ခြယ် ပန်းချီသင်တန်း Chal Art Class

  • Home
  • Myanmar
  • Yangon
  • ခြယ် ပန်းချီသင်တန်း Chal Art Class

ခြယ် ပန်းချီသင်တန်း Chal Art Class ပန်းချီသင်တန်း (Art class in downtown Yangon) ☎️ 09795514495

ခြယ် တို့ရဲ့ အိပ်မက်ဖမ်းပိုက်ကွန်လေးတွေ …🍀🍀🍀
22/07/2026

ခြယ် တို့ရဲ့ အိပ်မက်ဖမ်းပိုက်ကွန်လေးတွေ …

🍀🍀🍀







စိတ်တည်ငြိမ်ဖို့ မန္တလာ (မဏ္ဍလ) အဝိုင်းလေးတွေ ရေးဆွဲကြရအောင်*********"မန္တလာ" (Mandala) ဆိုတာ သက္ကတဘာသာစကားနဲ့ "အဝိုင်း"...
14/07/2026

စိတ်တည်ငြိမ်ဖို့ မန္တလာ (မဏ္ဍလ) အဝိုင်းလေးတွေ ရေးဆွဲကြရအောင်
*****
***
*
"မန္တလာ" (Mandala) ဆိုတာ သက္ကတဘာသာစကားနဲ့ "အဝိုင်း" သို့မဟုတ် "စကြဝဠာ" လို့ အဓိပ္ပာယ်ရပါတယ်။ ဗဟိုချက် အစက်အမှတ်တစ်ခုကနေ စတင်ပြီး စည်းချက်ကျကျ၊ စနစ်ကျကျ ဘေးပတ်ပတ်လည်ကို ဖြာထွက်သွားတဲ့ ဂျီဩမေတြီပုံစံ အနုပညာတစ်မျိုး ဖြစ်ပါတယ်။ ရှေးကာလတွေကတည်းက ဘာသာရေးနဲ့ တရားရှုမှတ်ခြင်းဆိုင်ရာ သင်္ကေတတစ်ခုအဖြစ် အသုံးပြုခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ မန္တလာရေးဆွဲခြင်းကို စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ စိတ်တည်ငြိမ်စေဖို့အတွက် အစွမ်းထက်တဲ့ အနုပညာကုထုံး (Art Therapy) တစ်ခုအဖြစ်ပါ လူသိများလာပါတယ်။
တကယ်လည်း မန္တလာရေးဆွဲခြင်းက ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီး ပေးနိုင်ပါတယ်။ ပထမဆုံးအကျိုးကျေးဇူးက ပစ္စုပ္ပန်တွင် အာရုံစိုက်မိစေခြင်း (Mindfulness) ပါ။ မန္တလာတစ်ခုကို ဆွဲသားတဲ့အခါမှာ အသေးစိတ်အကွက်တွေ၊ စည်းစနစ်ကျတဲ့ လိုင်းတွေနဲ့ အရောင်တွေကို အထူးအာရုံစိုက်ရတဲ့အတွက် လွင့်ပျံ့နေတဲ့ စိတ်အစဉ်ကို ပစ္စုပ္ပန်တည့်တည့်ကို ပြန်လည်ဆွဲခေါ်ပေးပါတယ်။ ပစ္စုပ္ပန်မှာ စိတ်တည်ငြိမ်သွားတဲ့အခါ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက တစ်ထစ်ချင်း လျော့ကျလာပါတယ်။ ထပ်ခါတလဲလဲ ပုံစံတူဒီဇိုင်းတွေကို အာရုံစိုက်ဂရုပြုဆွဲနေရတာကိုက ဦးနှောက်လှိုင်းတွေကို ငြိမ်းအေးစေပြီး သတိပဌာန်တရားပွားများနေသလို စိတ်ကို တွေ့ရှိကာ ခန္ဓာကောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ ဒါတင်မကသေးဘဲ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးခြင်းဆိုတဲ့ အကျိုးကျေးဇူးလည်း ရှိပါတယ်။ မန္တလာပုံစံတွေမှာ ကန့်သတ်ချက်မရှိဘဲ ရေးဆွဲသူစိတ်ကြိုက် ပုံဖော်နိုင်တာမို့လို့ ဖန်တီးလိုစိတ်ကို ပိုမိုလှုံ့ဆော်ပေးပြီး စိတ်ကျေနပ်မှုကို ပိုမိုရရှိစေတာပါ။
ဒီလို အကျိုးကျေးဇူးများလှတဲ့ မန္တလာရေးဆွဲဖို့ကို ဘယ်လိုစတင်မလဲဆိုတော့ …
မန္တလာရေးဆွဲဖို့ ပန်းချီအခြေခံရှိဖို့ မလိုလှပါဘူး။ စာရွက်တစ်ရွက်ပေါ်မှာ စက်ဝိုင်းတစ်ခုဆွဲပြီး ဗဟိုအချက်အချာ အစက်အမှတ်တစ်ခုက စတင်ပြီး စက်ဝိုင်းပုံစံ၊ တြိဂံပုံစံ၊ ပန်းပွင့်ဖတ်ပုံစံများကို ကိုယ့်စိတ်ကြိုက် ဖြည်းဖြည်းချင်း တိုးချဲ့ဆွဲသားသွားရုံသာ ဖြစ်ပါတယ်။ မန္တလာထဲမှာထည့်သွင်းမယ့်ဒီဇိုင်းတွေကို သီးခြားလေ့ကျင့်နိုင်ပါတယ်။ ပန်းချီတော်နေဖို့မလိုသေးဘဲ ဒီဇိုင်းအမြင်၊ အလှအပအမြင်လေး ရှိနေရင်ကို အဆင်ပြေပါပြီ။
မွန်းကျပ်ပင်ပန်းစရာတွေနဲ့ ပြည့်နှက်နေတဲ့ နေ့ရက်တွေမှာ စိတ်အပန်းပြေစေဖို့နဲ့ စိတ်အေးချမ်းမှုကို ရှာဖွေဖို့အတွက် မိနစ်အနည်းငယ်ပဲ အချိန်ပေးပြီး မန္တလာရေးဆွဲခြင်းကို စမ်းသပ်ရေးဆွဲကြည့်သင့်ပါတယ်ရှင်။

Mandala ရေးဆွဲဖို့ ခြယ် ☎️ 09795514495 ကို ဆက်လိုက်ဖို့ မမေ့နဲ့နော်။

ခြယ် ပန်းချီသင်တန်း
Chal Art Class/ Chal Fine Art & Design
☎️ 09795514495










အရောင်တွေ၊ မျဉ်းကြောင်းတွေ၊ ပုံသဏ္ဌာန်တွေနဲ့ အလွယ်တကူ စိတ်ကိုကုစားလို့ရတာ သိပါသလား***************စကားလုံးတွေနဲ့ ဖော်ပြလိ...
12/07/2026

အရောင်တွေ၊ မျဉ်းကြောင်းတွေ၊ ပုံသဏ္ဌာန်တွေနဲ့ အလွယ်တကူ စိတ်ကိုကုစားလို့ရတာ သိပါသလား
*******
*****
***
စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်လောက်အောင် မွန်းကျပ်နေပြီ၊ ပင်ပန်းနေပြီဆိုရင် စိတ်ထဲက ခံစားချက်တွေကို အပြင်ထုတ်ဖို့ အကောင်းဆုံးနဲ့ အနူးညံ့ဆုံး နည်းလမ်းတစ်ခုကတော့ ပန်းချီရေးဆွဲခြင်းပဲ ဖြစ်ပါတယ်။

