Zabu's Memory - Forever Top

Zabu's Memory - Forever Top ဇမ္ဗူရဲ့ အထိမ်းအမှတ်ပွဲတွေ .. အောင်မြင်မှု မှတ်တိုင်စိုက်ထူနိုင်တဲ့ပွဲအတွက် မှတ်တမ်းတင်ဖို့ပါ ..

26/04/2026

Hello Zabu ..🧡

25.4.2026 (A မိုက်စား နှစ်ပါးသွား)SAMSUNG × Aung Zabu သဘင် .Congratulations အောင်ဇမ္ဗူ ဇာတ်သဘင် ..🧡မြန်မာ့ယဉ်ကျေးမှုဖြစ်...
26/04/2026

25.4.2026 (A မိုက်စား နှစ်ပါးသွား)
SAMSUNG × Aung Zabu သဘင် .

Congratulations အောင်ဇမ္ဗူ ဇာတ်သဘင် ..🧡

မြန်မာ့ယဉ်ကျေးမှုဖြစ်တဲ့ မြန်မာ့ဇာတ်သဘင်ကို Global Brand တစ်ခုဖြစ်တဲ့ SAMSUNG နှင့် နှစ်ပါးသွား အကအလှများကို Collaborate ပြုလုပ်နိုင်တဲ့ ပထမဦးဆုံး မြန်မာ့ဇာတ်မင်းသား
"ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းဆင်း ဇာတ်ဆရာမင်းသား အောင်ဇမ္ဗူ"

အမြဲတမ်း ကြိုးစားတဲ့ သူမို့ နောက်ထပ်အများကြီးလည်း ဂုဏ်ယူနေရဦးမှာပါ .. 🧡

'sMemory

#ဇာတ်မင်းသားလေးအောင်ဇမ္ဗူ

20/04/2026

တအားလှတာပဲ .. ချစ်တဲ့သူမို့လို့လားတော့ မသိဘူး ဘယ်လိုနေနေ ချစ်ရတာပါပဲ အချစ်ရယ် .. 🧡

'sMemory

20/04/2026

17.4.2026 To 19.4.2026 (ထိုင်းနိုင်ငံ ကန်ချနာပူရီမှာ 3 ညတိုင် ကပြဖျော်ဖြေမှု အောင်မြင်စွာပြီးဆုံး)
Congratulation အောင်ဇမ္ဗူဇာတ်သဘင် ..🧡

အခက်အခဲတွေ အများကြီးကြားထဲကနေ ပရိတ်သတ်ကို အလေးမြတ်ထားပြီး ရောက်အောင်သွားပေးခဲ့တာ .. သူ့ပရိတ်သတ်ကို ချစ်တတ်မှုကြောင့် သူ့ရဲ့မေတ္တာတွေကြောင့်လည်း အရောင်ပြန်ဟပ်ခဲ့တာ သူများနိုင်ငံမှာ ရုံးဖွင့်ရက်ကြီးကို ရုံအပြည့်အားပေးကြတာ ချစ်ပေးကြတာ တကယ်ရင်ထဲကလာတဲ့ မေတ္တာတွေကြောင့်သာပါ .. 🧡

ဘယ်လောက်အောင်မြင်သလဲဆို ကနေတဲ့ပွဲ မပြီးသေးဘူး ထိုင်းမှာပဲ နောက်တစ်ပွဲလာချိတ်တဲ့အထိတဲ့ .. အပြောထက်အလုပ်နဲ့ပဲ သက်သေတွေပြတတ်တဲ့ ကလေးမို့ အများကြီးအောင်မြင်ပြီး အများကြီးပျော်ရွှင်စေဖို့ ထိုက်တန်တဲ့ အငယ်လေးပါ .. 🧡

Video Crd From Tik Tok - Hay Mar Soe
ဒီVideo လေးက နှုတ်ဆက်ညရဲ့ နှစ်ပါးအဖွင့်လေးပါ Ph နဲ့ရိုက်ထားပေမယ့် Video လေးက ကြည်တောက်ပြီးရှင်းနေလို့ သဘောကျတာနဲ့ ခွင့်တောင်းပြီးယူတင်တာပါ တလေးတစား Crd ပေးပါတယ်နော် ..

