RYZ Gaming

RYZ Gaming Gaming Videos

ဂျပန်လက်ရွေးစင်အသင်း မြန်မာနိုင်ငံသို့ ရောက်လာရာ Facebook သုံးမရတဲ့ ပြဿနာဖြစ်ပေါ်နေ 😅😝🤪
05/06/2024

ဂျပန်လက်ရွေးစင်အသင်း မြန်မာနိုင်ငံသို့ ရောက်လာရာ Facebook သုံးမရတဲ့ ပြဿနာဖြစ်ပေါ်နေ 😅😝🤪

12/11/2019

မိသားစုပြိုင်ပွဲလေး စလိုက်ရအောင်
———————————————

ကျွန်တော်က မေးခွန်းတွေ ဆက်တိုက်မေးသွားမယ်။
မေးခွန်းတစ်ခုကို ဖြေဆိုချိန် ငါးစက္ကန့်ပဲရမယ်။ မသိတဲ့မေးခွန်းဆို ကျော်ချင်ရင် ကျော်လိုက်ပါ။ စုစုပေါင်း မေးခွန်းနှစ်ဆယ်ရှိတယ်။ အားလုံးဖြေဆိုပြီးမှ ပရိတ်သတ်အယောက်တစ်ရာရဲ့အဖြေနဲ့
တိုက်ကြည့်ပြီး အမှတ်ပေး ဆုငွေသတ်မှတ်မယ်။
ရယ်ဒီပဲလား"
"ရယ်ဒီ"
"နေရာယူပါ"
ကိုသာအေးက အိမ်မြောင်ဥလောက်
သူ့လက်မောင်းကြီးတွေပေါ်အောင်
အင်္ကျ ီလက်ကို အဆုံးထိ ခေါက်တင်လိုက်ပြီး
လက်နှစ်ဖက် နောက်ပစ်ထားလိုက်တယ်။
"ကဲ စမေးပြီ။
မြေအောက်မြို့တော်လို့ပြောလိုက်တာနဲ့ ဘာကိုအရင်ပြေးမြင်လဲ"
"လေ"
"ဖုန်းအော်ပရေတာလို့ပြောလိုက်တာနဲ့ ဘာကိုအရင်ပြေးမြင်လဲ"
"ရေမြင်းပါးစပ်"
"အကောင်တကာ့အကောင်တွေထဲမှာ
လူသိအများဆုံးအကောင်"
"ဂျင်းကောင်"
"စူပါမင်းဆိုတာ မြန်မာလို ဘာအဓိပ္ပါယ်လဲ"
"ဝေဠုကျော်"
"လူချမ်းသာဖို့ထက် ဘာချမ်းသာဖို့အရေးကြီးလဲ"
"like and comment "
"ကမ္ဘာ့အသေးဆုံး ခွေး"
"ခခွေး"
" ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး ရှိခိုးအိပ်နိုင်တာ"
"ထီလက်မှတ်"
"စကားပုံတွေမေးမယ်။ဘုံလုံတစ်လှည့်ရဲ့အနောက်က…"
"ငါးပိရည်တစ်လှည့်"
" တုံးခုလို့မှ လှမ်းမရရင်……"
"ဂျပု"
"မေးပါများ…"
"အာညောင်း"
"သစ်တစ်ပင်ကောင်း….."
"တရုတ်ပြည်ပို့"
"တော်လေးဝဝင်တဲ့ အမျိုးသမီးတွေဆိုတာ ဘယ်သူတွေလဲ"
"မအေးသောင်း၊ လုလုအောင်၊ ရွှေမှုံရတီ၊ ဇွန်သဉ္ဇာ"
"မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့နေ့က ဘယ်နေ့လဲ"
"မြန်မာအလံ စလွှင့်တဲ့နေ့"
"လူဆိုတာ ဘာနဲ့မကင်းဘူးလဲ"
"Facebook နဲ့"
"ဆေးလိပ်သောက်ခြင်းသည် ဘာဖြစ်စေနိုင်သည်လဲ"
"မီးခိုးထွက်စေနိုင်သည်"
"နယူတန်ဟာ ပန်းသီးပြုတ်ကျတာမြင်တော့
ဘာကိုတွေးမိသွားလဲ"
"ကောက်စားဖို့"
"ရုပ်လှဖို့ထက် ဘာလှဖို့အရေးကြီးလဲ"
"ပရိုဖိုင်ပုံ"
"ကမ္ဘာ့အသေးဆုံးဖားက ဘာဖားလဲ"
"အပ်နဖား"
"အသေးဆုံးထောင်"
"ပစ်တိုင်းထောင်"
"အမျိုးသမီးတွေဘဝ လုံခြုံမှုရှိအောင်
နိုင်ငံတော်က ဘာလုပ်ပေးသင့်သလဲ"
"အတွင်းခံဝတ်ပေးသင့်တယ်"
"ဟုတ်ကဲ့ ပရိတ်သတ်ကြီးခင်ဗျာ။
အခုဆို မေးခွန်းနှစ်ဆယ် ပြည့်သွားပါပြီ။
ကိုသာအေးဟာ မေးခွန်းတွေမှန်သမျှကို
တစ်ခုမှမကျော်ဘဲ မဆိုင်းမတွ ဖြေသွားပါတယ်။
ဒါပေမယ့် သူ ဆုရ၊မရတော့ မသိပါဘူး။
သူ့ကို ရွာသာကြီးပို့မယ့်ကားကတော့
အဆင်သင့်ဖြစ်နေပါပြီ။
လက်ခုပ်တီးပြီး အားပေးလိုက်ကြပါဦး"
"ဖြောင်း ဖြောင်း ဖြောင်း"