ပန်းချီဆွဲပြီး ခံစားချက်တွေဖော်ထုတ်ဖို့ဆိုတာ ပန်းချီပညာရှင်ဖြစ်မှ လှလှပပရေးဆွဲနိုင်မှ လုပ်လို့ရမယ့်အရာ မဟုတ်ပါဘူး။ အဖြူရောင်စက္ကူအလွတ်တစ်ရွက်ပေါ်မှာ ကိုယ်နှစ်သက်တဲ့ အရောင်တစ်ရောင်ကို ယူပြီး လွတ်လပ်စွာ ခြစ်ချလိုက်တာ၊ ဖြန့်ချလိုက်တာ၊ ဆေးရောင်တွေ ရောက်ရာပေါက်ရာ ရောစပ်ပစ်လိုက်တာဟာလည်း ပန်းချီဆွဲပြီး စိတ်ကိုလွပ်လပ်စွာ လွှတ်ပေးလိုက်ခြင်းတစ်မျိုးပါပဲ။
အဲဒါကို Healing with the Art လို့ ခေါ်ပါတယ်။ အနုပညာနဲ့ စိတ်ကို ကုစားခြင်း တစ်နည်းအားဖြင့် ထွက်ပေါက်တစ်ခု ပေးခြင်းဖြစ်ပါတယ်။

အနုပညာကိုအသုံးပြုပြီး စိတ်ကိုကုစားခြင်း (Art Therapy) သဘောတရားအရ ဆေးရောင်ခြယ်နေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ အာရုံဟာ ပစ္စုပ္ပန်တည့်တည့်က အရောင်တွေ၊ လိုင်းတွေ၊ ပုံသဏ္ဌာန်တွေပေါ်မှာပဲ ရှိနေတာမို့ ဦးနှောက်ကို ခေတ္တခဏ အနားရစေပြီး စိတ်ဖိစီးမှုတွေကို မေ့လျော့သွားစေပါတယ်။
ဝမ်းနည်းမှု၊ ဒေါသထွက်မှု၊ စိုးရိမ်ပူပန်မှုတွေကို စကားလုံးနဲ့ ပြောမပြချင်တဲ့အခါ ခပ်ရင့်ရင့်အရောင်တွေ တောက်တောက်ပပအရောင်တွေ ဒါမှမဟုတ် ထင်ရှားပြတ်သားတဲ့ မျဉ်းကြောင်းတွေကတစ်ဆင့် စိတ်ကူးရှိသလို (ဘေးကင်းလုံခြုံစွာ) ပေါက်ကွဲထုတ်ပစ်လို့ ရပါတယ်။
အဲဒီအပိုင်းကို ခံစားချက်တွေကို စကားလုံးမဲ့ ဖော်ထုတ်ခြင်း ပုံဖော်ခြင်းလို့ အမည်ပေးနိုင်ပါတယ်။ စိတ်ရှိလက်ရှိ အရောင်တွေ အသွင်သဏ္ဌာန်တွေကို ရေးခြစ်ပြီးလို့ ပန်းချီကားတစ်ချပ် ပြီးဆုံးသွားပြီလို့ ယူဆလိုက်တဲ့အချိန် စိတ်ထဲမှာ ပေါ့ပါးသွားပြီး ငါတစ်ခုခုကို ဖန်တီးနိုင်ခဲ့ပြီဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စိတ်ကျေနပ်မှုကို ရရှိကာ စိတ်ခွန်အားတွေ ပြန်လည်ရရှိပါလိမ့်မယ်။

ဒီလို စိတ်ခွန်အားပြန်လည်ရရှိဖို့ ပန်းချီဆွဲကြမယ်ဆိုရင် ပန်းချီပစ္စည်းတွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ မလိုပါဘူး။ ခဲတံတစ်ချောင်း၊ စက္ကူတစ်ရွက် ဒါမှမဟုတ် ရောင်စုံဘူးလေးတစ်ဘူး ရှိရုံနဲ့တင် လုံလောက်ပါတယ်။ ပန်းချီကားတစ်ချပ်မှာ အမှားအမှန်မရှိသလို လှပနေဖို့ထက် ကိုယ့်ရဲ့စိတ်ကို လွတ်လပ်ခွင့်ပေးဖို့က ပိုအရေးကြီးပါတယ်။

