09/08/2026
၁၉၆၀၊၇၀ ခုနစ်တွေမှာထုတ်ခဲ့တဲ့ ဆရာပေါ်ဦးသက် ရေးဆွဲထားတယ့် စာအုပ်မျက်နှာဖုံးတွေမှာ ထူးခြားချက်တစ်ခုရှိတယ်။အဲဒါကမျက်နှာဖုံးတွေမှာ ငွေမှင်အသုံးပြုထားတာပဲဖြစ်တယ်။အနက်ေရာင်ေနာက်ခံေပါ်မှာ ငွေရောင်လိုင်းတွေအသုံးပြုပြီးေရးဆွဲရတာ ဆရာကအားသန်တာလား။ဒါမှမဟုတ် ပံုနှိပ်ေတာ့မှ လိုင်းေတွေပါ်လွင်ေအာင်ေငွမှင်သံုးပြီး ပုံနှိပ်တာလားေတာ့ သေချာမသိသေးပါဘူး။
ဆရာပေါ်ဦးသက်ရေးဆွဲခဲ့သမျှ စာအုပ်တိုင်းတော့မဟုတ်ပေမယ့် အများစုမှာတွေ့ရတတ်ပါတယ်။ကျနော့်စုဆောင်းမှုထဲမှာမပါသေးတဲ့ တခြားစာအုပ်သုံးလေးအုပ်လောက်ကျန်သေးတယ်။လူထုေဒါ်အမာေရးခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းစာအုပ်အဖံုးကေတာ့ အလှဆုံးဖြစ်မယ်ထင်တယ်။သခင်ကိုယ်ေတာ်မှိုင်းပံုကို ရွှေရောင်လိုင်းေဖာင်းကြွနဲ့ရိုက်နှိပ်ထားတယ်။
အဲ့ဒီခေတ်ကထုတ်ခဲ့တဲ့ တခြားပန်းချီဆရာေတွရဲ့ စာအုပ်မျက်နှာဖုံးတွေကိုတော့ အဲ့လိုငွေမှင်နဲ့ရိုက်တာ အနည်းငယ်လောက်သာတွေ့ဖူးတယ်။