Myat's Diary

Myat's Diary I Like Traveling. Traveling is My Life! Kdrama & Cdrama Fans �

အသက်ဘေးနီးတဲ့ ငလျင်ဘေး ကြီး တနှစ်ပြည့်ပြီကိုယ်တိုင်ကြုံမှ သိမယ်လို့ပဲ ပြောရမလားကိုယ်တိုင် ငလျင်ဘေးကို ကိုယ်တိုင်ကိုယ်ကျ ...
28/03/2026

အသက်ဘေးနီးတဲ့ ငလျင်ဘေး ကြီး တနှစ်ပြည့်ပြီ

ကိုယ်တိုင်ကြုံမှ သိမယ်လို့ပဲ ပြောရမလားကိုယ်တိုင် ငလျင်ဘေးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားခဲ့ရတာကြီး တနှစ်ပြည့်ခဲ့ပြီ

တကယ်ဆို ကိုယ်က မန်းလေးသူလည်း မဟုတ် ကိစ္စမရှိရင်တော်တန်ရုံလည်း မန်းလေး ရောက်ဖြစ်တဲ့သူလည်း မဟုတ်တဲ့သူက ဒီလို အသက်ဘေးနီးတဲ့ ငလျင်ကြီးမှာ မန်းလေးရောက်နေပြီး အသက်ဘေးက လွတ်ခဲ့တယ်ဆိုတာလည်း ကံ ကံ ၏ အကျိူးပါပဲ

Miss Universe Mandalay ပွဲကို မန်းလေးမှာလုပ်လို့ မနဗစ်ကရော လွန်ခဲ့တဲ့ တနှစ်ကပါ March လကုန် ပိုင်းနဲ့ April လ အစ တွေမှာ အမြဲလို Mandalay ရောက်ဖြစ်နေတာပါ ငလျင်မဖြစ်ခင် သုံးရက်လောက်တည်းက ကိုယ်က ကြိုရောက်နေခဲ့တာပါ

အဲဒီနေ့ကလည်း ပုံမှန်ပါပဲ မနက်အစောထတယ် ဟိုတယ်ရဲ့ 15လွှာမှာ ပုံမှန်ပဲ Breakfast တက်စားတယ် Miss Universe Mandalay ရဲ့ Official Photoshoot ရှိနေတဲ့ အခါကျတော့ ကလေးတွေရော မိတ်ကပ်အဖွဲ့တွေပါ အကုန်လုံး 2လွှာ မှာ မိတ်ကပ်လိမ်းနေကြတာ အဲဒါနဲ့ ထမင်းစားချိန်ရောက်တော့လည်း မူဆယ်ရှမ်းကြီး က ထမင်းဘူးတွေလာပို့လို့ ကိုယ်တိုင် အောက်ကို ဆင်းယူ 15လွှာ က Bar မှာ ပို့လိုက်သေးတယ် အဲဒီနေ့က မှတ်မှတ်ရရ 15လွှာက ရေကူးကန်မှာ Swimsuit Shoot ရိုက်နေခဲ့ကြတာ Sponsor Company Ushido က အဖွဲ့တွေလည်း ရောက်နေခဲ့ကြတာပေါ့

နေ့လည် 12:45 ကျော်လောက်မှာ ဗိုက်လည်းဆာတယ် အပေါ်တက် ထမင်းစားရင်း ကလေးတွေ အခြေအနေလည်း သွားကြည့်မယ်ပေါ့ဆိုပြီး အပေါ်ရောက်တော့ ထမင်းအရင်မစားဘဲ ရေကူးကန်ဘောင်ပေါ်တက်လိုက်ပြီး ပုံရိုက်တာသွားကြည့်ခဲ့တာ အဲမှာပဲ မီးသတ်ကားတွေဆူညံနေပြီး မန်းလေးက မီးလောင်ပြန်ပြီပေါ့ အဲအချိန်မှာပဲ အုန်းဆိုတဲ့ အသံကြီးနဲ့ တိုက်ကြီး က စ လှုပ်လာတာ အဲအချိန်အထိ ငလျင်မှန်းမသိသေးဘူး ရုတ်တရက် ကိုယ်တွေဟိုတယ်က Renovation ဝင်နေလို့ အဲဒီအောက်ကနေ တခုခုဖြစ်တယ်ထင်တာ အဲမှာ အရမ်းယိမ်းထိုးပြီး လှုပ်လာ ရေကူးကန်ထဲက ရေတွေပါ ဘောင်ဘင်ခတ် စားပွဲတွေလဲကြ မှန်တွေကွဲ ထမင်းဘူးတွေ ပြုတ်ကျ ယိမ်းထိုးလာတော့မှ အကုန်အော်ဟစ် ကမ္ဘာတွေ ပျက်ကုန်ကြတာ ငလျင်ဆို တိုက်အပြင်ပြေးရအောင်လည်း ကိုယ်တွေရောက်နေတာက 15လွှာလေ ဘယ်လိုဆင်းပြေးရမှာလဲ တကယ် ကြောက်ဖို့ကောင်းတာ ပြန်တွေးတိုင်း 15လွှာလို အမြင့်ကြီးမှာ တိုက်ကြီး က ယိမ်းထိုးခါနေတာ တကယ်ပဲ ပြိုကျသွားတော့မှာလား သေသွားတော့မှာလား တွေးလိုက်မိတာပဲ

