03/06/2024
ငွေက လူတွေကို
ပြောင်းလဲ စေတယ်တဲ့။
တကယ်က ငွေက လူတွေကို
ပြောင်းလဲစေတာ မဟုတ်ဘူး။
" ငွေက လူတွေကို ပိုပြီး
ပေါ်လွင် လာစေတာပါ။ "
မချမ်းသာခင် ကတည်းက
လူတွေကို သနား ကြင်နာတတ်တဲ့
ဘီလ်ဂိတ် ကိုဘဲကြည့် ။
သူ ချမ်းသာလာလို့ သူ့ရဲ့ နဂိုရှိရင်း
ပေးကမ်းစွန့်ကြဲ ချင်တဲ့စိတ်က ပြောင်းလဲ
မသွားဘူး။
သူ ချမ်းသာလာလေလေ လူတွေကို
ပိုပြီး ပေးကမ်းစွန့်ကြဲလေလေဘဲ။
အဲဒီလိုဘဲ ...
အစကတည်းက အကျင့်ယုတ်တဲ့
လူတွေ ကျပြန်တော့လည်း
ငွေပိုပြီး ချမ်းသာလာလေ
ပိုပြီး ယုတ်မာလာလေလေဘဲ။
ဒီိတော့ ငွေကလူတွေကို
ပြောင်းလဲသွားစေတာ မဟုတ်ဘူး။
ငွေဆိုတာ လူတယောက်ရဲ့
စိတ်ထားကို ပိုပြီး
ပေါ်လွင်လာစေတဲ့ အရာတခုပါ။
Sint Nyi
3.6.24