24/08/2026
ဒါကတော့ On Campus အတန်းက အငယ်တန်းလေးတွေ ကိုယ်ပိုင် Pizza ဖန်တီးနေကြတာပဲဖြစ်ပါတယ်။ Art & Craft ဖြစ်တာမို့ Pizza ထဲက ingredients တွေကိုပါ ကိုယ်တိုင် ပုံဆွဲ အရောင်ခြယ် ကတ်ကြေးနဲ့ညှပ်ပြီး စိတ်ကြိုက်ဖန်တီးနေကြတာပါ။
ကလေးတွေက အာရုံစူးစိုက်မှုအပြည့်နဲ့ Art & Craft ပြုလုပ်နေချိန်မှာ အတွေးတွေမလွင့်ပဲ အပြည့်အဝစီးမျောနေကြတာကိုကြည့်ရတာဟာ တကယ်ကိုပဲ စိတ်ချမ်းမြေ့ရပါတယ်။
Screen time တွေလျှော့ချမယ်ဆိုရင် ကလေးတွေကို တခြား activity တွေနဲ့ အစားထိုးပေးဖို့လိုပါတယ်။ Art ကတော့ ထိပ်ဆုံးကနေ အကူအညီအပေးနိုင်ဆုံးပါပဲ။
Studio-H ကအတန်းတွေက တစ်ပတ်မှာ တစ်ရက်ပဲသင်ရပေမယ့် ကလေးတွေသင်ယူလိုက်ရတဲ့ lesson ကနေ ကိုယ်ကြိုက်ရာကို ဖန်တီးနိုင်စွမ်းတွေပါ သင်ပေးလိုက်တာမို့ပါ။ သူတို့လေးတွေက ဘယ် medium ကို ဘယ် technique နဲ့သုံးမလဲ ဘယ် Art Style ကို ဘယ်လိုဖန်တီးမလဲဆိုတာတွေကိုပါ သင်ပေးထားတာမို့ Artကို ကလေးတွေနဲ့ တစ်သားတည်းကျစေပြီးသားမို့ အိမ်မှာလည်း ကလေးတွေကို တစ်ခုခု create လုပ်ဖို့ တိုက်တွန်းပေးရုံပဲ မိဘတွေဖက်က ကူညီပေးရုံပါပဲ။ ကျန်တာက သူတို့ဆက်လုပ်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က Little Artists လေးတွေမို့လိုပါပဲခင်ဗျာ။