မြန်မာကြေးဘောလုံးဒိုင်

  • Home
  • Myanmar
  • Yangon
  • မြန်မာကြေးဘောလုံးဒိုင်

မြန်မာကြေးဘောလုံးဒိုင် ဘောလုံးပွဲများကို အွန်းလိုင်းကနေကိုယ်ပိုင်အကောက်ဖစ်ကစားချင်သူများ Viber 09772469468
telegram

■ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ် ၂၆ ဦးလူစာရင်းမှာ နေမာ ရွေးချယ်ခံရဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီ...
19/05/2026

■ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ် ၂၆ ဦးလူစာရင်းမှာ နေမာ ရွေးချယ်ခံရ

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အပြီးသတ် ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး နာမည်ကျော်
ကစားသမား နေမာကို ရွေးချယ်ခဲ့ပါတယ်။

၃၄ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲ ကစားထားပြီး ၇၉ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်တယ်။

ဒါပေမဲ့ နေမာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူးအရွတ်ဒဏ်ရာရပြီးကတည်းက ဒဏ်ရာပြဿနာ
တွေနဲ့ ရုန်းကန်နေရလို့ လက်ရွေးစင်အသင်းနဲ့ ကင်းကွာခဲ့ရပါတယ်။

နေမာအနေနဲ့ အခုရွေးချယ်ခံရမှုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂နဲ့ အခု ၂၀၂၆
ပြိုင်ပွဲကို ဆင်နွှဲရတော့မှာပါ။

အန်ဆယ်လော့တီက ''ကျွန်တော်တို့ တစ်နှစ်လုံး နေမာကို သုံးသပ်ရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ နောက်ဆုံးအပိုင်းအခြားမှာ သူဟာ
ဆက်သွားနေပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း ကောင်းမွန်တဲ့ အခြေအနေမှာရှိပါတယ်''လို့ ပြောခဲ့ပါတယ်။

ဘရာဇီးလ်အသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ အယ်လစ်ဆန်(လီဗာပူးလ်)၊ ကက်စီမီရိုနဲ့ ကူညာ(မန်ယူနိုက်တက်)၊ ဂီမာရေ့စ်
(နယူးကာဆယ်)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ အီဂေါသီယာဂို(ဘရန့်ဖို့ဒ်)၊ ရာယန်(ဘုန်းမောက်)တို့ ရွေးချယ်ခံခဲ့ရပါတယ်။

◘ ဘရာဇီးလ်အသင်းလူစာရင်း

Goalkeepers: Alisson (Liverpool), Ederson (Fenerbahce), Weverton (Gremio).

Defenders: Alex Sandro, Danilo, Leo Pereira (Flamengo), Bremer (Juventus), Ibanez (Al-Ahli), Wesley (Roma), Marquinhos (Paris St-Germain), Gabriel (Arsenal), Douglas Santos (Zenit St. Petersburg).

Midfielders: Bruno Guimaraes (Newcastle), Casemiro (Manchester United), Danilo Santos (Botafogo), Fabinho (Al-Ittihad), Lucas Paqueta (Flamengo).

Forwards: Endrick (Lyon), Gabriel Martinelli (Arsenal), Igor Thiago (Brentford), Matheus Cunha (Manchester United), Raphinha (Barcelona), Vinicius Junior (Real Madrid), Luiz Henrique (Zenit St. Petersburg), Neymar (Santos), Rayan (Bournemouth).

Photos: ESPN Brasil

 ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ရေပန်းစားသူထဲဖာဘရီဂတ်စ်လည်း ပါဝင်လာခဲ့တယ်။ဖာဘရီဂတ်စ်က စီးရီးအေကလပ်ကိုမိုအသင်းနဲ့အတူနည်းပြဘ...
23/04/2026


ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ရေပန်းစားသူထဲ
ဖာဘရီဂတ်စ်လည်း ပါဝင်လာခဲ့တယ်။

ဖာဘရီဂတ်စ်က စီးရီးအေကလပ်ကိုမိုအသင်းနဲ့အတူ
နည်းပြဘဝအမြင့်ပျံနေသူဖြစ်ပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်


ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဘိုင်ယန်မြူးနစ် ဆွတ်ခူးဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၅-၂၆ ရာသီ ...
20/04/2026

ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဘိုင်ယန်မြူးနစ် ဆွတ်ခူး

ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၅-၂၆ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲပြီးဆုံးဖို့(၄)ပွဲအလိုမှာပဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စတုဂတ်နဲ့ပွဲမှာ (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် (၄)ပွဲအလိုမှာ ဒုတိယနေရာက ဒေါ့မွန်အသင်းကို (၁၅)မှတ်ဖြတ်ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

ဒါကြောင့် ဘွန်ဒစ်လီဂါချန်ပီယံဆုကို နောက်ဆုံး(၁၄)ရာသီအတွင်း (၁၃)ကြိမ်မြောက် ရရှိခြင်းဖြစ်ခဲ့သလို၊ အသင်းရဲ့သမိုင်းတစ်လျှောက် (၃၅)ကြိမ်မြောက်ရရှိတဲ့ အမှတ်ပေးချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီမှာ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပြီး လက်ရှိအချိန်မှာ (၁၀၉)ဂိုး သွင်းယူထားတာကြောင့် ရာသီအဆုံးသတ်ချိန်မှာ ဂိုး(၁၂၀)အထိ သွင်းယူနိုင်ခြေရှိကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ရောက်ရှိနေတာကြောင့် ဒီရာသီမှာ ဖလားသုံးလုံးမျှော်လင့်ချက်လည်း ရှိနေပြီး ပြိုင်ပွဲစုံမှာ (၅၁)ဂိုးသွင်းယူပေးထားတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကတော့ ယှဉ်ပြိုင်ကစားရမယ့် ပွဲတွေအများကြီး ကျန်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: X

Crd

#မြန်မာကြေးဘောလုံးဒိုင်


■ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဆိုစီဒက်အသင်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲ၂၀၂၅-၂၆ ဘောလုံးရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဗ...
19/04/2026

■ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဆိုစီဒက်အသင်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲ

၂၀၂၅-၂၆ ဘောလုံးရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆိုစီဒက်အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်စွဲခဲ့ပါတယ်။

ဆိုစီဒက်အသင်းက ဘယ်ရန်နက်ရှီယာ(၁ မိနစ်)၊ အော်ယာဇာဘယ်လ်(၄၅+၁ မိနစ် ပယ်နယ်တီ)ဂိုးတွေနဲ့ နှစ်ကြိမ်တိုင် ဦးဆောင်ခဲ့ပြီး လွတ်ခ်မန်း
(၁၈ မိနစ်)၊ အယ်လ်ဗာရက်ဇ်(၈၃ မိနစ်)တို့က ချေပဂိုးတွေ လိုက်သွင်းခဲ့ရတာဖြစ်တယ်။

ပယ်နယ်တီမှာတော့ ဆိုစီဒက်ဂိုးသမား မာရဲရိုးက အက်သလက်တီကိုအသင်းရဲ့ ဆော်လော့သ်၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ ပထမဆုံး ပယ်နယ်တီနှစ်လုံးကို ကာကွယ်ပြီး ၄-၃ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

ဆိုစီဒက်အသင်းဟာ စပိန်ဘုရင့်ဖလားမှာ စတုတ္ထအကြိမ်မြောက် ဗိုလ်စွဲပြီး ၂၀၂၀ ခုနှစ်ကတည်းက ပထမဆုံးဖလားလည်း ဖြစ်ခဲ့တယ်။

ဆိုစီဒက်အသင်းနည်းပြ မာတာရက်ဇိုလည်း ဥရောပမြေမှာ မေဂျာဖလားရယူနိုင်တဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားနည်းပြ ဖြစ်လာခဲ့တယ်။

အက်သလက်တီကိုအသင်းက အခုရာသီ ဖလားမျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ်ဖလားသာ ကျန်ပါတော့တယ်။

Photos: B/R Football

Crd

#မြန်မာကြေးဘောလုံးဒိုင်


■ မန်ယူနိုက်တက်လက်ထောက်နည်းပြဟောင်း ကွီရော့ဇ် ဂါနာအသင်းနည်းပြအဖြစ် ခန့်အပ်ခံရကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဂါနာအသင်းဟာ အသင်...
14/04/2026

■ မန်ယူနိုက်တက်လက်ထောက်နည်းပြဟောင်း
ကွီရော့ဇ် ဂါနာအသင်းနည်းပြအဖြစ် ခန့်အပ်ခံရ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဂါနာအသင်းဟာ အသင်းနည်းပြသစ်အဖြစ် မန်ယူနိုက်တက်လက်ထောက်နည်းပြဟောင်း ကားလို့စ်ကွီရော့ဇ်ကို ခန့်အပ်
ခဲ့ပါတယ်။

