Mahar Business News

Mahar Business News Mahar Business News

ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်စေရန် အက်တမ်(ATOM) မှ ‘Bright Futures’ ပညာ...
25/08/2026

ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်စေရန် အက်တမ်(ATOM) မှ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အား မိတ်ဆက်

တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူရန် ငွေကြေးဆိုင်ရာ အခက်အခဲ/လိုအပ်ချက် ရှိနေသည့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ထူးချွန် ကျောင်းသား၊ ကျောင်းသူများအတွက် အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်။

ရန်ကုန်၊ဩဂုတ်လ ၂၄

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင်အောက်မှ ပညာရေးဆိုင်ရာ အစီအစဉ်သစ်တစ်ခုဖြစ်သည့် အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်သည်။ အဆိုပါ အစီအစဉ်သည် ငွေကြေးဆိုင်ရာ အခက်အခဲများရှိနေသည့် ထူးချွန်ထက်မြက်သော ၂၀၂၅-၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူ နိုင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ပံ့ပိုးပေးသွားမည် ဖြစ်သည်။
အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ လက်ခံသွားမည်ဖြစ်သည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများသည် အက်တမ်(ATOM) ၏ Facebook, Website နှင့် LinkedIn တို့မှတစ်ဆင့် အလွယ်တကူ ရယူနိုင်သည့် ATOM’s "Bright Futures" Scholarship Program တရားဝင် လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်သည်။ လျှောက်ထားသူများထဲမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ (၁၀) ဦးအား ရွေးချယ်၍ စာသင်ကုန်ကျစရိတ်များအတွက် လစဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၃) သိန်း အပြင် ကျောင်းလခ၊ စာအုပ်စာတမ်းစရိတ်များအတွက် နှစ်စဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၅) သိန်း ပါဝင်သည့် ပညာသင်ဆုများကို ပေးအပ်သွားမည်ဖြစ်သည်။
“လူငယ်တိုင်းဟာ ဘယ်လိုပဲငွေကြေးအခက်အခဲတွေရှိနေပါစေ မိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်နဲ့ ထိုက်တန်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ အက်တမ်(ATOM) ၏ 'Bright Futures' ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဟာ ပညာရေး အဟန့်အတားဖြစ်စေမှုကို ဖယ်ရှားပေးပြီး ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို ပွင့်လင်းစေကာ လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ဆိုတဲ့ အက်တမ်(ATOM) ရဲ့ ကတိကဝတ်ကို ပိုမိုခိုင်မာစေပါတယ်။ ဒီနေ့မှာ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်ဖို့ ကူညီပေးရုံတင်မကဘဲ ပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
ပညာသင်ဆု ရရှိသူများကို ငွေကြေးဆိုင်ရာ လိုအပ်ချက် အထောက်အထား၊ ထူးချွန်သည့် ပညာအရည်အချင်းနှင့် အရည်အချင်းစစ်ဆေးမှုဆိုင်ရာ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများအပေါ် မူတည်၍ ပွင့်လင်း မြင်သာသော စိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။ အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆု ရရှိသူများအနေဖြင့် စာသင်နှစ်တစ်လျှောက် ကောင်းမွန်သော လုပ်ဆောင်ချက်ရလဒ်များကို ထိန်းသိမ်းထားရန်၊ စာသင်နှစ်တစ်ခုစီကို အောင်မြင်စွာ ပြီးမြောက်ရန်နှင့် ပညာသင်ဆု၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို လိုက်နာရန် လိုအပ်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ပညာသင်ဆု ရရှိသူများကို နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပမည့် ပညာသင်ဆု ပေးအပ်ပွဲ အခမ်းအနားတွင် တရားဝင် ကြေညာပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ရန်အတွက် ခရီးစရိတ်များကိုလည်း အက်တမ်(ATOM) မှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် ကလည်း “ကျွန်တော်တို့ရဲ့ ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင် ကနေတစ်ဆင့် အက်တမ်(ATOM) ဟာ လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းကောင်းတွေကို အစဉ်အမြဲ ဖန်တီးပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ အက်တမ်(ATOM) ၏ 'Bright Futures' ပညာသင်ဆုအစီအစဉ်ဟာ လာမယ့်မနက်ဖြန်တွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် မြန်မာလူငယ်တွေနဲ့အတူ အမြဲတမ်း အတူတကွ ရပ်တည်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ကတိက ဝတ်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှရှိမှုကို မြှင့်တင်ရေး၊ အခွင့်အလမ်းရရှိမှု တိုးချဲ့ရေးနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် ရေရှည်တည်တံ့တဲ့ လမ်းကြောင်းတွေကို တည်ဆောက်နိုင်အောင် စွမ်းဆောင်ပေးရေး စတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ကိုလည်း မီးမောင်းထိုးပြနေပါတယ်” ဟု ပြောကြားခဲ့သည်။
အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်မှတစ်ဆင့် ပညာရေးကဏ္ဍ မြှင့်တင်ရန်နှင့် မြန်မာလူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ငွေကြေးဆိုင်ရာ အခက်အခဲနှင့် ရင်ဆိုင်နေရသည့် စွမ်းရည်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အက်တမ်(ATOM) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်း များအတွက် ပိုမိုတောက်ပပြီး အားလုံးပါဝင်နိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး အခွင့်အလမ်းများကို ဆက်လက် ဖန်တီးပေးလျက်ရှိသည်။

