15/07/2026
King Of Kings လို့ တင်စားခံခဲ့ရတဲ့ RRQ Hoshi ရဲ့ ရွှေရောင်နေ့ရက်တွေကို မီခဲ့ကြတယ်မလား ? 🤔
RRQ Hoshi ဆိုတာ သူတို့ရဲ့ ရွှေရောင်နေ့ရက်တွေတုန်းကဆိုရင် Indonesia ရဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့အပြင် Fan Base အများဆုံးအသင်းလည်း ဖြစ်ပါတယ်။
အခုလို ကြမ်းလှပါတယ်ဆိုတဲ့ King Of Kings တွေက ဘာလို့ Downfall ကာလတွေ ဆက်နေခဲ့တာလဲဆိုရင်...
M4 World Championship အပြီး သူတို့ရဲ့ Legendary Exp Laner R7 အနားယူသွားခဲ့တဲ့ အချိန်ကနေ စတင်ခဲ့တာလို့ ဆိုရမှာပါ ...
Exp Lane မှာ Meta အလိုက်ဆော့ရတဲ့ Sustainable Play Style ဒါမှမဟုတ် Split Push ပြီး Back Line နှိုက်တဲ့ Play Style မျိုးစုံ ဆော့ကစားနိုင်တဲ့ Player လည်းဖြစ်ပါတယ်။
ဒါ့အပြင် Hero Pool လည်း ကျယ်တာကြောင့် Chou Pick ပြီဆိုရင် တစ်ခုခုလုပ်ပြတော့မယ်ဆိုတဲ့ ခံစားချက်ပေးနိုင်တဲ့အထိ အားကိုးခဲ့ရတဲ့ R7 အနားယူသွားချိန်မှာတော့ ...
Banana, Donn, Dyrenn, Super Dann အစရှိတဲ့ Rookie Exp Laner တွေကို အစားထိုးခဲ့ပေမယ့်လည်း R7 လို အသင်းအတွက် ထောက်တိုင်ဖြစ်ပေးနိုင်မယ့် ကစားသမားမျိုးကို အခုထက်ထိ အစားထိုးနိုင်ခြင်း မရှိသေးတာကြောင့်ပဲ ဖြစ်ပါတယ်။
နောက်လာမယ့် MPL-ID ရာသီအသစ်မှာရော King Of Kings RRQ Hoshi အနေနဲ့ R7 ရဲ့ ကွက်လပ်ကို ဖြည့်နိုင်မယ့် မျိုးဆက်သစ် Player ကို ရှာတွေ့ပြီး Peak Form တစ်ခုကို ပြန်လည်ရရှိနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်။
"