ကွီရော့ဇ်(၇၃ နှစ်)ဟာ မတ်လ ၃၁ ရက်က ရာထူးကနေ ထုတ်ပယ်ခံရတဲ့ အော်တိုအက်ဒိုနေရာမှာ အစားထိုးတာဝန်ယူရမှာပါ။

၎င်းဟာ နည်းပြဘဝဟာ ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်း နှစ်မျိုးစလုံး တာဝန်ယူခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းတွေကို တာဝန်ယူမှုက
ပိုများခဲ့ပါတယ်။

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မိုဇမ်ဘစ်မှာ မွေးဖွားခဲ့တဲ့ ကွီရော့ဇ်ဟာ ပေါ်တူဂီအသင်းကို နှစ်ကြိမ်ကိုင်တွယ်မှု အပါအဝင် ယူအေအီး၊
တောင်အာဖရိက၊ အီရန်၊ ကိုလံဘီယာ၊ အီဂျစ်၊ ကာတာနဲ့ အိုမန်အသင်းတွေကို နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

ကွီရော့ဇ်အနေနဲ့ မန်ယူနိုက်တက်အသင်းမှာ လက်ထောက်နည်းပြအဖြစ် နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်း
နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။

အိုမန်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်လို့ လမ်းခွဲခဲ့တာဖြစ်တယ်။

ဂါနာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု L မှာ အင်္ဂလန်၊ ခရိုအေးရှား၊ ပနားမားအသင်းတွေနဲ့ အတူကျရောက်နေပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်


အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲခဲ့ရင် အာတေတာနေရာ ဖာဘရီဂတ်စ်ကို ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း ထင်ကြေးပေးနေ...
13/04/2026

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲခဲ့ရင် အာတေတာနေရာ ဖာဘရီဂတ်စ်ကို ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း ထင်ကြေးပေးနေကြ

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရမယ်ဆိုရင် နည်းပြ အာတေတာ ရာထူးက ထုတ်ပယ်ခံရဖွယ်ရှိပြီး အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဖာဘရီဂတ်စ်ကို ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း လူမှုကွန်ရက်မှာ ထင်ကြေးပေးဖော်ပြမှုတွေ ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီမှာ နောက်ဆုံးရရှိခဲ့တာကြောင့် ဆုဖလားနဲ့ ဝေးကွာနေတာ နှစ်(၂၀)ကျော်ကြာမြင့်နေပြီဖြစ်ပြီး အာတေတာက ပြီးခဲ့တဲ့နောက်ဆုံး(၃)ရာသီဆက်တိုက် ဒုတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ အဓိကပြိုင်ဘက် မန်စီးတီးအသင်းကို (၉)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာကြောင့် ချန်ပီယံဆုရရှိဖို့ အလားအလာကောင်းခဲ့ပေမဲ့ အခုတစ်ပတ်ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် မန်စီးတီးထက် တစ်ပွဲပိုကစားပြီး (၆)မှတ်သာဖြတ်နိုင်ပါတော့တယ်။

မန်စီးတီးကွင်းမှာ ကစားရမယ့်ပွဲလည်း ရှိနေတာကြောင့် အာဆင်နယ်အသင်း အမှားမခံတဲ့အခြေအနေ ဖြစ်သွားခဲ့ပြီး မန်စီးတီးအသင်းက ဖိအားပိုပေးလာနိုင်ခဲ့ပါတယ်။

ဒါကြောင့် အာတေတာအနေနဲ့ အသာစီးရရှိခဲ့မှုကို ရာသီကုန်အထိ တည်မြဲအောင် အသုံးမချနိုင်ခဲ့ဘူးဆိုရင် အသင်းတာဝန်ရှိသူတွေက အခွင့်အရေးထပ်ပေးတော့မှာမဟုတ်ကြောင်း ထင်ကြေးပေးနေကြတာပါ။

ဖာဘရီဂတ်စ်က စီးရီးအေကလပ် ကိုမိုအသင်းမှာ စွမ်းဆောင်ရည်ကောင်းပြသနေသလို၊ အာဆင်နယ်အသင်းကို တစ်ချိန်ချိန်မှာ ပြန်လာလိုကြောင်း ပြောကြားခဲ့ဖူးတာကြောင့် အာတေတာနေရာ အစားထိုးဖို့ အသင့်တော်ဆုံးနည်းပြဖြစ်ကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