"ဘုန်းကြီးကို ဘီးဘယ်လိုရောင်းမလဲ" တစ်ခါတုန်းက Company အကြီးကြီးတစ်ခုမှာ Sales (အရောင်းဝန်ထမ်း) ရာထူးအတွက် အလုပ်လျှောက်တဲ...
31/07/2017

"ဘုန်းကြီးကို ဘီးဘယ်လိုရောင်းမလဲ"

တစ်ခါတုန်းက Company အကြီးကြီးတစ်ခုမှာ Sales
(အရောင်းဝန်ထမ်း) ရာထူးအတွက် အလုပ်လျှောက်တဲ့
ဝန်ထမ်း(၃)ဦးရှိခဲ့ပါတယ်။ သူတို့၃ယောက်လုံးဟာ ရာထူး
နေရာအတွက် သင့်တော်သူတွေမို့ အင်တာဗျူးမေးတဲ့
သူက ခေါင်းခဲလာပါတယ်။ နောက်တော့ အကြံရပြီး
သူတို့သုံးယောက်လုံးကို အလုပ်တစ်ခု စေခိုင်းခဲ့ပါ
တယ်။

ခိုင်းလိုက်တဲ့ အလုပ်ကတော့ တောင်ကုန်းပေါ်မှာရှိတဲ့
ဘုန်းကြီးတွေဆီကို ဘီးသွားရောင်းခိုင်းခြင်းပဲ ဖြစ်ပါ
တယ်။ ၃ရက်အချိန်ပေးလိုက်ပြီး အရောင်းရဆုံးသူကို
အလုပ်ခန့်မယ်လို့ ပြောလိုက်ပါတယ်။ ၃ရက်ကုန်ဆုံး
သွားတဲ့ အခါမှာတော့ သူတို့(၃)ယောက်လုံး အင်တာဗျူး
မေးတဲ့ဆီကို ပြန်ရောက်လာကြပါတယ်။

➡️ပထမလူက "ကျွန်တော်ဘီးတစ်ချောင်းပဲ ရောင်းထွက်
ခဲ့ပါတယ်။ ဘုန်းကြီးဆူတာလဲ ခံလိုက်ရသေးတယ်ဗျာ။
ကျွန်တော်က သူ့ကိုလှောင်ပါတယ်ဆိုပြီး တော်တော်
ဒေါသထွက်လာလို့ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့
လှည့်ပြန်လာရတယ်။ ပြန်တဲ့လမ်းမှာ ကိုရင်လေးတစ်ပါး
ခေါင်းကိုတောက်လျှောက်ကုတ်နေတာတွေ့လို့ သူ့ကို
ဘီးနဲ့ကုတ်ရင် ဘယ်လောက်သက်သာမယ်ဖြစ်ကြောင်း
ရှင်းပြခဲ့ပါတယ်။ အဲ့ဒီဘီးတစ်ချောင်းပဲ ရောင်းထွက်ခဲ့
ပါတယ်" လို့ အင်တာဗျူးမေးသူကိုပြန်ပြောပြပါတယ်။

➡️ဒုတိယလူက "မင်းတော်ပါတယ်ကွ၊ ဒါပေမယ့်
ငါက ပိုတော်တယ်ကွ။ ငါက ဘီး၁၀ချောင်းတောင်
ရောင်းထွက်ခဲ့တယ်။" အင်တာဗျူးမေးတဲ့သူကလည်း
"မင်းဘယ်လိုများရောင်းခဲ့တာလဲ?"လို့ စိတ်ဝင်တစား
မေးတဲ့အခါမှာတော့ ဒုတိယလူက"တောင်ပေါ်က
ဘုန်းကြီးကျောင်းကိုလာတဲ့ သူတွေဟာ လေတိုက်တဲ့
ဒဏ်ကြောင့် ဆံပင်တွေ ဖရိုဖရဲဖြစ်နေတာကို
ကျွန်တော် သတိထားမိခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်လည်း
ဘုန်းကြီးတစ်ပါးကို ကပ်ပြီး အကယ်၍ ဘုန်းကြီးကျောင်း
မှာဘီးသာရှိရင် လာရောက်သူတွေအနေနဲ့ သူတို့ကို
သူတို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်နိုင်ပြီး
ဘုန်းကြီးတွေကိုရှိခိုးတဲ့ အခါမှာလည်း ပိုမိုလေးစားရာ
ရောက်လိမ့်မယ် ဖြစ်ကြောင်းရှင်းပြလိုက်တယ်လေ။
ဒါနဲ့ဘုန်းကြီးလည်း ဘီး၁၀ချောင်းဝယ်ထားလိုက်
တယ်။" လို့ အင်တာဗျူးမေးသူကို ရှင်းပြပါတယ်။