အပေါ်ဆုံးထပ် 15လွှာ အကာမရှိ ရေကူးကန်ဘောင်မှာ ပုခက်လွှဲသလို ယိမ်းထိုးနေတာ အဲအချိန်မှာ ငလျင်က ထပ်ပြင်းလာပြီး ရေကူးကန်က ရေတွေက လျှံကျ လူတွေက အော်ကြ တကယ်ကို ရေတွေနဲ့ အမြင့်ဆုံးတိုက်ပေါ်မှာ တယောက်လက်တွေ တ‌ယောက်ဆွဲထားပြီး အော်နေကြရတာ တခုခုသာဖြစ်ခဲ့ရင် အုပ်စုလိုက်ကြီး ကိုဖြစ်ကြမှာပါ ပြင်းအားရယ် အပေါ်ဆုံးထပ်ရယ် လေရယ် ရေရယ် တွေးသာကြည့်ပါတော့ တခုခုသာဖြစ်ရင် အကုန် အားလုံးသွားပြီ

ပထမ တကြိမ် ငလျင်လှုပ်ပြီး နောက်ငြိမ်သွားတဲ့အချိန် ဓာတ်ဆရာ မောင်လေး က စပြီး "အကုန်ဆင်း အမြန်ဆင်း သေကုန်မယ်"လည်း ဆိုကာမှ ကိုယ်က ပြန်ပြီး သတိဝင် (အဲဒီမောင်လေးသာ မပြောရင် ကြောင်နေဦးမှာ) အကုန်လုံဆင်းကြ စိတ်အေးအေးထားဆင်းမယ်ဆိုပြီး ဖိနပ်တွေချွတ်ပြီး ၁၅လွှာ ကနေ ဆင်းကြတာ ဘယ်လိုဆင်းပြီး ၂လွှာ (ပုံထဲမှာ ပဲ့နေတဲ့အထပ်)ကို ရောက်လာကြတယ်မသိ ၂လွှာက မိတ်ကပ် အဖွဲ့ ၂၃ ယောက်လည်း အကုန်ဘေးကင်းကြပါတယ် တကယ်ကို ကံကောင်းတာပါ အကုန် အယောက် 60 နီးပါး ဘာမှမဖြစ်ကြတာပဲ တကယ်ကို ကံပါပဲ ဘယ်သူမှလည်း ကြောက်လန့် အော်ဟစ် Panic ဖြစ်မနေကြတာ လည်း တော်ကြတာပါပဲ ကိုယ်တွေတင်မဟုတ် ဟိုတယ် တည်းတဲ့ ၄၄ခန်းလုံး က လူတွေ ထိခိုက်ဒဏ်ရာရခြင်းမရှိ အသေအပျောက်မရှိပါရှင် (ဟိုတယ်ကြီးကို တကယ်ကျေးဇူးတင်တယ်)

အခုပြန်တွေးတိုင်း ရင်တွေ တလှပ်လှပ်တုန်တယ် 15လွှာ ကနေ ဘယ်အရှိန်နဲ့ ဘယ်လို ပြေးဆင်းခဲ့မှန်း စဉ်းစားမရဘူး စိတ်အေးအေးထားဖို့မှာ ဟိုတယ်ထဲကနေ လူတွေ အကုန်အပြင်ထွက်ခိုင်းရပါတယ် တကယ်ပါကိုယ်လည်း အစက အဲလောက်ဆိုးမယ်မထင် အပြင်ထွက်ကာမှ ကိုယ့်ဟိုတယ်ကိုယ်မော့ကြည့်ပြီး လန့် ဘေးပတ်ဝန်းကျင်မှာ အကုန် ပမ္ဘာပျက်နေကြပြီ အဲမှာ ဒုတိယတခါ ထပ်လှုပ် ဘေးကနှစ်ယောက် လက်ကိုဆွဲပြီး မြေကြီးပေါ်် ဝပ်ချပြီး ထိုင်ချ ကြည့်နေရင်း ဟိုတယ်နဲ့ တအိမ်ကျော်က တိုက်ကြီးပြိုကျတော့မှ တကယ့်မျက်စိရှေ့ကြီး ငါကြုံနေရပါလား ဆိုပြီး လန့်တာ

