06/05/2026
ရယ်မောမြစ်
သပိတ်လွယ်ငှက်ပါးစပ်က ဒိုရေမီဖာ
ငါတို့ရွတ်မိတော့
အပြစ်မဲ့တဲ့အပြစ်တွေ ပိုများသွားတယ်။
ကိုယ့်မြစ်ထဲ ကိုယ့်ကိုကိုယ်မြှားရခြင်းနဲ့
နေ့လည်ခင်း
ညနေခင်း
အခင်း များစွာ
ငါတို့က ကဗျာဆရာလား
အာရေဒီယံ ရဲ့ ဒီရေအရောင်များလင်းလာမလားလို့
ကိုယ့်ကိုကိုယ်ခြစ်ထားပြီး
မီးတဖွာလည်းအရှာထွက်ခဲ့ရ
ကိုယ့်စိတ်ကြိုက် ဘဝဖျင်း နဲ့
ကိုယ့်အရေထူ နဲ့
ကိုယ့်ခုန်သံ ရင်ဘက်တစုံနဲ့
သုံးဘက်မြင် ဗောင်းတော်ကို အရှာထွက်ခဲ့ရ
လရောင်က ဒုတ္ထာကို ဘဒ္ဒကမ္ဘာရဲ့ ကဗျာဝင်စားလို့ ထင်လို့ထင်
Orient ရဲ့ ပရိုင်းမိတ်ကို
ကိုယ့်ကိုကိုယ် ဘိသိတ်မြောက်ရင်း
အာရှအလယ်ဆီ သယ်လို့သယ်
သရကွန်တပတ် စကားလုံးကျွန်
တဝက်နဲ့
နာမ်မှုမှာ ဝါကျ ကိုဖယ်သူကဖယ်
ငါတို့က ကဗျာဆရာလား
ဒီမြစ်မို့
ဖွဖွရယ်ဖွယ်နဲ့ အသားတကျပျော်ရတယ်။
ဇာဇာသီရိဟန်
၂၀၂၆