Ko Kyaw Zayya

Ko Kyaw Zayya Aung Za Bu ဇာတ်မန်နေဂျာ + ဇာတ်ကန်ထရိုက်တာ

မန္တလေးမြို့ (၅၁ လမ်း ~ ၁၀၆လမ်း)ထောင့်  #အောင်ပင်လယ်ဘောလုံးကွင်း ဇာတ်ရုံကြီးမှာ (4.8.26)မှ(7.8.26)ထိယခုနှစ် သဘင်ရာသီပွဲဦ...
18/07/2026

မန္တလေးမြို့ (၅၁ လမ်း ~ ၁၀၆လမ်း)ထောင့် #အောင်ပင်လယ်ဘောလုံးကွင်း ဇာတ်ရုံကြီးမှာ (4.8.26)မှ(7.8.26)ထိ
ယခုနှစ် သဘင်ရာသီပွဲဦးအဖြစ် စတင်ကပြပါတော့မည်။
#ကြိုတင်ဖျာ / ထိုင်ခုံလက်မှတ်များကို (1.8.26) ရက်နေ့မှာ အဆိုပါကွင်းအတွင်း စတင်ရောင်းချပေးပါမယ်

“ရောင်စုံဝေဖြာ ပန်းရောင်ကမ္ဘာ" ✨ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ၏ ရန်ပုံငွေဖျ...
08/07/2026

“ရောင်စုံဝေဖြာ ပန်းရောင်ကမ္ဘာ"

✨ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ၏ ရန်ပုံငွေဖျော်ဖြေပွဲကြီး ✨

အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ MWCDF မှ ကြီးမှူးကျင်းပသော ရန်ပုံငွေ ဂီတ နှင့် သဘင် ဖျော်ဖြေပွဲကြီးသို့ ကြွရောက်ဆင်နွှဲပြီး ကုသိုလ်အတူယူကြဖို့ ဖိတ်ခေါ်အပ်ပါသည်။ 🙏

ချစ်ရတဲ့ ပရိသတ်ကြီးကို အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးသွားမယ့် အနုပညာရှင်များကတော့ -
🎤 မင်းသား အောင်ဇမ္ဗူ
🎤 ဟေမာနေဝင်း
🎤 ဖြိုးပြည့်စုံ
🎤 ပိုပို
🎤 Jewel

📅 ရက်စွဲ - ၂၅.၇.၂၀၂၆ (စနေနေ့)
🕐 အချိန် - မွန်းလွဲ ၁:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ
📍 နေရာ - အမျိုးသားကဇာတ်ရုံ (ရန်ကုန်)

🎟️ လက်မှတ်စျေးနှုန်းများ -
၃၅၀,၀၀၀ကျပ်၊ ၃၀၀,၀၀၀ ကျပ်၊ ၂၅၀,၀၀၀ကျပ်၊ ၂၀၀,၀၀၀ ကျပ်၊ ၁၀၀,၀၀၀ ကျပ်၊ ၇၀,၀၀၀ ကျပ်၊ ၅၀,၀၀၀ ကျပ်

📞 လက်မှတ်ဝယ်ယူရန် - ဇူလိုင်လ ၁၄ ရက်နေ့တွင် AYA Pay Ticket မှစတင် ရောင်းချပါမည်။ ဖုန်း 09428304444, 09256047174

#ရောင်စုံဝေဖြာပန်းရောင်ကမ္ဘာ #ရန်ပုံငွေဖျော်ဖြေပွဲ

ပဲခူးမြို့  #သင်းရွှေစင် ရွှေဆိုင်ခွဲ အမှတ် (၈) ဖွင့်ပွဲ
05/07/2026

ပဲခူးမြို့ #သင်းရွှေစင် ရွှေဆိုင်ခွဲ အမှတ် (၈) ဖွင့်ပွဲ

မင်းသားလေးရဲ့ ပွဲဦးထွက်  #အငြိုးအတေး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့သော  #ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေး နှင့် ဒုတိယအကြိမ်လက်...
04/07/2026

မင်းသားလေးရဲ့ ပွဲဦးထွက် #အငြိုးအတေး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့သော #ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေး နှင့် ဒုတိယအကြိမ်လက်တွဲ၍ထပ်မံရ်ိုက်ကူးမည့်
#အောင်ဇမ္ဗူ ရဲ့လေးကားမြောက်ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနား
နေရာ = ကျောက်တော်ကြီးဘုရား (မင်းဓမ္မ)
နေ့ရက် =(6.7.2026 ) တနင်္လာနေ့
အချိန် =နံနက် ၉:၄၅

