My day

My day လူလြွတ္

ပိုင်ရှင်ရှိနေတဲ့ နှလုံးသားထဲကိုမှဝင်ရောက်ခဲ့မိတဲ့ ကျနော်တို့ဘဝတွေဟာအသည်းကွဲတာ ဘာများဆန်းလို့လဲ......။လမ်းလွဲခဲ့တာ မဟုတ်...
12/10/2024

ပိုင်ရှင်ရှိနေတဲ့ နှလုံးသားထဲကိုမှ
ဝင်ရောက်ခဲ့မိတဲ့ ကျနော်တို့ဘဝတွေဟာ
အသည်းကွဲတာ ဘာများဆန်းလို့လဲ......။

လမ်းလွဲခဲ့တာ မဟုတ်ပါအချစ်ရယ်
ကိုယ်ဟာ လမ်းမပေါ်မှာ
လမ်းပျောက်ခဲ့တာပါ....။

လွမ်းလောက်စရာ အမှတ်တရတွေနဲ့
သစ်ရွက်ခြောက်တွေလို
ကိုယ် ကြွေခဲ့ရတယ်.....။

မင်းကစိတ်ကစားခဲ့တာဆိုပေမယ့်
ကိုယ့်ဘက်မှာ
တစ်သက်စာ ဝေသနာတွေရခဲ့ပါကြောင်း.....။

ကိုယ့်ဘယ်လောက်ပဲပင်ပန်းပင်ပန်းကိုယ့်သားသမီးလေး ပျော်နေတာကိုမြင်ရရင်ကို ကျေနပ်နေတတ်တာ မိဘ"ပါ....။
11/10/2024

ကိုယ့်ဘယ်လောက်ပဲပင်ပန်းပင်ပန်း
ကိုယ့်သားသမီးလေး ပျော်နေတာကို
မြင်ရရင်ကို ကျေနပ်နေတတ်တာ မိဘ"ပါ....။

ဒီနေ့ ဘုရားဖူးသွားရင်းငှက်တစ်ကောင်ကိုလှောင်ချိုင့်ကလွှတ်လိုက်တယ်သူလွတ်လပ်စွာပျံသန်းနေတာကြည့်ရင်းကိုယ့်မှာကြည်နူးမိယုံပါပ...
10/10/2024

ဒီနေ့ ဘုရားဖူးသွားရင်း

ငှက်တစ်ကောင်ကို

လှောင်ချိုင့်ကလွှတ်လိုက်တယ်

သူလွတ်လပ်စွာပျံသန်းနေတာ

ကြည့်ရင်းကိုယ့်မှာ

ကြည်နူးမိယုံပါပဲ

သူကလွတ်လပ်ချင်တယ်

ကိုယ်ကဆွဲထားလို့

မြဲတာမျိုးမလိုချင်ဘူး

ကိုယ့်မှာသူပျံရာ

လမ်းတလျှောက်

ငှက်ခတ်သမားလက်အောက်

ပြန်မရောက်စေချင်သလို

ကောင်းကင်ပိုက်မှာလဲ

မငြိစေဖို့

ဆုတောင်းပေးမိတယ်

သူအမြဲလွတ်လပ်စွာ

ပျံသန်းနိုင်ပါစေ

အနှောင်အဖွဲ့မငြိပါစေကြောင်းပေါ့
#@လွမ်းသူ

အသက်ကိုအိမ်ထဲရွှေ့စိုက်ထားချင်တာပေါ့၊ဒါပေမဲ့ကျွန်တော်တို့ရေသောက်မြစ်တွေကလမ်းပေါ်မှာ ။ ။
09/10/2024

အသက်ကို
အိမ်ထဲရွှေ့စိုက်ထားချင်တာပေါ့၊

ဒါပေမဲ့
ကျွန်တော်တို့ရေသောက်မြစ်တွေက
လမ်းပေါ်မှာ ။ ။

ကောင်းကင်ကြီး ညို့မှိုင်းလာပီဆိုရင်..ကျွန်တော်သူ့ကိုမော့ကြည့်လိုက်တယ်..သူငိုတော့မယ်ဆိုတာသိလိုက်ပြီလေ..။သူရဲ့ငိုကြွေးမှု ...
07/10/2024

