လေးလည်း ဖြစ်ပါတယ်။

ချစ်ရသူအတွက်ဖြစ်ဖြစ် ❤️
မိသားစုအတွက်ဖြစ်ဖြစ် 🏡
အထူးနေ့လေးတစ်နေ့အတွက်ဖြစ်ဖြစ် 🎉

💝ကိုယ်ပေးတဲ့လက်ဆောင်လေးကို
အမှတ်တရအဖြစ် အမြဲကျန်နေစေချင်ရင်…
အဝင်းရဲ့ ကျောက်စီပန်းချီလေးကို ရွေးလိုက်ပါနော်။💎✨

☎️09979711741 ကိုဆက်သွယ်မှာယူနိုင်သလို Page CB ကနေလည်း မှာယူနိုင်ပါတယ်ရှင်💖

#အဝင်းကျောက်စီပန်းချီ #ကျောက်စီပန်းချီ #အမှတ်တရလက်ဆောင်

🎁 လက်ဆောင်ဆိုတာ ပစ္စည်းတစ်ခုထက် ပိုပါတယ်… ❤️ကိုယ်ချစ်ရတဲ့သူအတွက်“မင်းကို တန်ဖိုးထားတယ်” ဆိုတဲ့စကားကိုလက်ဆောင်လေးတစ်ခုနဲ့...
09/08/2026

🎁 လက်ဆောင်ဆိုတာ ပစ္စည်းတစ်ခုထက် ပိုပါတယ်… ❤️

ကိုယ်ချစ်ရတဲ့သူအတွက်
“မင်းကို တန်ဖိုးထားတယ်” ဆိုတဲ့စကားကို
လက်ဆောင်လေးတစ်ခုနဲ့ ပြောလိုက်ပါ 🥰✨

🎂 မွေးနေ့အတွက်လား?
💑 ချစ်သူအတွက်လား?
👨‍👩‍👧 မိသားစုအတွက်လား?
🎉 အမှတ်တရနေ့လေးအတွက်လား?

💖အမှတ်တရဖြစ်စေမယ့် ထူးခြားတဲ့လက်ဆောင်လေး ကို ရွေးချယ်လိုက်ပါ 💖

✨ ပေးတဲ့သူလည်း ပျော်
🥰 ရတဲ့သူလည်း တစ်သက်မမေ့တဲ့
💝 ထာဝရ အမှတ်တရကတော့ Ah Win-ကျောက်စီပန်းချီ-Gems Art ရဲ့ ကျောက်စီပန်းချီလေးဖြစ်ပါတယ်ရှင်💕💖

ချစ်ခြင်းမေတ္တာနဲ့ ပေးတဲ့လက်ဆောင်တိုင်းမှာ အဓိပ္ပါယ်ရှိပါတယ်။ ❤️

မှာယူလိုပါက ☎️09-979711741 ကို hello လိုက်ပါရှင်📞

📩Page cb ကနေလည်းဆက်သွယ်နိုင်ပါတယ်ရှင်🎀

#အဝင်းကျောက်စီပန်းချီ #ကျောက်ပန်းချီ #ကျောက်စီပန်းချီ #မိုးကုတ် #ရန်ကုန် #မန္တလေး #လူတိုင်း #လက်ဆောင်

🎂 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗚𝗶𝗳𝘁 ဘာပေးရမလဲ စဉ်းစားနေတယ်ဆိုရင်... 🎁🥰 🥰အမှတ်တရဖြစ်ပြီး တစ်ယောက်တည်းအတွက် သီးသန့်ဖန်တီးထားတဲ့ 𝗖𝘂𝘀𝘁𝗼𝗺𝗶𝘇𝗲𝗱 𝗚𝗶𝗳...
08/08/2026

🎂 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗚𝗶𝗳𝘁 ဘာပေးရမလဲ စဉ်းစားနေတယ်ဆိုရင်... 🎁

🥰 🥰အမှတ်တရဖြစ်ပြီး တစ်ယောက်တည်းအတွက် သီးသန့်ဖန်တီးထားတဲ့ 𝗖𝘂𝘀𝘁𝗼𝗺𝗶𝘇𝗲𝗱 𝗚𝗶𝗳𝘁 ကို Ah Win-ကျောက်စီပန်းချီ-Gems Art မှာ မှာယူလိုက်ပါရှင်။ 💝

