29/08/2024
ဒီနေ့မှာတော့ ကျနော်က jungle ပဲဆော့ဆော့ clash ပဲဆော့ဆော့ ဆော့လို့ကောင်းတဲ့ ဂျပန်ကြီး Musashi အကြောင်းကိုပြောပြသွားမှာပါ။
Musashi က skillပြလို့ကောင်းတဲ့ hero မို့ တော်တော်များများကြိုက်ကျပါတယ်။Fps 120 network speed 10ms လောက်ရတဲ့ဖုန်းနဲ့သာဆိုအရမ်းကိုမှဆော့လို့ကောင်းမှာပါ။ဘရိုတို့ကရော ဂျပန်ကြီးကို ဘယ်lane မှာ ဘယ်လို item build နဲ့ဆော့ဖြစ်နေကျလဲ။damage buildနဲ့ဆိုလဲ Marksman နဲ့ mage တွေ ကိုတကွက်အပျောက်လောက်ထိကိုကြမ်းပြီး tank build နဲ့ဆိုရင်လဲ battle မှာ တော်တော်မာမာ နဲ့ shield immune တွေပြပြီး ကြာကြာနေနိုင်ပါတယ်။ကဲဒီတော့ ဂျပန်ကြီးMusashi ရဲ့အကြောင်းကိုကြည့်လိုက်ကျရအောင်ဗျာ။
Musashi က ဓားပညာကိုရူးသွပ်စွာနဲ့ကြီးပြင်းလာခဲ့တာပါ။ဓားပညာရဲ့အထွတ်အထိပ်ကိုရောက်ပြီး ကမ္ဘာအတော်ဆုံး ဆာမူရိုင်းဖြစ်လာဖို့က သူရဲ့အိပ်မက်ပါပဲ။ဒါပေမယ့်သူရဲ့မိသားစုဟာဆင်းရဲတာကြောင့်သူရဲ့အိပ်မက်ဖြစ်လာဖို့ဟာခက်ခဲလွန်းလှပါတယ်။သူကလေ့ကျင့်ရေးစရိတ်မတက်နိုင်ခဲ့တာကြောင့် dojoလေ့ကျင့်ရေးကိုခိုးပြီးသွားတက်တိုင်းလဲ ခနခနနှင်ထုတ်ခံရပါတယ်။အဲ့ဒါကိုမြင်တွေ့နေရတဲ့ Dojoသင်တန်းနားက မုန့်ချိုဆိုင်ပိုင်ရှင်က musashi ကိုသနားပြီး Dojo သင်တန်းကျောင်းပိုင်ရှင်နဲ့ညှိနှိုင်းခဲ့ပါတယ်။အဲ့ဒါကတော့ musashi ရဲ့သင်တန်းစရိတ်ကို မုန့်ချိုတွေနဲ့ပေးဖို့ပါ။သူရဲ့သမီးဖြစ်သူOtsu က Dojo ကိုမုန့်တွေယူလာတိုင်း Musashi ကို သူ့ထက်ပိုလူကောင်ကြီးတဲ့ ကျောင်းသားတွေကအနိုင်ကျင့်တာမြင်ရပါတယ်။ဒါပေမယ့် Musashi ကတော့ သူမကိုမြင်တာနဲ့မြေကြီးပေါ်ကထပြီး ဘာမှမဖြစ်သလိုလက်ကိုဝှေ့ယမ်းပြီးနှုတ်ဆက်ပါတယ်။ရက်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်က သူငယ်ချင်းတွေဖြစ်လာပါတယ်။
တညမှာတော့ အရက်မူးနေတဲ့လူဆိုးတစ်ခုက Otsuအဖေရဲ့မုန့်ဆိုင်မှာပြဿနာလာရှာကျပါတယ်။
Musashi ကသူရဲ့လေ့ကျင့်ရေး သစ်သားဓားကိုကိုင်ပြီး Otsu ကိုကာကွယ်ဖို့ ဘယ်ကရောက်လို့ရောက်လာမှန်းမသိရောက်လာခဲ့ပါတယ်။သူက လူဆိုးတွေကိုမောင်းထုတ်နိုင်ခဲ့ပေမယ့် သူလည်းဒဏ်ရာတွေရခဲ့ပါတယ်။
Otsu က သူရဲ့ဒဏ်ရာတွေကိုဆေးပြန်ထည့်ပေးခဲ့ပြီး
Musashi က စိတ်ထဲမှာအပြစ်ရှိသလိုခံစားနေရကာ သူက otsuကို ကတိတစ်ခုပေးခဲ့ပါတယ်။
