28/03/2026
အသက်ဘေးနီးတဲ့ ငလျင်ဘေး ကြီး တနှစ်ပြည့်ပြီ
ကိုယ်တိုင်ကြုံမှ သိမယ်လို့ပဲ ပြောရမလားကိုယ်တိုင် ငလျင်ဘေးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားခဲ့ရတာကြီး တနှစ်ပြည့်ခဲ့ပြီ
တကယ်ဆို ကိုယ်က မန်းလေးသူလည်း မဟုတ် ကိစ္စမရှိရင်တော်တန်ရုံလည်း မန်းလေး ရောက်ဖြစ်တဲ့သူလည်း မဟုတ်တဲ့သူက ဒီလို အသက်ဘေးနီးတဲ့ ငလျင်ကြီးမှာ မန်းလေးရောက်နေပြီး အသက်ဘေးက လွတ်ခဲ့တယ်ဆိုတာလည်း ကံ ကံ ၏ အကျိူးပါပဲ
Miss Universe Mandalay ပွဲကို မန်းလေးမှာလုပ်လို့ မနဗစ်ကရော လွန်ခဲ့တဲ့ တနှစ်ကပါ March လကုန် ပိုင်းနဲ့ April လ အစ တွေမှာ အမြဲလို Mandalay ရောက်ဖြစ်နေတာပါ ငလျင်မဖြစ်ခင် သုံးရက်လောက်တည်းက ကိုယ်က ကြိုရောက်နေခဲ့တာပါ
အဲဒီနေ့ကလည်း ပုံမှန်ပါပဲ မနက်အစောထတယ် ဟိုတယ်ရဲ့ 15လွှာမှာ ပုံမှန်ပဲ Breakfast တက်စားတယ် Miss Universe Mandalay ရဲ့ Official Photoshoot ရှိနေတဲ့ အခါကျတော့ ကလေးတွေရော မိတ်ကပ်အဖွဲ့တွေပါ အကုန်လုံး 2လွှာ မှာ မိတ်ကပ်လိမ်းနေကြတာ အဲဒါနဲ့ ထမင်းစားချိန်ရောက်တော့လည်း မူဆယ်ရှမ်းကြီး က ထမင်းဘူးတွေလာပို့လို့ ကိုယ်တိုင် အောက်ကို ဆင်းယူ 15လွှာ က Bar မှာ ပို့လိုက်သေးတယ် အဲဒီနေ့က မှတ်မှတ်ရရ 15လွှာက ရေကူးကန်မှာ Swimsuit Shoot ရိုက်နေခဲ့ကြတာ Sponsor Company Ushido က အဖွဲ့တွေလည်း ရောက်နေခဲ့ကြတာပေါ့
နေ့လည် 12:45 ကျော်လောက်မှာ ဗိုက်လည်းဆာတယ် အပေါ်တက် ထမင်းစားရင်း ကလေးတွေ အခြေအနေလည်း သွားကြည့်မယ်ပေါ့ဆိုပြီး အပေါ်ရောက်တော့ ထမင်းအရင်မစားဘဲ ရေကူးကန်ဘောင်ပေါ်တက်လိုက်ပြီး ပုံရိုက်တာသွားကြည့်ခဲ့တာ အဲမှာပဲ မီးသတ်ကားတွေဆူညံနေပြီး မန်းလေးက မီးလောင်ပြန်ပြီပေါ့ အဲအချိန်မှာပဲ အုန်းဆိုတဲ့ အသံကြီးနဲ့ တိုက်ကြီး က စ လှုပ်လာတာ အဲအချိန်အထိ ငလျင်မှန်းမသိသေးဘူး ရုတ်တရက် ကိုယ်တွေဟိုတယ်က Renovation ဝင်နေလို့ အဲဒီအောက်ကနေ တခုခုဖြစ်တယ်ထင်တာ အဲမှာ အရမ်းယိမ်းထိုးပြီး လှုပ်လာ ရေကူးကန်ထဲက ရေတွေပါ ဘောင်ဘင်ခတ် စားပွဲတွေလဲကြ မှန်တွေကွဲ ထမင်းဘူးတွေ ပြုတ်ကျ ယိမ်းထိုးလာတော့မှ အကုန်အော်ဟစ် ကမ္ဘာတွေ ပျက်ကုန်ကြတာ ငလျင်ဆို တိုက်အပြင်ပြေးရအောင်လည်း ကိုယ်တွေရောက်နေတာက 15လွှာလေ ဘယ်လိုဆင်းပြေးရမှာလဲ တကယ် ကြောက်ဖို့ကောင်းတာ ပြန်တွေးတိုင်း 15လွှာလို အမြင့်ကြီးမှာ တိုက်ကြီး က ယိမ်းထိုးခါနေတာ တကယ်ပဲ ပြိုကျသွားတော့မှာလား သေသွားတော့မှာလား တွေးလိုက်မိတာပဲ