✨ စိတ်ကြိုက် 𝗗𝗲𝘀𝗶𝗴𝗻
💌 စိတ်ကြိုက် 𝗠𝗲𝘀𝘀𝗮𝗴𝗲
🎁 စိတ်ကြိုက် 𝗚𝗶𝗳𝘁

💕ကိုယ်ပေးချင်တဲ့ပုံစံအတိုင်း 𝗖𝘂𝘀𝘁𝗼𝗺𝗶𝘇𝗲 ပြုလုပ်ပေးတာမို့ ချစ်ရသူရဲ့ 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 ကို ပိုပြီး အမှတ်တရဖြစ်စေမှာပါ။ 💖

📩 𝗖𝘂𝘀𝘁𝗼𝗺𝗶𝘇𝗲𝗱 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗚𝗶𝗳𝘁 မှာယူလိုပါက 𝗖𝗵𝗮𝘁 𝗕𝗼𝘅 မှာ အခုပဲ စာပို့ပြီး စုံစမ်းလိုက်ပါရှင်။ 🥰

☎️09979711741 သို့လည်းဆက်သွယ်မှာယူန်ုင်ပါတယ်ရှင်💝

𝗔𝗵𝗪𝗶𝗻 — 𝗘𝘃𝗲𝗿𝘆 𝗚𝗶𝗳𝘁, 𝗠𝗮𝗱𝗲 𝘄𝗶𝘁𝗵 𝗟𝗼𝘃𝗲. 💕

#အဝင်းကျောက်စီပန်းချီ #မိုးကုတ်ကျောက်ပန်းချီ #ကျောက်စီပန်းချီ #ကျောက်ပန်းချီ

✨  #ကျောက်စီပန်းချီ အလှလေးကို  #ဈေးနှုန်းသင့်သင့်နဲ့ ပိုင်ဆိုင်လိုက်ပါ! 💎💖 Ah Win-ကျောက်စီပန်းချီ-Gems Art မှာတော့...✅ လ...
01/08/2026

✨ #ကျောက်စီပန်းချီ အလှလေးကို #ဈေးနှုန်းသင့်သင့်နဲ့ ပိုင်ဆိုင်လိုက်ပါ! 💎

💖 Ah Win-ကျောက်စီပန်းချီ-Gems Art မှာတော့...

✅ လက်ရာသေသပ်ပြီး အသေးစိတ်ကျကျ ဖန်တီးပေးပါတယ်😍
✅ အရည်အသွေးကောင်းပြီး အချိန်ကြာကြာ လှပနေတဲ့ လက်ရာ😍
✅ လက်ဆောင်ပေးဖို့လည်း အထူးသင့်တော်ပါတယ် 🎁

🖼️ 𝗦𝗶𝘇𝗲 – 𝟭𝟬" × 𝟭𝟰"

⏳ ကြာချိန် – ၅ ရက်မှ ၁ ပတ်⏰

⚡ အမြန်လိုအပ်ပါက ရက်ချိန်းညှိပေးနိုင်ပါတယ်ရှင်။✨🍀

📩 မှာယူလိုပါက 𝗖𝗵𝗮𝘁 𝗕𝗼𝘅 မှာ " #𝗛𝗶" လို့သာ ပို့လိုက်ပါ။💬

📱 09-979711741 သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။ 🛒

🚚 🏠 #အိမ်ရောက်ငွေချေလည်း #ရန်ကုန်မြို့တွင်း ရပါတယ်ရှင်။ 💙

💎 လှပတဲ့ အမှတ်တရတစ်ခုကို #အဝင်းကျောက်စီပန်းချီ နဲ့ ဖန်တီးလိုက်ပါရှင်။ ❤️

#ကျောက်စီပန်းချီ #ကျောက်ပန်းချီ #မိုးကုတ်ကျောက်စီပန်းချီ #ရန်ကုန်မြို့တွင်း #အိမ်ရောက်ငွေချေ

🌕  #ဝါဆို_လပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)       ------------------------------------- #ဓမ္မရတနာ_နှင့်_သံဃာရတနာ   စတင်ပေါ်...
29/07/2026

🌕 #ဝါဆို_လပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
-------------------------------------