"မကြောက်ပါနဲ့ ငါတနေ့ကျ အတော်ဆုံး ဆာမူရိုင်းဖြစ်လာတဲ့အခါ မင်းကိုလုံးဝကာကွယ်ပေးပါမယ်။"
အဲ့ဒီနောက်မှာ musashi ကပိုမိုပြင်းထန်စွာလေ့ကျင့်ပြီးသူရဲ့ကိုယ်ပိုင်နည်းပညာ Niten Ichiryuu ကိုလဲလေ့ကျင့်အောင်မြင်ခဲ့ပါတယ်။သူက Kyokutou တစ်လျောက်သွားလာခဲ့ပြီးတွေ့သမျှ ဆာမူရိုင်းတိုင်းကိုစိန်ခေါ်ခဲ့ပါတယ်။သူကရှုံးပွဲမရှိပဲ သူရဲ့ဂုဏ်သတင်းကလဲလျှင်လျှင်မြန်မြန်ပျံနှံလာခဲ့ပါတယ်။
တနေ့ Musashi အိမ်ကနေထွက်ခါနီးမှာ Otsuက သူ့ကိုအဆောင်လက်ဖွဲ့တစ်ခုပေးခဲ့ပါတယ်။
မတိုက်ခိုက်ခင်တိုင်းမှာ နင့်ရဲ့နာမည်ကိုထုတ်ပြောပါ။ဒီလိုဆိုရက်ငါဘယ်ရောက်ရောက်မင်းရဲ့သတင်းကိုကြားရလိမ့်မယ်လို့ Otsuကပြောပါတယ်။Kyokutou တစ်လျောက်မှာတော့သူ့ကိုဓားနှစ်လက်ဆာမူရိုင်းဆိုပြီးဒဏ္ဍာရီတစ်ခုဖြစ်နေပါပြီ။သူရဲ့ဓားပညာကအလွန်လက်ရာမြောက်ပြီး တိုက်ပွဲတိုင်းမှာလည်းသူက သူရဲ့နာမည်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။(ဂျပန်ကြီးတို့ကတော့ crush ကတစ်ခွန်းဆိုတစ်ခွန်းပဲ ).
"My name is Musashi, and I am the one who shall defeat you."
ငါနာမည်က မူဆာရှိပဲ ပြီးတော့မင်းကိုအနိုင်ယူမယ့်သူ။
Kyokutou မှာသူနဲ့ယှဉ်နိုင်တဲ့လူမရှိတော့ပဲ သူရဲ့ငယ်ဘဝအိပ်မက်ဟာခြေတစ်လှမ်းပိုနီးကပ်လာပါပြီ။
ဒါပေမယ့်အဲ့တာတွေကမကြာခင်မှာရပ်တန့်သွားခဲ့ပါတယ်။အင်အားပြင်းငလျှင်တစ်ခုက Otsuရဲရွာမှာလှုပ်ခက်သွားခဲ့ပါတယ်။Musashi ရောက်ရှိသွားတဲ့အချိန်မှာတော့Otsuကအပျက်အစီးပုံအောက်မှာပိနေပြီးသူမရဲ့ နောက်ဆုံးထွက်သက်ကိုရောက် နေပါပြီ။Otsuရဲ့သေဆုံးမှုက musashi အတွက်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။သူရဲ့ဓားနဲ့မွေးရပ်မြေကိုစွန့်ပစ်ခဲ့ပြီးသူအရမ်းဖြစ်ချင်ခဲ့တဲ့စိတ်ကူးအိပ်မက်တွေကိုစွန့်ပစ်လိုက်ပုံရပါတယ်။(ဂျပန်ကြီးရဲ့အဖြစ်က တကယ်စိတ်မကောင်းစရာပါ😔)
Musashi ဒီလိုစိတ်ပျက်လက်ပျက်ဖြစ်သွားတာကို
Otsuရဲ့ ဝိညာဉ်က ကြည့်မနေနိုင်ခဲ့ပါဘူး။Musashiနဲ့ တစ်ရက်တာတွေ့ဖို့အတွက်သူမက ကြီးမားတဲ့တန်ဖိုးတစ်ခုနဲ့လဲလှယ်ခဲ့ပါတယ်။အဲ့ဒါကတော့သူမရဲ့ဝိညာဉ်ကထာဝရပျောက်ကွယ်သွားရမှာပါ။ Otsu Musashi ရဲ့ရှေ့မှာနောက်ဆုံးအချိန်အဖြစ်ပြန်ပေါ်လာတဲ့အခါမှာတော့ သူရဲ့နှလုံးသားကိုချည်နှောင်ထားတဲ့သံကြိုးတွေအကုန်ကွဲအက်သွားသလိုဖြစ်သွားပါတယ်။