ဆိုတော့ကာ ဒီနေ့ပဲ ကျွန်မတို့စိတ်ထဲက အပူအပင်တွေကို စက္ကူပေါ်က ဆေးရောင်တွေ လိုင်းတွေ အသွင်သဏ္ဌာန်တွေအဖြစ် ပြောင်းလဲပစ်လိုက်ပြီး အရာရာကို ခေတ္တခဏ လွှတ်ချလိုက်ဖို့ စုတ်တံတစ်ချောင်းကို စတင်ကိုင်စွဲကြည့်လိုက်ရအောင်နော်။

ခြယ် ပန်းချီသင်တန်းမှာ Healing with the Art အစီအစဉ်လေး ရှိပါတယ်။ အတူတူ ပေါက်ကွဲခံစားဖွင့်ဟကြရအောင်လား။

Ph. 09795514495








အသွင်သဏ္ဌာန် ... အသွေးအနုအရင့် ... အလင်းအမှောင် ....ခြယ် ပန်းချီသင်တန်းChal Art Classဆိပ်ကမ်းသာလမ်း☎️ 09795514495
09/07/2026

အသွင်သဏ္ဌာန် ... အသွေးအနုအရင့် ... အလင်းအမှောင် ....

ခြယ် ပန်းချီသင်တန်း
Chal Art Class
ဆိပ်ကမ်းသာလမ်း
☎️ 09795514495







ပန်းချီအနုပညာနဲ့ ပင်ပန်းထိခိုက်နေတဲ့ စိတ်လေးကိုကုစားကြမယ် (Healing with the Art)**************************လောကီရေးရာ နေ့...
03/07/2026

ပန်းချီအနုပညာနဲ့ ပင်ပန်းထိခိုက်နေတဲ့ စိတ်လေးကိုကုစားကြမယ်
(Healing with the Art)
**************************

လောကီရေးရာ နေ့စဉ်လူမှုဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အလုပ်ခွင်၊ စာမေးပွဲဖိအားလို ပညာရေးပတ်ဝန်းကျင်၊ မရိုးနိုင်တဲ့ ပြိုင်ဆိုင်မှုအမျိုးမျိုးကြားမှာ ကျွန်မတို့အားလုံးဟာ တစ်ခါတလေ စိတ်မွန်းကျပ်မှုတွေကို မလွဲမသွေ ရင်ဆိုင်ကြရပါတယ်။ ရင်ဆိုင်ရင်းနဲ့ ထွက်ပေါက်မရှိသလို ခံစားရတဲ့အခါ ကိုယ့်ရဲ့သောကတွေ၊ မွန်းကျပ်မှုတွေ၊ အခက်အခဲတွေကို စကားလုံးတွေနဲ့ ဘယ်လိုထုတ်ဖော်ပြောပြရမှန်း မသိလို့ ရင်ထဲခက်ခဲပြည့်ကျပ်လာတဲ့အခါ ပန်းချီအနုပညာကုထုံး (Art Therapy) က ကိုယ့်ရဲ့စိတ်ကို ငြိမ်းချမ်းစေမယ့် လမ်းပြမီးအိမ်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

လူအများစု ထင်တတ်ကြတာက ပန်းချီဆွဲပြီး စိတ်ကိုကုစားဖို့ဆိုရင် ပန်းချီပညာရှင်တစ်ယောက်လို တော်နေရမယ်၊ ဆွဲတဲ့ပန်းချီကားက လှနေရမယ်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် Art Therapy ရဲ့ သဘောတရားကတော့ လှပဖို့မလိုဘဲ စိတ်ထဲရှိတာကို ပုံဖော်ဖို့ပဲ ဖြစ်ပါတယ်။ ဆေးရောင်စုံတွေ၊ စုတ်တံတွေဒါမှမဟုတ် ခဲတံတစ်ချောင်းဟာ စကားမပြောတတ်ပေမဲ့ ကျွန်မတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အမှန်ကန်ဆုံး နားထောင်ပေးနိုင်တဲ့ မိတ်ဆွေကောင်းတွေပါ။