#ဓမ္မရတနာ_နှင့်_သံဃာရတနာ
စတင်ပေါ်ပေါက်သော မင်္ဂလာနေ့...🙏🏻🙏🏻🙏🏻

#ဝါဆိုလပြည့်နေ့သည်_ဗုဒ္ဓဘာသာဝင်များ_အတွက်
သာမန်လပြည့်နေ့တစ်နေ့ ...မဟုတ်ပါ။

ဤနေ့သည် မြတ်စွာဘုရားရှင်၏ သာသနာတော်၌
ဓမ္မစကြာတရားတော် စတင်ဟောကြားတော်မူသောနေ့၊
ဓမ္မရတနာနှင့် သံဃာရတနာ ပေါ်ပေါက်လာသောနေ့
ဖြစ်သည့်အတွက် " #ဓမ္မစကြာ_အခါတော်နေ့" ဟု...
အလေးအမြတ် သတ်မှတ်ထားကြပါသည်။

#ထို့ပြင်_ဗုဒ္ဓဝင်_အရ_ဤနေ့သည်
"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" ဟူသော
ထူးခြားသော ဖြစ်ရပ်များနှင့်လည်း ဆက်စပ်နေသော
အလွန်မြတ်သည့် အခါတော်နေ့ ...ဖြစ်ပါသည်။

#တရားဓမ္မကို_စတင်ဟောကြားရန်_ဆင်ခြင်တော်မူခြင်း
-----------------------------------------------

မြတ်စွာဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို
ရရှိတော်မူပြီးနောက် သတ္တသတ္တာဟ (၄၉) ရက်
တိုင်တိုင် ဗောဓိပင်ပတ်ဝန်းကျင်၌ ဝိမုတ္တိသုခကို
ခံစားတော်မူကာ မိမိရှာဖွေတွေ့ရှိသော ဓမ္မတရား၏
နက်နဲသော အနှစ်သာရကို ဆင်ခြင်တော်မူခဲ့ပါသည်။

ဝါဆိုလဆန်း (၆) ရက်နေ့တွင်
အဇပါလညောင်ပင်ရင်း၌ သီတင်းသုံးစဉ်
" ဤတရားသည် အလွန်နက်နဲလှသဖြင့် သတ္တဝါတို့
နားလည်နိုင်ရန် ခက်ခဲလိမ့်မည်" ဟု...
ဆင်ခြင်တော်မူရာ သဟမ္ပတိဗြဟ္မာကြီးက
လောကသတ္တဝါတို့ကို သနားတော်မူ၍
တရားဟောကြားပေးရန် လျှောက်ထားခဲ့ပါသည်။

#မြတ်စွာဘုရားရှင်သည်
ပထမဆုံးတရားနာထိုက်သူကို ဆင်ခြင်ရာ
ယခင်ဆရာဖြစ်ခဲ့ဖူးသော အာဠာရကာလာမနှင့်
ဥဒကရာမပုတ္တတို့ ကွယ်လွန်ပြီးဖြစ်ကြောင်း
သိမြင်တော်မူခဲ့သည်။

#ထို့ကြောင့်
ဒုက္ကရစရိယာကျင့်စဉ်ကာလအတွင်း မိမိအား
ပြုစုလုပ်ကျွေးခဲ့သော ပဉ္စဝဂ္ဂီငါးပါး အား ရှေးဦးစွာ
တရားဟောကြားရန် ဆုံးဖြတ်တော်မူပြီး
ဗာရာဏသီမြို့အနီး အိသိပတန မိဂဒါဝုန်တော သို့
ခြေလျင်ကြွတော်...မူခဲ့ပါသည်။

#ဓမ္မစကြာတရားတော်_စတင်_လည်ပတ်ခြင်း
---------------------------------------

မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင်
မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးပါးအား
ဓမ္မစက္ကပဝတ္တနသုတ္တန် ကို ပထမဆုံး
ဟောကြားတော်မူခဲ့ပါသည်။

" #ဓမ္မ" ဆိုသည်မှာ တရားတော်၊
" #စက္က" ဆိုသည်မှာ စက်ဝန်း၊
" #ပဝတ္တန" ဆိုသည်မှာ လည်ပတ်စေခြင်း ဖြစ်ပါသည်။

#ထို့ကြောင့်
ဓမ္မစကြာတရားတော်သည် လောက၌ တရားဓမ္မစက်ကို
စတင်လည်ပတ်စေသော တရားတော် ဖြစ်ပါသည်။

#အစွန်းနှစ်ပါးကို_စွန့်လျက်_အလယ်လမ်းကို_လျှောက်ခြင်း -------------------------------------------