➡️တတိယလူက "သိပ်လည်း အလျင်မလိုကြပါနဲ့အုံး
ဗျ၊ သူတို့၂ယောက်လုံးထက်ပိုရောင်းခဲ့တဲ့ ကျွန်တော်
ရှိပါသေးတယ်" လို့ ဆိုလာပါတယ်။ အင်တာဗျူးမေး
သူကလည်း စိတ်ဝင်စားလာပြီး "မင်း ဘယ်နှစ်ချောင်း
တောင်ရောင်းနိုင်ခဲ့တာလဲ"လို့ မေးတော့ တတိယလူက
"အချောင်း ၁၀၀၀ ရောင်းနိုင်ခဲ့ပါတယ်"လို့ ဆိုလာပါ
တယ်။ အင်တာဗျူးမေးသူလည်း အံ့သြသွားပြီး
"အားပါးပါး..မင်းဘယ်လိုများ အဲ့လောက်တောင်
ရောင်းရအောင် လုပ်ခဲ့တာလဲ"ကွလို့ မေးလာပါတယ်။

တတိယလူက "ကျွန်တော် အရင်ဆုံးတောင်ကုန်းပေါ်
က ဘုန်းကြီးကျောင်းတွေထဲက အကြီးဆုံး ဘုန်းကြီး
ကျောင်းကိုရွေးလိုက်ပါတယ်။ နောက်တော့ ကျောင်းထိုင်
ဘုန်းကြီးနဲ့တွေ့ပြီး လူပေါင်းများစွာကို အေးချမ်းမှုပေး
တဲ့အတွက်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ကျောင်းထိုင်
ဘုန်းကြီးက သဘောကောင်းတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး
သူလည်းသူ့ဆီလာရောက်တဲ့သူတွေကို ဘယ်လိုမျိုး
ကျေးဇူးတင်ကြောင်း ပြသရမှန်းမသိဖြစ်နေကြောင်း
ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ ကျေးဇူးတင်ကြောင်း
ပြသဖို့အကောင်းဆုံး နည်းလမ်းက ဗုဒ္ဓရဲ့အဆုံးအမတွေ
ပါတဲ့ လက်ဆောင်ပစ္စည်းတစ်မျိုးမျိုးပေးတာကောင်းမည်
ဖြစ်ကြောင်း၊ နေ့တိုင်းအသုံးပြုတဲ့ ပစ္စည်းမျိုးဖြစ်ရင်
ပိုကောင်းကြောင်း ပြန်လည်ရှင်းပြလိုက်ပါတယ်။
နောက်တော့ ကျွန်တော် သစ်သားထွင်းပြီး ဗုဒ္ဓအဆုံးအမ
တွေရေးထားတဲ့ ဘီးတစ်ချောင်းကို ဘုန်းကြီးကို
ထုတ်ပြလိုက်ပါတယ်။ လူတွေဟာ ဘီးကို နေ့တိုင်း
အသုံးပြုပြီး ဒီဘီးကိုမြင်တိုင်း ဗုဒ္ဓအဆုံးအမတွေကို
သတိရနေမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကျောင်းထိုင်
ဘုန်းကြီးလည်း သဘောကျပြီး ဘီး၁၀၀၀ မှာယူခဲ့ပါ
တယ်။"လို့ အင်တာဗျူးမေးသူကို ပြန်ပြောပြခဲ့ပါတယ်။

အခြား၂ယောက်ထဲက တစ်ယောက်က "မင်းကံကောင်း
သွားတာပါကွာ"လို့ ပြောတဲ့အချိန်မှာတော့ အင်တာဗျူး
မေးသူက "မဟုတ်ဘူး။ သူကံကောင်းတာမဟုတ်ဘူး။
သူက အစတည်းက Planရှိတာ။ အဲ့ဒါကြောင့် စာသား
ထွင်းထားတဲ့ဘီးကို သူယူသွားတာပေါ့။ အကယ်၍ အဲ့ဒီ
ဘုန်းကြီးကျောင်းက မလိုချင်ရင်တောင် အခြားကျောင်း
တစ်ခုက လိုချင်မှာအသေအချာပဲ" လို့ ပြောလာပါတယ်။

တတိယလူက "ဒါတင်မကသေးဘူးဗျ။ နောက်နေ့
ကျွန်တော်ပြန်သွားပြီး အဆင်ပြေရဲ့လား သွားမေးတဲ့
အချိန်မှာဘုန်းကြီးက သူ့ကျောင်းကိုလာတဲ့သူတွေဟာ
ဒီဘီးအကြောင်း ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေကို
ပြောပြပြီး ဒီဘီးသတင်းဟာ နာမည်ကြီးနေပြီဖြစ်ကြောင်း၊
ဘုန်းကြီးကျောင်းလာသူတွေလည်း ပိုမိုများပြားလာကြောင်း၊
လူတိုင်းကလည်း ဘီးအကြောင်းပဲမေးနေကြောင်း၊
တစ်လအတွင်း ဘီးတွေကုန်သွားတော့မှာမို့ နောက်ထပ်
ထပ်ပြီးမှာမည်ဖြစ်ကြောင်း ကျွန်တော့်ကို ပြောခဲ့ပါသေး
တယ်"လို့ ပြောပြလာပါတယ်။

