Thal H Chai

Thal H Chai Where Words Meet Memories.

မပျောက်သေးတဲ့ အနာကိုပျောက်သွားပြီလို့ မဆိုချင်ဘူး…ငါက နာကျင်မှုနဲ့နေသားကျသွားတာပါ။ 🥀✍🏻_Thal H Chai
23/09/2026

မပျောက်သေးတဲ့ အနာကို
ပျောက်သွားပြီလို့ မဆိုချင်ဘူး…
ငါက နာကျင်မှုနဲ့
နေသားကျသွားတာပါ။ 🥀

✍🏻_Thal H Chai

လွမ်းတယ်…အကြောင်းပြချက်မရှိဘဲရုတ်တရက် သတိရလာတဲ့အခါမင်းကို လွမ်းတယ်။မတွေ့ရတာ ကြာလို့မဟုတ်ဘူး…မင်းမရှိတဲ့ အချိန်တိုင်းမှာတ...
12/09/2026

လွမ်းတယ်…

အကြောင်းပြချက်မရှိဘဲ
ရုတ်တရက် သတိရလာတဲ့အခါ
မင်းကို လွမ်းတယ်။

မတွေ့ရတာ ကြာလို့မဟုတ်ဘူး…
မင်းမရှိတဲ့ အချိန်တိုင်းမှာ
တစ်ခုခု လိုနေသလိုခံစားရလို့။

တိတ်တိတ်လေးပဲ…
ဘယ်သူ့ကိုမှ မပြောဘဲ
မင်းကို လွမ်းနေမိတယ်။ 🥀

✍️ — Thal H Chai

၂ ရက်ပဲ ရှိသေးပေမယ့်…မင်းမရှိတဲ့ အချိန်တွေက၂ ဘဝလောက် ကြာနေသလိုပဲ။မတွေ့ရတဲ့ နေ့ရက်တိုင်းမှာနာရီတွေက ရပ်နေပြီးအမှတ်တရတွေကတ...
12/09/2026

၂ ရက်ပဲ ရှိသေးပေမယ့်…

မင်းမရှိတဲ့ အချိန်တွေက
၂ ဘဝလောက် ကြာနေသလိုပဲ။

မတွေ့ရတဲ့ နေ့ရက်တိုင်းမှာ
နာရီတွေက ရပ်နေပြီး
အမှတ်တရတွေကတော့
တစ်ခုပြီးတစ်ခု
ငါ့ရင်ထဲ ပြန်ရှင်သန်နေတယ်။

၂ ရက်ဆိုတာ တိုလွန်းပေမယ့်
မင်းမရှိရင်တော့
ငါ့အတွက် ဘဝတစ်ခုစာလောက်
ရှည်နေတယ်… 🥀

✍🏻_Thal H Chai

ရအောင်လုပ်ရမယ်🤜🤛ငါ မလုပ်နိုင်ဘူးဆိုတာငါကိုယ်တိုင် သိတယ်…မင်းကို လွှတ်ဖို့ဆိုတာငါ့နှလုံးသားကိုငါကိုယ်တိုင် ခွဲထုတ်ရသလိုပဲ...
16/08/2026

ရအောင်လုပ်ရမယ်🤜🤛

ငါ မလုပ်နိုင်ဘူးဆိုတာ
ငါကိုယ်တိုင် သိတယ်…

မင်းကို လွှတ်ဖို့ဆိုတာ
ငါ့နှလုံးသားကို
ငါကိုယ်တိုင် ခွဲထုတ်ရသလိုပဲ။

ဒါပေမယ့်…

ငါ မလုပ်နိုင်ပေမယ့်
ငါ ရအောင်လုပ်ရမယ်…
အချစ်ရယ်။

မင်းကို မေ့ဖို့မဟုတ်ဘူး၊
မင်းနဲ့ ငါတို့ရဲ့
မဖြစ်နိုင်တဲ့ ရေစက်ကို
ဒီနေရာမှာပဲ
အဆုံးသတ်ဖို့ပါ။

✍️ — Thal H Chai

ရေစက်အဆုံးမင်းနဲ့ ရေစက်အဆုံးသတ်ဖို့ငါ့နှလုံးသားကို မင်းဆီကနေတဖြည်းဖြည်း ပြန်ဆွဲထုတ်နေတယ်။မင်းကို မချစ်တော့လို့ မဟုတ်ဘူး…...
16/08/2026

ရေစက်အဆုံး

မင်းနဲ့ ရေစက်အဆုံးသတ်ဖို့
ငါ့နှလုံးသားကို မင်းဆီကနေ
တဖြည်းဖြည်း ပြန်ဆွဲထုတ်နေတယ်။

မင်းကို မချစ်တော့လို့ မဟုတ်ဘူး…

မင်းနဲ့ ဆက်ချစ်နေမိရင်
ငါတို့နှစ်ယောက်လုံး
ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်လို့ပါ။