ဓမ္မစကြာတရားတော်မှာ ရှေးဦးစွာ ဝဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ဖို့ ဟောပြောထားပါတယ်။
ဝဲယာအစွန်းနှစ်ပါး ဆိုသည်မှာတော့ ကာမသုခလ္လိကာနုယောဂ ဆိုတဲ့ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ ဟူတဲ့ မိမိကိုယ်ကို ဒုက္ခပေးကာ ကျင့်ကြံအားထုတ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် “မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး”ကို ကျင့်ကြံအားထုတ်ဖို့ ညွှန်ပြတော်မူထားတာပဲ ဖြစ်ပါတယ်။

#ဝဲယာအစွန်းနှစ်ပါး_ဆိုသည်မှာတော့
ကာမသုခလ္လိကာနုယောဂ ဆိုတဲ့ ကာမဂုဏ်ချမ်းသာ
တို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ
ဟူတဲ့ မိမိကိုယ်ကို ဒုက္ခပေးကာ ကျင့်ကြံအားထုတ်ခြင်း
တို့ကို ရှောင်ကြဉ်ပြီး နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်
“မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး”ကို
ကျင့်ကြံအားထုတ်ဖို့ ညွှန်ပြတော်မူထားတာပဲ
ဖြစ်ပါတယ်။

ထိုအလယ်လမ်းပင် အရိယမဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊
သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊
သမ္မာသမာဓိ။

#မဂ္ဂင်ရှစ်ပါး_ဆိုတာကတော့

သမ္မာ ဒိဋ္ဌိ –
ကောင်းမြတ်စင်ကြယ်သော သိမြင်မှု၊

သမ္မာ သင်္ကပ္ပ –
ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု၊

သမ္မာ ဝါစာ –
ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု၊

သမ္မာ ကမ္မန္တ –
ကောင်းမြတ်စင်ကြယ်သော ကာယကံမှု၊

သမ္မာ အာဇီ၀ –
ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု၊

သမ္မာ ဝါယာမ –
ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု၊

သမ္မာ သတိ –
ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု၊

သမ္မာ သမာဓိ –
ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု တို့ပဲ
ဖြစ်ပါတယ်။

#သစ္စာလေးပါးရဲ့အနှစ်_
---------------------

ဓမ္မစကြာတရားတော်၏ အနှစ်မှာ

“ဒုက္ခကို သိ၊
ဒုက္ခဖြစ်ကြောင်းကို ပယ်၊
ဒုက္ခချုပ်ငြိမ်းမှုကို မျက်မှောက်ပြု၊
ဒုက္ခချုပ်ငြိမ်းရာလမ်းကို ကျင့်”
ဆိုတာပါပဲ။

မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့
သစ္စာလေးပါးက....

ဒုက္ခသစ္စာ — ဆင်းရဲခြင်းအမှန်၊
သမုဒယသစ္စာ — ဆင်းရဲခြင်းဖြစ်ကြောင်းအမှန်၊
နိရောဓသစ္စာ — ဆင်းရဲခြင်းချုပ်ငြိမ်းရာအမှန်၊
မဂ္ဂသစ္စာ — ဆင်းရဲခြင်းချုပ်ငြိမ်းရာသို့
ရောက်ကြောင်းအမှန်။

ဒါဟာ
ဓမ္မစကြာတရားတော်ရဲ့ အလွန်နက်နဲတဲ့
အနှစ်တစ်ခုပါ။
အရိယသစ္စာလေးပါး ဖြစ်ပါသည်။

ဒုက္ခချုပ်ငြိမ်းရာလမ်းဖြစ်သော
မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံရမည်။

ဤသည်ပင် မြတ်စွာဘုရားရှင် ညွှန်ပြတော်မူသော
ဒုက္ခမှ လွတ်မြောက်ရာလမ်းစဉ် ဖြစ်ပါသည်။

#ဓမ္မရတနာနှင့်_သံဃာရတနာ_ပေါ်ပေါက်ခြင်း_
------------------------------------------

ဓမ္မစကြာတရားတော် အဆုံးတွင်
အရှင်ကောဏ္ဍည...သည်

"ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ"