➡️သင်ခန်းစာယူသင့်သည်များ

အလုပ်လျှောက်သူ အားလုံးဟာ မတူညီတဲ့ အရည်အချင်း
ကို ပြသခဲ့ပါတယ်။

➡️ ပထမလူက ဝယ်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်
ခြင်းဆိုတဲ့ အခြေခံအကျဆုံး အချက်ကို အသုံးချနိုင်ခဲ့ပါတယ်။
ခေါင်းကုတ်နေတဲ့ကိုရင်လေးကိုပဲ ရောင်းချနိုင်ခဲ့ပါတယ်။

➡️ဒုတိယလူကတော့ ပထမလူထက် အဆင့်နည်းနည်းမြင့်ပါ
တယ်။ ဘုန်းကြီးက ဘီးမလိုတာကို သူသိပါတယ်။ ဒါပေမယ့်
ဘုန်းကြီးအတွက် ဘီးက အခြားတစ်နေရာရာမှာ ဘယ်လို
အသုံးဝင်နိုင်ကြောင်း ထောက်ပြနိုင်ခဲ့ပါတယ်။

➡️တတိယလူကတော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို
ပြသခဲ့ပါတယ်။ တစ်ခါတည်းတောင်မဟုတ်ဘူး၊ ထပ်ခါ
ထပ်ခါရောင်းရမယ့် အနေအထားကို သူဖန်တီးနိုင်ခဲ့ပါ
တယ်။ သူလုပ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဘုန်းကြီး၊ လာရောက်
သောဧည့်သည်များ၊သူကိုယ်တိုင်၊ အင်တာဗျူးသူ စတဲ့
သူတွေအားလုံးကို ကောင်းကျိုးပေးနိုင်ခဲ့ပါတယ်။ မိမိရဲ့
ဖောက်သည်ကို ဘယ်တော့မှ တစ်ခါသုံးဖောက်သည်
အဖြစ် မကြည့်သင့်ပါဘူး။ စေတနာပါပါ ကြိုတင်ပြင်ဆင်
မှုရှိရှိနဲ့ မိမိရဲ့ဖောက်သည်အပြင် ထိုဖောက်သည်ရဲ့
အသိုင်းအဝိုင်း တစ်ခုလုံး အကျိုးရှိမယ့် အလုပ်မျိုး
လုပ်နိုင်ရင် မိမိလည်း စိတ်ချမ်းသာနိုင်မည်ဖြစ်ကြောင်း
ကို သူက ပြသခဲ့ပါတယ်။ မိမိရဲ့အကျိုးကျေးဇူး တစ်ခု
တည်းနဲ့ စတင်လို့မရပါဘူး။ မိမိပစ္စည်း အသုံးပြုသူရဲ့
အသုံးဝင်မှု၊ စိတ်ချမ်းသာမှုတွေကို ထည့်တွက်သင့်ပါ
တယ်။

➡️မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အမြဲနည်းလမ်းရှိတယ်။
ခေါင်းအေးအေးနဲ့ စဉ်းစားဖို့တော့ လိုအပ်ပါတယ်။

#မိုးရှင်း (I.M.T) ဘာသာပြန်သည်။

ဒီပုံပြင်လေးဟာ Businessနဲ့ ပတ်သက်နေတဲ့ ပုံပြင်လေး
ဖြစ်ပါတယ်။ အထူးသဖြင့် Sales သမားတွေအတွက်
အထူးအသုံးဝင်မယ့် ပုံပြင်လေးဖြစ်ပါတယ်။

ဒါကတော့ ကမ္ဘာ့အကြီးဆုံး ဂေါလျက်ဖား(goliath frog)ဖြစ်ပါတယ်။ဒီဖားတွေဟာ အီကွေတာနဲ့နီးတဲ့ ဂီနီနိုင်ငံနှင့် အာဖရိကနိုင်ငံ အလယ...
17/07/2017

ဒါကတော့ ကမ္ဘာ့အကြီးဆုံး ဂေါလျက်ဖား(goliath frog)ဖြစ်ပါတယ်။

ဒီဖားတွေဟာ အီကွေတာနဲ့နီးတဲ့ ဂီနီနိုင်ငံနှင့် အာဖရိကနိုင်ငံ အလယ်ပိုင်းဒေသမှာရှိတဲ့ စီးဆင်းနေသော မြစ်ချောင်းအနီးတဝိုက်မှာ နေထိုင်ကျက်စားကြပါတယ်။