'sMemory

#ဇာတ်မင်းသားလေးအောင်ဇမ္ဗူ

16-4-2026 (သင်္ကြန်အတက်နေ့)Congratulation အောင်ဇမ္ဗူဇာတ်သဘင် ..🧡အမှတ်တရတစ်ခု အနေနဲ့ရော မှတ်တိုင်တစ်ခုအနေနဲ့ပါ အများကြီးဝ...
17/04/2026

16-4-2026 (သင်္ကြန်အတက်နေ့)
Congratulation အောင်ဇမ္ဗူဇာတ်သဘင် ..🧡
အမှတ်တရတစ်ခု အနေနဲ့ရော မှတ်တိုင်တစ်ခုအနေနဲ့ပါ အများကြီးဝမ်းသာပီတိဖြစ်ရပါသောနေ့ ...

မြန်မာ့သင်္ကြန်မှာ မြန်မာ့ဇာတ်သဘင်ကို အလေးအနက်ထားပေးခဲ့တာ ... ခုမှစပြီး ကြိုးစားနေတဲ့ လူငယ်တွေကို နေရာတစ်ခုပေးခဲ့တာ Fan တစ်ယောက်အနေနဲ့ရော သဘင်ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ရော ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်ဇနီး, ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှလူကြီးမင်းများနှင့်တကွ တာဝန်ရှိသူလူကြီးမင်းများအား အထူးကျေးဇူးတင်ရှိပါတယ်ရှင့် ..

အောင်ဇမ္ဗူတစ်ယောက်ထဲအနေနဲ့ မဟုတ်ပဲ အောင်ဇမ္ဗူဇာတ်သဘင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဖိတ်ကြားခံရမှုအတွက်လည်း တကယ်အများကြီးပီတိဖြစ်ရပါတယ် .. အဖွဲ့သားတွေအပေါ် ဇမ္ဗူလေးရဲ့မေတ္တာကို လူကြီးတွေကအစ မြင်တွေ့ပေးခဲ့တာ ဒီအဖွဲ့ရဲ့ စည်းလုံးမှူ အဖွဲ့လိုက်ညီညွတ်မှူ တစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုနဲ့ ကောင်းကွက်ကလေးတွေကိုမြင်တွေ့အောင်ပြနိုင်တာဟာ ကြိုးစားမှုရဲ့ ရလဒ်တစ်ခုပါ .. အများကြီးဒီ့ထက်အောင်မြင်ပါစေလ်ု့ဆုတောင်းရင်း ဒီနေ့လေးကိုမှတ်တမ်းတင်ထားပါရစေနော် .. 🧡

'sMemory

#ဇာတ်မင်းသားလေးအောင်ဇမ္ဗူ

ဒီ Page လေးမှာ ဇမ္ဗူ့ရဲ့ အမှတ်တရ အောင်မြင်မှုစိုက်ထူနိုင်တဲ့နေ့လေးတွေ မှတ်တမ်းတင်ပါမယ်နော် .. ရှေ့တုန်းက အမှတ်တရလေးတွေလည...
17/04/2026

ဒီ Page လေးမှာ ဇမ္ဗူ့ရဲ့ အမှတ်တရ အောင်မြင်မှုစိုက်ထူနိုင်တဲ့နေ့လေးတွေ မှတ်တမ်းတင်ပါမယ်နော် .. ရှေ့တုန်းက အမှတ်တရလေးတွေလည်း ရက်စွဲလေးတွေနဲ့ ဖြေးဖြေးချင်း မှတ်တမ်းတင်ပါ့မယ် ..🧡

အများကြီးတင်နိုင်ချင်မှ တင်နိုင်မှာပေမယ့် အဓိကရက်စွဲလေးတွေတော့ အမှတ်တရအနေနဲ့ တင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ် .. 🧡

ဇမ္ဗူ့ကို ချစ်တဲ့စိတ်နဲ့ ဇမ္ဗူ့ရဲ့ Fan အဖြစ် ကောင်းသောအမှတ်တရတွေက်ုသာ မှတ်တမ်းတင်ပြီး မျှဝေပါ့မယ်နော် .. 🧡

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Zabu's Memory - Forever Top posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category