AIESEC in Myanmar က ကျင်းပပြုလုပ်တဲ့ “YouthSpeak Forum 2026 : Campus to Corporate” ပွဲမှာ လူငယ်တွေရဲ့ အသက်မွေးလမ်းကြောင်...
25/08/2026

AIESEC in Myanmar က ကျင်းပပြုလုပ်တဲ့ “YouthSpeak Forum 2026 : Campus to Corporate” ပွဲမှာ လူငယ်တွေရဲ့ အသက်မွေးလမ်းကြောင်းအတွက် ကူညီပံ့ပိုးပေးခဲ့တဲ့ OPPO Myanmar AED

ယခုပွဲမှာ OPPO Myanmar AED က National Event Partner အဖြစ် ပါဝင်ခဲ့ပါတယ်။

ဩဂုတ် ၂၅ ၊ ရန်ကုန် ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က နည်းပညာပိုင်းတွေမှာ ပိုမိုကောင်းမွန်တိုးတက်လာအောင် အစဉ်အဆက်ကြိုးပမ်းနေရုံသာမက ပိုပြီးကောင်းမွန်တဲ့ လူနေမှုဘဝတွေ ဖြစ်လာစေဖို့အတွက် အမှန်တကယ်ကြိုးစားနေတဲ့ လူငယ်အဖွဲ့အစည်းတွေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေမှာ ထိရောက်မှုရှိရှိ ကူညီပံ့ပိုးလျက်ရှိပါတယ်။

ယခုအခါမှာလဲ AIESEC in Myanmar က ကျင်းပပြုလုပ်တဲ့ “YouthSpeak Forum 2026 : Campus to Corporate” ပွဲမှာ လူငယ်တွေအနေနဲ့ ပညာရေးကနေ အလုပ်အကိုင်ဘက်ကို ကူးပြောင်းတဲ့အချိန်မှာ ကြုံတွေ့ရတတ်တဲ့ ကွာဟမှုတွေကို ဖြည့်ဆည်းပေးဖို့၊ အဆိုပါ ကွာဟချက်တွေကို ဖြည့်ဆည်းဖို့ နည်းပညာ နဲ့ AI ကို ထိထိရောက်ရောက် နည်းလမ်းမှန်မှန်နဲ့ အသုံးချနိုင်ဖို့နဲ့ အဆိုပါ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO ရဲ့ ထုတ်ကုန်တွေက ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် OPPO Myanmar AED က “ National Event Partner ” အဖြစ် ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပွဲမှာ နယ်ပယ်မတူညီတဲ့ အသက်မွေးလမ်းကြောင်းအသီးသီးမှ နည်းပညာရှင်တွေက ၎င်းတို့ရဲ့ မတူညီတဲ့ အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ အသက်မွေးလမ်းကြောင်းအသီးသီးအတွက် လိုအပ်တဲ့အရာတွေကို မျှဝေဖလှယ်ရင်း အပြန်အလှန် နားလည်မှုနဲ့ လေးစားမှုတွေ တိုးပွားလာစေမဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့သလို OPPO Myanmar AED က တာဝန်ရှိသူမှလဲ OPPO အနေနဲ့ လူငယ်တွေရဲ့ ပညာရေးကနေ အလုပ်အကိုင်ဘက်ကို ကူးပြောင်းတဲ့အချိန်မှာ ကြုံတွေ့ရတတ်တဲ့ ကွာဟချက်တွေကို နည်းပညာအားဖြင့် မည်သို့မည်ပုံ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မျှဝေပေးခဲ့ပါတယ်။

မြန်မာ့ဩဘာနှင့် ကောမက်ဓာတ်မြေဩဇာတို့ Main Sponsor အဖြစ် ကျပ်သိန်း (၃၀၀) ပံ့ပိုးသည့် "GOATS FOR CHARITY" ရေဘေးရန်ပုံငွေ ဘ...
22/08/2026

မြန်မာ့ဩဘာနှင့် ကောမက်ဓာတ်မြေဩဇာတို့ Main Sponsor အဖြစ် ကျပ်သိန်း (၃၀၀) ပံ့ပိုးသည့် "GOATS FOR CHARITY" ရေဘေးရန်ပုံငွေ ဘောလုံးပွဲ သုဝဏ္ဏ၌ ကျင်းပမည်