ဒီအကောင်တွေဟာ ဘယ်လောက်ကြီးမားသလဲဆိုရင် 17 နှင့် 32စင်တီမီတာ အလေးချိန်အားဖြင့်တော့(3.250)ကီလို ဂရမ် (1.32 နှင့် 7,17 ပေါင်)အကြား အလေးချိန် ရှိပါသည်။

ကမ္ဘာ့ပထမဆုံး Holographic Smartphone------------------------------ဟောလီးဝုဒ် ရုပ်ရှင်များကို ရိုက်ကူးရာမှာ အသုံးပြုနေကြတ...
16/07/2017

ကမ္ဘာ့ပထမဆုံး Holographic Smartphone
------------------------------
ဟောလီးဝုဒ် ရုပ်ရှင်များကို ရိုက်ကူးရာမှာ အသုံးပြုနေကြတဲ့ ဒစ်ဂျစ်တယ် ကင်မရာများကို ထုတ်လုပ်ရောင်းချနေတဲ့ RED က ကမ္ဘာ့ ပထမဆုံး Holographic Smartphone ကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ ၅.၇ လက်မ အရွယ်ဖြစ်ပြီး သမားရိုးကျ 2D Content, Holographic Multi-View Content , 3D Content နဲ့ Interactive Game များ အကြားမှာ ပြောင်းလဲ ပြသပေးနိုင်ပါတယ်။ သူက လေထဲမှာ သုံးဖက်မြင်ပုံရိပ်များကို ပြသပေးမှာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းကို Hydrogen လို့ အမည်ပေးထားပြီး အလူမီနီယမ် မော်ဒယ်ကို ၁၁၉၅ နဲ့ တိုက်တေနီယမ် မော်ဒယ်ကို ၁၅၉၅ သတ်မှတ်ထားပါတယ်။ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

အရင်ကလည်း Hydrogen ရဲ့ နည်းပညာနဲ့ ဆင်တူတဲ့ ထုတ်ကုန်များ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ထူးခြားတဲ့ ပုံရိပ်များကို ခံစားနိုင်တဲ့ Amazon Fire Phone နဲ့ မျက်မှန် မပါဘဲ သုံးဖက်မြင် ပုံရိပ်များကို ပြသပေးတဲ့ Nintendo 3DS တို့ ဖြစ်ပါတယ်။

RED ရဲ့ တည်ထောင်သူ Jim Jannard က “ ဒီနည်းပညာကို လက်တွေ့ မမြင်ဘဲ ဘယ်လိုမှ ဖော်ပြလို့ မရပါဘူး။ ကျွန်တော်တို့ မျက်နှာပြင် နည်းပညာကို ဘယ်သူမှ မတီထွင်နိုင်သေးပါဘူး။ “ လို့ ပြောပါတယ်။ Hydrogen မှာ RED ရဲ့ ဒစ်ဂျစ်တယ် ကင်မရာများကို တပ်ဆင် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ ရှုထောင့်စုံကနေ ခံစားနိုင့် အသံစနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ref : mashable
Read in digitaltime

A 🍍  a day keeps the tiki party going all day. So fix up some Smirnoff Pineapple Coolers and say   to summer. 🌺Recipe: 1...
12/07/2017

A 🍍 a day keeps the tiki party going all day. So fix up some Smirnoff Pineapple Coolers and say to summer. 🌺

Recipe: 1.5 oz Smirnoff Pineapple and 3 oz orange juice, and ice. Blend. Garnish with fresh pineapple or orange slices.

Lamborghiniရဲ့ Centenario စူပါကား တစ်စီးဟာ အမေရိကန်မြေကို ပထမဆုံးအကြိမ် ဆိုက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။Centenarioတွေဟာ ...
29/05/2017

