KingThant Gaming

  • Home
  • KingThant Gaming
Contact the establishment

KingThant Gaming Gaming

04/10/2026

ချစ်မိတာအပြစ်လား

The Witcher 3 ကတော့ ကျွန်တော့ ဂိမ်းမင်းဘ၀မှာအကြိုက်ဆုံးဂိမ်းတစ်ခုဖြစ်ခဲ့သလို "ဂိမ်းတွေဆိုတာ ဒီလောက်တောင် ကောင်းပါလား။" လ...
29/09/2026

The Witcher 3 ကတော့ ကျွန်တော့ ဂိမ်းမင်းဘ၀မှာ
အကြိုက်ဆုံးဂိမ်းတစ်ခုဖြစ်ခဲ့သလို
"ဂိမ်းတွေဆိုတာ ဒီလောက်တောင် ကောင်းပါလား။" လို့
ပြောရလောက်အောင်ကို ပြီးပြည့်စုံတဲ့ဂိမ်းတစ်ခုပါပဲ။

အောင်မြင်ခဲ့ပုံကလည်း ၂၀၁၅မှာတုန်းက အဲ့နှစ်ရဲ့
အကောင်းဆုံးဂိမ်း ဆုကိုရခဲ့သလို ၊
အခု ၂၀၂၆ အထိတောင် ဆော့ဖူးသူတွေမမေ့သလို
ဆော့နေကြသူတွေလည်းရှိနေသေးတာပါပဲ။

၂၀၂၇ မှာလည်း DLC အသစ်တောင်လာဖို့ရှိပါသေးတယ်။
ပြီးတော့ ဒီ Franchise က ဘယ်လောက်အထိ
Global Significance ရှိခဲ့သလဲဆိုရင်
၂၀၁၂ မှာတုန်းက ပိုလန်နိုင်ငံဝန်ကြီးချုပ်က
The Witcher 2 ဂိမ်းကို အဲ့အချိန်က
အမေရီကန်သမတ္တဖြစ်တဲ့ Barrack Obama ကို သူတို့နိုင်ငံရဲ့
ဂုဏ်ယူရတဲ့နိုင်ငံထုတ်ကုန်တစ်ခုအဖြစ်
လက်ဆောင်ပါပေးခဲ့တာပေါ့။

အဓိက ကျွန်တော်တို့လို Gamer တွေကို
ဖမ်းစားနိုင်ခဲ့တာကတော့
သူ့ရဲ့ နောက်ခံကမ္ဘာတည်ဆောက်ထားတာနဲ့
ဂိမ်းထဲကဇာတ်လမ်းတွေကြောင့်ပါပဲ။
ဘာဖြစ်လို့အဲ့လောက်တောင်ကောင်းနေတာလဲဆိုတော့
Witcher က ဂိမ်းတန်းထုတ်ထားတာမျိုးမဟုတ်ပါဘူး။
Andrzej Sapkowsk ဆိုတဲ့ ပိုလန်နိုင်ငံက
နာမည်ကြီးစာရေးစရာတစ်ယောက်က ၁၉၉၃ တည်းက
တစ်အုပ်ချင်းစီ ဒီကမ္ဘာကြီးကို ဖြည်းဖြည်းချင်းတည်ဆောက်ခဲ့တာပေါ့။
ဒါကိုမှ အခုချိန်မှာတော့ ဂိမ်းလောကမှာ “Legendary Status”
ရှိတဲ့ CDProjekt Red က သေသေချာချာအလေးထားပြီးဖန်တီးခဲ့လို့ အခုလို အောင်မြင်နေတဲ့ Franchise တစ်ခု ၊ Intellectual Propety တစ်ခုဖြစ်နေတာပါပဲ။