အပေါ်ဆုံးထပ် 15လွှာ အကာမရှိ ရေကူးကန်ဘောင်မှာ ပုခက်လွှဲသလို ယိမ်းထိုးနေတာ အဲအချိန်မှာ ငလျင်က ထပ်ပြင်းလာပြီး ရေကူးကန်က ရေတွေက လျှံကျ လူတွေက အော်ကြ တကယ်ကို ရေတွေနဲ့ အမြင့်ဆုံးတိုက်ပေါ်မှာ တယောက်လက်တွေ တယောက်ဆွဲထားပြီး အော်နေကြရတာ တခုခုသာဖြစ်ခဲ့ရင် အုပ်စုလိုက်ကြီး ကိုဖြစ်ကြမှာပါ ပြင်းအားရယ် အပေါ်ဆုံးထပ်ရယ် လေရယ် ရေရယ် တွေးသာကြည့်ပါတော့ တခုခုသာဖြစ်ရင် အကုန် အားလုံးသွားပြီ
ပထမ တကြိမ် ငလျင်လှုပ်ပြီး နောက်ငြိမ်သွားတဲ့အချိန် ဓာတ်ဆရာ မောင်လေး က စပြီး "အကုန်ဆင်း အမြန်ဆင်း သေကုန်မယ်"လည်း ဆိုကာမှ ကိုယ်က ပြန်ပြီး သတိဝင် (အဲဒီမောင်လေးသာ မပြောရင် ကြောင်နေဦးမှာ) အကုန်လုံဆင်းကြ စိတ်အေးအေးထားဆင်းမယ်ဆိုပြီး ဖိနပ်တွေချွတ်ပြီး ၁၅လွှာ ကနေ ဆင်းကြတာ ဘယ်လိုဆင်းပြီး ၂လွှာ (ပုံထဲမှာ ပဲ့နေတဲ့အထပ်)ကို ရောက်လာကြတယ်မသိ ၂လွှာက မိတ်ကပ် အဖွဲ့ ၂၃ ယောက်လည်း အကုန်ဘေးကင်းကြပါတယ် တကယ်ကို ကံကောင်းတာပါ အကုန် အယောက် 60 နီးပါး ဘာမှမဖြစ်ကြတာပဲ တကယ်ကို ကံပါပဲ ဘယ်သူမှလည်း ကြောက်လန့် အော်ဟစ် Panic ဖြစ်မနေကြတာ လည်း တော်ကြတာပါပဲ ကိုယ်တွေတင်မဟုတ် ဟိုတယ် တည်းတဲ့ ၄၄ခန်းလုံး က လူတွေ ထိခိုက်ဒဏ်ရာရခြင်းမရှိ အသေအပျောက်မရှိပါရှင် (ဟိုတယ်ကြီးကို တကယ်ကျေးဇူးတင်တယ်)
အခုပြန်တွေးတိုင်း ရင်တွေ တလှပ်လှပ်တုန်တယ် 15လွှာ ကနေ ဘယ်အရှိန်နဲ့ ဘယ်လို ပြေးဆင်းခဲ့မှန်း စဉ်းစားမရဘူး စိတ်အေးအေးထားဖို့မှာ ဟိုတယ်ထဲကနေ လူတွေ အကုန်အပြင်ထွက်ခိုင်းရပါတယ် တကယ်ပါကိုယ်လည်း အစက အဲလောက်ဆိုးမယ်မထင် အပြင်ထွက်ကာမှ ကိုယ့်ဟိုတယ်ကိုယ်မော့ကြည့်ပြီး လန့် ဘေးပတ်ဝန်းကျင်မှာ အကုန် ပမ္ဘာပျက်နေကြပြီ အဲမှာ ဒုတိယတခါ ထပ်လှုပ် ဘေးကနှစ်ယောက် လက်ကိုဆွဲပြီး မြေကြီးပေါ်် ဝပ်ချပြီး ထိုင်ချ ကြည့်နေရင်း ဟိုတယ်နဲ့ တအိမ်ကျော်က တိုက်ကြီးပြိုကျတော့မှ တကယ့်မျက်စိရှေ့ကြီး ငါကြုံနေရပါလား ဆိုပြီး လန့်တာ