✍️ — Thal H Chai

အချိန်မှားတဲ့ ရေစက်ဆုံသင့်တဲ့ ရေစက်တွေကမဆုံသင့်တဲ့ အချိန်မှာလာဆုံခဲ့ကြတဲ့အခါ…ငါတို့ကအချစ်တစ်ခု ရခဲ့တာထက်ဝဋ်ကြွေးတစ်ခုခံယ...
16/08/2026

အချိန်မှားတဲ့ ရေစက်

ဆုံသင့်တဲ့ ရေစက်တွေက
မဆုံသင့်တဲ့ အချိန်မှာ
လာဆုံခဲ့ကြတဲ့အခါ…

ငါတို့က
အချစ်တစ်ခု ရခဲ့တာထက်
ဝဋ်ကြွေးတစ်ခု
ခံယူခဲ့ရသလိုပဲ။

မင်းလည်း မလွှတ်နိုင်၊
ငါလည်း မမေ့နိုင်နဲ့…

ဆုံခဲ့ရတာက ကံတရားဖြစ်ခဲ့ရင်
ခွဲရတာကတော့
အဲဒီကံရဲ့ ပစ်ဒဏ်ပေါ့။

✍️ — Thal H Chai

ဘာမှ မမြဲဘူးဆိုတာကို နားလည်ထားနိုင်ရင်…ဆုံးရှုံးချိန်ရောက်တဲ့အခါ မပြိုလဲတော့ဘူးတဲ့။မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကို မိန...
19/07/2026

ဘာမှ မမြဲဘူးဆိုတာကို နားလည်ထားနိုင်ရင်…
ဆုံးရှုံးချိန်ရောက်တဲ့အခါ မပြိုလဲတော့ဘူးတဲ့။

မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကို မိန့်ကြားခဲ့ဖူးသလိုပေါ့…

ချစ်ခင်စုံမက် နှစ်သက်ဖွယ်မှန်သမျှနဲ့ နောက်ဆုံးမှာ ကွေကွင်းရမှာပဲလို့ ငါပြောပေါင်းများလှပီ အာနန္ဒာ...

မြဲတယ်ဆိုတာ ဒီလောက မှာ ဘာတခုမှမရှိဘူး။

✍🏻_Thal H Chai

အချိန်မှားခဲ့တဲ့ အချစ်တကယ်တော့…ငါတို့မှားခဲ့တာအချင်းချင်းကို ချစ်မိတာ မဟုတ်ဘူး။မှားခဲ့တာက…အချိန်တစ်ခု။တွေ့သင့်တဲ့အချိန် ...
16/07/2026

အချိန်မှားခဲ့တဲ့ အချစ်

တကယ်တော့…
ငါတို့မှားခဲ့တာ
အချင်းချင်းကို ချစ်မိတာ မဟုတ်ဘူး။

မှားခဲ့တာက…
အချိန်တစ်ခု။

တွေ့သင့်တဲ့အချိန် မဟုတ်ဘဲ
တွေ့ခဲ့ကြတာ။

ဒါကြောင့်…
ချစ်ရက်နဲ့ ဝေးရတယ်။
လက်လှမ်းမီရက်နဲ့
လက်မတွဲနိုင်ခဲ့ဘူး။

တချို့အချစ်တွေက
မဆုံးရှုံးချင်လို့ မရဘူး…
အချိန်မှားပြီး
ရောက်လာခဲ့လို့ပါ။

✍🏻_Thal H Chai

ဒီမနက်ခင်းက ချိုတယ်…ကော်ဖီကြောင့် မဟုတ်ဘူး။မင်းကို တွေ့လိုက်ရလို့။✍️ — Thal H Chai
15/07/2026

ဒီမနက်ခင်းက ချိုတယ်…

ကော်ဖီကြောင့် မဟုတ်ဘူး။

မင်းကို တွေ့လိုက်ရလို့။

✍️ — Thal H Chai

မင်းက ငါ့အပိုင် မဟုတ်ဘူး။ငါကလည်း မင်းပိုင်တဲ့သူ မဟုတ်ဘူး။ဒါပေမယ့်…ငါတို့နှစ်ယောက်လုံးမပိုင်ဆိုင်နိုင်တဲ့ အချစ်ကိုလက်မလွှ...
13/07/2026

မင်းက ငါ့အပိုင် မဟုတ်ဘူး။
ငါကလည်း မင်းပိုင်တဲ့သူ မဟုတ်ဘူး။

ဒါပေမယ့်…
ငါတို့နှစ်ယောက်လုံး
မပိုင်ဆိုင်နိုင်တဲ့ အချစ်ကို
လက်မလွှတ်နိုင်သေးဘူး။

လှပသော “ဝဋ်”

✍🏻_Thal H Chai

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thal H Chai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category