Manussa

Website

Manussa Designer Clothing Brand| Made in Myanmar

22/09/2026

Thanks a lot for mentioning us here! You look amazing in our piece ❤️ Chuu Wai - Art Beyond Burma

21/09/2026

We didn’t do this alone. This journey to Paris and bringing Manussa to life wouldn't have been possible without every single person who showed up when it mattered the most.

Thank you to our incredible team, artisans, and everyone who believed in us from day one and stayed through all the challenges.

Built Together, Stronger. 🤍✨

The Face Collection: မျက်နှာလွှာတွေကြားက အနုပညာ 🎭❤️အရင်တရက်က မိတ်ဆက်ပေးခဲ့တဲ့ ဒီဇိုင်နာ Ywal Shyam ဖန်တီးထားတဲ့ “The Fac...
15/09/2026

The Face Collection: မျက်နှာလွှာတွေကြားက အနုပညာ 🎭❤️

အရင်တရက်က မိတ်ဆက်ပေးခဲ့တဲ့ ဒီဇိုင်နာ Ywal Shyam ဖန်တီးထားတဲ့ “The Face” လို့အမည်ရတဲ့ Collection ရဲ့ ဖန်တီးမှု နောက်ကွယ်မှာရှိတဲ့ main inspiration နဲ့ design development လေးကို ရှင်းပြပေးပါရစေ။ ✨

ဒီ ဒီဇိုင်းက ပန်းချီဆရာ Zaw Win Pe ရဲ့ “Hidden Layers” လို့ခေါ်တဲ့ ပန်းချီကားတစ်ချပ် ကနေ စတင်ခဲ့တာပါ။ ဒီဇိုင်နာဟာ ပန်းချီကားကို ကြည့်ရင်း ခံစားခဲ့ရတဲ့ “Emotions” တွေကို ဒီ အင်္ကျီပေါ်မှာ တစ်ခုချင်းစီ ပြန်လည် ပုံဖော်ထားတာပါ။ ကျွန်မတို့ Brand ရဲ့ Identity အတိုင်း “အနုပညာကို ခံစားရင်း ထပ်မံ ပေါက်ဖွား ရှင်သန်လာတဲ့ အနုပညာ အဝတ်အထည်” ဆိုလည်း မမှားပါဘူးရှင်။ 🤍

ဒီဇိုင်းပိုင်းမှာတော့ ဝတ်စုံတစ်ခုလုံးကို အသေးစိတ် Handmade လက်ရာတွေနဲ့ ပေါ်လွင်အောင် နှစ်ထပ်ဝတ်ရသော Dress ပုံစံမျိုး အနုစိတ်ဖန်တီးထားပါတယ်။ အရင်ဆုံး အတွင်းပိုင်းရှိ dress ရဲ့ လည်ပင်းနား ပိတ်စအမည်းခံပေါ်မှာ အဖြူနဲ့ မီးခိုးရောင် ချည်မျှင်တွေကို သုံးပြီး မျက်နှာပုံစံ Face Line Art ကို Stitching စနစ်နဲ့ ပုံဖော်ထားပါတယ်။ Neckline နဲ့ ရင်ဘတ်ပိုင်းကိုတော့ အဓိက Focal Point အဖြစ် သတ်မှတ်ပြီး “မျက်နှာ ခံစားချက်” ပုံစံအမျိုးမျိုးကို ပေါ်လွင်အောင် ဖန်တီးထားတာပါ။

ဒါ့အပြင် Dress အပေါ်မှာမှ ဝင့်ကြွားစွာ ထပ်ဝတ်ရသော Coat လက်ရှည်မှာတော့ လက်မောင်းတစ်လျှောက်လုံးမှာ ထုထည်နဲ့ texture ကို ခံစားမိစေတဲ့ Applique နဲ့ Embroidery Sleeves ကို ဖန်တီးထားပြီး ဒီလက်မောင်းဒီဇိုင်းအတွက် Fabric Applique၊ Couching နဲ့ Thread Embroidery နည်းစနစ်တွေကို ပေါင်းစပ်အသုံးပြုထားပါတယ်။