ရန်ကုန်- သြဂုတ်၂၂

သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ရေဘေးသင့်ပြည်သူများကို ကူညီရန်အ တွက် မြန်မာ့ဩဘာနှင့် ကောမက်ဓာတ်မြေဩဇာတို့မှ ငွေကျပ် သိန်း (၃၀၀) Main Sponsor အဖြစ် အဓိက ပါဝင်ပံ့ပိုးထားသည့် "GOATS FOR CHARITY" ရေဘေးရန်ပုံငွေ ဘောလုံးပွဲကို ဩဂုတ်လ (၂၄) ရက်၊ ညနေ (၃) နာရီတွင် သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ဘောလုံးပွဲတွင် သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ဖိုးချစ်၊ စိုင်းစည်တွမ်ခမ်း၊ ပိုင်ဇေရဲထွန်း၊ မိုးယံဇွန် အပါအဝင် အနုပညာရှင်များစွာ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး R7 ကိုယ်စားပြုအသင်းနှင့် M10 ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ပွဲသို့ လာရောက်ကြည့်ရှုလိုသူများအနေဖြင့် ကွင်းဝင်ကြေး လုံးဝပေးဆောင်ရန် မလိုဘဲ အခမဲ့ လာရောက် အားပေးရင်း မိမိတို့ တတ်နိုင်သမျှ ပါဝင်လှူဒါန်းနိုင်မည်ဖြစ်သည်။ ကွင်းသို့ ကိုယ်တိုင် မလာရောက်နိုင် သူများအနေဖြင့်လည်း MRTV-4 မှ တိုက်ရိုက် (Live) ထုတ်လွှင့်မှုကို ကြည့်ရှုရင်း အောက်ပါ ဘဏ်အကောင့်များမှတစ်ဆင့် KBZ Bank Acc (Special): 39251104200429401 (Win Kyaw Kyaw Bo) နှင့် AYA Bank Acc (Special): 40041828122 (Win Kyaw Kyaw Bo) သို့ အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ မိဘပြည်သူများအနေဖြင့်လည်း အနုပညာရှင်များနှင့်အတူ ရေဘေး သင့်ပြည်သူများအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ပေးကြပါရန် နွေးထွေးစွာ ဖိတ်ခေါ် အပ်ပါသည်။

အဆိုတော် “ကိုင်ဇာ" ကွယ်လွန်😭 #မြန်မာ့ဂီတလောက ရဲ့ အကျော်အမော် ဂန္တဝင် စတီရီယို အဆိုတော်ကြီး ဖြစ်တဲ့ အဆိုတော် “ကိုင်ဇာ” ဟာ...
22/08/2026

အဆိုတော် “ကိုင်ဇာ" ကွယ်လွန်😭

#မြန်မာ့ဂီတလောက ရဲ့ အကျော်အမော် ဂန္တဝင် စတီရီယို အဆိုတော်ကြီး ဖြစ်တဲ့ အဆိုတော် “ကိုင်ဇာ” ဟာ ယနေ့ ဩဂုတ်လ ၂၂ ရက် ည ၇ နာရီ ခန့်က .. ဘဝတစ်ပါး ပြောင်းရွေ့ ကွယ်လွန်ခဲ့ပြီ လို့ စိတ်မကောင်းစွာ သိရှိရပါတယ်။

ယမန်နေ့က အဆုတ်ခဲ နေတဲ့ အတွက် ICU မှာ ရောက်ရှိနေကြောင်း အနီးကပ် ပြု စုနေတဲ့ ဒါရိုက်တာ သီတာလင်းက .. တင်ထားခဲ့ပြီး ယခု အချိန်မှာတော့ .. သူချစ်တဲ့ ဂီတ လောက ကို စွန့်ခွါခဲ့ပြီ လို့ သိရပါတယ် ။

အသံအေးအေးလေးတွေ နဲ့ ပရိသတ် ရဲ့ အားပေးမှုကို ယနေ့တိုင် ရရှိနေဆဲ ဂီတလောက ရဲ့ ကြယ်ပွင့်ကြီး ကြွေလွှင့် ခဲ့လို့ ပရိသတ်နဲ့ ထပ်တူ ဝမ်းနည်း ရပါတယ် ..

