26/10/2024
- မိုးမျှော် တဲ
မဆင်ခြင်ပဲ စိတ်ခံစားမှုနောက်လိုက်
အသေစောမယ့် အသက်ပိုင်ရှင်
အညံ့စား သားတစ်ယောက်
ဒဏ်ရာဗလပွနဲ့ ရှေ့ဆောင်မီးအိမ်
စည်းဝိုင်းထဲ အလဲထိုးမခံတဲ့
မာလကျစ် ဖခင်တစ်ယောက်
ပတ်ဝန်းကျင် ထိုးနှက်ချက်တိုင်း
ခေါင်းမာမာ တုံ့ပြန်ရပ်တည်တဲ့
လူမမာ မိခင်တစ်ယောက်
ဥစ္စာဓန မွဲတေလို့
အူမတွေ ခြောက်နေပါစေ
ပစ္စည်းမဲ့ဒေါသဆိုတာ
ဘာမှန်းကိုမသိကြတဲ့
မာနခဲတွေ ရှင်သန်တဲ့အိမ်
#ဝေဇော်
အောက်တိုဘာ ၂၀၂၄