ကောင်းကင်ကြီး ညို့မှိုင်းလာပီဆိုရင်..
ကျွန်တော်သူ့ကိုမော့ကြည့်လိုက်တယ်..
သူငိုတော့မယ်ဆိုတာသိလိုက်ပြီလေ..။

သူရဲ့ငိုကြွေးမှု က ကျွန်တော့်ကိုအေးချမ်းစေသလိုဖြစ်နေတာပါ။

စိတ်မကြည်လင်မှုတွေ ၊ မကောင်းတဲ့ခံစားချက်တွေကို
"ခင်ဗျားရဲ့မျက်ရည်တွေနဲ့ဆေးကြောပစ်ချင်လို့ပါ..."။

ကျွန်တော့်ကို တစ်ကိုယ်ကောင်းဆန်တယ်ဘဲပြောပြော...အခုတော့

"ရွာလိုက်ပါတော့မိုးရယ်..."

အပြုံးချို​ခြင်တစ်ခုတော့လိုတယ်နှလုံးသားအခြေချဖို့ နှစ်ခါမစဥ်းစားရဘူးလုလုရေ ကိုယ်မင်းအပြုံးကိုမြတ်နိုးတယ်။မျက်ရစ်မရှိတဲ့က...
05/10/2024

အပြုံးချို​ခြင်တစ်ခုတော့လိုတယ်

နှလုံးသားအခြေချဖို့
နှစ်ခါမစဥ်းစားရဘူးလုလုရေ
ကိုယ်မင်းအပြုံးကိုမြတ်နိုးတယ်။

မျက်ရစ်မရှိတဲ့ကပြားမလေး ရယ်လိုက်တဲ့အခါ
ကိုယ့်နှလုံးသားထဲ နေကြာတွေပွင့်တယ်။
သေသေချာချာပဲအချစ်ရယ်ရင်ကိုယ်အရည်ပျော်ခဲ့တယ်။

ပဋိဇီဝဆေးဝါးတွေအစား
မင်းအပြုံးကိုအားကိုးချင်တယ်၊

မင်းတစ်ချက်ပြုံးတဲ့အခါ
ကိုယ်တစ်သက်လုံး ကျန်းမာနေလိမ့်မယ်။

အပြုံးချိုခြင်းတစ်ခုတော့လိုပြီ လုလုရေ။
မင်းနှလုံးသားမှာခိုခွင့်ရမလား
ကိုယ်လှမ်းခဲ့ပါမယ်။

အဖြူရောင်ပန်းလေးတွေ တွေ့တဲ့အခါချစ်ခြင်းမေတ္တာရရှိဖို့ နားပူနာဆာလုပ်ခဲ့တာတွေစိတ်အနှောင့်ယှက်ဖြစ်စေတဲ့ သတိရခြင်းတွေအတွက်တေ...
05/10/2024

အဖြူရောင်ပန်းလေးတွေ တွေ့တဲ့အခါ
ချစ်ခြင်းမေတ္တာရရှိဖို့ နားပူနာဆာလုပ်ခဲ့တာတွေ
စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ သတိရခြင်းတွေအတွက်
တောင်းပန်ချင်တယ် ။
ပြီးတော့ အများကြီးချစ်ပေးချင်တယ်
ဒါ ကျွန်​ေတာ်ပေးနိုင်တဲ့ စိတ်လျော်ကြေးပဲ...။

-ဘယ်လာခင်

စိတ်လိုလက်ရ ခုတ်မောင်းလာတဲ့ရထားတစ်စင်းလေးနယ်မြို့လေးရဲ့ ဘူတာအိုမှာစက္ကူပန်းတွေ မွှေးစေချင်တယ်အမှတ်တရတွေ သင်းစေချင်တယ်ကို...
04/10/2024

