Alinyaung Flower Horn Fish

Alinyaung Flower Horn Fish ငါးလှလှလေးတွေပိုင်ဆိုင်ကြပါစေဗျာ....�����

🐟🐟🍀💙💙🔥🔥
30/07/2025

🐟🐟🍀💙💙🔥🔥

Do you know flower Horn?🤔🤔
02/12/2024

Do you know flower Horn?🤔🤔


Happy Diwali 🎇🪔 မိတ်ဆွေအားလုံး ပျော်ရွှင်စရာနေ့ရက်အချိန်အတိုင်းပိုင်ဆိုင်ကြပါစေ။
31/10/2024

Happy Diwali 🎇🪔

မိတ်ဆွေအားလုံး ပျော်ရွှင်စရာနေ့ရက်အချိန်အတိုင်းပိုင်ဆိုင်ကြပါစေ။


25/10/2024

Flowerhorn Fishသားဖောက်ခြင်း
………………………………………………

၁။ အရင်ဆုံး စိတ်ကြိုက်ဖောက်စုံ သေချာရွေးပါ။

၂။ ကန်က အနည်းဆုံး ၃ ပေ ၁ပေ ၁ပေခွဲ
ရှိသင့်ပါတယ်

ကန်ကျဉ်းရင် ဖောက်စုံအတွက်ဖိအားများပါတယ်
မလိုအပ်ဘဲ ရောဂါတွေ ဝင်လာတတ်ပါတယ်

၃။ ဖောက်စုံက အနည်းဆုံး အသက် ၈လပြည့်
ရပါမယ်

အသက်ငယ်ငယ်ရွယ်နဲ့ဖောက်ရင် ငါးထီးက s***m (သုတ်ရည်)မဖြန်းနိုင်တဲ့အတွက် သားမအောင်ပါဘူး

၄။ ငါးထီးက ငါးမထက် အရွယ်အစား
ကြီးမှ အဆင်ပြေမှာပါ

များသောအားဖြင့် ငါးထီးက ကန်ကို အုပ်ချုပ်နိုင်တဲ့ sizeရှိမှ ငါးမ ကလေးစားမှာပါ
မဟုတ်လို့ သားဆိပ်တက်လို့
ငါးမကိုက်ရင် ငါးထီးသေပါတယ်

၅။ ငါးထီး နဲ့ ငါးမ ကို ကန့်မှန် ထားပြပေးပါ

အမြင်ယဉ်သွားမှ မကိုက်ကြတာပါ
ဘယ်လောက်ကြာကြာကန့်ထား ကိုက်နေကြရင် ညဉ်ဆိုးတဲ့ကောင်ကို လဲလိုက်ပါ။

၆။ ရေနေ့စဥ် ၂၀ ရာခိုင်နူန်း လှယ်ပေးပါ

ငါးမက ရေစိမ်းရင် ဥကျမြန်ပါတယ်
ငါးမဥကျတဲ့ နေ့ကိုမှတ်ထားပါ
​ငါးမကို နောက်တကြိမ်ပြန်ဖောက်တဲ့အခါမှာ
အသုံးဝင်ပါလိမ့်မယ်။

၇။ စောင့်ကြည့်ပေးပါ

ငါးမ ချက်တိုင်ပြူစပြုလာပါက
ကန့်မှန်ဖယ်ပေးပါ
အထီးအမ တည့်မတည့် စောင့်ကြည့်ပေးပါ
စောင့်ကြည့်နေစဉ် ကိုက်ကြပါက
ကန့်မှန်ပြန်ကန့်ပါ
နောက်၅နာရီလောက်အကွာမှ
ကန့်မှန်ဖယ်ပြီး
ပြန်စောင့်ကြည့်ပါ။
မတည့်မချင်း အဆိုပါနည်းကို
အသုံးပြုပေးပါ။

၈။ ကျောက်oxygen သာ အသုံးပြုပါ

Filter တွေက ငါးထီးရဲ့ s***mတွေကို စုပ်ယူနိုင်တဲ့အတွက်ပါ ။

၉။ ဥဗန်းကို ငါးမဘက်မှာ ထားပေးပါ

ငါးမ ဥဗန်းနဲ့ မစိမ်းတော့ဘဲ ဥဗန်းပေါ်မှာ
ဥအောင်လို့ပါ ။ ဗန်းပေါ်မှာ မဥရင် ငါးထီးအတွက် ပင်ပန်းပြီး သားအောင်နူန်း လျော့နည်းပါတယ်

၁၀။ ဥဗန်းအတွက် ကန်သက်သက်အပိုထားပေးပါ

ငါးမ စဥကတည်းက ကန်ပိုမှာ ရေထည့်ပေးထားပါ ငါးမဥပြီး အနည်းဆုံး ၆နာရီအကွာမှာ ဥဗန်းကို ကန်ပိုထဲ ကို ရွေ့ပြောင်းပေးပါ
မက်သလင်း ဘလူး ကို ကန်ပိုထဲကို ရေပြာရုံ ထည့်ပေးပါ။
ကျောက်အောက်ဆီဂျင်ကို ဥဗန်းအနားထားပေးပါ။