Lamborghiniရဲ့ Centenario စူပါကား တစ်စီးဟာ အမေရိကန်မြေကို ပထမဆုံးအကြိမ် ဆိုက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
Centenarioတွေဟာ အီတလီ စူပါကား ကုမ္ပဏီရဲ့ နာမည်ကျော် Aventadorတွေကို အခြေခံ အဆင့်မြှင့် ဖန်တီးထားတဲ့ Limited Editionတွေ ဖြစ်ပါတယ်။ ကုမ္ပဏီ စတင်ထူထောင်ခဲ့သူ ဖျူရစ်ဆီယို လမ်ဘော်ဂျီ
နီရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြု ထုတ်လုပ်ထားတဲ့ ကားတွေကို
စုစုပေါင်း အစီးရေ ၄၀ သာ ရောင်းချမှာ ဖြစ်ပါတယ်။
Centenario အစီး ၄၀ ကိုမှ Coupe အမျိုးအစား ၂၀ နဲ့ အမိုးဖွင့် မူကွဲ ၂၀ စီသာ ထုတ်လုပ်ထားတာပါ
။ ပြီးခဲ့တဲ့နှစ်မှာ ထုတ်လုပ်မှု စတင်ပြီး တစ်စီးကို ဒေါ်လာ ၁.၉ သန်းလောက် တန်ကြေးရှိတဲ့ Centenarioတွေထဲ
က တစ်စီးဟာ အခုတော့ အမေရိကန်မြေကို ပထမဆုံးအကြိမ် ဆိုက်ရောက်လာပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က နယူးပို့တ် ကမ်းခြေမှာ တည်ဆောက်ထားတဲ့ Lamborghini အရောင်းပြခန်း
က ဒီကားကို ထုတ်ဖော် ပြသလိုက်ပါတယ်။ ဒါပေမဲ့ ကားပိုင်ရှင် ဘယ်သူဖြစ်မယ် ဆိုတာ
ကိုတော့ တိတိကျကျ မကြေညာခဲ့ပါဘူး။ Lamborghiniဟာ Centenario အစီး ၄၀ လုံးအတွက်
အမှာစာတွေ လက်ခံရရှိထားပြီး ကားအားလုံး ရောင်းထွက်ပြီးသား ဖြစ်ပါတယ်။
Centenarioတွေမှာ မြင်းကောင်ရေ ၇၅၉ ကောင်အား V12 အင်ဂျင်တွေကို တပ်ဆင်ထားပြီး ရပ်နားထားရာကနေ
တစ်နာရီ မိုင် ၆၀ နှုန်းကို ၂.၈ စက္ကန့်အတွင်း အရှိန်မြှင့်နိုင်ပါတယ်။ ဒီစူပါကားတွေဟာ အမြင့်ဆုံး မြန်နှုန်း တစ်နာရီ ၂၁၇ မိုင်ထိ မောင်းနှင်နိုင်စွမ်း ရှိနေတယ်။ Lamborghiniက Centenario တစ်စီးစီကို ကုမ္ပဏီရဲ့ Ad Personam ဝန်ဆောင်မှု အသုံးပြုပြီး ဝယ်ယူသူ စိတ်ကြိုက် မွမ်းမံပြောင်းလဲ
မှုတွေ ပြုလုပ်ပေးတယ်လို့လည်း သိရပါတယ်။

10/05/2017

How to control monsters?

Jägermeister_ _ _ _ _ _ _- Jägermeister ဟာဆေးဖက်ဝင် အရက်ချိုအမျိုးအစားဖြစ်ပါတယ်။ သူ့ကို ၁၉၃၅ခုနစ်လောက်မှာ Mast-Jägermeis...
08/05/2017

Jägermeister
_ _ _ _ _ _ _

- Jägermeister ဟာဆေးဖက်ဝင် အရက်ချိုအမျိုးအစားဖြစ်ပါတယ်။ သူ့ကို ၁၉၃၅ခုနစ်လောက်မှာ Mast-Jägermeister SE ကုမ္ပဏီက ဈေးကွက်မှာစတင် ရောင်းချခဲ့ပါတယ်။ ထိုကုမ္ပဏီရဲ့ ရုံးချုပ်မှာ Germanyနိုင်ငံ၊ Lower Saxony ပြည်နယ်ရှိ Wolfenbüttel ဒေသမှာအခြေစိုက်ပါတယ်။ Mast မိသားစုပိုင် ကုမ္ပဏီ လည်းဖြစ်တယ်။

- Mast-Jägermeister SE ကိုစတင်တည်ထောင်သူမှာ Wilhelm Mast ဖြစ်ပြီး Jägermeister ကိုထုတ်လုပ်ခဲ့သူမှာ Curt Mast(original distiller) ဖြစ်ပါတယ်။ Curt Mast ဟာအမဲလိုက်ခြင်းကို စိတ်ပါဝင်စားသူ တဦးလည်းဖြစ်တယ်။ Jägermeister ရဲ့အဓိပ္ပါယ်ကတော့ *Hunting Master* ဖြစ်ပါတယ်။ Germans တွေအများစု ခေါ်ဝေါ်ကြတဲ့ နာမည်ပြောင်က *Göring Schnaps* ဖြစ်ပါတယ်။

- Jägermeister ကို ၂၀၀၆ စစ်တမ်းများအရ ကမ္ဘာနိုင်ငံပေါင်း ၇၀ကျော်ကို တရားဝင်တင်ပို့ရောင်းချနေပြီဖြစ်ပါတယ်။ Drink Power Brands 2013 report အရ Jägermeisterဟာ wine & spirits brands top100 စာရင်းဝင်ခဲ့ပါတယ်။ ယခုကဲ့သို့ အောင်မြင်မှုများမရလာခင်တချိန်က UKမှ Jäger shot or Jägerbomb သောက်ခြင်းများကို ပိတ်ပင်၍ လိုက်လံဖမ်းဆီးခြင်းများ ရှိခဲ့သေးသည်။

- Jägermeister ၏အရောင်မှာ Dark Brown ဖြစ်ပါတယ်။ ဆေးဖက်ဝင် အရက်ချိုဟုရှေ့တွင် သုံးနှုန်းရခြင်းမှာ အရက်ချက်လုပ်ရာတွင် ဆေးဖက်ဝင် အပင်များ(herbs)၊ အမြစ်များ(roots)၊ ဟင်းခတ်အမွှေးအကြိုင်များ(spices)၊ သစ်ဥစ်ဖုများ(fruits) စတဲ့ 56 မျိုးသောပစ္စည်းများဖြင့် ချက်လုပ်ထားခြင်းကြောင့်ဖြစ်သည်။ Eg: citrus peel, licorice, anise, poppy seeds, saffron, ginger, juniper berries and ginseng.