ဒုတိယတကြိမ်လှုပ်ပြီး ငြိမ်သွားချိန်မှ ၃လွှာမှာ အဖွဲ့ထဲက နှစ်ယောက်ကျန် သူတို့က ပြေးဆင်း ကားပြေးထုတ် နောက်တ‌ယောက် ကိုပါခေါ် ပြေးထွက်ကြတာပဲ လမ်းတိုင်းလမ်းတိုင်းမှာ တိုက်တွေပြို မြို့ပျက်ကြီးလိုဖြစ် အနိဌာရုံ တွေ အပြည့်ပဲ ကြည့်ပြီးမှ သွေးတွေပျက် ကိုယ်တွေ ကားက ဆီမရှိ စက်မှုနားအထိသွား ရတယ်ဆိုလို့ ဆီဆိုင်ကို တောင်းပန်ပြီး ဆီဖြည့်ရ ပြီးမှ ညဘက်ရောက်မှ ကြောက်ကြောက်နဲ့ ဟိုတယ်ပြန် မှောင်မှောင်ကြီးထဲ ဟိုတယ်ခန်းထဲ ကိုယ့် ပစ္စည်းတွေ အကျီတွေ ပြန်သိမ်း ပြီး ဘောလုံးကွင်းပြင်ကြီးထဲ ပဲ တညလုံးထိုင် ဟိုတယ်ထဲလည်း မနေရဲတော့ဘူးလေ ခြင်တွေက ကိုက် တညလုံး ငလျင်ဘယ်ချိန်လာမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ဘဝမှာ ပထမဆုံး အနေဆင်းရဲတဲ့ ညပဲ

မနက် 3:30 လောက်မှာတော့ မဖြစ်ဖူး ငါတို့ တခုခုဆုံးဖြတ်ချက်ချမှ ဖြစ်မယ် ဒီမှာ‌တော့ ဆက်နေလို့မဖြစ်ဘူး ငါတို့တော့ အရင်ဒီက ထွက်မယ် ဆိုပြီး ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ် အစက ပြင်ဦးလွင် တက်ဖို့လုပ်တာ 21မိုင် ရောက်တော့ ရန်ကုန် ပြန်ဆင်းဖို့ အဖော်ရှိတာနဲ့ ပြင်ဦးလွင် မတက်တော့ဘဲ လမ်းဟောင်းအတိုင်းဆင်းလာ တလမ်းလုံးလည်း လမ်းတွေ မကောင်း ရှောင်မောင်း မြို့တိုင်းမှာလည်း အဆောက်အဦပျက်တွေ 138 အုတ်တွင်းရောက်မှ အမြန်လမ်းပေါ်တက် ရန်ကုန်ပြန်ခဲ့ရပါတယ်

တကယ်ပါ ကြုံတွေ့ခဲ့ရတာ ဘဝမှာ အကြီးမားဆုံး အသက်ဘေးနီးတဲ့ ဖြစ်ရပ်ဆိုးကြီးပါပဲ ဒီအချိန်မှသာ သေချာပြန်ရေးနိုင်တာ အဲဒီတုန်းကတော့ ကမ္ဘာပျက် ရင်တလှပ်လှပ်ပဲ အဆိုးထဲကအကောင်းပါပဲ ဒီလောက်သတင်းဆိုးတွေကြားထဲ ကိုယ်တွေကတော့ ကံကောင်းထောက်မစွာ ပွန်းပဲ့ရာတချက်မရှိ 15လွှာ ပြေးဆင်းရတဲ့ အရှိန်နဲ့ ပေါင်ကြောတွေနာ ခါးတွေနာတာတခုက လွဲ ဘာမှမဖြစ်ခဲ့ဘူး

ကံ ကံ၏ အကျိုးဆိုဝာာကို တကယ်ယုံကြည်သွားတာပါ သေခြင်းတရား ဆိုတာ လက်တကမ်းမှာ ဆိုတာကိုလည်း တကယ်နားလည်သွားတာပါပဲ တကယ်ကို သေခြင်းတရားက နီးနီးလေးပါပဲ မန်းလေးရဲ့ ငလျင်ဘေးမှာ ရှိခဲ့ပြီး ဘာမှမဖြစ်ခဲ့ဘဲ ပွန်းပဲ့ ဒဏ်ရာတချက် လဲကျဒဏ်ရာ ဘာမှမရှိဘဲ အသက်ဘေး လွတ်ခဲ့တာလည်း တကယ်ကို ကံပါပဲ

ဘာလိုလိုနဲ့ တနှစ်ပြည့်ခဲ့ပြီ ဒီငလျင်ကြီးက ချစ်ရသူတွေ စည်းစိမ်တွေ ဥစ္စာတွေ အကုန်ခွဲခွာ ဆုံးရှုံးခဲ့ရသူတွေလည်း အများကြီးပဲ ကိုယ်တွေက ကံကောင်းလို့ လွတ်ခဲ့ပေမယ့် မိသားစု ချစ်သူ ခင်သူ ဆုံးရှုံးရသူတွေ အတွက်တော့ ဒီအဖြစ်ဆိုးကြီးဟာ အမြဲတမ်း အမှတ်ရ နာကျင်နေတော့မှာပါ နောက်နောင် အသက်ရှင်နေသရွေ့ ကာလပတ်လုံး ဒီအဖြစ်ဆိုးမျိုးတော့ နောက်ထပ် ဘယ်သောအခါမှ မကြုံချင်တော့ပါ

မန်းလေးငလျင်ကြုံခဲ့ခြင်း တနှစ်ပြည့် အတွေ့အကြုံ


တနှစ်ပြည့်ခဲ့ပြီ ပြန်မတွေးချင်တဲ့ အဖြစ်ဆိုးကြီးနေ့ပဲ သေကံမရောက်သက်မပျောက်သေးတာဘဲ ကံကောင်းလှပြီ လို့ တွေးပါတယ်
28/03/2026