အခု “The Face” concept ကနေ တဆင့် ထပ်မံ မွေးဖွားလာမယ့် designs တွေကိုလည်း ကျွန်မတို့ ပုံဖော်နေတာကြောင့် ဆက်လက် စောင့်ကြည့်ပေးပါဦးရှင်။ ✨

13/09/2026

Versailles နန်းတော်မှာ ရိုက်ကူးဖြစ်ခဲ့တဲ့ “အနုပညာနဲ့ ဖက်ရှင်” ရောစပ်ထားသော လက်ရာ…

ဒီတခေါက် မိတ်ဆက်ပေးချင်တာကတော့ Designer Ywal Shyam ရဲ့ Illustration ကို မြင်လိုက်ရကတည်းက Final Product ဘယ်လိုထွက်လာမလဲဆိုပြီး ရင်ခုန်စွာ စောင့်မျှော်ခဲ့ရတဲ့ အင်္ကျီလက်ရာလေးပါ။ ❤️

ဒီ ဒီဇိုင်းဟာ ပန်းချီကားတစ်ချပ် (အနုပညာ) မှ တဆင့် Designer ခံစားရရှိခဲ့တဲ့ Emotions တွေကို အရင်းခံကာ ဖန်တီးထားတဲ့ “Another Art Piece” တစ်ခုဆိုလည်း မမှားပါဘူး။ အနုစိတ် လက်ရာမြောက်လှတဲ့ Details တွေကို Handmade စနစ်နဲ့ လက်ရာမြောက်အောင် ဖန်တီးထားတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီအင်္ကျီလေးရဲ့ အလှကို ပိုမိုပေါ်လွင်စေအောင် Château de Versailles မှာ အမှတ်တရ ဓါတ်ပုံ သွားရောက် ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ရိုက်ကူးနေတုန်းမှာတောင် Russian Designer တစ်ယောက်က ဒီအင်္ကျီလေးကို သဘောကျလို့ ဆိုပြီး သူကိုယ်တိုင် ဝတ်ကြည့်ကာ ဓါတ်ပုံရိုက်ပေးခဲ့ပါသေးတယ်။ သူ ဝတ်လိုက်တဲ့အခါ အင်္ကျီလေးက ပိုလို့တောင် တောက်ပသွားသလိုပါပဲ✨

ဒီအင်္ကျီလေးကို ဖန်တီးခဲ့တဲ့ Designer Ywal Shyam ရဲ့ နောက်ကွယ်က Concept နဲ့ ဖန်တီးမှုပုံစံလေးကို ဆက်လက် မျှဝေပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးနော် 🤍

Manussa (မနုဿ) ရဲ့ Identity ကို Texworld Paris မှာ ခြေဆံ့နိုင်ခဲ့တဲ့ မှတ်တိုင်ပုံရိပ်တချို့💙Start-up လုပ်ငန်းတစ်ခု စတင်တ...
12/09/2026

Manussa (မနုဿ) ရဲ့ Identity ကို Texworld Paris မှာ ခြေဆံ့နိုင်ခဲ့တဲ့ မှတ်တိုင်ပုံရိပ်တချို့💙

Start-up လုပ်ငန်းတစ်ခု စတင်တည်ထောင်ချိန်မှာ ကိုယ်ပိုင် Brand Identity ကို ရှာဖွေရတာ ခရီးကြမ်းတစ်ခုပါပဲ။ Brand တစ်ခုဖြစ်မြောက်အောင် ပုံဖော်နေတုန်းအချိန်မှာ "ဒီ Concept က တကယ်ရော မှန်ရဲ့လား" ဆိုတဲ့ ဝေခွဲမရတဲ့ အခိုက်အတန့်တွေကို ဖန်တီးသူတိုင်း ရင်ဆိုင်ဖူးကြပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ဒီဇိုင်းနာတွေ၊ နယ်ပယ်စုံက ပညာရှင်တွေနဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့ Texworld Paris ပြပွဲကနေ ကျွန်မတို့ရဲ့ ရိုးရာအမွေအနှစ်ရဲ့ အမြစ်တွယ်နေတဲ့ ပုံရိပ်အပိုင်းအစတွေကို ရှာတွေ့ခဲ့ပါတယ်။