စောစောက ကျွန်တော် “ဇာတ်လမ်းတွေ” လို့ရေးခဲ့တာအကြောင်းရှိပါတယ်။ ဂိမ်းအစနားမှာ အန်တီးကြီးတစ်ယောက်ရဲ့ ဒယ်အိုးကို လိုက်ရှာပေးရတဲ့ Side Quest ၊ နောက်ပိုင်း သိုးလိုက်ရှာပေးရတဲ့ Side Quest တွေက အစ တချို့ဂိမ်းတွေရဲ့ Main Story ထက်သာပြီးစိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဒီဂိမ်းထဲက Content တွေကို Developer တွေက အနုပညာမြောက်စွာ ဖန်တီးထားတယ်လို့ ကျွန်တော်ကတော့် ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော် ၂၀၁၅ လောက်တုန်းက PS4 လေးပေါ်မှာ FPS ၂၀ လောက်နဲ့ဆော့ခဲ့တာတောင် အခုအချိန်အထိ ရင်ထဲကျန်နေခဲ့တုန်းပါပဲ။

ဒီနေ့ညတော့ DLC တွေအကုန်ပါပြီး Free ထုတ်ပေးထားတဲ့ Remastered Version ကြီးကို ပြန်ဆော့ပါဦးမယ်။ Live ကိုကြည့်ချင်ရင်တော့ YT ဘက်လာခဲ့ပါ။ တစ်ခါမှကိုယ်တိုင်မဆော့ဖူးဘူးပေမဲ့ ဆော့နိုင်ရင်လည်း ဒီဂိမ်းကိုပြီး အောင်တော့ဆော့ကြည့်ဖို့ Recommend ပေးပါတယ်။

အဆုံးအထိဖတ်ပေးလို့ကျေးဇူးပါ။

တချို့ပျော်ရွှင်မှုတွေက 4K တွေ ၊ Ray Tracing တွေ မလိုပါဘူး။ 😌
29/09/2026

တချို့ပျော်ရွှင်မှုတွေက 4K တွေ ၊ Ray Tracing တွေ မလိုပါဘူး။ 😌

တစ်ချိန်ကတော့ Game တွေ Download လုပ်ဖို့မလွယ်လို့ အခွေတွေနဲ့ပဲ ဆော့ခဲ့ရတာပေါ့လေ။ အခုတော့လည်း ဒီအခွေတွေက Collector Item လ...
26/09/2026

တစ်ချိန်ကတော့ Game တွေ Download လုပ်ဖို့မလွယ်လို့ အခွေတွေနဲ့ပဲ ဆော့ခဲ့ရတာပေါ့လေ။ အခုတော့လည်း ဒီအခွေတွေက Collector Item လို ပြန်ဖြစ်သွားပြန်ရော။
ကျွန်တော် ဘောလုံးဂိမ်းဆော့ခဲ့တဲ့သက်တမ်းကလည်း မနည်းတော့ဘူး။ လက်ကကောင်းလားဆိုတော့… မကောင်းပါဘူး 😂

ငယ်ငယ်တုန်းကတော့ ရှယ် Competitive ဖြစ်ပြီး Controller တွေပစ်ခွဲခဲ့ဖူးတယ်။ အခုနောက်ပိုင်းတော့ Career Mode လေးမှာ အေးအေးဆေးဆေး အပန်းဖြေရတာကို ပိုကြိုက်လာပြီ။

ဘောလုံးပရိသတ်တစ်ယောက်အနေနဲ့ တခြား ပိုကောင်းပြီး ပို Authentic ဖြစ်တဲ့ ဘောလုံးဂိမ်း မရှိသေးတော့လည်း…

ဒီကောင်တွေကိုပဲ နှစ်စဉ် ပိုက်ဆံပေးနေရတုန်းပါပဲ 😂

YT ဘက်မှာအပျော်လုပ်ထားတဲ့ Video လေးတစ်ပုဒ်တင်ထားပါတယ်။ လိုင်းမကောင်းလို့ Stream ‌တွေတော့ခဏနားရပါဦးမယ်။ Hope u guys enjoy...
22/09/2026

YT ဘက်မှာအပျော်လုပ်ထားတဲ့ Video လေးတစ်ပုဒ်တင်ထားပါတယ်။ လိုင်းမကောင်းလို့ Stream ‌တွေတော့ခဏနားရပါဦးမယ်။ Hope u guys enjoy!

