13/07/2026
"အရှင်မင်းကြီး၏အရိုးပုံ"
ငါက မီးခိုးရောင်ကွ အဖြူအမဲ မသဲကွဲ
ဒေါသကတော့ ခပ်ကြီး"ရယ်
ခွေးတစ်ကောင်လို သွားရည်တများများ
အိပ် စား ကာမ သူ့ကဗျာ သူ့ဂီတ
ဆံနွယ်ခွေအကြောင်း အိပ်မက်သိပ်မက်တယ်
ပါရာစီတမော ၉ လုံးသောက်ပါ
အရှင်မင်းကြီးအတွက် အရိုး ဂိုထောင်အပြည့်ပါဘုရား
ခေါင်းတငြိမ့်" ကောင်းလေစွ ကောင်းလေစွ
ကော်ဖီ ယာမကာ အရက်ဘီယာ လိင်ကိစ္စ စာပေအနုပညာ
သွားရည်တများများပါပဲ အရပ်ကတို့ရေ
အချိန်တန် မီးတိုင်အောက်ပြန်ရောက်ခဲ့ပေါ့။