- ချက်လုပ်ပြီးသားအရက်ကို ဝက်သစ်ချစည်(oak barrel)တွေ ထဲတွင်တစ်နှစ်ခန့်ထား၍ ရလာသောအရက်ကို သန့်စင်ခြင်း ရောစပ်ခြင်းများပြုလုပ်၍ ဈေးကွက်သို့ ထုတ်ပိုးရောင်းချသည်။ ယနေ့ဈေးကွက်တွင် Jägermeister ပုလင်းအစိမ်းအပြင် Jägermeister Spice ဟူ၍ အနက်ရောင်ပုလင်းဖြင့် အမျိုးအစားနောက်တမျိုး ထုတ်လုပ်ရောင်းချလျှက်ရှိသည်။

- Jägermeister ကို ရေခဲသေတ္တာ သို့မဟုတ် ရေခဲထဲတွင် (-18°C) အအေးခံ၍ RedBull ဖြင့်ရောစပ်၍ Jägerbomb အဖြစ်သောက်သုံးကြသလို မည်သည့်အရာမျှ ရောစပ်ခြင်းမပြုဘဲ Shooter အနေဖြင့်လည်းသောက်သုံးကြသည်။

-Cocktail အနေဖြင့်လည်း...
Jägerbomb
Berlin Mule
Summer Sangria
California Surfer
Count Jäger စသဖြင့် အမျိုးမျိုးသော Cocktail များကိုဖျော်စပ်နိုင်သည်။

( အမှားပါသွားရင်လည်း ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။)

လူတိုင်းသိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များအကြောင်း- - - - - - - - - - - - - - - - - - - - - -Johnnie Walker...
04/05/2017

လူတိုင်းသိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များအကြောင်း
- - - - - - - - - - - - - - - - - - - - - -

Johnnie Walker သည် အရက်ဈေးကွက်တွင် ကမ္ဘာ့အရက်ဈေးကွက်အတွင်း အကြီးမားဆုံးအရက်ဖြန့်ဖြူးရေး စကော့(ဒ်)တလန် ကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းနှစ် ၂ဝဝ ကျော်ပြီ ဖြစ်သည်။ Johnnie Walker ဝီစကီ၏ ထူးခြားချက်မှာ အခြားအရက်များကဲ့သို့ ကုန်ကြမ်းမှတိုက်ရိုက်ချက်လုပ်ထားခြင်းမဟုတ်ဘဲ ဝီစကီများကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် တစ်နှစ်လျင် Johnnie Walker ပုလင်းပေါင်း သန်း ၁၃ဝ ခန့် သောက်သုံးကြပါသည်။ Johnnie Walker ဝီစကီတွင် အရောင်အပေါ်မူတည်၍ အရည်အသွေးနှင့်ဈေးနှုန်းကွာခြားပုံကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။

၁။ Johnnie Walker Red Label

Red Label သည် ဆန်စေ့နှင့်မုယောဝီစကီပေါင်း ၃၅မျိုး ရောနှောချက်လုပ်ထားသော ဝီစကီပင်ဖြစ်သည်။ Red Label သည် စကော့စလန်အနောက်ဘက် ကမ်းရိုးတန်းမှ အပြင်းစား Peat Whiskey နှင့် စကော့တလန်အရှေ့ဘက် ကမ်းရိုးတမ်းမှ အပျော့စား ဝီစကီတို့ကို ပေါင်းစပ်ချက်လုပ်ထားခြင်း ဖြစ်သည်။ Red Label သည် Johnnie Walker တံဆိပ်တွင် ဈေးအနည်းဆုံး ဖြစ်သည်။

၂။ Johnnie Walker Black Label

စနစ်တကျရွေးချယ်ထားသော စကော့တလန်ဝီစကီအမျိုးပေါင်း ၄ဝ ကျော်ဖြင့် Black Label ကို ပေါင်းစပ်ချက်လုပ်ထားခြင်းဖြစ်သည်။ Black Label ကို ချက်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ၁၂နှစ်သက်တမ်းရှိသော ဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Black Label တစ်လုံးသည် အကြမ်းဖျဉ်းအားဖြင့် အနည်းဆုံးသက်တမ်း ၁၂နှစ်ရှိပြီဟု ဆိုနိုင်သည်။

၃။ Johnnie Walker Double Black Label

Johnnie Walker မှ ထပ်မံထုတ်လုပ်လိုက်သော Double Black သည် Black Label ကို စည်ထဲတွင် ထည့်ပြီး မုယောသစ်ဆွေးများကိုလောင်စာအဖြစ်အသုံးပြုပြီး မီးခိုးငွေ့မှိုင်းတိုက်တာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် Double Black သည် သင်းပျံ့သောရနံ့၊ ထုံရီစေသော အရသာတို့ ပါဝင်နေခြင်း ဖြစ်သည်။