ဂိမ်းတွေကို ပြီးအောင်မဆော့နိုင်ပေမဲ့ရုပ်ရှင်ကို ကျွန်တော်ကြိုက်တယ်...(Resident Evil 2026 Mini-Review — Spoiler-Free)ပထမဦ...
20/09/2026

ဂိမ်းတွေကို ပြီးအောင်မဆော့နိုင်ပေမဲ့
ရုပ်ရှင်ကို ကျွန်တော်ကြိုက်တယ်...
(Resident Evil 2026 Mini-Review — Spoiler-Free)

ပထမဦးဆုံး ရေးချင်တာက ကျွန်တော်ဟာ hardcore Resident Evil fan မဟုတ်သလို၊ horror-thriller ကားတွေ အမြဲလိုလို ကြည့်နေကျသူလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဆားနည်းနည်းခတ်ပြီးတော့ ဒီ review ကို ဖတ်ပါ။

ဒီရုပ်ရှင်ကို ကျွန်တော် အွန်လိုင်းပေါ်မှာ review တွေ မဆိုးဘူးဆိုတာကလွဲရင် ဘာအကြောင်းမှ မသိဘဲ ရုံမှာ သွားကြည့်ခဲ့တာပါ။ ဇာတ်ကားအသစ် ထွက်မယ်ဆိုတာနဲ့ trailer ကိုတောင် Gamescom livestream မှာမှ သိခဲ့၊ တွေ့ခဲ့တာပေါ့။ အဲဒီတုန်းက သေချာတောင် မကြည့်လိုက်ပါဘူး။

တစ်ခုသတိထားမိတာက ဒီကားရဲ့ အစောပိုင်းမှာ အဓိကဇာတ်ကောင်ကို တစ်ရုံလုံးကတောင် “ဟျောင့်၊ ယီးတွေလုပ်နေတာလား” လို့ ပြောချင်လောက်အောင် dumb ဖြစ်အောင် လုပ်ထားတာပါ။
ဒါပေမဲ့ ဇာတ်ကားကို ကြည့်ပြီး ပြန်စဉ်းစားကြည့်တော့မှ ကျွန်တော်သာ သူ့နေရာမှာဆိုရင် အခြေအနေ ပိုဆိုးမယ်ထင်ပါတယ်ဗျာ။ 😅

ကာရိုက်တာတစ်ကောင်တည်းကိုပဲ focus ထားပြီး လုံးဝကို survival horror vibe တော့ ရစေတယ်ဗျ။ ဂိမ်းတွေထဲမှာ Leon တို့၊ Chris တို့က အေးဆေးတီးနေတဲ့ အကောင်တစ်ကောင်က ဒီရုပ်ရှင်ထဲမှာတော့ boss fight ကြီးတစ်ခုလို ဖြစ်နေတာမျိုး။ First-person camera angle လေးတွေပါ ပါတော့ ပိုပြီး immersive ဖြစ်စေတယ်။

ဇာတ်လမ်းကတော့ အရမ်းကို ရိုးရှင်းပြီး အမှန်အတိုင်းပြောရရင် ဂိမ်းတစ်ခုလိုပါပဲ။ Level တစ်ခုပြီးတစ်ခု သွားသလိုပေါ့။
ဒါပေမဲ့ pacing က ကောင်းတော့ ဆွဲခေါ်သွားနိုင်ပါတယ်။ အဓိကတော့ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ vibe ကို ပေးနိုင်တာပေါ့။

ဖြဲခြောက်တာတွေ ပါသလို တကယ်ရယ်ရတဲ့ အပိုင်းလေးတွေလည်း ပါတယ်လို့ ပြောရမယ်ဗျ။ CGI တွေ ဘာတွေကတော့ ဘာမှ အပြစ်ပြောစရာမရှိဘူးလို့ ထင်ပါတယ်။ အကုန် fine ပါတယ်။
သိပ်မ fine တာကတော့ ဇာတ်လမ်းပါ။ စောစောက ပြောခဲ့သလိုပဲ တအားကို ရိုးရှင်းတာပေါ့။ ပြီးတော့ အဓိကဇာတ်ကောင်ကလည်း တစ်ယောက်ပဲ ပါသလိုမျိုး ဖြစ်နေတော့။

Overall ပြောရရင်တော့ ကြည့်ပျော်ပါတယ်။
ဒါပေမဲ့ အများကြီးတော့ မမျှော်လင့်နဲ့ပေါ့ဗျာ။
ကျွန်တော့် rating ကတော့ 6.7/10 ပါ။ 😁

ကြည့်ပြီးကြတဲ့သူတွေ ရှိရင် အမြင်တွေ ရေးခဲ့ကြပါဦး။
Spoiler တွေတော့ ကျေးဇူးပြုပြီး မရေးကြပါနဲ့ဗျာ။

19/09/2026

ဒီဂိမ်း နှစ်ခုက ၁၀ နှစ်ကွာတယ်နော်။🥴

14/09/2026

အရမ်းကြမ်းမယ့် Wolverine ဂိမ်းအသစ်???

