The reason why people should read POEMS

The reason why people should read POEMS Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The reason why people should read POEMS, Poet, Yangon.

13/08/2024

Adjustor နဲ့ Grace ရဲ့ GoodBye ဆိုတဲ့သီချင်းထဲက “မင်းအနာဂတ်မှာငါပုံရိပ်ကိုမေ့သွားရင်ကောင်းမယ်” ဆိုတဲ့စာသားလေးအတိုင်းပဲ တစ်ချိန်ကကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေ၊ အတူတူဖန်တီးခဲ့ဖူးတဲ့အရာတွေအားလုံးကို ဘာတစ်ခုမှမဖြစ်ခဲ့သလိုမျိုးတဖြည်းဖြည်းနဲ့ကိုယ်ဆိုတာဘယ်သူမှန်းမသိတော့တဲ့အထိမင်းကိုမေ့သွားစေချင်တယ်

မင်းကိုပဲမေ့သွားစေချင်တာကိုယ်ကတော့မေ့ထားပြီးခေါင်းထဲမှာသတိတရမရှိတော့ရင်တောင်အတူတူထပ်ခါတလဲလဲသွားခဲ့တဲ့နေရာလေးတွေရောက်ဖြစ်ရင်၊ မင်းကြိုက်တတ်တဲ့ coffee တွေ၊ မင်းစွဲစွဲလန်းလန်းနဲ့သောက်တတ်တဲ့ဆေးလိပ်တွေနဲ့ pod တွေမြင်မိရင် ရင်ဘတ်ထဲမှာအောင့်ရလောက်တဲ့အထိကိုသတိရနေဆဲဆိုရင်မင်းယုံမလား

မင်းကတော့ထင်နေမှာပေါ့ကိုယ့်လိုမာနကြီးတဲ့လူတစ်ယောက်၊ တစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်ကဒီလိုတွေခံစားတတ်မှာမဟုတ်ဘူးဆိုပြီး ဒါပေမယ့်ကွာ လူဆိုတာအချိန်မရွေးပြောင်းလဲတတ်ကြတယ်မဟုတ်ဘူးလား မင်းကိုယ့်အပေါ်မှာပြောင်းလဲသွားခဲ့သလိုပေါ့…..

17/07/2024

ဒီကမ္ဘာမှာ ကိုယ်မရှောင်လွှဲနိုင်တဲ့
အရာတွေရှိတယ်
သီချင်းတွေရယ် ကဗျာတွေရယ်
တိမ်တွေရယ် ပန်းတွေရယ်
အေးစက်စက် ရာသီဥတုရယ်
ကော်ဖီတွေရယ် ပြီးတော့ မင်းရယ် ။

#ခက်နှောင်

အစစအရာရာ အဆင်မပြေပေမယ့်ကမ္ဘာကြီးက လှလိုက်တာကွာ ။ #အောင်ချိမ့်
27/06/2024

အစစအရာရာ
အဆင်မပြေပေမယ့်
ကမ္ဘာကြီးက
လှလိုက်တာကွာ ။

#အောင်ချိမ့်

ငါအိပ်မပျော်တာ ကော်ဖီကြောင့်လို့ပြောတယ်တိုင်းပြည်ရယ် ကမ္ဘာမြေရယ် အဖြစ်အပျက်တွေရယ်...ဘာကော်ဖီလဲ ခက်သီရယ် ။ #သုခမိန်လှိုင်
27/06/2024

ငါအိပ်မပျော်တာ ကော်ဖီကြောင့်လို့ပြောတယ်

တိုင်းပြည်ရယ် ကမ္ဘာမြေရယ် အဖြစ်အပျက်တွေရယ်...
ဘာကော်ဖီလဲ ခက်သီရယ် ။

#သုခမိန်လှိုင်

26/06/2024

ကဗျာတွေက ဝတ္ထုတွေလိုစာမျက်နှာအများကြီး၊စကားလုံးတွေအများကြီးနဲ့မဟုတ်ပေမယ့် လူတွေရဲ့ခံစားချက်တွေ - အတိတ်မှာခံစားခဲ့ရတာပဲဖြစ်ဖြစ် ပစ္စပ္ပုန်မှာခံစားနေရတာပဲဖြစ်ဖြစ် အကုန်လုံးကိုစကားလုံးနည်းနည်း စာစုတစ်စုလောက်နဲ့မျက်ရည်ကျလောက်တဲ့အထိကိုပေးစွမ်းနိုင်တဲ့စွမ်းအားရှိလို့ ဒီ page လေးမှာအားလုံးအတူတူ ကဗျာလေးတွေကိုခံစားကြမယ်…❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The reason why people should read POEMS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category