Miss Grand Taunggyi 2026

Miss Grand Taunggyi 2026 Beautiful, young, intelligent and energetic �
tiktok: thetmyatnoezaw_official

(Official Statement)📌ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၊၂ရက်အကြောင်းအရာ။ ။ Miss Grand Myanmar ပြိုင်ပွဲကြီးမှ နှုတ်ထွက်ခွင...
02/07/2026

(Official Statement)📌
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၊၂ရက်

အကြောင်းအရာ။ ။ Miss Grand Myanmar ပြိုင်ပွဲကြီးမှ နှုတ်ထွက်ခွင့်ပြုပါရန် လေးစားစွာ မေတ္တာရပ်ခံခြင်းနှင့် ရှေ့ဆက်မည့် လုပ်ငန်းစဉ်များအား အသိပေးကြေညာခြင်း။
ကျွန်မတို့ရဲ့ Miss Grand Taunggyi 2026ကိုယ်စားပြု အလှမယ်အား ပြိုင်ပွဲယှဉ်ပြိုင်ခဲ့စဉ်ကာလတစ်လျှောက်မှာ ၊ချစ်ခင်အားပေးကြပါသော ပရိတ်သတ်များနှင့် ၊မီဒိီယာအကိုအမများအားလုံးကို ပထမဦးစွာ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ရှင်။
ကျွန်မတို့ရဲ့ Miss Grand Taunggyi 2026 ကိုယ်စားပြုအလှမယ်ဟာ ပြိုင်ပွဲကာလတစ်လျှောက်မှာ များစွာကြိုးစားအားထုတ်ပြီး ယှဉ်ပြိုင်ခဲ့ သည်ကို အားလုံးလဲ သိပြီးကြမှာဖြစ်ပါတယ် ။
ယခုအခါမှာ ကျွန်မတို့ရဲ့ တောင်ကြီးကိုယ်စားပြုအလှမယ်သည် သူမ၏ အနာဂတ် ရည်မှန်းချက် များအတွက် ပညာရေးကဏ္ဍ တွင် ပိုမိုအာရုံစိုက် လေ့လာဆည်းပူးရန်နှင့် အနုပညာလုပ်ငန်းများ ကို ကောင်းမွန်စွာ ဆက်လက် ပြီး ထိရောက်စွာ အားစိုက်လုပ်ဆောင်နိုင်ရန်အတွက် အလေးအနက် စဉ်းစားဆုံးဖြတ်ခဲ့သည်တို့ကိုအသိပေးအကြောင်းကြားလာခဲ့ပါသည်။ထို့ကြောင့် ကျွန်မတို့ Organization အနေဖြင့် အလှမယ်၏ ရှေ့ဆက်မည့် အနာဂတ်ခရီးလမ်းနှင့် ဆုံးဖြတ်ချက်ကို အပြည့်အဝ လေးစားအသိအမှတ်ပြုသည့်အနေဖြင့် မကြာမီကျင်းပပြုလုပ်မည့် Miss Grand Myanmar2026 ပြိုင်ပွဲကြီးမှ တရားဝင် နှုတ်ထွက်ခွင့်ပြုပါရန် Miss Grand Myanmar National Director နှင့်တကွ တာဝန်ရှိသူအဖွဲ့အစည်းများထံသို့ အသိပေး အကြောင်းကြားခဲ့ပါသည်။
ထိုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် အတွက် ခွင့်ပြုခဲ့ပြီး လိုအပ်သည်များကို နားလည်မှုအပြည့်ဖြင့် ကူညီပံ့ပိုးပေးခဲ့ကြတဲ့ Miss Grand Myanmar Organization အဖွဲ့သားများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။
နောက်ထပ်လည်း ကျွန်မတို့အလှမယ်ရဲ့ အနာဂတ် ပညာရေးနှင့် အနုပညာခရီးလမ်းကို ဆက်လက်လျှောက်လှမ်းမည့် အစီအစဉ်များတွင်လည်း ပရိသတ်များအနေဖြင့်၊ယခင်ကဲ့သို့ပင် ချစ်ခင်အားပေးကြပါရန်နှင့် နားလည်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

လေးစွာစွာဖြင့်။ ။
Miss Grand Taunggyi City Director .
Miss Grand Taunggyi 2026.
Thet Myatnoe Zaw.