ဖာဘရီဂတ်စ်က မတ်လအတွက် စီးရီးအေအကောင်းဆုံးနည်းပြဆုကိုလည်း လောလောလတ်လတ် ဆွတ်ခူးထားပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်


ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်မန်ယူ - လိဒ်စ် (ဧပြီ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ)ပရီးမီးယားလိဂ်က လာမယ...
13/04/2026

ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

မန်ယူ - လိဒ်စ် (ဧပြီ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ)

ပရီးမီးယားလိဂ်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာ ရရှိမှာဖြစ်တာကြောင့် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့က စိတ်ချရတဲ့အနေအထားဖြစ်နေပြီလို့ ဆိုရမှာပါ။ လိဒ်စ်ကတော့ အဆင့်(၁၅)နေရာမှာ ရှိနေပေမဲ့ အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းနဲ့ (၃)မှတ်သာ ကွာဟတာကြောင့် တန်းဆင်းအန္တရာယ်ရှိနေပါတယ်။ လတ်တလောခြေစွမ်းမှာလည်း လိဒ်စ်က ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားတာကြောင့် အိမ်ကွင်းဖြစ်ပေမဲ့ မန်ယူအသင်း သတိထားဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကွင်း(၅)ပွဲဆက် အနိုင်ကစားထားတဲ့ မန်ယူအသင်းကိုပဲ ရွေးချယ်ရမှာပါ။

ဖီအိုရင်တီးနား - လာဇီယို (ဧပြီ ၁၄ ရက်နေ့ နံနက် ၁း၁၅ နာရီ)

ဖီအိုရင်တီးနားက တန်းဆင်းဇုန်နဲ့ဝေးဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး လာဇီယိုကတော့ ဥရောပဝင်ခွင့်လည်း ရနိုင်ခြေမရှိတော့တာကြောင့် ဖိအားကင်းနေပါတယ်။ လတ်တလောခြေစွမ်းမှာ လာဇီယိုအသင်းက ပိုကောင်းနေပေမဲ့ အမှတ်လိုအပ်ချက် ပိုရှိနေတဲ့ အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

လီဗန်တေး - ဂီတာဖေး (ဧပြီ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ)

လီဗန်တေးက လာလီဂါမှာ အမှတ်ပေးဇယားအောက်ဆုံးရောက်နေပေမဲ့ တစ်ပွဲလျော့အနေအထားမှာ အဆင့်(၁၇)နေရာကအသင်းနဲ့ (၇)မှတ်သာ ကွာဟတာကြောင့် တန်းဆင်းဇုန်က လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိနေပါသေးတယ်။ ဂီတာဖေးကလည်း ဥရောပဝင်ခွင့် မျှော်မှန်းနိုင်စွမ်းရှိနေတာကြောင့် အကြိတ်အနယ်အမှတ်လုမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ် ခြေစွမ်းပိုကောင်းနေတဲ့ ဂီတာဖေးဘက်က ရပ်တည်ချင်ပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်


ဒေဝေါကြီးလာနေပြီ (သို့မဟုတ်) မန်စီးတီးလာနေပြီ****မန်စီးတီးက ချယ်လ်ဆီးကို ၃ − ၀ နဲ့ အနိုင်ယူသွားတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်...
12/04/2026

