22/05/2025
"စိတ်ကျန်းမာဖို့ကော ကျွန်တော်တို့တွေဦးစားပေးတွေးမိခဲ့ကြဘူးလား" 🤹
အရင်ဆုံးမိတ်ဆက်ရမယ်ဆို 🌼CALTHA WELLNESS CENTRE နဲ့ ကျွန်တော့်ရဲ့ I.M Leather Workshop သင်တန်း နှစ်ခု Corporate လုပ်ထားတဲ့အစီအစဉ်လေးပြောပြချင်လို့ပါ။
ဒီ Corporate Workshop မှာ အရင်သင်တန်း နဲ့မတူပဲ ဘာတွေထူးခြားမလဲဆိုရင်
🙍 မိမိရဲ့နေ့စဉ်ဘဝ နေ့စဉ်အတွေးတွေမှာ အတွေး energy ဂိတ်ဆုံးရောက်နေတာတွေကို ပြန်လည်ဖြည့်စွက်ပေးဖို့🧘 WELLNESS မှ Mental Health Counsellor ကနေပြီးတော့ စိတ်ဖိစီးမှူတွေ/ စိတ်တည်ငြိမ်အောင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတော့တွေကို Counselling လုပ်ပေးသွားမှာ ဖြစ်ပြီး....
💁I.M Leather Workshop အနေနဲ့က BASIC CARD HOLDER အစအဆုံး ပြုလုပ်နည်းကို ပူးပေါင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
လုပ်ရတဲ့လုပ်ငန်းတွေအားလုံးဟာ လုပ်ငန်းဆောင်တာ ဆောင်ရွက်နေတဲ့အချိန်တိုင်းမှာ စိတ်ကူးကောင်းဖို့ စိတ်တည်ငြိမ်နေဖို့ က တစ်ကယ်အရေးကြီးပါတယ်။ အနုပညာမှာ Mood ကအသက်ပါပဲ။
ဒါပေမယ့်လဲ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝတွေက ကြံဖန်ပျော်နေကြရတာဖြစ်တဲ့အတွက် လူမကျန်းမာရင် ဆေးခန်းပြရသလိုမျိူး စိတ်မကျန်းမာရင် လဲ Mental health Counseling လုပ်ဖို့ကလဲ ဒီနေ့ခေတ်မှာ အရေးကြီးတဲ့အပိုင်းကပါဝင်လာနေပါပြီ။
အဲ့တော့ဗျာ... ဘယ်ဖက်အပိုင်းကကြည့်ကြည့် အားလုံးအတွက် အကျိူးရှိစေမယ့် Program ဖြစ်လို့ CALTHA WELLNESS ကတင်ထားတဲ့ Post မှာလဲ အသေးစိတ်ထပ်ပြီးဖတ်ရှူလေ့လာနိုင်ဖို့ Link လေးကို Comment မှာချပေးထားပါတယ်ခင်ဗျာ။
ဪ... အရေးကြီးတာဘာလဲ ...
ချစ်တတ်ဖို့ မဟုတ်ဘူးနော် 😁
သင်တန်းကြေး 👉 180,000 MMK အရမ်းသက်သာအောင်စီစဉ်ပေးထားပေးတဲ့အပြင် ကျွန်တော့် သင်တန်းရဲ့ထုံးစံအတိုင်း အကျွေးအမွေးကလဲ ပါသေးပြန်တယ်ခင်ဗျာ။
လူအရေအတွက်က 5-7ယောက်ပဲလက်ခံမှာဖြစ်လို့ booking စလုပ်လို့ရပါပြီခင်ဗျာ။
အဆုံးထိအချိန်ပေးဖတ်ရှူပေးကြတဲ့ လူကြီးမင်းများအားလုံးကို ကျေးဇူးတင်ပါကြောင်း 🙇
I.M Leather Workshop
CALTHA WELLNESS