တနှစ်ပြည့်ခဲ့ပြီ ပြန်မတွေးချင်တဲ့ အဖြစ်ဆိုးကြီးနေ့ပဲ သေကံမရောက်သက်မပျောက်သေးတာဘဲ ကံကောင်းလှပြီ လို့ တွေးပါတယ်

Food Recap in Malaysia 🇲🇾🇲🇾 မလေးမှာ စားခဲ့ရတဲ့ Food တွေ လွမ်း များသောအားဖြင့် စားဖြစ်တာ Local Malaysia Food တွေရယ် Chine...
14/03/2026

Food Recap in Malaysia 🇲🇾🇲🇾

မလေးမှာ စားခဲ့ရတဲ့ Food တွေ လွမ်း များသောအားဖြင့် စားဖြစ်တာ Local Malaysia Food တွေရယ် Chinese food ရယ် Junk Food ရယ် ပေါ့

Nasi Lamek ကို ကြက်သားနဲ့ရော အမဲသားဟင်းရယ် အဲဒါတော့ ကြိုက်‌တော့ စားဖြစ် နောက်တခုက Ayam Pennyat ထူးဆန်းတာ Menu မှာ အမဲသား တွေ ပြထားပြီး ကြက်သားတွေပဲ ရတာ အမှတ်တရပဲ နောက်တခုက Malaysia ရဲ့ နာမည်ကြီး Chilli Pan Mee ခေါက်ဆွဲကတော့ အရမ်းကောင်းပဲ

Penang မရောက်ခဲ့လို့ Suria KLCC က Food Court မှာ စားခဲ့ရတဲ့ Nyonya Food တွေလည်း ကောင်းတယ် အမှတ်ရဆုံးကတော့ Fried Oyster Omelette ပဲ ကမာကော်ကြော်ပေါ့ ဘိတ်ချဉ်လို မျိုးနဲ့ စားခဲ့ရတာတော့ တကယ်ရှယ်

Chinese Food ကတော့ နေတဲ့နေရာနားက Canteen က ဆိုင်လေး ထမင်းကြော် ခေါက်ဆွဲကြော် အရမ်းကောင်းတဲ့ အပြင် ဝက်သားလီမွန်ဆော့စ် အဲဒီဟင်းလေး အခုထိ သတိရတုန်းပဲ နောက်တခုက ငါးကြံမဆိုင် အမြဲတမ်း ဒီမှာ လူအမျယးနဲ့ သောက်ရလို့ ဘယ်တော့မှ မဝလို့ ဟိုမှာ ကိုကိုက တယောက်တည်း အဝစား ဆိုပြီး ကျွေးတာ သူ့ငါးက အရမ်းအိစက်ပြီး ဝါးစရာမလိုပဲ ပျော်ဆင်း ကြံမဆိုင်အရသာလည်း အရမ်းကောင်းတော့ အဲဒီ Sauerkraut Fish ကတော့ အရမ်းကို အမှတ်တရပဲ

Alor Street က နာမည်ကျော် Waw Chicken ဆိုင်က ကြက်တောင်ပံကင်ရယ် နောက်တခု လောက်ဆီဖန် ဆိုလား ခေါက်ဆွဲအလုံးကြီးကြော် ရယ် ကတော့ ကြိုက်လွန်းလို့ သုံးခါတောင် သွားစားတာ တရက်က ဆိုင်ပိတ်လို့ နှစ်ခါပဲ စားလိုက်ရတယ် McDonald's သရဲ လေး က McDonald's ကို နှစ်ခါ ရအောင်စားခဲ့တာ အမြဲ သောက်တာကတော့ နေရာတိုင်း Calamansi Juice ပဲ အဲဒီသံပရာသီးသေးသေး ချဉ်ချဉ်လေးကို အဖတ်ပါ ကြိတ်ပြီး ဖျော်ထားတဲ့ Juice က တော့ ရောက်တဲ့နေရာသောက်တာပဲ

ဘာတွေပဲဖြစ်ဖြစ် ‌အရသာရှိတာတွေပဲ စားခဲ့ရတယ် ဘာစားစား မကောင်းတဲ့ အရသာမကြိုက်တဲ့ ဆိုင် မရှိခဲ့တာလည်း တကယ်ကို ကောင်းတာပဲ ဝင်တဲ့ဆိုင်တိုင်း ဆုံးဖြတ်ချက်မှန်ပြီး ကောင်းနေခဲ့တာ 😋😋

အောက်က ပုံတွေ မှာ နေရာနဲ့ အသေးစိတ်ပါတယ်

အခုတော့ တကယ် သတိရနေရပြီ 😭😭


Malaysia Solo Trip 🇲🇾🇲🇾Feb တုန်းက Malaysia ကို Solo Trip သွားခဲ့တာလေးပါ တယောက်တည်းမို့ Malaysia Immigration ကို စိတ်နဲနဲ...
03/03/2026

Malaysia Solo Trip 🇲🇾🇲🇾

Feb တုန်းက Malaysia ကို Solo Trip သွားခဲ့တာလေးပါ တယောက်တည်းမို့ Malaysia Immigration ကို စိတ်နဲနဲပူခဲ့ပေမယ့် ဟိုရောက်တော့ 'ဘယ်နှစ်ရက်နေမှာလဲ" တခွန်းပဲ မေးပြီး တုံးထုပေးလိုက်လို့ ကိုယ်တောင်အံ့ဩရော