ကျွန်မတို့ booth ကို လာရောက်ကြည့်ရှုသူတွေက အထည်တစ်ထည်ချင်းစီမှာ ပါဝင်တဲ့ Origin နဲ့ Story တည်ရှိမှုကို မြင်ပြီး ချီးကျူးခဲ့ကြပါတယ်။ "ရိုးရာ" ဆိုတာ ခေတ်မီအောင် ပြောင်းလဲရမယ့် အကန့်အသတ်မျိုးပဲမဟုတ်ဘဲ၊ ကမ္ဘာက စိတ်ဝင်တစားနဲ့ ငေးကြည့်လာရတဲ့ အဓိကအချက်ဆိုတာ ကျွန်မတို့ နားလည်ခဲ့ရပါတယ်။

"Handmade" (လက်မှု) နဲ့ "Local" (ဒေသထွက်) ဆိုတဲ့ စကားလုံးတွေဟာ ပြည်ပမှာ လုံးဝသေးငယ်တဲ့ အရာတွေမဟုတ်ဘဲ ရှားပါးပြီး တန်ဖိုးထားရတဲ့ အရာတွေပါ။

ဒီပွဲအတွေ့အကြုံက ကျွန်မတို့ရဲ့ Brand ခရီးလမ်းမှာ ဘယ်သူဆိုတာကိုချပြနိုင်ခဲ့ပြီး ပိုရဲရဲဝံ့ဝံ့ ယုံကြည်မှုရှိရှိနဲ့ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။ ပွဲ ၃ ရက်မြောက်နေ့မှာတော့ Central Asia က ဒီဇိုင်းနာတစ်ယောက်က ကျွန်မတို့ရဲ့ New Traditional Collection ထဲက ဂျာကင်တစ်ထည်ကို သဘောကျလို့ ဝယ်ယူစုဆောင်းခဲ့ပါတယ်။ သူက "ကျွန်မတို့ဒီဇိုင်းတွေဟာ သူမြင်ဖူးနေကျဒီဇိုင်းတွေကနေ ကွဲထွက်နေပြီး ကိုယ့်နိုင်ငံရဲ့ ရိုးရာနဲ့ သမိုင်းကြောင်းတွေ စိမ့်ဝင်နေတဲ့အတွက်" ဝယ်ယူချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။

ကျွန်မတို့ကလည်း အမှတ်တရအနေနဲ့ ပြန်ပြီး မော်ဒယ်လ်လုပ်ပေးဖို့ တောင်းဆိုခဲ့တာမို့ ပုံလေးတွေကိုလည်း အမှတ်တရအနေနဲ့ မျှဝေပေးလိုက်ပါတယ်။ မထင်မှတ်ထားဘဲ အဲဒီပုဂ္ဂိုလ်က တကယ့် Creative Director တစ်ယောက် ဖြစ်နေခဲ့တာဆိုတော့ ကျွန်မတို့အတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ။ သူနဲ့ပတ်သက်တဲ့ Portfolio ကို စိတ်ဝင်စားရင် ဒီမှာ ကြည့်လို့ရပါတယ်နော်။

(English Below)

Sometimes, we’re just one step away from finding who we really are. As a young start-up, we had plenty of moments while building our concept where we second-guessed ourselves, wondering if we were even on the right track.
Through “conversations” with international designers and other professionals in the field, we found a part of our identity, which is the root of our heritage. Others came to our booth and appraised how we carry the origin, the story and history behind each cloth. We learned that our heritage isn't a limitation to modernise away; it's the very thing the world leaned in for. That "slow," "handmade," and "local" are not small words abroad — they're rare, and valued. We came home more certain of who we are.

On day 3 of exhibition, a designer from Central Asia collected a jacket from our New Traditional collections and said, "your designs have uniqueness, heritage and history." He asked to buy that very piece so, we asked him offered to model it for us in return.