ဒေဝေါကြီးလာနေပြီ (သို့မဟုတ်) မန်စီးတီးလာနေပြီ
***
*
မန်စီးတီးက ချယ်လ်ဆီးကို ၃ − ၀ နဲ့ အနိုင်ယူသွားတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုနေတဲ့ ချယ်လ်ဆီးက ဂိုးပြတ်ရှုံးတယ်ဆိုပေမဲ့ ပထမပိုင်းမှာတော့ ကစားပုံ မဆိုးခဲ့ဘူးလို့ မြင်ပါတယ်။ မန်စီးတီးကို အခက်အခဲတွေ ပေးနိုင်ခဲ့တာပါ။
ဒါပေမဲ့ မန်စီးတီးရဲ့ ဒုတိယပိုင်းကစားပုံက ချယ်လ်ဆီးကို အသက်ရှူဖို့ မေ့သွားစေပုံပါပဲ။ ၁၇ မိနစ်အတွင်း ၃ ဂိုးသွင်းခံရလောက်အောင် ချယ်လ်ဆီးတို့ အာရုံထွေပြားသွားသလားပဲ။ ပထမပိုင်းမှာ လုပ်ပြနိုင်ခဲ့တဲ့ ချယ်လ်ဆီးက စတန်းဖို့ဒ်ဘရစ်ချ်မှာ တကယ်ပဲ ပျောက်ဆုံးသွားခဲ့တာပါ။
မန်စီးတီးမှာ ချီးကျူးရမှာကတော့ အိုရိုင်လေလို့ပဲ မြင်ပါတယ်။ ဘယ်တစ်ခြမ်းမှာ ခံစစ်၊ တိုက်စစ်၊ ကွင်းလယ် နံပါတ် ၆ နေရာတွေ အကုန်ကစားခဲ့ပြီး အသင်းအတွက် အတော်လေးကို အကူအညီ ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
အိုရိုင်လေဟာ မန်စီးတီးအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းပေးခဲ့တယ်။ အဲဒီဂိုးကြောင့်ပဲ ချယ်လ်ဆီးဟာ အာရုံစိုက်မှု လျော့ကျသွားပြီး ဖိအားဝင်သွားတဲ့ ပုံပါပဲ။ အဲဒီနောက်မှာတော့ ချာကီက ဒီပွဲအတွက် သူ့ရဲ့ ဒုတိယမြောက် ဂိုးဖန်တီးမှုကို ပြုလုပ်ခဲ့ပြီး ဂူဟီက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတော့တယ်။
အိမ်ကွင်းမှာ ၂ ဂိုးပေးလိုက်ရပြီးတဲ့နောက် ချယ်လ်ဆီးတို့ တုံ့ပြန်လာမယ်ထင်ခဲ့ပေမဲ့လည်း မန်စီးတီးကပဲ ပွဲကို အပြတ်ဖြတ်နိုင်စေမဲ့ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူလိုက်ပြန်ပါတော့တယ်။ ဒိုကူရဲ့ သွင်းဂိုးအပြီးမှာတော့ မန်စီးတီးဟာ ပိုပြီးတော့ ယုံကြည်ချက်ရှိသွားတဲ့ ပုံစံနဲ့ ပွဲကို သက်သောင့်သက်သာ ကစားသွားတာပါ။
ချယ်လ်ဆီးက ဒီပွဲရှုံးသွားလို့ အဆင့် ၅ နေရာက လီဗာပူးနဲ့ ၄ မှတ်ကွာဟသွားပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စိုးရိမ်လာရပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီပွဲအနိုင်ရသွားတာကြောင့် အာဆင်နယ်နဲ့ (တစ်ပွဲကျန်) ၆ မှတ်အကွာကို ရောက်လာပြီ ဖြစ်ပါတယ်။ ရာသီကုန်ဆုံးဖို့ ၆ ပွဲသာ ကျန်တော့တဲ့အချိန် ဦးဆောင်သူနဲ့ ၆ မှတ်အထိ ကွာဟနေတယ်ဆိုပေမဲ့ မန်စီးတီးဖြစ်နေတာကြောင့် အားလုံးက စောင့်ကြည့်နေရတဲ့ အခြေအနေပါ။
မန်စီးတီးဟာ လက်ကျန်ပွဲကို အနိုင်ရမယ်ဆိုရင် ပွဲအရေအတွက်တူချိန်မှာ အာဆင်နယ်နဲ့ ၃ မှတ်အကွာကို ရောက်သွားပါလိမ့်မယ်။ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ချိန်မှာ မန်စီးတီးကသာ အနိုင်ရခဲ့မယ်ဆိုရင် ရမှတ်တူပြီး ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ကျန်ပွဲတွေမှာ အမှားမလုပ်ဘဲ နိုင်ပွဲယူဖို့ လိုသလို၊ မန်စီးတီးနဲ့ပွဲမှာလည်း အနိမ့်ဆုံး သရေ ရလဒ်လောက်တော့ အရယူဖို့ လိုပါတယ်။ ဒါပေမဲ့ မန်စီးတီး လိုက်လာနေပုံက အဝေးကနေ သည်းကြီးမည်းကြီးနဲ့ ရွာပြီး ကိုယ့်အနားရောက်လာတဲ့ “ထစ်ချုန်းမိုး” လိုပုံစံမျိုးပါ။
ကောင်းကင်ဟာ မည်းမှောင်နေပြီး ဝေါကနဲရွာနေတဲ့ မိုးသံကို ကြားနေရင်း ကိုယ့်အနားကိုရောက်လာပြီး ရွဲစိုသွားစေသလိုပါပဲ။ စာရေးသူတို့ ငယ်ငယ်က ဒေဝေါကြီးလာပြီလို့ပြောရင် ကြောက်ကြသလို မန်စီးတီးလာပြီလို့ပြောရင် ကြောက်နေကြမလားတော့ မပြောတတ်ပါ။
အမှတ်ပေးဇယားမှာ အာဆင်နယ်က ၆ မှတ်အသာနဲ့ ဦးဆောင်ထားတယ်ဆိုပေမဲ့ ဒီနှစ်သင်းကြား ချန်ပီယံဖြစ်ဖို့ အခွင့်အရေးက ၅၀ − ၅၀ လို ဖြစ်သွားတယ်လို့ပဲ ပြောရတော့မှာပါ။

