Ko Ye Gyi

Ko Ye Gyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Ye Gyi, Poet, Yangon.

08/02/2026

လေနုကြမ်းလေးတွေကြောင့် သစ်ရွက်လေးတွေ
မြေပြင်ပေါ် ပျံ့ကြဲ ကြွေကျခဲ့ရသလို
ကျွန်တော်လဲ သူမရဲ့ မျက်ဝန်းတစ်စုံအောက်မှာ
နှလုံးသား တခုလုံး ကြွေကျ ကျရှုံးခဲ့ရပါတယ်
သူမရဲ့ မျက်ဝန်း တစ်စုံဟာ
ကျွန်တော်အတွက်တော့ ဘယ်တော့မှ မေ့လို့မရနိုင်မယ့်
ပဲ့ကိုင်ရှင်မလေး ဖြစ်ခဲ့တယ်

Poet

23/01/2025

တစ်ဖက်သတ် တိတ်ဆိတ်သွားတယ်လို့
မပြောပါနဲ့ဟာ
ပြိုင်တူပျက်တဲ့ ဖိနပ်ဆိုတာရှိလို့လား

07/04/2024

ဖုန်းထဲကနေအာဘွားပေးရင်း
လွမ်းတယ်ပြောပြီး
ဖြတ်သန်းနေရပေမယ့်
သူ့ကို
အရမ်းချစ်တယ်😘😘

13/01/2024

လူဖြစ်ရတဲ့ ခနမှာ
မင်းနဲ့ငါ မထင်မှတ်ထားပဲ
ဘဝတစ်ကွေ့မှာ တွေ့ဆုံးခဲ့ကျတယ်
အဲ့တွေ့ဆုံချင်က
မင်းနဲ့ငါကို အမြင်မကြည်ဘူး
ထင်ပါရဲ့
ကံအကြောင်းပေးမလှတဲ့
မင်းနဲ့ငါက
လမ်းခုလတ်မှာပဲ
ဇာတ်သိမ်းသွားခဲ့တယ်😔😔

ဆေးလိပ်သောက်ပြီး မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့လေးတွေကလေထဲမှာ ပျောက်ကွယ်သွားကျတယ်အဲ့လိုပဲမင်းပြောခဲ့ဖူးတဲ့ အရမ်းချစ်တယ်ဆိ...
16/11/2023

ဆေးလိပ်သောက်ပြီး မှုတ်ထုတ်လိုက်တဲ့
ဆေးလိပ်ငွေ့လေးတွေက
လေထဲမှာ ပျောက်ကွယ်သွားကျတယ်
အဲ့လိုပဲ
မင်းပြောခဲ့ဖူးတဲ့ အရမ်းချစ်တယ်ဆိုတဲ့
စကားတခွန်းကလဲ
ဆေးလိပ်ငွေ့လေးတွေလိုပဲ လေထဲမှာပဲ
ပျောက်ကွယ်သွားတယ်

14/11/2023

မိုးစက်လေးတွေ
သွပ်ပြားပေါ်ကျတဲ့ အသံလေးက
အလွမ်း သံစဥ်လေးလို
နားဝင် ချိုလိုက်တာ
မိုးစက်လေးတွေကျတဲ့အချိန်
နားထဲ နားကြပ်လေးတပ်
ကော်ဖီး ပူပူလေးတစ်ခွက်ရယ်နဲ့
ကဗျာလေးတွေ ရေးစပ်ရင်း
မင်းကြောင်းလေးတွေးမိတယ်

14/11/2023

ပိုက်ဆံကတော့
လူတိုင်းလိုအပ် ကျတာပဲ
အဲ့ပိုက်ဆံနောက်တော့
မလိုက်မိစေနဲ့ လိုက်မိရင်တော့
မင်းဘဝကြီးပျက်စီးသွားလိမ့်မယ်

14/11/2023

ဘယ်သူတွေ ဘာပဲပြောနေပါစေ
ကျွန်တော်ချစ်ရတဲ့သူမကို
အဝေးကကြည့်ပြီး
ကျွန်တော် ချစ်နေရရင်
ကျေနပ်ပါပြီး

03/11/2023

စက္ကန့်တွေ မိနစ်တွေက
အချိန်နဲ့ သပြေညီ ပြောင်းလဲကျတယ်
ဒီလိုပဲ
ကိုယ့် မင်းလေးကို
ချစ်တဲ့အချစ်တွေကလဲ
စက္ကန့်တွေ မိနစ်တွေလို
ပြောင်းလဲ မသွားဘူး
ချစ်သူ😍

03/11/2023

ဘနဲ့စပြီး ဝနဲ့ဆုံးတဲ့
ဘဝခရီးလမ်းမှာ
ပျော်ရွှင်စရာတွေပဲရှိပြီး
စိတ်ညစ်စရာတွေ ဝမ်းနည်းစရာတွေ
မရှိခဲ့ရင် ကောင်းမယ်
စိတ်ညစ်စရာတွေ ဝမ်းနည်းစရာတွေထဲမှာ
မင်းလေးကို မချစ်ခဲ့မိရင်လဲ
သိပ်ကောင်းမှာပဲ 😔😔

02/11/2023

မြစ်တစင်းရဲ့ ဒီရေက
တက်လိုက် ကျလိုက်နဲ့
မင်းရဲ့ အချစ်တွေကလဲ
ချစ်လိုက် မချစ်လိုက်နဲ့
စိတ်လိုချိန် ချစ်လိုက်
မလိုအပ်တဲ့ အချိန်ပစ်ချလိုက်နဲ့
မာယာတွေမှန်းသိပါတယ်
ချစ်လွန်းလို့ သက်ဆင်းခဲ့တာဆို
ပိုမှန်ပါတယ်😍😍

02/11/2023

မင်းလေးကို
ချစ်တဲ့အကြောင်းတွေ
ကဗျာလေးစပ်လို့
သီကုံးရေးဖွဲ့ရင်တောင်
ကုန်နိုင်မှာ မဟုတ်ဘူး
ချစ်သူ
ပုံ ye gyi

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ko Ye Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category