12/03/2026
Not Stranger
Drawing
Red chalk on BFK Rives, 280 gsm
22 x 30 in
2026
Freehand drawing measurements ကို စလေ့လာလေ့ကျင့်ရင်း ၁၂ ခုမြောက်ရေးဖြစ်တဲ့ drawing ၊ စလေ့ကျင်တုန်းကတော့ ဆီဆေးရေးတာနဲ့စဖြစ်တာ သိပ်စိတ်မပါလို့ drawing ဘဲလေ့ကျင့်ရင်းနဲ့ ဒီနေ့စိတ်ရှည်ရှည်ထားပြီးဖြုတ်ဖြစ်တာ
expressive drawing style လို့ဘဲပြောကြည့်မယ်
မျက်နှာအတွင်းထဲမှာ Lucian Freud လိုနားလည်ချင်ပြီး အပြင်ဘက်ကိုကြတော့ Rembrandt လို dispersing edges ဖြစ်ချင်လို့ ကြိုးစားကြည့်တာ
အခုလေ့လာရေးမှာ ဆရာတင်ထားတာကတော့ AI ကိုဘဲ ဘယ်လိုအသုံးချဖြစ်လဲဆိုတော့ ဘာမှမသေချာ သေးခင်မှာရေးချင်သလိုရေးလိုက်တယ် (ဒါပေမယ့် ၃ ပိုင်း ပိုင်းတဲ့ သီအိုရီနဲ့တော့ စချဥ်းကပ်တာပေါ့လေ) ပြီးတော့ ကိုယ်ရေးလိုက်တာကို ဓါတ်ပုံရိုက်ပြီး AI ကိုပြတယ် (ပြီးတော့ တစ်ခါထဲပြောလိုက်တယ် မင်းဘာမှမပြောနဲ့ ငါ့ကို proportion နဲ့ ပတ်သပ်ပြီး ငါ့လုပ်ထားတာ မှန်လား ဘယ်နားလွဲနေလဲ feature တွေ lock ဖြစ်သလား အမှားတွေကဘာတွေလဲ အဲ့ဒါဘဲပြော ကျန်တာ ဘာမှမသိချင်ဘူးဆိုပြီးပွားလိုက်တော့) ai က လွှတ်ပါလေရော။
မင်းရေးထားတာမှာ ခေါင်းစောင်းပေမယ့် လိုက်မလည်နေဘူး
မျက်လုံးတွေက နေရာမကျဘူး ဦးခေါင်းခွံမှာကပ်မနေဘူး
ပါးစပ်က နှာခေါင်းနဲ့ ဝေးနေတယ်
မျက်နှာကြီးက ကျပ်ပိတ်နေတယ် မမှန်ဘူး ဘာညာနဲ့အမုန်းပွားတယ်
ကျောင်းတက်ရင် ကိုယ့်ကို trainer က အမှားအမှန်စစ်ပေးသလိုမျိုး စစ်ပေးတယ် (ကိုယ်က academic ကိုမေးတဲ့အတွက် အခြေခံအပိုင်းတွေမှာ အသုံးဝင်တယ် မေးတတ်ရင် မေးတတ်သလို့ လေ့လာလိုရတယ်)
ကျွန်တော်က ကျောင်းမတတ်ဘူးတော့ ai နဲ့အခုလိုလေ့လာလို့ရနေတာ အတော်အကျိုးရှိသွားတယ် အနီးကပ်ကိုယ့်ကို curate လုပ်ပေးတဲ့သူရှိသလိုမျိုး ပြီးတော့ အဆင့်လဲမကွာဘူး ကိုယ်ခိုင်းသလောက်ဘဲ ၊ တစ်ကယ့်လူတစ်ယောက်ဆို အဲ့လောက်စိတ်ရှည်ဖို့နဲ့အချိန်ပြည့်ဘေးနားမှာ မေးတိုင်းဖြေဖို့ ဆိုတာမဖြစ်နိုင်ဘူးလေ ၊ ပြီးတော့ သူက သူသိတာကိုပြောတာထက် ကိုယ်သိချင်တာကို highlight လုပ်ပြီးပြောပြတော့ reverse learning သဘောနဲ့ ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက်မြန်စေတယ် ပြီးတော့ ထပ်တိုးလေ့လာလိုရတဲ့ reference တွေလဲတော်တော်များများညွှန်ပေးတယ် ဒါပေမယ့် ai နဲ့အကျိတ်အနယ်ဆွေးနွေးငြင်းခုန်ရတဲ့အတွက်တော့ အချိန်တော့အတော်ပေးရတယ် ကိုယ်လိုချင်တာကို အထိရောက်ဆုံးရဖို့အတွက် ဦးနှောက်တော့သုံးရတယ်
ဒီလိုနဲ့ ၁၁ ခုမြောက် drawing အပြီးမှာ ကိုယ့်စိတ်ကြိုက် အဆင့်တွေ့နဲ့ တည်ဆောက်ထားတဲ့ freehand drawing system တစ်ခုကို ဆုံးဖြတ်မှတ်သားထားဖြစ်လိုက်တယ် ( only for head portrait) စိတ်မှန်းနဲ့ တိုင်းတာရတာ ပိုလွယ်သွားတယ် မျက်လုံးထဲ ပေတံရောက်လာတယ်
အဲလိုနဲ့ ဒီနေ့ ဒီ drawing ရေးဖြစ်တယ် ရိုးရိုးတော့မဟုတ်ဘူး စတိုင်ပါရှာပြီးလုပ်ဖြစ်လိုက်တယ်ပေါ့လေ