သူကသူ့ရဲ့တိုက်ခိုက်ရေးစိတ်ဓာတ်ကိုပြန်ရခဲ့ပြီး သူဓားကိုနောက်တစ်ကြိမ်ပြန်ကိုင်နိုင်ခဲ့ပါတယ်။
သူရဲ့လေ့ကျင့်မှုကိုပြန်လည်စတင်ခဲ့ပြီး Chang'anမြို့ရဲ့အကောင်းဆုံးဓားသမားLi Bai ဆီကိုသွားရောက်လည်ခဲ့ပါတယ်။သူတို့နှစ်ယောက်က သုံးနှစ်ပြည့်ရင်တိုက်ခိုက်ဖို့လဲကတိပြုခဲ့ကျပါတယ်။အဲ့ဒီတိုက်ပွဲအတွက် Musashi လေ့ကျင့်ရေးမှာနစ်မြုပ်ထားခဲ့ပြီး ကုန်းမြေတိုက်ကြီးပေါ်မှာရှိတဲ့ ကျွမ်းကျင်သူတွေကိုလည်းလှည့်လည်စိန်ခေါ်ခဲ့ပါတယ်။တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့အဂ္ဂိရတ်ပညာရှင်တစ်ဦးက Musashi ၏လေ့ကျင့်မှုကို အနှောင့်အယှက်ပေးခဲ့ပါတယ်။သူကMusashi နဲ့အလဲလှယ်တစ်ခုလုပ်ခဲ့ပြီး Otsu တို့ကျေးရွာရဲ့ငလျှင်နဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ငလျှင်က Blood clanလို့ခေါ်တဲ့ လူဆိုးဂိုဏ်းနဲ့ဆက်စပ်နေတယ်လို့ပြောခဲ့ပါတယ်။
အဲ့ဒါကိုကြားတဲ့အချိန်မှာတော့ blood clan ကိုဖျက်စီးပစ်ပြီး Otsu အတွက်လက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူက blood clan members တစ်ဦးကိုသတ်တိုင်း သူတို့ရဲ့ဆံပင်ကိုဖြတ်ယူပြီး သူရဲ့မွေးရပ်မြေကိုပြန်ပို့ခဲ့ပါတယ်။အဲ့တာကတော့ လူတွေကိုသူတို့ရဲ့ဂုဏ်သိက္ခာအဖြစ်ပြန်ပေးအပ်ရန်သူရဲ့နည်းလမ်းဖြစ်ပါတယ်။
သေခြင်းတရားနဲ့တိုက်ပွဲတစ်ခုဖြစ်သော်လည်းတိုက်ပွဲမှာသူရဲ့ဓားတွေကျိုးသွားရင်တောင် Blood clan ကိုဦးဆောင်တဲ့ Xu Fu ကိုရအောင်ရှာဖို့ကတိပြုကာဒီကြေကွဲစရာဇာတ်လမ်းကိုတစ်ကြိမ်နဲ့အားလုံးအတွက်အဆုံးသတ်ခဲ့ပါတယ်။
Musashi ကသူကဲ့ကတိကိုတည်ဖို့အတွက်သူရဲ့ဓားပညာကိုချိန်ဆရင်း Otsuအကြောင်းတွေးနေမိပါတယ်။
"Let me tell you a secret: I am invincible!"
ဒါကတော့ ကျနော်တို့ဂျပန်ကြီး Musashi ရဲ့ရာဇဝင်ပဲဖြစ်ပါတယ်။
Musashi နဲ့ Li baiတို့ရဲ့ သုံးနှစ်တာကတိတိုက်ပွဲဟာလဲ
Animation တစ်ခုထွက်လာဖို့ရှိပါတယ်။
ဘရိုတို့ကရော musashi လား
အရက်သမားလေး Li Bai လား
နောက်လဲ ကျနော့်ပေ့ခ်ျကနေ ဒီလို
မျိုး heroတွေရဲ့အကြောင်းကိုရှာဖွေတင်ဆက်ပေးသွားမှာမို့ စိတ်ဝင်စားတယ်ဆို
Like and follow pls 😁
&FF