အရင်ကလည်း သူ့နိုင်ငံကို နှစ်ခါ ဝင်ဖူးတာလည်း ပါမယ် Passport စာအုပ်ထဲလည်း တုံးတွေ အများကြီး ရှိနေလို့ ဘာမှမမေးတာလည်း ပါမယ်ထင်တယ် မသွားခင် သုံးရက်တည်းက MDAC ကို သေသေချာချာအပြည့်အစုံ ဖြည့်တယ် နေမယ့်ရက်အတိုင်း Hotel Booking ကလည်း အပြည့်ပါတယ် (ဟိုတယ် နှစ်ခု ပြောင်းပါတယ်) Agoda ကနေ Fully Paid လုပ်ထားတာပါ ဒါပေမယ့် ကျမကို Hotel Booking တောင် တောင်းမကြည့်ပါဘူး Show Money လည်း အလုံအလောက်ပါတယ် အဲဒါလည်း မမေးပါဘူး အပြန်လက်မှတ်လည်း တောင်းမကြည့်ပါဘူး

ရန်ကုန်အထွက်ကလည်း ဘာမှအထွေအထူးမမေးပါဘူး Kilo တွေ ကျော်လို့သာ ကိုယ့်ဟာကိုယ် ထုံးစံအတိုင်း နဲနဲ တိုင်ပတ်သွားတာတခုပဲ ဘယ်နိုင်ငံပဲ သွားသွား Arrival Card ကို အတိအကျ သေချာဖြည့်ထားရင် အဆင်ပြေပါတယ်

အားလုံးပဲ လိုရာခရီးကို အခက်အခဲမရှိ သွားနိုင်ကြပါစေ

ချစ်တဲ့
Myat ❤️

YOUR WAY Travels  နဲ့ Jan 9 တုန်းက Vietnam Middle & North ဘက်ကို မိသားစုသီးသန့် Private Tour အနေနဲ့သွားခဲ့တဲ့ Trip လေးပါ...
26/01/2026

YOUR WAY Travels နဲ့ Jan 9 တုန်းက Vietnam Middle & North ဘက်ကို မိသားစုသီးသန့် Private Tour အနေနဲ့သွားခဲ့တဲ့ Trip လေးပါ မြန်မာပြည်ဘက်က Tour Leader မပါပဲ ကိုယ့်ဟာကိုယ် မိသားစုနဲ့ သီးသန့် သွားခဲ့ပေမယ့် အစစအရာရာ အကုန်အဆင်ပြေခဲ့ပါတယ်

အထူးသဖြင့် Danang ဘက်က Vietnam Local Guide က အရမ်းအဆင်ပြေခဲ့ပါတယ် စေတနာအရမ်းပါပြီး Time Management အရမ်းကောင်းပါတယ် တကယ်ကို ဓာတ်ပုံရိုက်လည်း စိတ်ရှည် အရမ်းကိုသဘောကောင်းပဲ

Hanoi Guide ကိုတော့ သိပ်ပြီး သဘောမကျခဲ့ပါ Halong Bay အသွား လမ်းမှာနားတဲ့နေရာမှာ ကော်ဖီတွေ ရောင်းတော့ ကိုယ်တွေကလည်း မသိတာနဲ့ အဖွဲ့ထဲက တယောက်က Guide ကို ဝယ်ရမလား မေးတာ ဝယ်ဆိုပြီး ပြောလို့ ဝယ်မိတာ တကယ်ကို ရက်ရက်စက်စက်ဈေးကြီး ဂျင်းမိခဲ့ပါတယ် ညရောက်တော့ Old Quarter ဆိုင် ရောက်တဲ့အခါ ကော်ဖီတွေက ဈေးထက်ဝက်ကွာနေရောပဲ (အဲဒီ Guide ကိုတော့ တကယ်ကို No Recommend ပါပဲ Tour ကိုလည်း မှတ်ချက်ပေးလိုက်ပါတယ်)

Tour က တော့ အရမ်းအဆင်ပြေပါတယ် ဟိုတယ် စားသောက်‌ဆိုင် လည်စရာနေရာ ကား က အစ အကုန်အဆင်ပြေတာ Tour သီးသန့်ပဲ ယူပြီး Air Ticket ဖြတ်တော့လည်း အကုန်လုပ်ပေးတာ တကယ်ကို သဘောကျရပြီး Professional ဆန်တဲ့ Your Way ပါ Sapa က ဟိုတယ်ဆို 4star အရမ်းကိုကောင်းပြီး ခရီးစဉ်တလျှောက် အစားအသောက်ဆိုတာ မစားနိုင်လောက်အောင်ကို Buffet ခြောက်နပ်နဲ့ Set Menu တွေဆိုလည်း အလျှံအပယ် ပိုလျှံနေအောင်ကျွေးတာပါ ဟိုတယ် Breakfast တွေကလည်း အရမ်းကောင်း Danang, Hanoi, Sapa ဟိုတယ် သုံးခု တည်းတာ သုံးခုလုံးက အရမ်းအဆင်ပြေသောပဲ

