Shwe Taung 3D Printing

Shwe Taung 3D Printing 3D Printing

ကျွန်ုပ်တို့၏ လုပ်ငန်းတွင် အရုပ်များထုတ်လုပ်ရာ၌ မိုလ်လောင်းခြင်းနှင့် မိုလ်ထုတ်ခြင်း လုပ်ငန်းစဉ်များကို ကျွမ်းကျင်ပိုင်န...
22/09/2026

ကျွန်ုပ်တို့၏ လုပ်ငန်းတွင် အရုပ်များထုတ်လုပ်ရာ၌ မိုလ်လောင်းခြင်းနှင့် မိုလ်ထုတ်ခြင်း လုပ်ငန်းစဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်မည့် ဝန်ထမ်းတစ်ဦး အမြန်အလိုရှိပါသည်။

အရုပ်ဒီဇိုင်းများအတွက် မှို (Mold) များ စနစ်တကျ ပြုလုပ်ခြင်းနှင့် မိုလ်လောင်းခြင်း (Casting) ကို အစအဆုံး တာဝန်ယူလုပ်ဆောင်ရန်။

ထွက်ရှိလာသော အရုပ်များ အရည်အသွေးပြည့်မီစေရန် အသေးစိတ် စစ်ဆေးခြင်းနှင့် လိုအပ်ပါက ပြုပြင်မွမ်းမံခြင်းများ လုပ်ဆောင်ရန်။

မိုလ်လောင်းရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့် ကုန်ကြမ်းများကို စနစ်တကျ သုံးစွဲထိန်းသိမ်းရန်။

လိုအပ်သော အရည်အချင်းများ

အရုပ် မိုလ်လောင်း / မိုလ်ထုတ် လုပ်ငန်းတွင် အနည်းဆုံး (၁) နှစ်နှင့်အထက် လက်တွေ့လုပ်ငန်း အတွေ့အကြုံရှိရမည်။ ရန်ကုန်မြို့တွင်း နေထိုင်သူဖြစ်ရမည်။
အလုပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

အတွေ့အကြုံနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုအပေါ် မူတည်၍ လစာ ညှိနှိုင်းပေးပါမည်။

စိတ်ဝင်စားပါက အောက်ဖော်ပြပါ Viber Phone no သို့ CV Form ပို့ပြီးလျှောက်ထားနိုင်ပါသည်။

09-772402527

ကြည်ညိုဖွယ်အတိ ပြီးပြည့်စုံတဲ့ "အောင်လံဆရာတော်ဘုရားကြီး ပုံတူ 3D Figure" 🙏🙏🙏တပည့်ဒါယကာ၊ ဒါယိကာမအပေါင်း ကြည်ညိုသဒ္ဓါပွားမ...
13/09/2026

ကြည်ညိုဖွယ်အတိ ပြီးပြည့်စုံတဲ့ "အောင်လံဆရာတော်ဘုရားကြီး ပုံတူ 3D Figure" 🙏🙏🙏

တပည့်ဒါယကာ၊ ဒါယိကာမအပေါင်း ကြည်ညိုသဒ္ဓါပွားများစေရန်အတွက် အောင်လံဆရာတော်ဘုရားကြီး၏ သပ္ပါယ်ကြည်ညိုဖွယ် ပုံတော်အတိုင်း အနုစိတ်ဖန်တီးထားသည့် 3D Figure ပုံတူရုပ်တုတော်လေး ဖြစ်ပါတယ်။

မျက်နှာတော်အမူအရာ၊ သင်္ကန်းရုံထားပုံအတွန့်များ၊ ယပ်တောင်နှင့် ထိုင်ခုံလက်တင် ဇာခင်းများအထိ လက်ရာမြောက်စွာ Detail ကျကျ စနစ်တကျ ထုဆစ်ပြီး ကျွမ်းကျင်သော Artist များမှ (Hand-painted) ဖြင့် အထူးဂရုစိုက် အနုစိတ်ရေး‌ဆွဲဖန်တီးထားပါသည်။

📏အရွယ်အစား: အမြင့် ၁၆ စင်တီမီတာ (16 cm)
🏠အိမ်၊ ရုံးခန်း ဘုရားစင်နှင့် ဧည့်ခန်းတို့တွင် သပ်ရပ်စွာ ပူဇော်ထားရှိရန် အထူးသင့်တော်ပါသည်။
Customized 3D Figures များလည်း မှာယူနိုင်ပါပြီ ✨

❤️မိမိတို့ အထူးကြည်ညိုလေးစားရသော ဆရာတော်ကြီးများ၊ ကျေးဇူးရှင် မိဘဘိုးဘွားများ၊ မိသားစုဝင်များ သို့မဟုတ် ချစ်ခင်ရသူများအတွက် အမှတ်တရလက်ဆောင်အဖြစ် ပုံတူ Figure များကို စိတ်ကြိုက် အနုစိတ် ပြုလုပ်ပေးနေပါသည်။