Crd

#မြန်မာကြေးဘောလုံးဒိုင်


■ မိမိတို့ ပယ်နယ်တီရခဲ့သင့်တယ်လို့ အာဘီလိုအာ ပြောကြားရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အာဘီလိုအာက ဂျီရိုနာနဲ့ တစ်ဂိုးစီသရေကျတဲ့ပ...
11/04/2026

■ မိမိတို့ ပယ်နယ်တီရခဲ့သင့်တယ်လို့ အာဘီလိုအာ ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အာဘီလိုအာက ဂျီရိုနာနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ မိမိတို့ ပယ်နယ်တီရခဲ့သင့်တယ်လို့ ပွဲအပြီး ပြောခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာ ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေရဲ့မျက်နှာကို ဂျီရိုနာနောက်ခံလူက ပယ်နယ်တီဧရိယာထဲမှာ တံတောင်နဲ့တွက်ခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ဒိုင်လူကြီး အယ်ဘာရိုလာက ပြစ်ဒဏ်အဖြစ် မသတ်မှတ်ခဲ့သလို၊ VAR လည်း မကြည့်ခဲ့ပါဘူး။

''ကျွန်တော့်အဖို့တော့ ဒီကနေ လကမ္ဘာအထိ ပယ်နယ်တီပါပဲ။ ကျွန်တော် ဒါကို နားမလည်နိုင်ပါဘူး။ ဘယ်သူမှလည်း လုပ်လိမ့်မယ်လို့
မတွေးပါဘူး။ ကျွန်တော့်အနေနဲ့ ဒိုင်လူကြီးတွေအပေါ်အမြင်က အချက်အလက်ပေါ် အခြေခံတယ်ဆိုတာ သိကြမှာပါ။ ဒါဟာ ကျွန်တော့်
အဖို့တော့ သိသာထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုပါ။ ကျွန်တော်တို့မှာ ဒီလိုမျိုးတွေ အများကြီးရှိခဲ့တယ်။ ပြီးခဲ့တဲ့အပတ် မာယော့ကာမှာလည်း
ဖြစ်ခဲ့တယ်။ ဒီလိုမျိုးတွေ အမြဲဖြစ်နေတယ်''လို့ အာဘီလိုအာက ပြောခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။

ယနေ့မှာ ဘာစီလိုနာအသင်းသာ အက်စ်ပန်ညိုကို အနိုင်ကစားနိုင်ရင် ရီးယဲလ်ကို ကိုးမှတ်အထိ ဖြတ်နိုင်ပါလိမ့်မယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်


လာမယ့် ရာသီကြိုကာလအတွင်း အက်သလက်တီကို၊ PSG တို့အပါအဝင် ပြိုင်ဘက်ငါးသင်းနဲ့ ခြေစမ်းကစားသွားမယ်လို့ မန်ယူအသင်း အတည်ပြုမန်ယ...
10/04/2026

လာမယ့် ရာသီကြိုကာလအတွင်း အက်သလက်တီကို၊ PSG တို့အပါအဝင် ပြိုင်ဘက်ငါးသင်းနဲ့ ခြေစမ်းကစားသွားမယ်လို့ မန်ယူအသင်း အတည်ပြု

