07/09/2026
ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ဘယ်လိုနေနေ
ချစ်ဖို့ကောင်းပါတယ်။ ဟုတ်တယ်။
သူ့ဘာသာ အပြင်အဆင်မတတ်လို့
အဝတ်အစားကို ပုံစံတကျမဝတ်တတ်လို့
မျက်နှာမှာ ဝက်ခြံတွေထွက်နေလို့..
အဆီဖုတွေရှိနေလို့ ဘယ်လိုပဲဖြစ်ဖြစ်
ချစ်တဲ့သူကတော့ ချစ်နေမှာပဲ။
ဒူးတွေ တံတောင်ဆစ်နေရာတွေမည်းနေလို့..
အကြောပြတ်ရာတွေရှိနေလို့ ..ဝလို့
ခန္ဓာကိုယ်အချိုးအစားက ပုံမကျလို့
ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျနေလို့
ဘယ်လိုတွေပဲဖြစ်နေပါစေကွာ..
ချစ်တဲ့သူကတော့ မင်းကိုချစ်နေမှာပဲ။
တကယ်တော့ မင်းရဲ့ဖြစ်တည်မှုတွေ
အားနည်းချက်တွေ မပြည့်စုံမှုတွေက
အရေးမကြီးပါဘူး။ မင်းကိုချစ်တဲ့သူက
မင်းကို ဘယ်လိုမျက်စိနဲ့ကြည့်ပေးလဲဆိုတာကပဲ
တကယ့်တကယ် အရေးကြီးတယ်။
အဲ့တော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို
အားမလိုအားမရဖြစ်မနေဘဲ ယုံကြည်မှုရှိရှိနဲ့
အရှိကိုအရှိတိုင်းလေးပဲနေကြည့်။
တခြားသူရဲ့မျက်စိထဲမှာ
ကိုယ်တကယ်ချစ်ဖို့ကောင်းနေဖို့ဆိုတာကလည်း
ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင်က
အရှိတိုင်း အရင်လက်ခံဖို့လိုတယ် ..
အဲ့လိုမျိုးကမှ တကယ်ချစ်ဖို့ကောင်းတာ ..။
🤍🌷