ကောင်းရာ သုဂတိ လားပါစေ😭😭😭

Credit

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများအနေဖြင့် TrueMoney Wallet ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှမိသားစုဝင်များထံ ပိုမိုလုံခြုံ...
21/08/2026

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများအနေဖြင့် TrueMoney Wallet ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှမိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာ ငွေလွှဲနိုင်ပြီ

ရန်ကုန်-ဩဂုတ် ၂၀

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့ လုပ်အားခဝင်ငွေများကို မြန်မာနိုင်ငံမှ မိသားစုဝင်များနှင့် ချစ်ခင်ရသူများထံ သို့ လွယ်ကူမြန်ဆန်လုံခြုံပြီး ကုန်ကျစရိတ် သက်သာစွာ ငွေလွှဲနိုင်မည့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို TrueMoney နှင့် KBZPay တို့ပူးပေါင်း၍ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဤဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူများသည် ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ မြန်မာနိုင်ငံရှိ KBZPay အကောင့်များ သို့မဟုတ် KBZ Bank အကောင့်များသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လက်ခံသူများထံသို့ ငွေကြေးများကို လုံခြုံစွာ၊ အဆင်ပြေစွာနှင့် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရန် ရည်ရွယ်ထားပါသည်။ အဆိုပါ ငွေလွှဲဝန်ဆောင်မှုကို အရှေ့တောင်အာရှ၏ ထိပ်တန်း Fin-Tech ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် TrueMoney နှင့် မြန်မာနိုင်ငံမှ အသုံးအများဆုံး mobile wallet ဖြစ်သည့် KBZPay နှင့် ပူးပေါင်းကာ ဆောင်ရွက်ထားခြင်းဖြစ်ပြီး ထိုင်းမှမြန်မာသို့ ငွှေလွှဲပြောင်းမှုများကို ပိုမိုလုံခြုံစိတ်ချရပြီး၊ လွယ်ကူမြန်ဆန်ကာ အဆင်ပြေစေရန် ရည်ရွယ်ထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလွတ်သဘောငွေလွှဲလမ်းကြောင်းများကို အသုံးပြုရာတွင် ငွေလွှဲခမြင့်မားခြင်း၊ ငွေကြေးဆိုင်ရာ အန္တရာယ်များနှင့် ငွေလွှဲရာတွင် ကြန့်ကြာမှုများကို ရင်ဆိုင်ကြရလေ့ရှိပါသည်။ ၎င်းတို့၏ ငွေလွှဲပို့မှုတိုင်းသည် မိသားစုများ၏ နေ့စဉ်စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးစရိတ်များအတွက် တိုက်ရိုက်အထောက်အကူပြုနေသည့်အတွက် လုံခြုံစိတ်ချရသော တရားဝင်ငွေလွှဲလမ်းကြောင်းရှိခြင်းက အလွန်အရေးပါလာခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံအသီးသီးရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှ လွှဲပြောင်းခဲ့သော ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၏ ၃.၅ ဘီလီယံဒေါ်လာထက် သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှကာ ရွှေ့ပြောင်းလုပ်သားများ၏ ငွေလွှဲပို့မှုသည် မိသားစုများ၏ စားဝတ်နေရေးကို အထောက်အပံ့ပေးရုံသာမက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော မောင်းနှင်အား တစ်ရပ်ဖြစ်ကြောင်း ဖော်ပြနေသည်။ ထို့ကြောင့် ယုံကြည်စိတ်ချရသော တရားဝင်ငွေလွှဲဝန်ဆောင်မှုများ ပိုမိုအသုံးပြုလာနိုင်ခြင်းသည် ငွေလွှဲပို့သူနှင့် လက်ခံသူ နှစ်ဖက်စလုံးအတွက် ငွေကြေးဆုံးရှုံးမှုအန္တရာယ်များကို လျှော့ချကာကွယ်ပေးကာ ယုံကြည်စိတ်ချရသော ငွေလွှဲပြောင်းမှုကို ရရှိနိုင်သကဲ့သို့ လူမှုအသိုက်အဝန်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိသည်။

TrueMoney President ဖြစ်သူ Mr. Tanyapong Thamavaranukupt မှ “TrueMoney ရဲ့ ရည်မှန်းချက်ကတော့ လူတိုင်းအတွက် လုံခြုံစိတ်ချရပြီး လက်လှမ်းမီနိုင်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ KBZPay ရဲ့ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာဟာ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားသန်းပေါင်းများစွာအတွက် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွေကို အလွယ်ကူအဆင်ပြေဆုံး ဖြစ်အောင် ဖန်တီးပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်ကို ပြလိုက်တာလည်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

