23/05/2024
မိုးရာသီကို အရမ်းမြတ်နိုးခဲ့တဲ့ မိန်းမပါ
ဒါမဲ့ မောင့်ကို ချစ်မိတဲ့အချိန်က စလို့
မိုးရာသီ ဟာ ငြိမ်းအတွက်
မောင့်ကို လွမ်းတဲ့စိတ်ကို
မြိုသိပ်လို့မရအောင် နှိုးဆွပေးနေသလို
အနားမှာ မရှိသေးနိုင်တဲ့ အကြောင်း
တွေးမိရင်း မျက်ရည်တွေဟာ
ရွာကျနေတဲ့ မိုးရေ
ပမာဏလောက်မများပေမဲ့
ခံစားအချက် အစစ်အမှန်မို့
နာကျင်ဝမ်းနည်းရပါတယ် မောင်
ဒါတွေကြောင့်မို့ မိုးရာသီကို
ငြိမ်း မုန်းတတ်ခဲ့မိပြီ ထင်ပါရဲ့
-ငြိမ်း