Zar Zar Thiri Han

Call Contact the establishment

Zar Zar Thiri Han ကဗျာရှိရင်လှတယ်

Shout out to my newest followers! Excited to have you onboard! Myomin Tun, Ko Aung Aung, အမရာဒေဝီ, A Gyi Kung Kung, Lin ...
06/05/2026

Shout out to my newest followers! Excited to have you onboard! Myomin Tun, Ko Aung Aung, အမရာဒေဝီ, A Gyi Kung Kung, Lin Tee Kyi Oo, စန်း စန်း, Kyaw Swar, U Khun Win Kyaw, နတ်သ မီးလေး, Chit Lin Aung, Kyaw Soe Moe, Nant Mu Lay Lay, Phan Shar, Tue Tue Mar, ရှီး ရှီး, Theinhtike Aung, ဒေါ်တင် တင်အေး, နူးရ် နူးရ်, Ashin Za Wa Na, Nwe Ni, Zaw Zaw, သားထွီး ချေ, ဝေယံလ မင်း ထွန်းရောင်, Dai Sy, Ko Soe Lin Aung, Nan Dar, Myo Thazin Myint, Latang, July Oo, Khaing Hnin War, Aung Thaw Zin, အမုန်းမြို့သူ ပန်းခရေ, Ze Ro, Saw Sann