TrueMoney Myanmar ၏ Country Managing Director ဖြစ်သူ ဦးထွန်းထွန်းလင်း မှ “နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေအတွက် ငွေလွှဲပို့မှုဆိုတာ မိသားစုတွေနဲ့ ချိတ်ဆက်ပေးတဲ့ အရေးကြီးတဲ့ ပေါင်းကူးတံတားတစ်ခု ဖြစ်ပါတယ်။ TrueMoney က လက်ရှိမှာ ထိုင်းနိုင်ငံတစ်ဝန်း အသုံးပြုသူ သန်း ၃၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းမှာလည်း အေးဂျင့် ၃၀,၀၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အလားတူ KBZPay ကလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူအများဆုံး မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုတွေထဲက တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတာကြောင့် အခုလိုပူးပေါင်းဆောင်ရွက်မှုကနေ ထိုင်းမှာရှိတဲ့မြန်မာလုပ်သားတွေအနေနဲ့ TrueMoney Wallet ကိုသုံးပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေက KBZPay ကနေပဲဖြစ်ဖြစ်၊ KBZ ဘဏ်မှာပဲဖြစ်ဖြစ် ရယူလိုက်ရုံပဲဖြစ်တဲ့အတွက် တကယ်ကို လွယ်လွယ်ကူကူနဲ့ လျင်မြန်စိတ်ချစွာ ငွှေလွှဲလို့ရသွားပြီ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံတစ်ဝန်းရှိ 7-Eleven ဆိုင်ပေါင်း (၁၄,၀၀၀) ကျော်တွင်လည်း ငွေလွှဲပို့လိုသူများအနေဖြင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အချိန်မရွေး ငွေဖြည့်ဝန်ဆောင်မှုကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးဇော်လင်းအောင် မှ “KBZ ဘဏ်အနေနဲ့ ထိုင်းနိုင်ငံက TrueMoney နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ချိတ်ဆက်မှုကို ပိုမိုခိုင်မာစေမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများနဲ့ သူတို့ရဲ့မိသားစုများရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံခြုံစိတ်ချရပြီး လွယ်ကူအဆင်ပြေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ ထိထိရောက်ရောက် ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် မိသားစုများအကြား လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ် (100% financial inclusion) ကို မြှင့်တင်ဖို့နဲ့ ဒေသတွင်း ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုတိုးတက်စေဖို့ အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

TrueMoney သည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူသော ဒစ်ဂျစ်တယ်ငွေလွှဲနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်စေရန် ၎င်း၏ နိုင်ငံတကာဝန်ဆောင်မှု တိုးချဲ့ရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားများ အများအပြား နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသော မလေးရှား၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအပါအဝင် အခြားနိုင်ငံများတွင်လည်း ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ အားကစားသမားတွေနည်းတူ အမြင့်ဆုံး Durability စွမ်းဆောင်ရည် ပါရှိတဲ့ OPPO A6s Pro နဲ့အတူ ...
19/08/2026

ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ အားကစားသမားတွေနည်းတူ အမြင့်ဆုံး Durability စွမ်းဆောင်ရည် ပါရှိတဲ့ OPPO A6s Pro နဲ့အတူ ပူး‌ပေါင်းပါဝင်ခဲ့တဲ့ OPPO Myanmar AED

ရန်ကုန်-ဩဂုတ် ၁၉

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဩဂုတ် ၁၅ နဲ့ ဩဂုတ် ၁၆ ရက်နေ့တွေက ရန်ကုန်မြို့ရှိ Junction Square Outdoor Area မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ Title Sponsor အနေနဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။ အဆိုပါ ပွဲတော်မှာ OPPO Myanmar AED အနေနဲ့ လူငယ်တွေ သဘောကျ နှစ်သက်နိုင်မဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းအစီအစဉ်တွေကို ထည့်သွင်းကာ လူငယ်တွေ စိတ်ဝင်စားမဲ့ အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ဂိမ်းအစီအစဉ်တွေအနေနဲ့ လူငယ်တွေ ရင်ခုန်စိတ်လှုပ်ရှားစေမဲ့အစီအစဉ်တွေကို ဖန်တီးထားပြီး ပထမအစီအစဉ်အနေနဲ့ အမှတ်တရတိုင်းကို အကောင်းဆုံး ပုံဖော်မှတ်တမ်းတင်နိုင်မဲ့အပြင် အစွမ်းထက်ဆုံး 100-degree မြင်ကွင်းကျယ်နှင့် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား မြင်ကွင်းအကျယ်ဆုံး တစ်ခုတည်းသော 0.6x Ultra Wide Selfie Camera နဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်အောင် စီစဉ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒုတိယအစီအစဉ်အနေနဲ့ OPPO Myanmar AED ဘက်က စီစဉ်ထားတဲ့ အသေးစားရေကန်ထဲ OPPO A6s Pro ဖုန်းကို ပစ်ထည့်ကာ ထိပ်တန်းအဆင့်ရှိ IP69K Dust & Water Resistance ဖြင့် ရေ၊ ဖုန်ကာကွယ်မှုကို စမ်းသပ်ခံစားနိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။ တတိယအစီအစဉ်အနေနဲ့ OPPO A6s Pro ရဲ့ ထိပ်တန်းအကြမ်းခံနိုင်မှုစွမ်းရည် Military-grade Shock Resistance ကို စမ်းသပ်နိုင်စေရန် ဘတ်စ်ကတ်ဘော ဂိုးတိုင်တွေမှာ OPPO A6s Pro ဖုန်းကို ကပ်ထားမှာဖြစ်ပြီး ပါဝင်သူတွေအနေနဲ့ အဆိုပါ ဂိုးတိုင်ထဲကို ဂိုး (၃) ဂိုးဝင်အောင် ပစ်သွင်းယူရမှာဖြစ်ပါတယ်။ အခုလို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့အတူ ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ OPPO Myanmar AED က ပါဝင်ထားသလို လာရောက်ကြည့်ရှုသူ ပရိသတ်တွေပျော်ရွှင်စေနိုင်ဖို့အတွက် တခြားသော ဓာတ်ပုံရိုက်စရာ နေရာအလှတွေနဲ့ အတူ ထပ်မံ အားစိုက်ဖန်တီးထားတာကြောင့် လူငယ်တွေ၊ လာရောက်ကြည့်ရှုသူတွေအကြား အတော်လေး ရေပန်းစားခဲ့တာဖြစ်ပါတယ်။

