19/07/2026
A Heartfelt Monologue (1)
ထိကရုန်းလေး
ကျွန်တော် လူရိုးလူအေးတစ်ယောက်ဆိုတာ မှန်ပေမဲ့၊
အချစ်ကို ကစားစရာတစ်ခုလို မမြင်ပါဘူး။
ဒါကြောင့်မို့လို့လည်း ဟန်ဆောင်မှုတွေ
ဖုံးလွှမ်းနေတဲ့ အချစ်တွေနဲ့၊
ကျွန်တော့်အနားကို
ချဉ်းကပ်မလာပါနဲ့၊
ထိကရုန်းလေး ကျွန်တော်မို့လို့ပါ။