၄။ Johnnie Walker Green Label

Green Label သည် Linkwood ၊ Cragganmore ၊ Talisker နှင့် Caol lla ကဲ့သို့သော အရက်ချက်စက်ရုံကြီးများမှ အကောင်းဆုံးမုယောအရက်များကို ထပ်မံရောနှော ချက်လုပ်ထားခြင်းဖြစ်သည်။ ၁၅နှစ်သက်တမ်းရှိသော မုယောဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Green Label ကို အကြမ်းဖျဉ်းအားဖြင့် ၁၅နှစ်သက်တမ်းရှိသော ဝီစကီဟု ဆိုနိုင်သည်။

၅။ Johnnie Walker Gold Label

Gold Label သည် ၁၉၉ဝ အလွန်နှစ်များမှစ၍ အရက်ဈေးကွက်အတွင်း ဝင်ရောက်လာခဲ့သည်။ Gold Label သည် မုယောဝီစကီ ၁၅မျိုးကို ထပ်မံချက်လုပ်ထားပြီး ချိုရှရှအရသာဖြင့် သောက်သုံးရအဆင်ပြေစေပါသည်။

၆။ Johnnie Walker Blue Label
Blue Label သည် Johnnie Walker ဝီစကီထဲတွင် ဈေးအကြီးဆုံးနှင့်အရှားပါးဆုံးပင် ဖြစ်သည်။ ပညာရှင်များသည် ကမ္ဘာပေါ်မှ အကောင်းတကာ့ အကောင်းဆုံးအရက်များကို ထပ်မံစိစစ်ရွေးချယ်၍ ၁၉ရာစုစတိုင် (အရသာ) ဖြင့် Blue Label ကို ထုတ်လုပ်ထားပါသည်။

03/05/2017

ရှင်ဘုရင် မဖြစ်ချင်တဲ့လူစား
------------------------------
ဘိုးတော်ဦးဝိုင်းက လယ်သမားတစ်ယောက်ရဲ့မြေကိုသိမ်းတော့ လယ်သမားက ဘယ်ကျေနပ်မလဲ။ အဲဒါကြောင့် ဘိုးတော်ကို တရားစွဲဖို့ တိုင်ရမယ့်နေရာရှာတယ်။

မြေသိမ်းတာက ဘုရင်ဆိုတော့ ဘယ်ဌာနကမှ အမှုဖွင့်မပေးရဲကြဘူး တဲ့။

လယ်သမားလည်း တဝဲလည်လည်နဲ့ နောက်ဆုံး ဦးပေါ်ဦးဆီ ရောက်လာတယ်။ ဦးပေါ်ဦးက အမှုကို စစ်ဆေးဖို့ လက်ခံလိုက်တယ်။

အမှုလက်ခံပြီးတာနဲ့ တရားသူကြီးဦးပေါ်ဦးက ဘုရင်ကို ဆင့်ခေါ်စာတွေပို့တယ်။
ဆင့်ခေါ်စာမှာ "လူမွှေကြီးထိပ်တင်ဝိုင်း"စတဲ့ အသုံးအနှုံးတွေလည်း တမင်ထည့်သုံးထားတယ်။

ဘုရင် မလာပါဘူး။ ကိုယ်စားလွှတ်တယ်။

နောက်ဆုံးတော့ ဘုရင် တရားရှုံးသွားပါတယ်။

ဘိုးတော်ဟာ ငါဘုရင်ပဲဆိုပြီး အမှားလုပ်လို့ မရဘူး။ လုပ်သမျှကို ဦးပေါ်ဦးက မညှာမတာ ထောက်ပြဝေဖန်လေ့ရှိတယ်။ သမီးတော်ကို ယိုးဒယားမြပုခက်ဝယ်ပေးမယ့်ကိစ္စဆို ပြည်သူပိုင်ငွေကို အလွဲသုံးစားလုပ်ရမလားဆိုပြီး "မင်းတို့ရှင်ဘုရင် ရှင်ဘုရင်ပါးမဝသေးဘူး"လို့တောင် ပြောခဲ့တာ။

ငယ်ငယ်က ...
ဦးပေါ်ဦးရဲ့ဖြောင့်မတ်မှုကို သဘောကျတဲ့ကျွန်တော်က "သူသာ ဘုရင်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ"လို့ ဖေဖေ့ကို ပြောဖူးတယ်။ ဖေဖေက ...

"လုပ်ခိုင်းလည်း ငြင်းမယ့်လူစားပါကွာ။ သူက ကိုယ်တိုင် ရှင်ဘုရင်လုပ်ဖို့ထက် ရှင်ဘုရင်ကို ထိန်းကျောင်းပေးဖို့အတွက် လူဖြစ်လာတဲ့လူစား။ ဒီလိုလူမျိုးက မရှိမဖြစ် လိုအပ်တယ်။ သူလိုလူမရှိရင် တိုင်းပြည်ဒုက္ခရောက်တာပဲ" တဲ့။

Address

Yangon

Telephone

+959798888733

Alerts

Be the first to know and let us send you an email when RYZ Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share