06/05/2026
06/05/2026

ရယ်မောမြစ်
သပိတ်လွယ်ငှက်ပါးစပ်က ဒိုရေမီဖာ

ငါတို့ရွတ်မိတော့

အပြစ်မဲ့တဲ့အပြစ်တွေ ပိုများသွားတယ်။

ကိုယ့်မြစ်ထဲ ကိုယ့်ကိုကိုယ်မြှားရခြင်းနဲ့

နေ့လည်ခင်း

ညနေခင်း

အခင်း များစွာ

ငါတို့က ကဗျာဆရာလား

အာရေဒီယံ ရဲ့ ဒီရေအရောင်များလင်းလာမလားလို့

ကိုယ့်ကိုကိုယ်ခြစ်ထားပြီး

မီးတဖွာလည်းအရှာထွက်ခဲ့ရ

ကိုယ့်စိတ်ကြိုက် ဘဝဖျင်း နဲ့

ကိုယ့်အရေထူ နဲ့

ကိုယ့်ခုန်သံ ရင်ဘက်တစုံနဲ့

သုံးဘက်မြင် ဗောင်းတော်ကို အရှာထွက်ခဲ့ရ

လရောင်က ဒုတ္ထာကို ဘဒ္ဒကမ္ဘာရဲ့ ကဗျာဝင်စားလို့ ထင်လို့ထင်

Orient ရဲ့ ပရိုင်းမိတ်ကို

ကိုယ့်ကိုကိုယ် ဘိသိတ်မြောက်ရင်း

အာရှအလယ်ဆီ သယ်လို့သယ်

သရကွန်တပတ် စကားလုံးကျွန်

တဝက်နဲ့

နာမ်မှုမှာ ဝါကျ ကိုဖယ်သူကဖယ်

ငါတို့က ကဗျာဆရာလား

ဒီမြစ်မို့

ဖွဖွရယ်ဖွယ်နဲ့ အသားတကျပျော်ရတယ်။

ဇာဇာသီရိဟန်

၂၀၂၆

03/05/2026

တံခါးရွက်များ
**************
ညိုမှိုင်းမှိုင်း အုပ်ဆိုင်းဆိုင်းအိမ်ရဲ့
တံခါးရွက်တွေ
နေ့အလင်းမှာ အိမ်ရဲ့ ကျက်သရေ ဖြစ်နေတဲ့ တံခါးရွက်တွေ
တံခါးရွက်တွေ ဟာ
ဟင်းလင်းပွင့်ကင်းခြေများရုပ်ပုံနဲ့
တင့်တယ်နေကြ
အရောင်များနဲ့ ဝေးကွာနေကြ
အမှောင်ကြောက်ဖို့ မေ့ပစ်ထားကြ
တင်းတင်းစေ့စေ့ ရပ်တန့်နေကြ
ဟောင်းနွမ်းတတ်တဲ့ ဥပမာထဲက အတိုင်း တံခါးရွက်တွေ
ပြင်ညီကိုဆန့်ကျင်နေဆဲ တံခါးရွက်တွေ
တံခါးရွက်တွေ ဟာ
သိပ်သိပ်သည်းသည်းပိုးတောင်မာကောင်ရဲ့ ရုပ်ပုံနဲ့
ကျစ်လစ်ပြနေကြ
ပတ်တာတွေကို မသိခဲ့ကြ
သော့တွေရော ကျန်သေးတာ မမေးဖြစ်ကြ
ပွင့်ဖြစ်နေသော ပိတ်ဖြစ်နေသော
ဘာဆိုဘာမှ မသိကြ
လောက ကို ထွင်းထုထားတဲ့တံခါးရွက်တွေ
အလင်းနှစ်ကို တွက်ချက်ကြတဲ့ တံခါးရွက်တွေ
တံခါးရွက်တွေ ဟာ
ကျနော် ့ နှလုံးသားထဲမှာ
ခင်ဗျား နှလုံးသားထဲမှာ
သူတို့အချင်းချင်း ထဲမှာ
တံခါးရွက်တွေ ဖြစ်သွား..

ဇာဇာသီရိဟန်
3.5.2023

တစ်နေ့တာ--------------ပိုးကောင်အော်သံကြောင့် အက်ထနေတဲ့လေကို နည်းနည်း နမ်းလိုက်တယ်။ငါ့ကုတင်ရဲ့ အနံ့က ထုံးစံအတိုင်း ချဉ်စု...
01/05/2026

တစ်နေ့တာ
--------------

ပိုးကောင်အော်သံကြောင့် အက်ထနေတဲ့လေကို နည်းနည်း နမ်းလိုက်တယ်။
ငါ့ကုတင်ရဲ့ အနံ့က ထုံးစံအတိုင်း ချဉ်စုတ်။
မျက်မှန်ရဲ့ နားလည်မှုက စုန်းကိုက် ညခင်းဖြစ််လာတယ်။
အညှို့တစ်ခုရဲ့ ဓာတ်မတည့်ရောဂါက လတ္တေလာ ခေတ်စားနေတယ်။
ထော့နင်းထော့နင်းညက အခ်စ္သြား အချစ်လာတွေကို လပေါ်မှာ ထားကြည့်တယ်
နှင်းအပေါ် လော်မာလွန်းတဲ့ သဇင်ပွင့်တွေ အဆုပ်လိုက် ပွင့်ကုန်ကြပြီ။
မရဏမင်းရဲ့ လက်နှေးနှေးထဲက အိပ္မက္ကို ရှေ့မှာ မီးဝါပြထားတယ်။
ရှူးတိုးတိုး
ရက်ကြွေသီးတွေ အခဲလိုက် သီးတော့မယ်တဲ့။
ငါ့နာမည်ကို မှတ်မိပါ့မလား

ဇာဇာသီရိဟန်
ဇန်နဝါရီ ၁၅၊ ၂၀၂၄။

A Days Way
-----------------

Being impelled by the cry of an insect, I kissed the cracking air a little.
As usual, my bed smells bad.
The understanding of glasses was turned into a witch-bitten night.
The allergy of a particular spell is trendy at this moment.
The crippling night tried to put come and go of love on the moon.
The tiger-ladies that too much committed against the snow,
are blooming in clusters.
The dream in the slow hands of death was stopped by yellow light.
Whisper!
Fruits of fallen days will soon be bore in clusters, they said.
Will my name be remembered?

Zar Zar Thiri Han
January 15, 2024
Translated by Aung Moe

Address

Yangon

Telephone

+959778485311

Website

Alerts

Be the first to know and let us send you an email when Zar Zar Thiri Han posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Zar Zar Thiri Han:

Shortcuts

Share

Category