Surprisingly, he turned out to be the Creative Director. To have Myanmar handweaving chosen and worn by a designer like him is a true honour. His portfolio is here if you’re interested to look up!

📌 https://portfoliovisualkan.alan-babayarov.workers.dev/?utm_source=ig&utm_medium=social&utm_content=link_in_bio

“Back From Paris, Back For You”MANUSSA မှ ကျွန်မတို့ အဖွဲ့သားများ Paris ကနေ ပြန်ရောက်လာပါပြီ။  Texworld Paris က ရရှိလာတဲ...
10/09/2026

“Back From Paris, Back For You”

MANUSSA မှ ကျွန်မတို့ အဖွဲ့သားများ Paris ကနေ ပြန်ရောက်လာပါပြီ။ Texworld Paris က ရရှိလာတဲ့ အတွေ့အကြုံတွေ၊ ခရီးစဉ်တစ်လျှောက် အမှတ်တရတွေကိုတော့ မကြာခင် ပြန်လည်မျှဝေပေးသွားပါမယ်။ ✨

Brand လေး စတင်ဖြစ်မြောက်ကတည်းက MANUSSA အပေါ် ချစ်ခြင်းများစွာဖြင့် စိတ်ဝင်တစား စောင့်မျှော်ပေးကြတဲ့သူ အားလုံးကိုလည်း ရင်ထဲကနေ ကျေးဇူးတင်ရှိပါတယ် ။ စောင့်ရကျိုးနပ်စေမယ့် Product လေးတွေဖြစ်အောင် အဖွဲ့သားတွေက အကောင်းဆုံးကြိုးစားနေကြပါတယ်။

MANUSSA (မနုဿ) လေးတွေလည်း ဒီရက်ပိုင်း မိုးတွေ ဆက်တိုက်ရွာနေလို့ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါနော်။ မကြာခင် ပြန်လည်မျှဝေပေးသွားမှာမို့ လုံခြုံနွေးထွေးစွာနဲ့ စောင့်မျှော်ပေးကြပါဦး။ 🌧️❤️

03/09/2026

Manussa ရဲ့ ထပ်မံ ထွက်ရှိလာမည့် collections အသစ်များကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်… ✨

“New Traditional” ဆိုတဲ့ အတိုင်း ဒီ collections တွေမှာတော့ မြန်မာ့ textiles တွေကို အဓိကထား အသုံးပြုထားပြီး ခေတ်နှင့်အညီ နေ့စဉ် လှုပ်ရှားမှုတွေမှာလည်း သက်တောင့်သက်သာ ဖြစ်အောင် ဝတ်ဆင်နိုင်ရန် ရည်ရွယ် ဖန်တီးထားပါတယ်ရှင်။ ❤️

(English below)

We are introducing our new collections under the concept of “New Traditional”. We intended to blend comfort, contemporary design and local textiles to craft the effortless daily wear. ✨

The Hope Collection မှ ထွက်ရှိလာတော့မယ့် item တွေကို အသေးစိတ် ကြည့်ရှုနိုင်ပါပြီရှင် ❤️ဒီ collection လေးကို စတင် မိတ်ဆက်...
02/09/2026

The Hope Collection မှ ထွက်ရှိလာတော့မယ့် item တွေကို အသေးစိတ် ကြည့်ရှုနိုင်ပါပြီရှင် ❤️

ဒီ collection လေးကို စတင် မိတ်ဆက်တဲ့ အချိန်ကစပြီး ချစ်ခင်ပံပိုးပေးကြလို့ ကျေးဇူးတင်ပါတယ်။ Pre-order စတင်လက်ခံတော့မယ့် အကြောင်းလေးကိုလည်း မကြာမီ တင်ပြပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ပေးကြပါဦးရှင်။

(English below)

Thank you for all the love and excitement you’ve shown for The Hope collection from day one 💕 Our Pre-order announcement is coming very soon. Stay tuned!