စိတ်ခံစားချက်အလိုက် ပန်းချီနဲ့ ဘယ်လိုကုစားမလဲဆိုရင်တော့ ပထမဆုံးအနေနဲ့ ဒေါသနဲ့ မွန်းကျပ်မှုတွေ ရှိသလောက် အားပြင်းပြင်းခြစ်ချလိုက်ဖို့ပါပဲ။ စိတ်ထဲမှာ ဒေါသတွေတောက်လောင်နေချိန်၊ ဒါမှမဟုတ် ဝမ်းနည်းမွန်းကျပ်နေချိန်မှာ စက္ကူအထူတစ်ရွက်ပေါ်ကို စုတ်တံနဲ့ ဆေးရောင်ရဲရဲတွေကို စိတ်ရှိလက်ရှိ ခြစ်ချလိုက်ပါ။ ရလဒ်က ဘာပုံမှန်းမသိတဲ့ abstract ကားတစ်ချပ် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆေးရောင်တွေကို အားနဲ့ဖိချလိုက်တဲ့အခါ ကိုယ့်ရင်ထဲက ပိတ်လှောင်နေတဲ့ စိတ်ထွက်ပေါက်က စက္ကူပေါ်ကို စီးဆင်းသွားပြီး စိတ်ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။ စက္ကူပေါ်က ကိုယ့်ရဲ့လက်ရာကလည်း လွတ်လပ်ပေါ့ပါးတဲ့ အရောင်အသွေးနဲ့ ကောက်ကြောင်းတွေအဖြစ် အံ့ဩစရာ surprise လက်ရာတစ်ခုအဖြစ် စိတ်ကိုတစ်နည်းတစ်ဖုံ ပြောင်းလဲပေးမှာသေချာပါတယ်။

နောက်တစ်ခုက စိတ်ပူပန်မှုတွေ ဖြစ်လာတဲ့အခါ မျက်လုံးမှိတ်ပြီး စာကြောင်းတွေ အစင်းတွေ လျှောက်ခြစ်ပစ်ဖို့ပါ။ မနက်ဖြန်တွေအတွက် စိတ်ပူစရာတွေများနေပြီး အာရုံမစိုက်နိုင်တော့တဲ့အခါ မျက်လုံးကို မှိတ်၊ ခဲတံတစ်ချောင်းကိုကိုင်ပြီး စက္ကူပေါ်မှာ စိတ်ကြိုက် လျှောက်ခြစ်လိုက်ပါ။ မိနစ်အနည်းငယ်ကြာလို့ မျက်လုံးပြန်ဖွင့်တဲ့အခါ အဲဒီအခြစ်ရာတွေကြားထဲမှာ ပေါ်လာတဲ့ ပုံသဏ္ဌာန်လေးတွေကို လိုက်ရှာပြီး နှစ်သက်သလို လွတ်လွတ်လပ်လပ် ဆေးရောင်ခြယ်ကြည့်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ အာရုံစူးစိုက်မှုကို လက်ရှိပစ္စုပ္ပန်တည့်တည့်ဆီ ပြန်ခေါ်ဆောင်လာပေးမယ့် နည်းလမ်းဖြစ်ပါတယ်။

