02/12/2024
အရင်က share ပြီး တင်ဖူးတာလေးတွေ့လို့ copy လုပ်ပြီး paste ပြန်ချလိုက်တယ်
မူရင်းရေးတဲ့သူရဲ့ idea ကို အရမ်းသဘောကျမိတယ် 🥰
“သိစေချင်သည်..........
တစ်ခဏတာခံစားမှု့အတွက်` သူ´ဆိုတာ
အနားမှာရှိနေစေချင်မိပေမဲ့လည်း
`သူ´မရှိလို့ အသက်ရှုရပ် မသွားနိုင်တာသိစေချင်မိတယ်..........
ရှိခဲ့ဖူးတဲ့ relationတစ်ခုကြောင့် လက်ကျန်သံယောဇဉ်တွေ
ရှိနိုင်တာမို့ ပြတ်သားခြင်းမရှိခဲ့သေးရင်လည်း
ငြိမ်သက်သွားမယ့် အချိန်အတိုင်းအတာတစ်ခုရှိလာဦးမယ်
ဆိုတာသိစေချင်မိတယ်.............
`မရှိမဖစ်လိုအပ်ပါတယ်´လို့ ပြောမိနေတဲ့ဒီအချိန်မှာ
နောင်တစ်ချိန်`သူမရှိလည်းနေနိုင်နေပါတယ်´လို့ တွေးမိတော့မယ့့်အသိဝင်လာမယ်ဆိုတာသိစေချင်မိတယ်..........
``Don't worry ..... Be Happy ´´လို့ကိုယ့်ကိုကိုယ်
ပြန်အားပေးနေရတဲ့ ဒီအချိန်ဟာ...............
သိပ်မကြာတော့တဲ့အချိန်မှာ``I think........I 'm OK ´´ လို့ပြောနိုင်လာဦးမယ်ဆိုတာသိစေချင်မိတယ်...............”
credit to owner