Huge thanks to each of you who took part in this special project ✨

Photographer : Khunah
MUA & Hair : Jue, Thar Nge
Stylist: Nyii N Aung
Models: Yoon Wati Hlaing, Hk Sut Doi Aung, Yunn Yunn

Manussa ရဲ့ “The Hope Collection” ထဲမှာမှ မတူညီတဲ့ Techniques သုံးထားတဲ့ ဒီဇိုင်နာ မအိကိုဇင်လတ်ရဲ့ အနုပညာမြောက်ပြီး မြန်...
01/09/2026

Manussa ရဲ့ “The Hope Collection” ထဲမှာမှ မတူညီတဲ့ Techniques သုံးထားတဲ့ ဒီဇိုင်နာ မအိကိုဇင်လတ်ရဲ့ အနုပညာမြောက်ပြီး မြန်မာဆန်သော ဝတ်စုံတစ်စုံကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်…

ဒီဝတ်စုံရဲ့ နောက်ကွယ်က ဒီဇိုင်နာရဲ့ ခံစားဖန်တီးထားမှု့ကတော့.. လှောင်ပိတ်မွန်းကျပ်မှုနဲ့ကန့်သတ်ချက်တွေ ကြားမှာ ကိုယ်တိုင်ဖြစ်ချင်သော ဆန္ဒများနှင့် မူလ Identity များကို ဖုံးလွမ်းခံခဲ့ရတယ် အဲ့လို လူတွေရဲ့အတွင်းစိတ်ခံစားချက်ကို အနုပညာနှင့် Fashion ပေါင်းစပ်ကာ ဖော်ထုတ်ပြသထားခြင်း ဖြစ်ပါတယ်…

အထည်၏ Structural Silhouette အဖြစ် Fitted Upper Bodice နှင့် Flared Mermaid Skirt ကို ပေါင်းစပ်ပုံဖော်ထားပါတယ်။ အထက်ပိုင်း ရင်ဘတ်နေရာတွင် သဘာဝ ချည်အခံပေါ်၌ 'မြန်မာ့ရိုးရာ ခါးတောင်ရင်စိ' ၏ Structure ကို ထည့်ထားပီး အဲ့အပေါ်မှာ Digital Fabric Printing ကို ပထမအဆင့်အနေနဲ့ သုံးထားပါတယ်။ ထို Printing ပေါ်ကိုမှ ဒုတိယအဆင့်အနေနဲ့ Expressive Hand-Painted စုတ်ချက်များ ကို ထည့်သွင်းပေါင်းစပ်ထားခြင်းပါ။ ဒီဝတ်စုံရဲ့ Design elements တွေထဲ အဓိက အပိုင်းကတော့ Textile Thread နဲ့ Hand Embroidery အနက်ရောင် Mixed-Media လိုင်းများကို ပေါ်လွင်အောင် ပြုလုပ်ထားခြင်းပါပဲ ။ အဲ့အရာက မိမိတို့ရဲ့ တကယ် ဖြစ်ချင်ခဲ့သော ဆန္ဒများကို ဘဝရဲ့အခြေအနေအရ ဖုံးလွှမ်းခံလိုက်ရသည် ဆိုတာကို သက်ဝင်စေခဲ့ပါတယ်…

01/09/2026

Manussa ရဲ့ ပထမဦးဆုံးသော collection လည်း ဖြစ်သလို ယခုလက်ရှိ Texworld Paris Expo မှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ "THE HOPE COLLECTION" တစ်ခုလုံးကို အပြည့်အစုံ ချပြလိုက်ပါပြီ ✨🖤

လက်ရာတစ်ခုချင်းစီရဲ့ အသေးစိတ်အလှတရားတွေကို အတူတူခံစားလိုက်ကြရအောင်ပါလားရှင်…

(English Below)

The wait is finally over! We are proud to fully reveal "THE HOPE COLLECTION." ✨🖤

Explore every piece and experience the true beauty of wearable art.

Address

No. 18, Padin Wun U Shwe Bin Street , Industrial Zone (1), Hlaing Thar Yar
Yangon
11401

Alerts

Be the first to know and let us send you an email when Manussa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category