ကားတွေဆိုလည်း အဲကွန်းအေးစိမ့်ပြီး အဆင်ပြေ ရေသန့်က အစ တောင်းစရာကိုမလိုတာ တခါမှ Tour နဲ့ မသွားဖူးပေမယ့် ပထမဆုံး Tour နဲ့ သွားရတာ အရမ်းကို အဆင်ပြေစေတာပါပဲ သူများတွေ Vietnam စာ မစားနိုင်ဘူးပြောပေမယ့် ကိုယ်တွေ အဖွဲ့ကတော့ အရမ်းကိုစားကောင်းပြီး ရှယ်ကြိတ်ခဲ့တာပါ

Fansipan တောင်ပေါ် တက်တော့လည်း Funiular Train Ticket ကို လက်ဆောင်ပေးသေးတယ် အဲဒီနေ့က ရာသီဥတုအရမ်းဆိုးဝါးလို့ ကိုယ်တွေအဖွဲ့က သုံးယောက်ပဲ တက်နိုင်ခဲ့တယ် တကယ်ကို အစစအရာရာ အဆင်ပြေ Time Limit ကိုလည်း ရအောင် Balance လုပ်ပြီး နေရာအကုန်စုံအောင် ပို့ပေးခဲ့တာပါ နောက်ဆို Tour နဲ့ သွားဖြစ်ရင် Your Way နဲ့ပဲ ထပ်သွားဦးမယ် ဘယ်တော့ဘာမေးမေး စိတ်ရှည်လက်ရှည်အမြဲ ဖြေပေး အကုန်စိတ်တိုင်းကျလုပ်‌ပေးတဲ့ Your Way Travels ပိုအောင်မြင်ပါစေရှင်

19/12/2025

Kolkata India 🇮🇳🇮🇳


MAI နဲ့ ဂယက်လေးတဖြတ်India Kolkata သွားဖို့ လေဆိပ်ကို 2နာရီရောက်တယ် လေယာဉ်က 4:45 နောက်လည်းမကျပါဘူး Seat ကြိုမရွေးခဲ့တာမို...
17/12/2025

MAI နဲ့ ဂယက်လေးတဖြတ်

India Kolkata သွားဖို့ လေဆိပ်ကို 2နာရီရောက်တယ် လေယာဉ်က 4:45 နောက်လည်းမကျပါဘူး Seat ကြိုမရွေးခဲ့တာမို့ ကောင်တာမှာ Window Seat တောင်းတော့ နောက်ဆုံးနားလောက်ပဲ ရမယ်တဲ့ Ok လို့ Window Seat ရရင် အိုကေတော့ နားလည်ပေးပါတယ် ဘုရားဖူးအဖွဲ့တွေလည်း နှစ်ဖွဲ့လောက်ပါနေတော့ ရတယ် ပြသနာမရှိပါဘူး

ပြသနာက လေယာဉ်ပေါ်ရောက်မှ စ တာ သူတို့ Meal က ကြက်သားဟင်း နဲ့ သက်သတ်လွတ်သီးစုံဟင်း Indian Flight မို့ သက်သတ်လွတ်ထည့်တာ နားလည်တယ် ကိုယ်တွေခုံ ရောက်တော့ ကြက်သားဟင်း ကုန်သွားလို့ သီးစုံဟင်းပဲ စားပါတဲ့ ကိုယ်နဲ့သူငယ်ချင်းက စိတ်ညစ်သွားတာပေါ့ ကြက်သားဟင်း လုံးဝမရှိတော့ဘူးလား မေးတော့ မရှိတော့ဘူး ရှေ့ကလူတွေ အကုန်ရွေးသွားပြီတဲ့ အဲမှာ စိတ်က ထ ပေါက်လာပြီ ပေးရတဲ့ ဈေးချင်းက ဒါပဲ အမတို့ က နောက်ခုံ ရောက်သွားလို့တဲ့ နောက်ခုံ က ကိုယ်ထိုင်ချင်ပါတယ် ရွေးတာလည်းမဟုတ် အရှေ့က အသက်ကြီးသူတွေ အကုန် ကြက်သား ရွေးသွားလို့တဲ့ မသိရင် ထပ်ပြောရင် ကိုယ်တွေကပဲ သက်ကြီးရွယ်အိုတွေ ကြက်သားရွေးတာ အပြစ်တင်သလိုဖြစ်မယ် ဆိုပြီး စိတ်လျော့ချလိုက်တယ် လူအရေအတွက်နဲ့ မလုပ်ဘူးလား မေးတော့ ကြက်သားပိုလုပ်တာ ကုန်သွားတာတဲ့ ကဲ ထားပါတော့