တတိယတစ်ချက်အနေနဲ့ စိတ်အေးချမ်းမှုအတွက် သဘာဝကို ပုံဖော်ကြည့်ဖို့ပါ ကိုယ့်အတွက် လုံခြုံပြီး စိတ်အေးချမ်းရမယ့်နေရာ (Safe Zone) တစ်ခုကို စိတ်ကူးယဉ်ပြီး ဆွဲကြည့်ပါ။ အပြာရောင်ပင်လယ်ပြင်၊ စိမ်းစိုနေတဲ့ တောအုပ်၊ ညမှောင်မှောင်မှာ လင်းနေတဲ့ ကြယ်ပွင့်လေးတွေ၊ မိဘရင်ခွင်၊ တိတ်ဆိတ်ငြိမ်သက်တဲ့ကော်ဖီဆိုင်လေး စတာတွေ ဖြစ်နိုင်ပါတယ်။ အပြာရောင်နဲ့ အစိမ်းရောင်လို ငြိမ်းချမ်းတဲ့ အရောင်တွေကို သုံးစွဲခြင်းက သင့်ဦးနှောက်ကို အနားရစေပြီး စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျော့ကျစေကာ ပူပန်မှုတွေကို အေးချမ်းစေပါတယ်။

ဆိုရရင်တော့ ပန်းချီအနုပညာနဲ့ ကုစားခြင်းဆိုတာ အနုပညာဖန်တီးမှုတစ်ခုတင်မကဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည်စကားပြောခြင်းနဲ့ စိတ်ဓာတ်ကို ပြန်လည်ပြုစုပျိုးထောင်ခြင်းလည်း ဖြစ်ပါတယ်။ ကိုယ်ဟာ စိတ်ပင်ပန်းနွမ်းနယ်နေပြီ၊ Burn out ဖြစ်နေပြီလို့ ခံစားရတဲ့အခါ ဆေးရောင်စုံဘူးလေးကိုဖွင့်ပြီး ကိုယ့်စိတ်ကို လွတ်လပ်ခွင့်ပေးကြည့်လိုက်ပါ။
*************
*******
***

🥰🥰
"ပန်းချီကားတစ်ချပ်ရဲ့ တန်ဖိုးဟာ ကြည့်ရတာ လှပခြင်းထက် ရေးဆွဲနေစဉ်မှာ သင့်စိတ်ကို ဘယ်လောက်အထိ အေးချမ်းစေခဲ့လဲဆိုတဲ့အပေါ်မှာ ပိုပြီး တည်မှီနေပါတယ်"
🥳🥳


"Where Little Imagination Becomes Bright Masterpieces!"ကလေးတို့ရဲ့ ဖြူစင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ရောင်စုံဆေးစက်လေးတွေန...
02/07/2026

"Where Little Imagination Becomes Bright Masterpieces!"
ကလေးတို့ရဲ့ ဖြူစင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ရောင်စုံဆေးစက်လေးတွေနဲ့ ပုံဖော်ပေးဖို့ "ခြယ်" ကလေးပန်းချီသင်တန်းက ကြိုဆိုလိုက်ပါတယ်။
ကလေးလေးတွေ အိမ်ကနေပဲ သက်သောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မယ့် Online Class ပါ။
အသက် ၆နှစ်ကနေ ၁၂ နှစ်ထိ တက်လို့ရမယ့်ဒီအတန်းမှာ အခြေခံ မျဉ်းကြောင်း လိုင်းရေးဆွဲခြင်းက စတင်ပြီး ဆေးရောင်စုံခြယ်သနည်းအထိ စနစ်တကျ သင်ကြားပေးမယ့်သင်တန်းဖြစ်တဲ့အပြင် ကလေးတစ်ဦးချင်းစီကို သေချာဂရုစိုက်ပေးနိုင်ဖို့ ကျောင်းသားဦးရေ ကန့်သတ်ထားတဲ့ small size အတန်းလေးတွေလည်း ဖြစ်ပါတယ်။
ဒီသင်တန်းလေးတွေမှာ ဘာတွေသင်ပေးမှာလဲဆိုတော့ -
အခြေခံပုံဆွဲနှင့် အလင်းအမှောင်၊ Crayon နှင့် ဆေးရောင်စုံ ခြယ်သနည်း၊ရေဆေးပန်းချီဖန်တီးမှု၊ လက်မှုအနုပညာနှင့် တီထွင်ဖန်တီးမှုများ စတာတွေ ဖြစ်ပါတယ်။
Class Schedule လေးတွေကတော့ - စနေ၊ တနင်္ဂနွေ (Weekend) Online Class ဖြစ်ပြီး -
(၁) 9:00 to 10:00 AM
(၂) 10:30 to 11:30 AM
အတန်းချိန် နှစ်ခုရှိလို့ နှစ်သက်ရာအတန်း တက်နိုင်ပါတယ်။