စိတ်လိုလက်ရ ခုတ်မောင်းလာတဲ့ရထားတစ်စင်းလေး
နယ်မြို့လေးရဲ့ ဘူတာအိုမှာ
စက္ကူပန်းတွေ မွှေးစေချင်တယ်
အမှတ်တရတွေ သင်းစေချင်တယ်
ကိုယ်တို့‌နောက်တစ်ခေါက် ပြန်ဆုံချင်တယ်။

Physic ရဲ့ သဘောတရားအရAerodynamic သဘောတရားအရ🐝ပျားတွေ ပိတုန်းတွေဆိုတာ ပျံသန်းဖို့မဖြစ်နိုင်ဘူး သူတို့ အတောင်တွေက ပါးတယ်သေး...
03/10/2024

Physic ရဲ့ သဘောတရားအရ
Aerodynamic သဘောတရားအရ

🐝ပျားတွေ ပိတုန်းတွေဆိုတာ
ပျံသန်းဖို့မဖြစ်နိုင်ဘူး

သူတို့ အတောင်တွေက ပါးတယ်
သေးတယ် ခန္ဓာကိုယ်က ကြီးနေတယ်

ဒါပေမယ့်လဲ ဒါတွေကို ဂရုမစိုက်ပဲ
ကောင်းမွန်စွာပျံသန်းနိုင်ဖို့

အတောင်ပံတွေကိုလိုတာထက်
များများနဲ့မြန်မြန်ခပ်တယ်

နောက်ဆုံးပြန်နိုင်သွားတယ်
ပျားတွေ ပိတုန်းတွေလိုပဲ

ကျနော်တို့လူတွေလဲ
ကိုယ်မလုပ်နိုင်တာတွေကိုထိုင်တွေးပြီး
ငါကတော့မဖြစ်နိုင်ဘူးလုပ်နေမယ့်အစား

ကြိုးစားမှုကို ပိုမြှင့်ပြီး လုပ်ဆောင်သင့်တယ်
ဇွဲပိုရှိသင့်တယ် လုံ့လပိုစိုက်သင့်တယ်

ဒီသဘောနဲ့ ရှေးလူတွေက
ပျားတွေ ပိတုန်းတွေကို
spiritual animal အနေနဲ့ ထားခဲ့ဟန်တူတယ်

သူများအတွက်တော့ မသိပါ
ကျနော့်အတွက်တော့
ပိုကြိုးစားဖို့ Physic ရဲ့ သဘောတရားအရ
Aerodynamic သဘောတရားအရ

🐝ပျားတွေ ပိတုန်းတွေဆိုတာ
ပျံသန်းဖို့မဖြစ်နိုင်ဘူး

သူတို့ အတောင်တွေက ပါးတယ်
သေးတယ် ခန္ဓာကိုယ်က ကြီးနေတယ်

ဒါပေမယ့်လဲ ဒါတွေကို ဂရုမစိုက်ပဲ
ကောင်းမွန်စွာပျံသန်းနိုင်ဖို့

အတောင်ပံတွေကိုလိုတာထက်
များများနဲ့မြန်မြန်ခပ်တယ်

နောက်ဆုံးပြန်နိုင်သွားတယ်
ပျားတွေ ပိတုန်းတွေလိုပဲ

ကျနော်တိုံလူတွေလဲ
ကိုယ်မလုပ်နိုင်တာတွေကိုထိုင်တွေးပြီး
ငါကတော့မဖြစ်နိုင်ဘူးလုပ်နေမယ့်အစား

ကြိုးစားမှုကို ပိုမြှင့်ပြီး လုပ်ဆောင်သင့်တယ်
ဇွဲပိုရှိသင့်တယ် လုံ့လပိုစိုက်သင့်တယ်

ဒီသဘောနဲ့ ရှေးလူတွေက
ပျားတွေ ပိတုန်းတွေကို
spiritual animal အနေနဲ့ ထားခဲ့ဟန်တူတယ်

သူများအတွက်တော့ မသိပါ
ကျနော့်အတွက်တော့
ပိုကြိုးစားဖို့ reminder ပါပဲ

🐝🐝

16/06/2024

I gained ၅ followers နှင့် created ၉ posts in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

မင်းနဲ့😰
15/06/2024

မင်းနဲ့😰

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when My day posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share