အဲဒီမှာ လေယာဉ်မောင်က Meal လာချပြီး သက်သတ်လွတ်လည်း ကောင်းပါတယ်ဆိုတဲ့အချိန် စိတ်က ပေါက်သွားပြီ မရတော့ဘူး ကောင်းရင် မောင်လေးစားလိုက်လေ လို့ အမတို့က ကြက်သားပဲ ကြိုက်တာလို့ ပြောပေးလိုက်တယ် ခဏနေတော့မှ လေယာဉ်မယ်လေးက သူတို့ Crew Team က ကြက်သားဘူး ‌ဆိုပြီး နှစ်ဘူး လာပေးသွားတယ် ခေါက်ဆွဲတဘူး ထမင်းတဘူး အဲဒီညီမလေးကိုတော့ ကျေးဇူးတင်ပါတယ် သက်သတ်လွတ်လည်း မစားနိုင်တာထက် လေယာဉ်မောင်ပြောတဲ့စကားက ကျောတယ်လို့ ခံစားရလို့ စိတ်ကတိုသွားတာ MAI က သောကတော့ တကယ်ပေးတာ ‌ဒါပဲရွေးချယ်စရာရှိတော့လည်း အင်း ဒီလိုပဲပေါ့



သွားကြမလား Bangkok Disneyland ဟုတ်ပါတယ် အခုဆိုရင်တော့ Disney ဇာတ်ကောင်လေးတွေဟာ ခရစ်စမတ်နဲ့ နယူးရီးယားပွဲတော်အတွက် Bangko...
15/11/2025

သွားကြမလား Bangkok Disneyland

ဟုတ်ပါတယ် အခုဆိုရင်တော့ Disney ဇာတ်ကောင်လေးတွေဟာ ခရစ်စမတ်နဲ့ နယူးရီးယားပွဲတော်အတွက် Bangkok ရဲ့ Central World အရှေ့ကို ရောက်ရှိလို့နေပါပြီ 🎄🎁

သားသားမီးမီးတို့ အကြိုက်တွေ့စေမယ့် 🎉🎄 CentralwOrld က ခရစ္စမတ်ပွဲ‌ တော် ကတော့ အမိုက်စား Hong Kong Disneyland ကြီးကို‌ ရွှေ့ချထားလိုက်တဲ့အတိုင်းပါပဲနော်

ဘယ်ထောင့်ကပဲကြည့်ကြည့် ဘယ်လိုကြည့်ကြည့် တကယ်ကို အမိုက်စား လှနေတာမို့ အခုလတ်တလော အလည်ရောက်နေတဲ့သူတွေရော ခရစ်စမတ်နဲ့ နယူးရီးယားမှာ အလည်သွားမယ့်သူတွေရော ဓာတ်ပုံရိုက်ဖို့ကိုတော့ လုံးဝ သွားသင့်တဲ့ Disney Land ပါပဲ နော် 📸✨

အကုန်လုံး အမိုက်စား Disney ကာတွန်းရုပ်တွေကြားအားလုံးထဲမှာ အထင်ရှားဆုံးကတော့ ၅ မီတာထက်မက ကြီးမားတဲ့ Mickey မိုးပျံရုပ်ပါပဲ အရမ်းချစ်စရာကောင်းသောပါပဲ

ဝင်ကြေးကလည်း ပေးစရာမလိုဘဲ Disney ဇာတ်ကောင်တွေနဲ့ အမိုက်စား ဓာတ်ပုံရိုက်ခွင့်ရမှာဆိုတော့ အမြန်လေး ပြေးလိုက်ကြတော့နော် Nov 14 ရက်ကနေ Jan 6 ရက်နေ့အထိ ဆိုတော့ အချိန်လည်း အများကြီး ရတာမို့ Central World Disneyland က စောင့်မျှော်နေပါတယ်နော်

Admin ကတော့ New Year ပြီးမှ ပဲ Bkk ရောက်တော့မှာ ဆိုတော့ Disney တွေနဲ့ လွဲရပြန်ပြီပေါ့ 😭😭 ဒီကြားထဲ Bkk သွားမယ့်သူတွေကတော့ ဒီ Disneyland ကြီးကို လက်မလွှတ်သင့်ဘူးနော်

ချစ်တဲ့
Myat ❤️





Hello Again Malaysia 🇲🇾🇲🇾အခုလာမယ့် October 1 ရက်နေ့ကစပြီး မြန်မာနိုင်ငံသား Passport တွေအတွက် Malaysia ကို အလည်သွားဖို့ V...
25/09/2025

Hello Again Malaysia 🇲🇾🇲🇾

အခုလာမယ့် October 1 ရက်နေ့ကစပြီး မြန်မာနိုင်ငံသား Passport တွေအတွက် Malaysia ကို အလည်သွားဖို့ Visa မလိုတော့ပါဘူးနော်

Visa Free နဲ့ Malaysia နိုင်ငံထဲ တစ်ခါဝင်ရင် အနည်း ဆုံး 14 ရက် နေလို့ရပါမယ် နော်

Admin က တော့ အရမ်းပျော်နေပါပြီ

အရင်က ASEAN နိုင်ငံတွေထဲ Malaysia တနိုင်ငံထဲ Visa လို လို့ Malaysia သွားရင် Visa တခါ လျှောက်ရလို့ အလုပ်လည်းပို ပိုက်ဆံလည်း ကုန် အခုတော့ Visa Free ရသွားပါပြီရှင်

Admin က တော့ 2015 နဲ့ 2019 တွေ မှာ နှစ်ခေါက်ရောက်ဖူးခဲ့တဲ့ Malaysia ကို အခု Visa Free ရလို့ ပြန်သွားပါဦးမယ်ရှင်