ဟူသော ဓမ္မမျက်စိ ပွင့်လင်းကာ
ပထမဆုံး သောတာပန်အရိယာ ဖြစ်တော်မူခဲ့ပါသည်။

#ထို့နောက်
ကျန်ပဉ္စဝဂ္ဂီလေးပါးတို့လည်း တရားတော်ကို နာကြား၍
သောတာပန်များ ဖြစ်လာကြပြီး၊ ဝါဆိုလဆုတ် (၅)
ရက်နေ့တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော
အနတ္တလက္ခဏသုတ် ကို နာကြားပြီး ကိလေသာအကုန်
ပယ်သတ်ကာ ရဟန္တာများ ဖြစ်တော်မူကြပါသည်။

ထိုအချိန်မှစ၍ သံဃာရတနာ စတင်ပေါ်ပေါက်လာခဲ့ပြီး
ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ဟူသော ရတနာသုံးပါး
ပြည့်စုံလာခဲ့ပါသည်။

#ဝါတွင်းကာလရဲ့_အဓိပ္ပာယ်_
--------------------------

ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှစ၍
သံဃာတော်များ ဝါကပ်သီတင်းသုံးကြပါသည်။
ဝါတွင်းသည် ရဟန်းသံဃာတော်များအတွက်
သီလ၊ သမာဓိ၊ ပညာ တိုးပွားစေရန် အားထုတ်သော
ကာလဖြစ်သကဲ့သို့ လူဝတ်ကြောင်များအတွက်လည်း
မိမိဘဝကို ပြန်လည်သုံးသပ်၍ ကုသိုလ်တိုးပွားစေမည့်
အချိန်ကောင်း ဖြစ်ပါသည်။

#ထို့ကြောင့်_ဤအခါတော်နေ့တွင်—
ဒါနပြုလုပ်ခြင်း၊
သီလဆောက်တည်ခြင်း၊
တရားနာခြင်း၊
တရားအားထုတ်ခြင်း၊
ဓမ္မစကြာသုတ္တန်ကို ရွတ်ဖတ်ပူဇော်ခြင်းတို့ကို
တတ်နိုင်သမျှ ဆောင်ရွက်သင့်ပါသည်။

#ဝါဆိုလပြည့်နေ့ရဲ့_တကယ့်အနှစ်
-------------------------------

ဝါဆိုလပြည့်နေ့သည် ပန်းကပ်သော...နေ့၊
သင်္ကန်းလှူသော...နေ့၊ ဆီမီးထွန်းသောနေ့သာ
မဟုတ်ပါ။

မိမိ၏ စိတ်နှလုံးထဲတွင် ဓမ္မစကြာကို
စတင်လည်ပတ်စေသောနေ့ ဖြစ်သင့်ပါသည်။
လောဘပေါ်လာလျှင် တရားကို သတိရပါ။
ဒေါသပေါ်လာလျှင် မေတ္တာဖြင့် ပြန်လည်ငြိမ်းသတ်ပါ။
မာနပေါ်လာလျှင် အနိစ္စကို ဆင်ခြင်ပါ။

နေ့စဉ်ဘဝတွင် မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို
လက်တွေ့ကျင့်သုံးနိုင်သောအခါ ဓမ္မစကြာသည်
ကျမ်းစာထဲ၌သာ မဟုတ်တော့ဘဲ မိမိ၏ဘဝထဲ၌
အမှန်တကယ် စတင်လည်ပတ်လာမည် ဖြစ်ပါသည်။

#ဤဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့တွင်
ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍
ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများကို
တတ်နိုင်သမျှ ပြုလုပ်နိုင်ကြပါစေ။

သစ္စာလေးပါးကို မှန်ကန်စွာ သိမြင်၍ မဂ္ဂင်ရှစ်ပါးကို
လက်တွေ့ကျင့်ကြံကာ ဒုက္ခအဆုံး၊ နိဗ္ဗာန်ချမ်းသာသို့
တဖြည်းဖြည်း ချဉ်းကပ်နိုင်ကြပါစေ။

#ကိုးကား
ဓမ္မစက္ကပဝတ္တနသုတ္တန်
(သံယုတ္တနိကာယ်၊ သစ္စာသံယုတ်)၊ အနတ္တလက္ခဏသုတ်)

---------------------------------

🙏🏻"သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု"🙏🏻
သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါစေ။

🙏🏻 ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏
ဓမ္မတရားတော်များကို ကိုးကားစုစည်းကာ
မျှဝေကုသိုလ်ပြု ပူဇော်ပါသည်။ 🙇🏻🙇🏻🙇🏻