16/05/2026

Our young and beautiful Miss Grand Taunggyi
👑Thet Myatnoe Zaw👑
MGM journey memories 💕🎉
ပွဲစဥ်တလျှောက်အမှတ်တရလေးများစုစည်းထားမှုပါ
ချစ်ခင်အားပေးကြသူတစ်ဦးတစ်ယောက်ချင်းစီအားကျေးဇူးတင်ပါတယ်ရှင့် 😘🫶




Interview from yesterday National Costume competition ❤️ဆုမရခဲ့ပေမဲ့  တောင်ကြီးမြို့အတွက် ရည်ရွယ်ချက်ကောင်းလေးနဲ့  အကောင...
05/05/2026

Interview from yesterday National Costume competition ❤️
ဆုမရခဲ့ပေမဲ့ တောင်ကြီးမြို့အတွက် ရည်ရွယ်ချက်ကောင်းလေးနဲ့ အကောင်းဆုံးကြိုးစားခဲ့တာမို့ ချစ်ခင်အားပေးကြပါအုံးနော် 🙏🌸
လိုအပ်ချက်များရှိပါကလဲ ပိုကြိုးစားသွားပါ့မယ်နော် 😘

210 likes, 2 comments. “ချယ်ရီပန်းလေးတွေ အတွက် မပြုလုပ်သင့်တဲ့ အရာကို မက်ဆေ့ချ်ပေးလာတဲ့ တောင်ကြီး အလှမယ်လေး သက်မြတ်နိုးဇ...

04/05/2026

သက်မြတ်နိုးဇော် Miss Grand Taunggyi ၏ National Costume ယှဥ်ပြိုင်မှုလေးပါရှင် 🙏

🌸ရှမ်းပြည်ရဲ့ အလှပုံရိပ် ချယ်ရီပင်ရဲ့အလှတရားကို ထိန်းသိမ်းစေဖို့ ချယ်ရီပန်းလေးများကို မခူးဆွတ်ပဲပင်မြင့်ထက်မှာလှစေဖို့ ရည်ရွယ်ချက်ကလေးပါရှင့်🌸

"Saving one blossom helps protect a whole eco system" 🌸
video credit- taryar pagent



Miss Grand Myanmar 2026ရဲ့ National Costume ပြိုင်ပွဲကြီးတွင် တောင်ကြီးကိုယ်စားပြု အလှမယ် သက်မြတ်နိုးဇော် ဝတ်ဆင် ယှဉ်ပြိ...
03/05/2026

Miss Grand Myanmar 2026ရဲ့ National Costume ပြိုင်ပွဲကြီးတွင် တောင်ကြီးကိုယ်စားပြု

အလှမယ် သက်မြတ်နိုးဇော် ဝတ်ဆင် ယှဉ်ပြိုင်သွားမဲ့ ဝတ်စုံလေးကို တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်ရှင် 🌸

အမှားယွင်းတစ်စုံတစ်ရာပါ သွားပါက လဲ ကြိုတင် တောင်းပန် မေတ္တာရပ်ခံ အပ်ပါတယ် ရှင် 🙏🏽🌸


#ချယ်ရီပန်း_များရဲ့တန်ဖိုးနှင့်_သဘာဝအလှတရား

🌸 #ချယ်ရီပန်း_များရဲ့တန်ဖိုးနှင့်_သဘာဝအလှတရား🌸🌸ချယ်ရီပန်းတွေဟာ သဘာဝက လူသားတို့အား ပေးအပ်ထားတဲ့ အလှတရားအပြည့်ရှိတဲ့ ပန်းမ...
03/05/2026

🌸 #ချယ်ရီပန်း_များရဲ့တန်ဖိုးနှင့်_သဘာဝအလှတရား🌸

🌸ချယ်ရီပန်းတွေဟာ သဘာဝက လူသားတို့အား ပေးအပ်ထားတဲ့ အလှတရားအပြည့်ရှိတဲ့ ပန်းများထဲမှ တစ်မျိုးဖြစ်သည်ကို အားလုံးသိကြမည်ထင်ပါတယ်ရှင်။

🌸ဆောင်းဦးရာသီနှင့်ဆောင်းရာသီတို့ရောက်လာတဲ့အခါတွေမှာ ရှမ်းပြည်နယ်မှာရှိတဲ့ တောင်တန်းတွေနဲ့
လမ်းဘေးဝန်းကျင်တွေမှာ ပန်းရောင်ဖျော့ဖျော့၊ အဖြူရောင်နူးနူးညံ့ညံ့ ချယ်ရီပန်းတွေပွင့်လန်းလာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

🌸ထိုမြင်ကွင်းဟာ သဘာဝရဲ့ အေးချမ်းမှု၊ နူးညံ့မှုနှင့် အသက်ဝင်မှုကို ဖော်ပြပေးသလို ကျွန်မတို့အားလုံးရဲ့စိတ်ကိုလည်း ကြည်နူးအေးချမ်းစေပါတယ် ။

📌🌸ချယ်ရီပန်းကို တန်ဖိုးထားသင့်သည့် အကြောင်းရင်းများစွာ ရှိတဲ့ထဲမှာ - - -⤵️⤵️⤵️

🌸ပထမအနေဖြင့် ချယ်ရီပန်းများသည် သဘာဝပတ်ဝန်းကျင်၏ အလှအပကို မြှင့်တင်ပေးတဲ့ ပန်းတွေထဲက တစ်မျိုးလဲ ဖြစ်ပါတယ်ရှင်။