See you soon Malaysia 🇲🇾🇲🇾

နောက်ဆုံးမှာ Embassy of Malaysia,Yangon ကနေ ထုတ်ပြန်ထားတဲ့ Announcement လေးပါ ထည့်ပေးထားပါတယ်ရှင်



Finally Jeh O Chula bucket list ✅Michelin Star ရှစ်နှစ်ဆက်တိုက် ရထားတာ အချဥ်မဟုတ် တကယ် လန်ထွက်နေတာပဲ ဒီတခေါက်လာတာ ဒီဆိုင...
02/08/2025

Finally Jeh O Chula bucket list ✅

Michelin Star ရှစ်နှစ်ဆက်တိုက် ရထားတာ အချဥ်မဟုတ် တကယ် လန်ထွက်နေတာပဲ ဒီတခေါက်လာတာ ဒီဆိုင်မှ မစားရရင် ငါမပြန်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လာတာဟေး မိုးထဲရေထဲ ဆိုင်ကယ်နဲ့ ရအောင်လာစားတာ ဝီရိယ အရမ်းကောင်းတော့ ထူးထူးခြားခြား မ Queue ရဘဲ တန်းဝင်ရတာတော့ ကံ ပေါ့ 😁😁

‌ဝက်ခေါက်ကြွပ်ကြီး ရဲ့ ကောင်းမွန် ကြွပ်ရွမှုဆိုတာအရမ်းပါ ခေါက်ဆွဲထက် ဝက်ခေါက်ကြီး ကြိုက်တာ ဆယ်လမွန်အစိမ်းသုပ်ရဲ့ ထိမိချက်ရယ် မရရအောင် သွားစားရကျိုး တန်လိုက်တာ 😋😋

သူငယ်ချင်း က လိုက်ကျွေးတာ သူက ဆယ်လမွန် မစားဘူးဆိုတော့ ငါ တယောက်တည်း စားရတာ အရမ်းပါပဲ 😆😆

နောက်အခါလာတိုင်းပြေးမှာပဲ 😋😋




25/07/2025

Admin ဘန်ကောက် ရောက်တုန်းလေး 79Baht ပဲ ပေးရတဲ့ အဝစား ခေါက်ခါမူ(ဝက်လက်ထမင်းပေါင်း) သွားစားဖြစ်ခဲ့ပါတယ် Dish A Day by Su Myat ညွှန်းထားလို့ကို သွားစားချင်ခဲ့တာ ရောက်တဲ့အချိန် သွားစားခဲ့တာ တကယ် အရမ်းကောင်းပြီး တန်လွန်းတယ် Bkk ရောက်ရင် သွားစားကြည့်ကြနော် Lim Pork Leg Buffet 🐷🐷

Cmt မှာ Address Link ချထားပေးမယ်ရှင်




"အရာရာတိုင်းက ပိုကောင်းဖို့ဖြစ်လာဝာာပါတဲ့"ဒီစကားကို ကိုယ်ကတော့ တကယ် လက်ခံတယ်ဒီအမျိုးသမီးက Bhoomi Chauhan တဲ့ မနေ့က   နဲ့...
13/06/2025

"အရာရာတိုင်းက ပိုကောင်းဖို့ဖြစ်လာဝာာပါတဲ့"

ဒီစကားကို ကိုယ်ကတော့ တကယ် လက်ခံတယ်

ဒီအမျိုးသမီးက Bhoomi Chauhan တဲ့ မနေ့က နဲ့ လန်ဒန်မြို့ကိုသွားဖို့ လေဆိပ်အသွားလမ်းမှာ ကားတွေပိတ်ပြီး လေဆိပ်အရောက် သူမ နောက်ကျခဲ့တယ်

လေဆိပ်ကိုရောက်တော့ Boarding လုပ်တာ
နောက်ကျသွားပြီဆိုပြီး Gate က လက်မခံဘဲ
ပြန်လွှတ်လိုက်တယ်

လေယာဉ်လွဲချော်သွားလို့ အဲ့ဒီ အမျိုးသမီးဟာ
အကြီးအကျယ် စိတ်ထိခိုက်သွားပြီး ဝမ်းနည်း
ခဲ့ရတယ်တဲ့

မိနစ်ပိုင်းလေး အကြာမှာပဲ သူ့ရဲ့ ဝမ်းနည်းမှုက
ထိပ်လန့်တုန်လှုပ်မှုကို ပြောင်းသွားတယ် သူ
စီးမယ့် လေယာဉ်က ပျက်ကျသွားတယ်ဆိုတာ
သိလိုက်ရလို့ အတော်လေး တုန်လှုပ်သွားခဲ့တယ်

တခါတလေ နောက်ကျတာလေးတွေက ကိုယ့်ကို အသက်ရှင်လွတ်မြောက်ဖို့အတွက် ကံကောင်းစေတတ်ပါတယ်

အရာရာတိုင်းက ပိုကောင်းဖို့ ဖြစ်လာတာပါပဲ

Address

Yangon
11062

Website

Alerts

Be the first to know and let us send you an email when Myat's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share