Ph. 09795514495
မက်စင်ဂျာက ဆက်သွယ်လို့လည်းရပါတယ်

#ပန်းချီသင်တန်း

😍 Where Little Imagination Becomes Bright Masterpieces! 🥰ကလေးတို့ရဲ့ ဖြူစင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ရောင်စုံဆေးစက်လေးတွ...
02/07/2026

😍 Where Little Imagination Becomes Bright Masterpieces! 🥰
ကလေးတို့ရဲ့ ဖြူစင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ရောင်စုံဆေးစက်လေးတွေနဲ့ ပုံဖော်ပေးဖို့ "ခြယ်" ကလေးပန်းချီသင်တန်းက ကြိုဆိုလိုက်ပါတယ်။
အွန်လိုင်းကပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သက်သောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မယ့် Online/ In-Person Studio Class လေး ဖြစ်ပါတယ်။
Chal Art Class ရဲ့ အားသာချက်တွေ -
• Creative & Fun Environment: ကလေးတွေ စိတ်လွတ်လပ်စွာ တီထွင်ဖန်တီးနိုင်မယ့် ပျော်ရွှင်စရာ လုံခြုံအေးချမ်းတဲ့နေရာ
• Step-by-Step Learning: အခြေခံ မျဉ်းကြောင်းဆွဲခြင်းက စတင်ပြီး ဆေးရောင်စုံခြယ်သနည်းအထိ စနစ်တကျ သင်ကြားပေးတဲ့နေရာ
• Small Class Sizes: ကလေးတစ်ဦးချင်းစီကို သေချာဂရုစိုက်ပေးနိုင်ဖို့ ကျောင်းသားဦးရေ ကန့်သတ်ထားတဲ့အတန်း
ဒီသင်တန်းမှာ ဘာတွေသင်ပေးမှာလဲဆိုတော့ -
• Basic Drawing & Shading (အခြေခံပုံဆွဲနှင့် အလင်းအမှောင်)
• Fun with Colors (Crayon နှင့် ဆေးရောင်စုံ ခြယ်သနည်း)
• Watercolor Magic (ရေဆေးပန်းချီဖန်တီးမှု)
• Creative Arts & Crafts (လက်မှုအနုပညာနှင့် တီထွင်ဖန်တီးမှုများ)
Class Schedule လေးတွေကတော့ -
စနေ၊ တနင်္ဂနွေ
Online Class
• 9:00 AM - 10:00 AM (Spring Class)
• 10:30 to 11:30 AM (Summer Class)
Studio Class
• 1:00 PM - 2:00 PM (Autumn Class)
• 2:30 PM – 3:30 PM (Winter Class)
အမှတ် ၉၂ (ဒုတိယထပ်) အနော်ရထာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း
Ph. 09795514495
Give your child the gift of art. Enroll them today!
ကလေးတို့ရဲ့ ကမ္ဘာလေးကို အနုပညာအရောင်အသွေးတွေနဲ့ လှပစေဖို့ အမြန်ဆုံး အတန်းအပ်လိုက်ရအောင်နော်
#ပန်းချီသင်တန်း

Address

Anawrahta Road (corner Of Seikkanthar Street), Kyauktada Township
Yangon
11811

Website

Alerts

Be the first to know and let us send you an email when ခြယ် ပန်းချီသင်တန်း Chal Art Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category