OPPO Myanmar AED အနေနဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်အားထက်သန်မှုတွေကို အမြဲတမ်း အားပေးကူညီလျက်ရှိပြီး ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ လူငယ်တိုင်းရဲ့ စိန်ခေါ်မှုမှန်သမျှမှာ ခိုင်မာတဲ့ အဖော်မွန်အဖြစ် ရပ်တည်သွားမှာဖြစ်ပါတယ်။ ရှေ့လျှောက်မှာလဲ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံကောင်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် အကောင်းဆုံးသော နည်းပညာ ထုတ်ကုန်တွေ၊ အဓိပ္ပာယ်ရှိတဲ့ အစီအစဉ်တွေနဲ့အတူ လူငယ်တွေနဲ့ထပ်တူ အမြဲရှိနေမှာဖြစ်ပါတယ်။

#အချိန်ကြာကြာကြမ်းကြမ်းသုံးPowerfulAIဖုန်း

သူနာပြုသိပ္ပံ တက်ချင်သူများ လျှောက်လို့ရပြီ🎉🎊🎉🎊🎊🎊🎊🎊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ၊ သူနာပြုသင်တန်...
19/08/2026

သူနာပြုသိပ္ပံ တက်ချင်သူများ လျှောက်လို့ရပြီ
🎉🎊🎉🎊🎊🎊🎊🎊

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းများတွင် ၂၀၂၇ ပညာသင်နှစ်အတွက်(၅-၁-၂၀၂၇)ရက်နေ့တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်းသို့ တက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါကြောင်းအသိပေးတင်ပြအပ်ပါသည်။

မြန်မာနိုင်ငံသားတို့၏ နေ့စဉ်ဘဝများတွင် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများနှင့်အတူ ဆယ်စုနှစ်တစ်ခု ဖြတ်သန်းခဲ့သည့် Wave Mone...
18/08/2026

မြန်မာနိုင်ငံသားတို့၏ နေ့စဉ်ဘဝများတွင် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများနှင့်အတူ ဆယ်စုနှစ်တစ်ခု ဖြတ်သန်းခဲ့သည့် Wave Money
🎊🎊🎊🎊🎉🎉🎉🎉🎉🎊