၁၁။ ဥ အစံ မဲရင် သားအောင်ပါပြီ

၂ရက်အကျော် ၃ရက်နီးပါး မှာ သားအောင်မအောင် အဖြေပေါ်ပါတယ်
မအောင်တဲ့ဥတွေက ဖြူသွားပါတယ်
အောင်တဲ့ ဥတွေက အမဲစံ ၂ခု ပေါ်လာပါတယ်။
အမဲဆံထိုးပြီး ၅ရက်နဲ့၇ရက်ကြားမှာ
သားလောင်းတွေ ရေစကူးပါပြီ။

မက်သလင်း ဘလူး ဘာကြောင့်ထည့်ရလဲဆိုရင်
ဥဖြူပြီးနောက်ပိုင်း မှိုတက်ပါတယ် အဲ့မှိုတွေက ဘေးကအောင်တဲ့ဥတွေပါ ဖုံးအုပ်ပြီး
သေတဲ့အတွက်ကြောင့်ပါ မက်သလင်ဘလူးက
မှိုကိုသတ်ပေးပါတယ်
ဥအတွက်လည်း အန္တရာယ်မရှိပါဘူး
မက်သလင်းဘလူးထည့်ရင်
ရေကိုအပြာနုအရောင်ရ​​ပြီဆိုရင်
အဆင်ပြေပါတယ်

ငါးမဥနေတုန်း အစားမစားရင် သတိထားပါ 
ဥလှုပ်ရင် သားပေါက်တွေ ပြန်စားတတ်ပါတယ်

ဥဗန်းကို ဖောက်စုံနဲ့ခွဲခြင်းက အကောင်းဆုံးပါ

ဥချပြီးသွားရင်
အထီးနဲ့အမ က အားအင်လျော့နည်းသွားကြလို့ သေချာဂရုစိုက်ပေးရပါတယ်။

ဝါသနာရှင် ညီအစ်ကိုတို့ ငါးအလှတွေ ဖောက်နိုင်ပါစေ။ တတ်သမျှ ဗဟုသုတ မျှဝေတာပါ ။

တဆက်တည်းအနေနဲ့

သားပေါက်တွေကို အာတီးအမှုန့်ဝယ်ကျွေးနိုင်ပါတယ်။ ရေနဲ့ အောက်ဆီဂျင်ကို ဂရုစိုက်ပေးပါ။

တစ်လကြာရင် အကောင်ညှက်တဲ့ကောင်လေးတွေကို ပယ်နိုင်ပါတယ်။ အလှသိသာတဲ့ကောင်လေးတွေကို စတင်ကျောင်းနိုင်ပါပြီ ။

Shu mi
#မူရင်းရေးသားသူနဲ့memoryofflowerhornpageအားcrdပေးပါတယ်ဗျ
ဗဟုသုတအနေဖြင့်shareခြင်းပါဗျ
ဆရာသမားများအားလေးစားလျှက် 🙏🙏🙏🤗

25/10/2024

ကုသနည်း.............................................

​၁)
Heater ကို 32°C မှာထားပေးပါ

၂)
တက်ထွာဆိုက်ကလင်း 250mg တတောင့်ကို
၂ပေတပေကန်ဆိုရင် တတောင့်နူန်းထည့်သုံးပေးပါ

၃)
ရေကို၂ရက်ကြာတဲ့အခါအပြည့်အဝသွန်ပြီး
ရေသစ်ပြန်ထည့်ပါ ။

၄)
ရေသစ်အတွက်
Heater 32°Cမှာ အရင်ထောက်ပြီး
ရေအပူချိန် 32°Cဖြစ်လာရင် 
ငါးနဲ့ တက်ထွာကို ပြန်ထည့်ပေးပါ။

အဆိုပါပုံစံအတိုင်း
တပတ်ဝန်းကျင်အကြာ ပြုလုပ်ပေးပါက
နဂိုမျက်လုံးအတိုင်း
လျင်မြန်စွာ သက်သာပျောက်ကင်းသွားစေပါတယ်

#မူရင်းရေးသားသူmemoryofflowerhornpageအားcrdပေးပါတယ်ဗျ
#ဗဟုသုတအမြင်ဖြင့်shareပေးလိုက်ပါတယ်🤗

25/09/2024
19/07/2024
ကိုယ်နှစ်သက်ရာဖြင့်ပျော်ရွှင်ပါ 💭🐠🐠
15/07/2024

ကိုယ်နှစ်သက်ရာဖြင့်ပျော်ရွှင်ပါ 💭🐠🐠



အိပ်ခါနီးလာအားပေးတဲ့ညီလေးအရာရာအဆင်ပြေပါစေဗျ🙏🙏🙏🍀🍀🍀
28/06/2024

အိပ်ခါနီးလာအားပေးတဲ့ညီလေးအရာရာအဆင်ပြေပါစေဗျ🙏🙏🙏🍀🍀🍀



28/06/2024

🥰🥰

အလှမွေးငါးလောကထဲကနေရာတစ်နေရာမှာတော့ကျွန်တော်ရှိနေနိုင်ဖို့ကြိူးစားနေပါတယ်ဗျ💭💭🐠🐠
28/06/2024

အလှမွေးငါးလောကထဲက
နေရာတစ်နေရာမှာတော့
ကျွန်တော်ရှိနေနိုင်ဖို့ကြိူးစားနေပါတယ်ဗျ💭💭🐠🐠



Address

Yangon

Telephone

+959760782245

Website

Alerts

Be the first to know and let us send you an email when Alinyaung Flower Horn Fish posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category