 #အများသိစေရန်ကြေညာခြင်းရန်ကုန်မြို့တွင်နေထိုင်သူ ဦးအေးမင်းဦး (ခ) အောင်ဇမ္ဗူ - သဘင်နှင့် ရုပ်ရှင် အနုပညာရှင် (၎င်း၏ အထွေ...
15/06/2026

#အများသိစေရန်ကြေညာခြင်း

ရန်ကုန်မြို့တွင်နေထိုင်သူ ဦးအေးမင်းဦး (ခ) အောင်ဇမ္ဗူ - သဘင်နှင့် ရုပ်ရှင် အနုပညာရှင် (၎င်း၏ အထွေထွေကိုယ်စားလှယ်စာရသူ ဦးကျော်ဇေယျ) ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန်ကြေညာအပ်ပါသည်။
မင်းသား “အောင်ဇမ္ဗူ” သည် သဘင်အနုပညာရှင် (မင်းသား) အဖြစ် (၂၀၁၉) ခုနှစ်တွင် စတင်ရပ်တည်ခဲ့ပြီး၊ (၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့)တွင် “အောင်ဇမ္ဗူ” ဇာတ်သဘင်အဖွဲ့ကြီးကို ကိုယ်တိုင်တစ်ဦးတည်း င်္ဦးစီး တည်ထောင်ခဲ့ပါသည်။ မင်းသား “အောင်ဇမ္ဗူ” နှင့် ဇာတ်သဘင်အဖွဲ့ကြီးသည် ကောင်းသောဂုဏ်သတင်းဖြင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် မြန်မာ့သုခုမအနုပညာများကို စနစ်တကျ ဖျော်ဖြေတင်ဆက်လျက်ရှိပါသည်။ ထိုသို့ မြန်မာ့သုခုမအနုပညာများကို ဖျော်ဖြေတင်ဆက်ရာတွင် ပရိသတ်များ၏ နှစ်သက်အားပေးမှုကို အထူး သိသာထင်ရှားစွာ ရရှိခဲ့ပါသည်။ ထို့ပြင် မင်းသား “အောင်ဇမ္ဗူ” သည် တေးသီချင်းဗီဒီယို (Music Video)၊ ဗီဒီယို ဇာတ်လမ်းနှင့် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်သည့်အပြင်၊ စီးပွားရေး ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးသရုပ်ဆောင်သူ အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။
ယခုအခါ မင်းသား “အောင်ဇမ္ဗူ” ၏ ခွင့်ပြုချက်မရှိဘဲ မင်းသား “အောင်ဇမ္ဗူ” နှင့် ဇာတ်သဘင်အဖွဲ့ကြီး၏ ဓာတ်ပုံ၊ ရုပ်သံ၊ ဖျော်ဖြေ တင်ဆက်မှုများ စသည့် သတင်းအချက်အလက်များကို မရိုးမဖြောင့်သောသဘောဖြင့် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း၊ ဖန်တီးခြင်း၊ ရေးသားပြောဆိုခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်း၊ အားပေးကူညီခြင်း စသည်တို့ကို ကျူးလွန်ဆောင်ရွက်နေကြောင်း သက်သေ အထောက်အထား အတိအကျဖြင့် မြင်တွေ့သိရှိရပါသည်။ ထိုသို့ ကျူးလွန်ဆောင်ရွက်နေသူများတွင် အထူးသဖြင့် ဆက်သွယ်ရေးကွန်ရက် အသုံးပြုသော စီးပွားရေးလုပ်ငန်း နှင့် Social Influencer အချိုု့ ပါဝင်ကြောင်းတွေ့ရှိရပြီး၊ ၎င်းတို့အား လူသိများ/လူကြည့်များစေရန်အတွက်လည်းကောင်း၊ ပိုမိုထင်ပေါ် ကျော်ကြားရန်အတွက်လည်းကောင်း၊ ၎င်းတို့၏ အကျိုးစီးပွားရှာဖွေရန်အတွက်လည်းကောင်း စသည်ဖြင့် မရိုးမဖြောင့်သောသဘောဖြင့် ဥပဒေနှင့် မညီညွတ်နိုင်သော အပြုအမူများ ကျူးလွန်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။
အခြားတစ်ဖက်တွင်လည်း မင်းသား “အောင်ဇမ္ဗူ ” ၏ ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်စာမျက်နှာများတွင် မင်းသား “အောင်ဇမ္ဗူ ” Fan Group များ ဖွဲ့စည်းတည်ထောင်ထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ လူမှုကွန်ရက် အုပ်စုများသည် မင်းသား “အောင်ဇမ္ဗူ ” ၏ စီမံခန့်ခွဲမှုအောက်တွင် လုံးဝ (လုံးဝ) မရှိပါကြောင်းနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပရိသတ်များနှင့် နိုင်ငံရပ်ခြားမှ ပရိသတ်များအနေဖြင့် ဆုံးရှုံးနစ်နာမှုတစ်စုံတစ်ရာ မရှိစေရန် အသိပေး ကြေညာအပ်ပါသည်။ ထို့သို့ မင်းသား “အောင်ဇမ္ဗူ ” ခွင့်ပြုချက်မရှိဘဲ Fan Group များဖွဲ့စည်း တည်ထောင်ပြီး အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ်များ၏ အကျိုးစီးပွားများ ထိခိုက်နစ်နာစေရန် ဆောင်ရွက်ခြင်း၊ မမှန်မကန်သတင်းအချက်အလက်များကို ပေးပို့အသုံးပြု၍ အကျိုးစီးပွားရှာဖွေခြင်းနှင့် အလွဲသုံးစား ပြုခြင်းသည် မင်းသား “အောင်ဇမ္ဗူ ” ၏ အသရေကို များစွာ ထိခိုက်နစ်နာစေပါသည်။
“အောင်ဇမ္ဗူ” ဇာတ်သဘင်အဖွဲ့ကြီး၏ အဖွဲ့ဝင်မိသားစုအပေါ် ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ သတင်းအချက်အလက်များကို ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြန့်ဝေခြင်း၊ ထို့အပြင် မလိုလားအပ်သော သို့မဟုတ် တောင်းဆိုထားခြင်းမရှိသော စာတိုများ၊ အချက်အလက်များ ပေးပို့ခြင်း စသည့် လုပ်ရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေပညာရှင်များအား ခန့်အပ်ထားပြီး လိုအပ်သော ဥပဒေရေးရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။
သို့ဖြစ်ပါ၍ ယခု အများသိစေရန်ကြေညာချက် ထုတ်ပြန်သည့်နေ့ရက်မှစ၍ မင်းသား “အောင်ဇမ္ဗူ ” နှင့် “အောင်ဇမ္ဗူ ” ဇာတ်သဘင်အဖွဲ့ကြီး၏ ကြိုတင်ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ အထက်ဖော်ပြပါ လုပ်ရပ်များကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ ကျူးလွန်ဆောင်ရွက်ခြင်းများအား မည်သည့်အကြောင်းကြောင့်မျှ မပြုလုပ်ကြရန်နှင့် ယခင်က ပြုလုပ်ထားပြီးဖြစ်သော သတင်းအချက်အလက်များ၊ ရေးသားဖော်ပြချက်များ၊ ရုပ်သံ၊ အသံဖိုင်များ၊ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဖြန့်ဝေထားသော အကြောင်းအရာများအားလုံးကိုလည်း ချက်ချင်း ဖယ်ရှားပယ်ဖျက်ပေးကြပါရန် အသိပေးကြေညာအပ်ပါသည်။
အကယ်၍ ဤအသိပေးကြေညာချက်အား မလိုက်နာဘဲ ဆက်လက်ကျူးလွန်ဆောင်ရွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျူးလွန်သူများအား သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းအပါအဝင် ဥပဒေရေးရာ လုပ်ဆောင်ချက်များကို ထိထိရောက်ရာက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -
ဦးစိုးညီညီဝင်း (စဉ် - ၁၃၆၀၀) ဒေါ်သီတာအောင် (စဉ် - ၁၄၇၁၄)
တရားလွှတ်တော်ရှေ့နေ တရားလွှတ်တော်ရှေ့နေ
LL.B, DBL, DPS, D.Phil LL.B, LL.M, DBL, DIL, DPS, DOS, D.Phil,
၆၉လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ မဟာနွယ်စဉ်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း ၀၉-၄၀၂၆၀၁၅၅၈၊ ၀၉-၄၃၁၈၄၁၉၀

ကျေးဇူးကမ္ဘာ
14/06/2026

ကျေးဇူးကမ္ဘာ

 #အငြိုးအတေး ရုပ်ရှင် Red Carpet Show
08/06/2026

#အငြိုးအတေး ရုပ်ရှင် Red Carpet Show

07/06/2026
 #နောက်လဲမည့်ကား
04/06/2026

#နောက်လဲမည့်ကား

04/06/2026

ဇွန်လလယ် အတွင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ko Kyaw Zayya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category