၂၀၂၆ နှစ်၊ သြဂုတ်လ ၁၈ ရက်၊ ရန်ကုန် ။ ။ မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်း‌ငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများအနက် တစ်ခုဖြစ်သည့် Wave Money သည် ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယခု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Wave Money သည် သုံးစွဲသူများ၊ အေးဂျင့်များ၊ ကုန်သည်များ၊ မိတ်ဖက်များနှင့် ဝန်ထမ်းများနှင့်အတူ ဆယ်စုနှစ်တစ်ခုအတွင်း ဖြတ်သန်းခဲ့သည့် ခရီးလမ်းနှင့် အမှတ်တရများကို ဂုဏ်ပြုကျင်းပခဲ့သည်။
Wave Money ၏ ၁၀ နှစ်တာခရီးစဉ်သည် ငွေကြေးဝန်ဆောင်မှုများကို လူတိုင်း လက်လှမ်းမီအသုံးပြုနိုင်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသည့် ဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအတွက် ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုများအပြင် အခြားသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လာခဲ့ပါသည်။ ယင်းခရီးစဉ်တစ်လျှောက်တွင် နည်းပညာနှင့် ကျယ်ပြန့်သော အေးဂျင့်ကွန်ရက်ကို အသုံးချကာ ပြည်သူများ၏ နေ့စဉ်ငွေကြေးလိုအပ်ချက်များကို ပိုမိုလွယ်ကူ၊ အဆင်ပြေစွာ ဖြည့်ဆည်းပေးနိုင်ရန် ဆက်လက်တိုးတက် ဖန်တီးလာခဲ့ပါသည်။
၂၀၂၆ ခုနှစ် မတ်လအထိ အချက်အလက်များအရ WAVE အသုံးပြုသူဦးရေ ၄.၇ မီလီယံကျော်ရှိပြီး အေးဂျင့်ဆိုင် ၆၀,၀၀၀ ခန့်မှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒေသအများစုသို့ ငွေကြေးဝန်ဆောင်မှုများ ရောက်ရှိနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်ခဲ့သည့် အမျိုးသားအဆင့် စံပြုငွေပေးချေမှုစနစ် MyanmarPay – MMQR (National QR Standard) နှင့် WAVE ဝန်ဆောင်မှုကို ချိတ်ဆက်အသုံးပြုလျက်ရှိသည့် လုပ်ငန်းပေါင်း ၂၁၈,၀၀၀ ကျော်ရှိပြီး၊ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုလျက်ရှိသည်။
“Wave Money ရဲ့ ၁၀ နှစ်တာခရီးဟာ နည်းပညာနဲ့ ဝန်ဆောင်မှုတစ်ခုတည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ ကျွန်တော်တို့နဲ့အတူ ယုံကြည်ပြီး အသုံးပြုလာကြတဲ့ သုံးစွဲသူတွေ၊ ကိုယ်စားလှယ်တွေ၊ ကုန်သည်တွေ၊ မိတ်ဖက်တွေနဲ့ ဝန်ထမ်းတွေအားလုံးရဲ့ ခရီးစဉ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ရရှိခဲ့တဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး လာမယ့် ဆယ်စုနှစ်မှာလည်း လူတိုင်းအတွက် ပိုမိုလွယ်ကူပြီး ယုံကြည်စိတ်ချရတဲ့ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေကို ဆက်လက်ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်” ဟု Wave Money ၏ CEO ဖြစ်သူ Mr. Arvinder Grewal က ပြောကြားသည်။
နေ့စဉ်ဘဝများနှင့်အတူ ဖြတ်သန်းခဲ့သည့် ၁၀ နှစ်
Wave Money ၏ ၁၀ နှစ်တာခရီးတွင် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေသွင်းခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ဖုန်းငွေ/ဒေတာဖြည့်ခြင်းမှစ၍ ဒီဂျစ်တယ်ငွေပေးချေမှုများအထိ နေ့စဉ်ဘဝတွင် လိုအပ်သည့် ငွေကြေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရန် အဆင့်ဆင့် တိုးတက်ဖန်တီးပေးခဲ့သည်။
Wave Money သည် နည်းပညာနှင့် အေးဂျင့်ကွန်ရက်ကို ပေါင်းစပ်အသုံးပြု၍ မြို့ပြဒေသများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် ငွေကြေးဝန်ဆောင်မှုများကို လက်လှမ်းမီစေရန် ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထို့အပြင် သုံးစွဲသူများ၏ ငွေကြေးလုံခြုံရေးနှင့် ဒီဂျစ်တယ်အသိပညာ တိုးတက်စေရန် ငွေကြေးလိမ်လည်မှုကာကွယ်ရေး အသိပညာပေးခြင်း၊ လုံခြုံစွာအသုံးပြုနိုင်ရေး အကြံပြုချက်များနှင့် ဒီဂျစ်တယ်ငွေကြေးအသုံးပြုမှုဆိုင်ရာ ပညာပေးအစီအစဉ်များကိုလည်း ဆက်လက်အလေးထား ဆောင်ရွက်လျက်ရှိသည်။
ဆယ်စုနှစ်သစ်သို့ ဆက်လက်လျှောက်လှမ်းမည့် WAVE
၁၀ နှစ်ပြည့်မြောက်ခြင်းသည် Wave Money အတွက် အောင်မြင်မှုများကို ပြန်လည်ဂုဏ်ပြုသည့် အခမ်းအနားတစ်ခုသာမက နောင်လာမည့် ဆယ်စုနှစ်အတွက် ရည်မှန်းချက်အသစ်များကို ဆက်လက်တည်ဆောက်သည့် အချိန်အခါတစ်ခုလည်း ဖြစ်သည်။
Wave Money သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေကြေးစနစ် ပိုမိုဖွံ့ဖြိုးလာစေရန် အထောက်အကူပြုနိုင်ရေးနှင့် လူတစ်ဦးချင်းစီ၏ နေ့စဉ်ငွေကြေးစီမံမှုများအတွက် ပိုမိုလွယ်ကူ၊ လုံခြုံပြီး ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။
Wave Money ၏ ၁၀ နှစ်ပြည့် ခရီးစဉ်သည် အတိတ်ကို ဂုဏ်ပြုခြင်းနှင့်အတူ အနာဂတ်ကို အတူတကွ ဆက်လက်တည်ဆောက်သွားမည့် ခရီးစဉ်တစ်ခု ဖြစ်သည်။