🌸ပန်းများပွင့်နေသည့် အချိန်တွင် တောင်တန်းများ၊ လမ်းများဟာ ပန်းရောင်အလှများနဲ့ ဖုံးလွှမ်းသွားပြီး ကျွန်မတို့လူသားအားလုံးကို သဘာဝနှင့် နီးကပ်စေပါတယ်။

🌸ဒုတိယအနေဖြင့် ချယ်ရီပန်းများဟာ အသက်တာရဲ့
မတည်မြဲမှုကို သင်ကြားပေးပါတယ်၊ ပန်းများဟာအချိန်တိုအတွင်းသာ ပွင့်လန်းပြီး ပြန်လည်ကြွေကျသွားကြသဖြင့်

“လှပမှုဆိုသည်မှာ ထာဝရမဟုတ်”
ဆိုသည့် သဘာဝတရားကို သတိပေးနေသည်။ ထို့ကြောင့် လူတို့သည် လက်ရှိအချိန်၏ တန်ဖိုးကို နားလည်လာစေသည်။

🌸ထို့အပြင် ချယ်ရီပန်းများသည် ဒေသတစ်ခု၏ သဘာဝအမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။
အထူးသဖြင့် တောင်ပေါ်ဒေသများတွင် ပွင့်လန်းသော ချယ်ရီပန်းများဟာ ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး ဒေသ၏ အလှတရားနှင့် ယဉ်ကျေးမှုကို ကိုယ်စားပြုနေတာဘဲဖြစ်ပါတယ်။

🌸ဒါကြောင့် ချယ်ရီပန်းများကို မခူးဆွတ်ဘဲ ထိန်းသိမ်းစောင့်ရှောက်သင့်သည်ဟု ယူဆပါတယ်။
သဘာဝအလှတရားများ ပျက်စီးသွားပါက နောင်လာမည့် မျိုးဆက်များသည် ထိုအလှကို မြင်တွေ့ခံစားနိုင်ခြင်းမရှိတော့တာမျိုး မဖြစ်ပေါ်ဖို့အတွက် ကျွန်မတို့အားလုံး ထိန်းသိန်းရန်လိုအပ်ပါတယ်ရှင်။

🌸ဒါကြောင့် ချယ်ရီပန်းတွေကို တန်ဖိုးထားခြင်းဟာ
သဘာဝကို တန်ဖိုးထားခြင်းလဲ ဖြစ်ပါတယ်။ သဘာဝအလှတရားများ မပျောက်ကွယ်သွားစေရန် လူတိုင်းက ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်ကို ထောက်ပြချင်သောဝတ်စုံ လေးကိုတော့ Miss Grand Taunggyi ကျွန်မသက်မြတ်နိုးဇော်နှင့်အတူ City Director Pandora Htoo မှ စိတ်ကူးသန်းပြီး Designer Ma phoo pwint wai ကဖန်တီးချုပ်လုပ်ပေးထားတာဘဲ ဖြစ်ပါတယ်ရှင်🙏🏽🌸။

Designer _Phoo Pwint Wai
Make Up _Shu Mawa Naing
Hair Do _Sai Naung
Photo _AL EX




Miss Grand Taunggyi 2026သက်မြတ်နိုးဇော် ရဲ့ National Costume ရဲ့ တစ်စိတ်တစ်ပိုင်း ပုံလေးတွေဖြစ်ပါတယ်ရှင် 🌸Designer _Ma P...
03/05/2026

Miss Grand Taunggyi 2026

သက်မြတ်နိုးဇော် ရဲ့ National Costume ရဲ့ တစ်စိတ်တစ်ပိုင်း ပုံလေးတွေဖြစ်ပါတယ်ရှင် 🌸

Designer _Ma Phoo Pwint Wai
Make Up _Shu Mawa Naing
Hair Do _Sai Naung
Photo _AL EX
Creative Director- Pandora Htoo






03/05/2026

Miss Grand Myanmar 2026 ပွဲကြီးမှာ တောင်ကြီးမြို့ကို ဂုဏ်ယူစွာဖြင့် ကိုယ်စားပြုယှဥ်ပြိုင်နေတဲ့ 👑သက်မြတ်နိုးဇော် Miss Grand Taunggyi 2026 👑ဖြစ်ပါတယ်ရှင်.
Channel 9 နဲ့ Skynet application တို့မှာလဲဝင်ရောက်ကြည့်ရှုအားပေးလို့ရပါပြီနော် ❤️❤️

MUA- Khaing Ei Zin





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Miss Grand Taunggyi 2026 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category