📷မိမိလိုချင်သော ဓာတ်ပုံပေးရုံဖြင့် 3D Modeling မှစတင်ကာ ပုံတူ အချိုးအစားကျနအောင် ဖန်တီးပေးခြင်း
❤️Resin Print ဖြင့် အသေးစိတ် Detail များ ထင်ရှားပေါ်လွင်ခြင်း
🎨အနုစိတ်ပန်းချီဆေးခြယ်ပြီး သဘာဝကျကျ ပုံဖော်ပေးခြင်း

အမြတ်တနိုး သိမ်းဆည်းပူဇော်လိုသူများ၊ အမှတ်တရလက်ဆောင် ပေးလိုသူများအနေဖြင့် အသေးစိတ်နှင့် ဈေးနှုန်းစုံစမ်းရန် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ်
📞09-772402527(Viber)
သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

#အောင်လံဆရာတော်

📌 မင်္ဂလာပါခင်ဗျာ... ချစ်ရတဲ့သူတွေရဲ့ အမှတ်တရတွေကို အသက်ဝင်လှပတဲ့ 3D အရုပ်လေးတွေအဖြစ် ဖန်တီးပေးမယ့် Shwe Taung 3D Printi...
08/09/2026

📌 မင်္ဂလာပါခင်ဗျာ... ချစ်ရတဲ့သူတွေရဲ့ အမှတ်တရတွေကို အသက်ဝင်လှပတဲ့ 3D အရုပ်လေးတွေအဖြစ် ဖန်တီးပေးမယ့် Shwe Taung 3D Printing မှ ကြိုဆိုပါတယ်! ✨
ဖုန်းထဲ၊ ဓာတ်ပုံထဲမှာပဲ ကြည့်ပြီး သတိရနေမယ့်အစား အပြင်မှာ တကယ်ကိုင်တွယ်လို့ရမယ့် အမှတ်တရ 3D ပုံတူအရုပ်လေးတွေ ဖန်တီးလို့ ရနေပါပြီ။ 🤩
မိမိတို့ စိတ်ကြိုက် ဓာတ်ပုံ‌လေး‌တွေ ပို့ပေးပို့ရုံနဲ့ Professional Artist များက အ‌သေးစိတ် စနစ်တကျ ပြန်လည်ရေးဆွဲပြီး အနုစိတ် ပုံဖော်ပေးသွားမှာဖြစ်လို့ တန်ဖိုးထားရတဲ့သူတွေအတွက် အထူးခြားဆုံးနဲ့ Creative အဖြစ်ဆုံး Customized လက်ဆောင်တစ်ခု ဖြစ်စေမှာ အသေအချာပါပဲ။
ဘေဘီလေးတွေ၊ ချစ်သူစုံတွဲတွေ၊ မိဘဘိုးဘွားတွေ၊ သူငယ်ချင်းတွေအပြင် တိချစ်သူများအတွက်လည်း ချစ်စရာ အိမ်မွေး pet 🐶 လေးတွေရဲ့ ပုံတူကိုပါ စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။❤️

Shwe Taung 3D Printing ရဲ့ အားသာချက်များ -

🎨 Professional 3D Artist များ ကိုယ်တိုင် အနုစိတ် ရေးဆွဲ ပုံဖော်ပေးခြင်း
🫰 မူရင်းပုံစံ၊ အမူအရာနဲ့ အနီးစပ်ဆုံး ထပ်တူကျအောင် သေသပ်စွာ ဖန်တီးပေးခြင်း
🎉 မွေးနေ့၊ နှစ်ပတ်လည်နဲ့ အမှတ်တရ နေ့ထူးနေ့မြတ်များအတွက် လက်ဆောင်ပေးရန် အထူးသင့်တော်ခြင်း
🎁အမှတ်တရ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် သိမ်းဆည်းထားဖို့ပဲဖြစ်ဖြစ် အသေသပ်ဆုံး လက်ရာနဲ့ ဖန်တီးပေးနေပါပြီ။
အသေးစိတ် စုံစမ်းလိုတာများရှိရင် Page Messenger ကနေတစ်ဆင့် ဖြစ်စေ၊
ဖုန်းနံပါတ်
📞 09-772402527
သို့ တိုက်ရိုက်ဖြစ်စေ Viber မှဖြစ်စေ ဆက်သွယ် မေးမြန်းမှာယူနိုင်ပါတယ်ခင်ဗျာ။
゚viralシfypシ゚viralシ ゚viralシfypシ゚viralシalシ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Taung 3D Printing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category