YBS ကားခဈေးနှုန်းများ မပြောင်းလဲဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာပေးစီးကြရပါမယ်👍👍👍
17/08/2026

YBS ကားခဈေးနှုန်းများ မပြောင်းလဲဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာပေးစီးကြရပါမယ်👍👍👍

MPT က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှ...
17/08/2026

MPT က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးအပ်
[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်] – MPT သည် ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်မြစ်ဝှမ်းတစ်လျှောက် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ် ဆက်သွယ်ရေးဝန်ဆောင်မှု ဖြေရှင်းချက်များကို အမြန်ဆုံးပံ့ပိုး ပေးခဲ့ပါသည်။ ရေစီးကြောင်းများ အောက်ဘက်ပိုင်းသို့ ဆင်းသက်လာသည်နှင့်အမျှ MPT သည် နေရပ်စွန့်ခွာရသည့် မိသားစု များထံသို့ မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို တိုက်ရိုက်ပေးအပ်နိုင်ရန် အတွက်ဆက်လက် ဆောင်ရွက် ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက် တွင် MPT သည် အိမ်ထောင်စုပေါင်း ၃၀၀ ကျော်အတွက် အခြေခံ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆေးဝါးများနှင့် အခြားသောလိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ပံ့ပိုးကူညီမှုများ ရရှိစေရန်အတွက် MPT ဝန်ထမ်းများသည် ငသိုင်းချောင်းမြို့ရှိ ရေတံခွန်ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းနှင့် လေးမျက်နှာမြို့နယ် ပြန်လည်ထူထောင်ရေး အဖွဲ့များသို့ ကိုယ်တိုင်သွားရောက်ကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်အတူ MPT သည် ဒေသတွင်း ဆက်သွယ်ရေး လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် အရေးပါသော နည်းပညာပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့် ဒေသခံပြည်သူများအကြား ချိတ်ဆက်မှုများ ပြတ်တောက်မှုမရှိစေရန်အတွက် MPT က B2B ဂြိုဟ်တုအင်တာနက်စက် (B2B Satellite Terminals) (၂) ခုနှင့် ရွှေ့ပြောင်းသယ်ဆောင်နိုင်သော မိုဘိုင်းအခြေစိုက်စခန်း (Cell on Wheels - COW) တစ်ခုတို့ကို ဩဂုတ်လ (၅) ရက်နေ့တွင် တပ်ဆင်လည်ပတ် ပေးခဲ့ပါသည်။ ထို့အပြင် ယခုလို အခက်အခဲကာလအတွင်း အဆင်ပြေချောမွေ့စွာ ဆက်သွယ် နိုင်စေရန်အတွက် ရေဘေးသင့် ဒေသများရှိ သုံးစွဲသူများအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ အင်တာနက်ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် စာတို(SMS) ပေးပို့ခြင်း ဝန်ဆောင်မှုများကိုလည်း အခမဲ့အသုံးပြုနိုင်ရန် ပေးအပ်ခဲ့ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနမှ အရာရှိချုပ် ဖြစ်သူ ဦးရဲမင်းဦးက - "ဒီလို သဘာဝဘေးအန္တရာယ် အခက်အခဲတွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေအတွက် ကျွန်တော်တို့ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးလုပ်ငန်းစဉ်ကတော့ အလိုအပ်ဆုံးနေရာတွေဆီကို မရှိမဖြစ်လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေနဲ့ ခိုင်မာအားကောင်းတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ကတိကဝတ် ဖြစ်တဲ့ 'အတူလက်တွဲအမြဲရှိမည် MPT' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ဘယ်လို အခြေအနေ မျိုးမှာမဆို ရင်ပေါင်တန်းပြီး အမြဲရပ်တည်ပေးသွားဖို့ အပြည့်အဝ သန္နိဋ္ဌာန်ချထားပါတယ်" ဟု ပြောကြားခဲ့ ပါသည်။
MPT သည် ၎င်း၏ လုပ်ငန်းလည်ပတ်ရာ ဒေသအားလုံးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ အပြည့်အဝ တည်ငြိမ်မှုရှိစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် ဝဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ MPT4U App၊ Viber နှင့် တရားဝင် ဝဘ်စာမျက်နှာတို့ရှိ MPT Chatbot များမှတစ်ဆင့်လည်းကောင်း၊ ၁၀၆ Call Center သို့ ခေါ်ဆို၍လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Address

Tamwe
Yangon

Opening Hours

Monday 00:00 - 00:15

Telephone

09971130565

Website

Alerts

Be the first to know and let us send you an email when Mahar Business News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Mahar Business News:

Shortcuts

Share