Wolverine ဂိမ်းအသစ်ကတော့ Review တွေစထွက်လာတာနဲ့ လက်သည်းမထုတ်ရသေးဘူး ၊ဝေဖန်ချက်တွေက အရင်ရောက်လာပါပြီ။😅ကျွန်တော်ကတော့ ဆော့...
11/09/2026

Wolverine ဂိမ်းအသစ်ကတော့ Review တွေ
စထွက်လာတာနဲ့ လက်သည်းမထုတ်ရသေးဘူး ၊
ဝေဖန်ချက်တွေက အရင်ရောက်လာပါပြီ။😅
ကျွန်တော်ကတော့ ဆော့ဦးမှာပါပဲ။

Insomniac ရဲ့အရင် Spider-Man ဂိမ်းတွေက Story နဲ့ Gameplay တွေတော်တော်ကောင်းခဲ့တော့ Wolverine ကို မျှော်လင့်ချက်များကြတာ သဘာဝပါပဲ။

ဒါပေမဲ့ တချို့ Review တွေက Combat ထပ်တလဲလဲဖြစ်ပြီး ပျင်းလာရတယ်လို့ ဝေဖန်ထားပါတယ်။ ပြီးတော့ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ရတာနဲ့ ရုပ်ရှင်လို အက်ရှင်အခန်းတွေကို သဘောကျပေမဲ့ Explore လုပ်ရတဲ့ အပိုင်းတွေ သိပ်မမိုက်တာနဲ့ ဇာတ်လမ်းခန့်မှန်းရလွယ်တာကို ထောက်ပြထားပါတယ်။ အကုန်လုံး မကြိုက်ကြတာတော့ မဟုတ်ဘူးပေါ့။

ကျွန်တော် ကြည့်နေကြ Skill Up ကတော့ “I do not recommend” လို့ကို ပြောထားပြီး ဂိမ်းက အရမ်းလမ်းညွှန်ပေးနေတဲ့ Hand-holding ကို ဝေဖန်ထားပါတယ်။ ဂိမ်မာတွေကို နည်းနည်းနှိမ်ထားတာပေါ့။

ကျွန်တော့်အတွက်ကတော့ Linear ဂိမ်းဖြစ်တာက ပြဿနာမရှိပါဘူး။ ခုတ်ရထစ်ရတာ မိုက်တယ် ၊ ဇာတ်လမ်းက ဆက်ကြည့်ချင်အောင်ဆွဲထားနိုင်မယ်ဆို အဆင်ပြေပါတယ်။ ပြီးတော့ Logan နဲ့ Jean Grey တို့ရဲ့ Romance ကိုဘယ်လိုပုံဖော်ထားလည်းစိတ်ဝင်စားတာပေါ့။ Review တွေကြောင့် မျှော်လင့်ချက်တော့ နည်းနည်းလျှော့ထားပေမဲ့ ဆော့ချင်စိတ်ကတော့ မလျော့သေးပါဘူး။

ဆော့ပြီးမှ တကယ်ပဲပျင်းရလား ၊ လက်သည်းထုတ်ရင်း အချိန်ကုန်လို့ကုန်မှန်းမသိဖြစ်မလားဆိုတာ ပြန်ပြောပြပါမယ်။ ထွက်ရင် စတွင်းသွားဖို့လည်းရှိပါတယ်။ အဲ့ကြလာခဲ့ကြပါဦးနော်။

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။💛

You have 2000$, what would you pick?😌
10/09/2026

You have 2000$, what would you pick?😌

Address


Website

Alerts

Be the first to know and let us send you an email when KingThant Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to KingThant Gaming:

Shortcuts

  • Want your establishment to be the top-listed arts & entertainment?

Share