✍🏻 သျှင်ဉာဏ
🗓️ (၂၉.၇.၂၀၂၆) ဗုဒ္ဓဟူး နေ့။
(ဒုတိယ)ဝါဆို 🌝 လပြည့်နေ့။
( 29.July.2026 ) Wednessday
⏰ နံနက် ( 3:27 ) am

#စာတို #ကျောက်ပန်းချီ #အိမ်ရောက်ငွေချေ #မိုးကုတ်ကျောင်ပန်းချီ #အဝင်းကျောက်စီပန်းချီ

📿📿📿၂၀၂၆ ခုနှစ် ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 📿📿📿🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ...
27/07/2026

📿📿📿၂၀၂၆ ခုနှစ် ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး "
ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 📿📿📿

🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏
🙏စိပ်ရမယ့်နေ့ရက်များ🙏
_________________________________
(၉) ပါးစလုံးကို ( ၂၉. ၇ . ၂၀၂၆ ) မှ ( ၆ . ၈ . ၂၀၂၆ ) အထိနေ့တိုင်းတစ်ပတ်စီစိပ်ပါ။
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်

________________________________
🙏အရဟံ သိဒ္ဓိ (၉)ပတ်🙏
(၇ . ၈ . ၂၀၂၆) မှ
(၁၅. ၈ . ၂၀၂၆) အထိ
________________________________
🙏သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏
(၁၆ . ၈ . ၂၀၂၆) မှ
(၂၄ . ၈ . ၂၀၂၆) အထိ
________________________________
🙏ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်🙏
(၂၅ . ၈ . ၂၀၂၆) မှ
(၂ . ၉. ၂၀၂၆) အထိ
________________________________
🙏သုဂတော သိဒ္ဓိ (၉)ပတ်🙏
(၃ . ၉ . ၂၀၂၆) မှ
(၁၁. ၉ . ၂၀၂၆) အထိ
_______________________________
🙏လောကဝိဒူ သိဒ္ဓိ (၉)ပတ်🙏
(၁၂ . ၉ . ၂၀၂၆) မှ
(၂၀ . ၉ . ၂၀၂၆) အထိ
________________________________
🙏အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်🙏
(၂၁ . ၉ . ၂၀၂၆) မှ
(၂၉ . ၉ . ၂၀၂၆) အထိ
________________________________
🙏သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်🙏
(၃၀ . ၉ . ၂၀၂၆) မှ
(၈ . ၁၀ . ၂၀၂၆) အထိ
________________________________
🙏ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏
(၉ . ၁၀. ၂၀၂၆) မှ
(၁၇ . ၁၀ . ၂၀၂၆) အထိ
_______________________________
🙏ဘဂဝါ သိဒ္ဓိ (၉)ပတ်🙏
(၁၈ . ၁၀ . ၂၀၂၆) မှ
(၂၆ . ၁၀ . ၂၀၂၆) အထိ
________________________________
- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင်...................................................................

🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏
၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စာသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

-----------------------------------------

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏
၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။

#မင်္ဂလာဗုဒ္ဓ

#အဝင်းကျောက်စီပန်းချီ ゚
#ကိုးနဝင်းအဓိဌာန်

🌟 14" × 20" Logo ပုံအမှာလေး 🌟🎨 Customer စိတ်ကြိုက် 14" × 20" Logo ပုံ ကို အလှဆုံး ဖန်တီးပေးခဲ့ပါတယ်ရှင်။ 💖🚚 ရန်ကုန်မြို့...
21/07/2026

🌟 14" × 20" Logo ပုံအမှာလေး 🌟

🎨 Customer စိတ်ကြိုက် 14" × 20" Logo ပုံ ကို အလှဆုံး ဖန်တီးပေးခဲ့ပါတယ်ရှင်။ 💖

🚚 ရန်ကုန်မြို့တွင်း #အိမ်ရောက်ငွေချေ (COD) ဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။ 📦✨

🙏 ယုံကြည်စွာ မှာယူအားပေးကြတဲ့ Customer တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ❤️

💎 Ah Win-ကျောက်စီပန်းချီ-Gems Art မှ #အရည်အသွေးကောင်းမွန်တဲ့ လက်ရာလေးတွေကို #စေတနာအပြည့်နဲ့ ဆက်လက်ဖန်တီးပေးနေပါတယ်ရှင်။

📩 Logo ပုံ၊ ပုံတူကျောက်စီပန်းချီနဲ့ အမှတ်တရလက်ဆောင်များ မှာယူလိုပါက 📩Page Chat Box Or Viber 09979711741 ☎️ကနေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင်။ 💌