ဒုတိယတကြိမ်လှုပ်ပြီး ငြိမ်သွားချိန်မှ ၃လွှာမှာ အဖွဲ့ထဲက နှစ်ယောက်ကျန် သူတို့က ပြေးဆင်း ကားပြေးထုတ် နောက်တယောက် ကိုပါခေါ် ပြေးထွက်ကြတာပဲ လမ်းတိုင်းလမ်းတိုင်းမှာ တိုက်တွေပြို မြို့ပျက်ကြီးလိုဖြစ် အနိဌာရုံ တွေ အပြည့်ပဲ ကြည့်ပြီးမှ သွေးတွေပျက် ကိုယ်တွေ ကားက ဆီမရှိ စက်မှုနားအထိသွား ရတယ်ဆိုလို့ ဆီဆိုင်ကို တောင်းပန်ပြီး ဆီဖြည့်ရ ပြီးမှ ညဘက်ရောက်မှ ကြောက်ကြောက်နဲ့ ဟိုတယ်ပြန် မှောင်မှောင်ကြီးထဲ ဟိုတယ်ခန်းထဲ ကိုယ့် ပစ္စည်းတွေ အကျီတွေ ပြန်သိမ်း ပြီး ဘောလုံးကွင်းပြင်ကြီးထဲ ပဲ တညလုံးထိုင် ဟိုတယ်ထဲလည်း မနေရဲတော့ဘူးလေ ခြင်တွေက ကိုက် တညလုံး ငလျင်ဘယ်ချိန်လာမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ဘဝမှာ ပထမဆုံး အနေဆင်းရဲတဲ့ ညပဲ
မနက် 3:30 လောက်မှာတော့ မဖြစ်ဖူး ငါတို့ တခုခုဆုံးဖြတ်ချက်ချမှ ဖြစ်မယ် ဒီမှာတော့ ဆက်နေလို့မဖြစ်ဘူး ငါတို့တော့ အရင်ဒီက ထွက်မယ် ဆိုပြီး ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ် အစက ပြင်ဦးလွင် တက်ဖို့လုပ်တာ 21မိုင် ရောက်တော့ ရန်ကုန် ပြန်ဆင်းဖို့ အဖော်ရှိတာနဲ့ ပြင်ဦးလွင် မတက်တော့ဘဲ လမ်းဟောင်းအတိုင်းဆင်းလာ တလမ်းလုံးလည်း လမ်းတွေ မကောင်း ရှောင်မောင်း မြို့တိုင်းမှာလည်း အဆောက်အဦပျက်တွေ 138 အုတ်တွင်းရောက်မှ အမြန်လမ်းပေါ်တက် ရန်ကုန်ပြန်ခဲ့ရပါတယ်
တကယ်ပါ ကြုံတွေ့ခဲ့ရတာ ဘဝမှာ အကြီးမားဆုံး အသက်ဘေးနီးတဲ့ ဖြစ်ရပ်ဆိုးကြီးပါပဲ ဒီအချိန်မှသာ သေချာပြန်ရေးနိုင်တာ အဲဒီတုန်းကတော့ ကမ္ဘာပျက် ရင်တလှပ်လှပ်ပဲ အဆိုးထဲကအကောင်းပါပဲ ဒီလောက်သတင်းဆိုးတွေကြားထဲ ကိုယ်တွေကတော့ ကံကောင်းထောက်မစွာ ပွန်းပဲ့ရာတချက်မရှိ 15လွှာ ပြေးဆင်းရတဲ့ အရှိန်နဲ့ ပေါင်ကြောတွေနာ ခါးတွေနာတာတခုက လွဲ ဘာမှမဖြစ်ခဲ့ဘူး
ကံ ကံ၏ အကျိုးဆိုဝာာကို တကယ်ယုံကြည်သွားတာပါ သေခြင်းတရား ဆိုတာ လက်တကမ်းမှာ ဆိုတာကိုလည်း တကယ်နားလည်သွားတာပါပဲ တကယ်ကို သေခြင်းတရားက နီးနီးလေးပါပဲ မန်းလေးရဲ့ ငလျင်ဘေးမှာ ရှိခဲ့ပြီး ဘာမှမဖြစ်ခဲ့ဘဲ ပွန်းပဲ့ ဒဏ်ရာတချက် လဲကျဒဏ်ရာ ဘာမှမရှိဘဲ အသက်ဘေး လွတ်ခဲ့တာလည်း တကယ်ကို ကံပါပဲ
ဘာလိုလိုနဲ့ တနှစ်ပြည့်ခဲ့ပြီ ဒီငလျင်ကြီးက ချစ်ရသူတွေ စည်းစိမ်တွေ ဥစ္စာတွေ အကုန်ခွဲခွာ ဆုံးရှုံးခဲ့ရသူတွေလည်း အများကြီးပဲ ကိုယ်တွေက ကံကောင်းလို့ လွတ်ခဲ့ပေမယ့် မိသားစု ချစ်သူ ခင်သူ ဆုံးရှုံးရသူတွေ အတွက်တော့ ဒီအဖြစ်ဆိုးကြီးဟာ အမြဲတမ်း အမှတ်ရ နာကျင်နေတော့မှာပါ နောက်နောင် အသက်ရှင်နေသရွေ့ ကာလပတ်လုံး ဒီအဖြစ်ဆိုးမျိုးတော့ နောက်ထပ် ဘယ်သောအခါမှ မကြုံချင်တော့ပါ
မန်းလေးငလျင်ကြုံခဲ့ခြင်း တနှစ်ပြည့် အတွေ့အကြုံ