25/04/2023
ညတွေဆို လောင်ကျွမ်းနေရပီ
မီးပျက်လို့ မှောင်မိုက်နေပေမဲ့
သူ့ရဲ့ သွေးကြောစိမ်းလေးတွေက အရောင်ထွက်
ငါ့ရင်ခွင်ထဲက ထွက်သွားတာတောင် မမှတ်မိတော့
အခုထိ ငါနဲ့ဆိုင်တုန်းလို့ ထင်နေတာပဲ
နှိပ်စက်လိုက်စမ်းပါ ..ငါမသေနိုင်သေးပါဘူး
အကိုင်းခက်တွေ ခြောက်ကပ်နေလည်း
အမြစ်တွေနဲ့ ရစ်ပတ်နေမိပီ...
မင်းမရှိရင် ငါအဆင်ပြေမှာပါလို့ သူလိမ်တယ်
တကယ်ပျော်နေတာက သူဖြစ်နေတာပေါ့
နာကြင်မှုဆိုတာ ကြိုပြင်ထားလို့လည်း
မသက်သာပါဘူး
ဂစ်တာကြိုးလေးတောင် အသစ်မလဲရက်သေးဘူး
ငါရဲ့နှောင်ကြိုးတွေလား ငါ့လည်ပင်းမှာလေ
အသက်ရှုရပ်သွားရင်တော့ ငါအိပ်ပျော်မှာပါ
#ကိုယ်တိုင်ရေး