✨ မှာယူအားပေးမှုတိုင်းအတွက် အထူးကျေးဇူးတင်ပါတယ်ရှင်။ 🙏🥰

#အဝင်းကျောက်စီပန်းချီ #မိုးကုတ်ကျောက်စီပန်းချီ #ကျောက်ပန်းချီ #ကျောက်စီပန်းချီ #ရန်ကုန် #မန္တလေး

📦 **ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ (COD) အမှာလေး** 💙✨ **10" × 14" ဆိုဒ်**ဘယ်လောက်လှလိုက်လဲကွယ်... 😍💎 #အမှတ်တရတွေကို အ...
18/07/2026

📦 **ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ (COD) အမှာလေး** 💙

✨ **10" × 14" ဆိုဒ်**
ဘယ်လောက်လှလိုက်လဲကွယ်... 😍💎

#အမှတ်တရတွေကို အချိန်ကြာကြာ သိမ်းဆည်းထားနိုင်အောင် Ah Win-ကျောက်စီပန်းချီ-Gems Art က တန်ဖိုးထားပြီး အသေးစိတ်ဂရုစိုက်ကာ ပုံဖော်ပေးနေပါတယ်ရှင်။ 💖

🎁 ကိုယ်တိုင်သိမ်းဆည်းဖို့ပဲဖြစ်ဖြစ်...

🎁 မွေးနေ့၊ မင်္ဂလာပွဲ၊ Anniversary၊ လက်ဆောင်အဖြစ်ပဲဖြစ်ဖြစ်...

#အဓိပ္ပာယ်ပြည့်ဝတဲ့ လက်ဆောင်လေးတစ်ခု ဖြစ်စေမှာ အသေအချာပါရှင်။ ✨

🚚 #ရန်ကုန်မြို့တွင်း #အိမ်ရောက်ငွေချေ (COD) ရရှိနိုင်ပါတယ်။♥

📩 #မှာယူလိုပါက Page Chat Box မှာ Message ပို့ပြီး or 09979711741 သို့ဆက်သွယ်ပြီး အခုပဲ Order တင်နိုင်ပါတယ်ရှင်။💝

💬 မှာ #စျေးနှုန်း လို့ ရေးထားခဲ့ရင်လည်း အသေးစိတ်ပြန်လည်ဖြေကြားပေးပါမယ်နော်။ ❤️

#အဝင်းကျောက်စီပန်းချီ #မိုးကုတ်သလင်းကျောက် #ကျောက်စီပန်းချီ #ကျောက်ပန်းချီ #အိမ်ရောက်ငွေချေ

14/07/2026

📢 **"ပစ္စည်းမမြင်ရသေးဘဲ ငွေကြိုလွှဲရမှာ စိုးရိမ်နေတယ်..." ဆိုတဲ့ Customer တွေအတွက် သတင်းကောင်း!** 🎉

ရန်ကုန်မြို့တွင်းမှာ

🚚 ** #အိမ်ရောက်ငွေချေစနစ်လုပ်ပေးနေပါပြီရှင်💵

ဒါကြောင့် စိတ်ချယုံကြည်စွာနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ **ကျောက်စီပန်းချီ** လက်ရာတွေကို မှာယူနိုင်ပါပြီ။ ❤️

✨ ယုံကြည်မှုကို အခြေခံပြီး ဝန်ဆောင်မှုပေးတာက ကျွန်မတို့ရဲ့ ဦးစားပေးပါ။💙

📩 အခုပဲ Chat Box မှာ လာရောက်မေးမြန်းပြီး စိတ်ကြိုက်ဒီဇိုင်းလေးတွေကို ရွေးချယ်လိုက်ပါ။💝

☎️09979711741 သို့လည်း or 's app ကနေဆက်သွယ်မှာယူနိုင်ပါပြီရှင်📞💕

#ကျောက်စီပန်းချီ #ကျောက်ပန်းချီ #အဝင်းကျောက်စီပန်းချီ #အိမ်ရောက်ငွေချေ

Address

အိမ်နံပါတ်337၊ 45 ရပ်ကွက်နေကြာလမ်း၊မြောက်ဒဂုံမြို့နယ်။ ဗထူးစျေးမှတ်တိုင်။ , , 09979711741
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Ah Win-ကျောက်စီပန်းချီ-Gems Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share