19/05/2026
■ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ် ၂၆ ဦးလူစာရင်းမှာ နေမာ ရွေးချယ်ခံရ
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အပြီးသတ် ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး နာမည်ကျော်
ကစားသမား နေမာကို ရွေးချယ်ခဲ့ပါတယ်။
၃၄ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲ ကစားထားပြီး ၇၉ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်တယ်။
ဒါပေမဲ့ နေမာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူးအရွတ်ဒဏ်ရာရပြီးကတည်းက ဒဏ်ရာပြဿနာ
တွေနဲ့ ရုန်းကန်နေရလို့ လက်ရွေးစင်အသင်းနဲ့ ကင်းကွာခဲ့ရပါတယ်။
နေမာအနေနဲ့ အခုရွေးချယ်ခံရမှုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂နဲ့ အခု ၂၀၂၆
ပြိုင်ပွဲကို ဆင်နွှဲရတော့မှာပါ။
အန်ဆယ်လော့တီက ''ကျွန်တော်တို့ တစ်နှစ်လုံး နေမာကို သုံးသပ်ရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ နောက်ဆုံးအပိုင်းအခြားမှာ သူဟာ
ဆက်သွားနေပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း ကောင်းမွန်တဲ့ အခြေအနေမှာရှိပါတယ်''လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ အယ်လစ်ဆန်(လီဗာပူးလ်)၊ ကက်စီမီရိုနဲ့ ကူညာ(မန်ယူနိုက်တက်)၊ ဂီမာရေ့စ်
(နယူးကာဆယ်)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ အီဂေါသီယာဂို(ဘရန့်ဖို့ဒ်)၊ ရာယန်(ဘုန်းမောက်)တို့ ရွေးချယ်ခံခဲ့ရပါတယ်။
◘ ဘရာဇီးလ်အသင်းလူစာရင်း
Goalkeepers: Alisson (Liverpool), Ederson (Fenerbahce), Weverton (Gremio).
Defenders: Alex Sandro, Danilo, Leo Pereira (Flamengo), Bremer (Juventus), Ibanez (Al-Ahli), Wesley (Roma), Marquinhos (Paris St-Germain), Gabriel (Arsenal), Douglas Santos (Zenit St. Petersburg).
Midfielders: Bruno Guimaraes (Newcastle), Casemiro (Manchester United), Danilo Santos (Botafogo), Fabinho (Al-Ittihad), Lucas Paqueta (Flamengo).
Forwards: Endrick (Lyon), Gabriel Martinelli (Arsenal), Igor Thiago (Brentford), Matheus Cunha (Manchester United), Raphinha (Barcelona), Vinicius Junior (Real Madrid), Luiz Henrique (Zenit St. Petersburg), Neymar (Santos), Rayan (Bournemouth).
Photos: ESPN Brasil