မန်ယူအသင်းက လာမယ့် ၂၀၂၆-၂၇ ရာသီကြိုကာလအတွင်း ပြိုင်ဘက်ငါးသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပြီး အဆိုပါပြိုင်ဘက်တွေထဲမှာ ဥရောပထိပ်သီးတွေဖြစ်တဲ့ အက်သလက်တီကို၊ PSG တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ လာမယ့် ရာသီကြိုကာလမှာ ဥရောပနိုင်ငံတွေမှာသာ ခြေစမ်းပွဲတွေ လှည့်လည်ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပြီး ဖင်လန်၊ နော်ဝေ၊ ဆွီဒင်နဲ့ အိုင်ယာလန်တို့မှာ ခြေစမ်းကစားသွားမှာပါ။

မန်ယူအသင်း အတည်ပြုထုတ်ပြန်လိုက်တဲ့ ပွဲစဉ်ဇယားအရ ဇူလိုင် ၁၈ ရက်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ရက်ခ်ဆမ်နဲ့ ဖင်လန်နိုင်ငံမှာ စတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဇူလိုင် ၂၄ မှာ နော်ဝေကလပ် ရိုစင်ဘော့အသင်းနဲ့ နော်ဝေနိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

အဲဒီနောက် သြဂုတ် ၁ မှာ စပိန်ကလပ် အက်သလက်တီကိုအသင်းနဲ့ ဆွီဒင်နိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာပါ။

အဲဒီပွဲစဉ်ကို Snapdragon Cup ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်တောကြောင့် ဆုဖလားချီးမြှင့်မှာဖြစ်ကြေင်း သိရပါတယ်။

အဲဒီနောက် သြဂုတ် ၈ မှာ ပြင်သစ်ထိပ်သီး PSG အသင်းနဲ့ ဆွီဒင်နိုင်ငံမှာပဲ ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သြဂုတ် ၁၂ မှာ လိဒ်စ်အသင်းနဲ့ အိုင်ယာလန်နိုင်ငံမှာ ယှဉ်ပြိုင်မှာပါ။

PSG၊ လိဒ်စ်တို့နဲ့ ယှဉ်ပြိုင်မယ့်ပွဲစဉ်တွေကို Snapdragon Tour လို့ သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်


လာမယ့်နွေရာသီမှာ မာတင်နယ်လီအပါအဝင် စီနီယာကစားသမား(၅)ဦးကို အာဆင်နယ်ရောင်းထုတ်ဖွယ်ရှိအာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ ဘရာဇ...
10/04/2026

လာမယ့်နွေရာသီမှာ မာတင်နယ်လီအပါအဝင် စီနီယာကစားသမား(၅)ဦးကို အာဆင်နယ်ရောင်းထုတ်ဖွယ်ရှိ

အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီအပါအဝင် စီနီယာကစားသမား(၅)ဦးကို ရောင်းထုတ်ဖွယ်ရှိကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ပြုလုပ်လာတ့အသင်းဖြစ်ပြီး အဲဒီအတွက်ပဲ ပြိုင်ပွဲတိုင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အခုရာသီမှာ ဖလားလေးလုံးအောင်ပွဲကို မျှော်လင့်နိုင်တဲ့ အနေအထား ရောက်ရှိခဲ့ပြီး လိဂ်ဖလားနဲ့ FA ဖလားတို့ကို လက်လွှတ်ခဲ့ရပြီဖြစ်ပေမဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေအတွက် မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။

အထူးသဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပွဲလျော့မန်စီးတီးကို (၉)မှတ်ဖြတ်ထားတဲ့အတွက် ချန်ပီယံဆုရရှိဖို့ အလားအလာကောင်းနေပါတယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ ဒီရာသီမှာ ဘယ်လိုပဲအဆုံးသတ်ပါစေ အသင်းကို ပိုမိုတောင့်တင်းအောင် တည်ဆောက်သွားဖို့ ရည်ရွယ်ထားတဲ့အတွက် အရည်အသွေးပိုင်း လိုအပ်ချက်ရှိနေတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ထိပ်တန်းကစားသမားတွေ ပြန်လည်အားဖြည့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Mirror ရဲ့ဖော်ပြမှုအရ အာဆင်နယ်အသင်း ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ကစားသမားတွေက မာတင်နယ်လီ၊ ဂျေးဇူး၊ စကယ်လီ၊ နွမ်နရီနဲ့ ဘင်ဝှိုက်တို့ဖြစ်ကြောင်း သိရပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်


Address

Yangon

Telephone

+959445157411

Website

Alerts

Be the first to know and let us send you an email when မြန်မာကြေးဘောလုံးဒိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share